Latest Games :
Home » » ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်

ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


The Myanmar Times — တရုတ်နိုင်ငံထုတ် ချယ်ရီဝက်ဂွန်ကားများ စီးရေ ၈၀၀ ခန့် ဇန်န၀ါရီလ အတွင်း ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှုဝန်ကြီးဌာန ကားအရောင်းပြခန်းတွင် အဆိုပါကားများကို ပါမစ် မရှိသူများကိုပါ ယခင်ဈေး နှုန်းများ အတိုင်း ရောင်းချပေးသွားမည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။
စက်မှုဝန်ကြီးဌာနက ရောင်းချပေးသည့် မြန်မာမီနီဆလွန်းနှင့် ချယ်ရီ ဝက်ဂွန် QQ မီနီကားလေးများကို ပါမစ်မရှိ သည့် ၀ယ်ယူလိုသူများသည် စက်မှု ၀န်ကြီးဌာန၏ ရောင်းဈေးအပြင် ကျသင့်သည့်အခွန်အခများ ပေးဆောင်၍ လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနက ရောင်းချပေးသည့် မီနီဆလွန်းများသည် ဌာနရောင်းဈေး အမေရိကန်ဒေါ်လာ ၅,၈၀၀ နှင့် ၆,၀၀၀ ကြားနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပေးဆောင်ရသည့် အခွန်အခအပါအ၀င် ကျန်သည့် ကုန်ကျငွေများ ပါဝင်ပါက စုစုပေါင်း ကျပ် သိန်း ၁၀၀ ကျော်ခန့် ဈေးပေါက်သည်ဟု ကားဈေးကွက်အတွင်းမှ သိရသည်။
“ချယ်ရီဝက်ဂွန်က ရောက်ပြီးတစ်ပတ်အတွင်းမှာကို ကုန်ပါတယ်။ မြန်မာမီနီလေးတွေတော့ အနည်းငယ်ကျန်သေးပါတယ်။ ဈေးကတော့ အရင်ဈေးနဲ့ပဲ ရောင်းပါမယ်။ ဒီဈေးနဲ့ရောင်းပေးလို့ ဌာနမှာလည်း အရှုံးပေါ်တယ်လို့ သိရပါတယ်။ ဈေးလည်း အပြောင်း အလဲမရှိ ပါဘူး”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
“လိုတော့ လိုချင်ပါတယ်။ ဒါပေမယ့် ဒီဈေးနဲ့ဆို မတန်သေးတဲ့အတွက် မ၀ယ်သေးဘူး။ လွတ်လွတ်လပ်လပ် ၀ယ်ယူ နိုင်တယ်ပြော တိုင်းလည်း မရသေးပါဘူး။ မီနီကားတွေမှာကို ခုသွင်းနေတဲ့ တရုတ်ထက် အိန္ဒိယထုတ်တာတာကို ပိုကြိုက်တယ်။ ဈေးလည်း ပိုသက် သာတယ်။ ဒါကိုပါ သွင်းဖို့မျှော်နေတယ်၊ ဈေးလည်း ဟိုကရောင်းဈေးနဲ့ ဒီမှာ အခွန်ဆောင်ဖို့ကို ထည့်တွက်ရသေးလို့ စဉ်းစားဆဲပါ”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သည့် ကိုဦးက ပြောသည်။
“ဒီဈေးနဲ့ဆို မ၀ယ်နိုင်သေးပါဘူး။ ဆောင်ရမယ့်အခွန်တွေက ကားဈေး ထက်တောင်များနေတာ။ ကားထက် အရေးကြီးတဲ့ စားဝတ်နေ ရေးကလည်း ရှိသေးတယ်။ လိုချင်ပေမယ့် မ၀ယ်နိုင်သေးပါဘူး။ ရတဲ့လခက မိသားစုစားဖို့ သောက်ဖို့ လောက်ပဲမို့ ကားဘက်မလှည့် နိုင်သေးပါဘူး”ဟု နေပြည်တော်ရှိ ကုမ္ပဏီတစ်ခုမှ တစ်လ ကျပ်နှစ်သိန်း ၀င်ငွေရှိသည့် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
စက်မှုဝန်ကြီးဌာနက လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှ ချယ်ရီ မီနီဝက်ဂွန်အစီး ၁,၀၀၀ တင်သွင်းပြီး ၎င်း ကားပြခန်း များကို ဖွင့်လှစ်၍ ရောင်းချပေးခဲ့သည်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger