တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ အသွင်ပြောင်းလာခဲ့တဲ့အဖွဲ့တွေဟာ နိုင်ငံရဲ့
လိုအပ်ချက်အရ တစ်ချို့ဟာ နယ်ခြားစောင့်တပ်၊ တစ်ချို့ကတော့ ပြည်သူ့စစ်အနေနဲ့
နိုင်ငံအနှံ့အပြားမှာ ရှိနေကြပါတယ်။ နယ်ခြားစောင့်တပ်တွေက
သူ့တာဝန်သူကျေကြတယ်။ ဥပမာ- ကချင်ပြည်နယ် ပန်ဝါဒေသက နယ်ခြားစောင့်တပ်တွေဆို
သူတို့ကိုလာတိုက်တဲ့ KIA သောင်းကျန်းသူတွေကို
တီးထုတ်လိုက်တာဟိုကောင်တွေ
ခွေးပြေးဝက်ပြေး ပြန်ပြေးသွားခဲ့ရတယ်မဟုတ်လား။ ပြည်သူ့စစ်တွေ ကလည်း
ဒေသလုံခြုံရေးတွေအတွက် အတော့်ကိုအားကိုးလို့ရလာတာ တွေ့ရပါတယ်။
ကျွန်တော်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်ကျော့ပြည်သူ့စစ် တွေဆိုရင်
ကျွန်တော်တို့ဒေသအတွက် အင်မတန်အားကိုးစရာဖြစ်လာပြီဆိုတာ သေချာပါတယ်။
ဘာကြောင့် ပြောရသလဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က
လားရှိုးမြို့နယ် နောင်မွန်အုပ်စုထဲက ဟန်နားရွာနားမှာ
မူးယစ်ဆေးဝါးပို့ဆောင်တဲ့ တရားခံ (၃)ယောက်ကို မူးယစ်ဆေးဝါးတွေ ကားတွေနဲ့အတူ
ကျွန်တော်တို့ ဆင်ကျော့ ဒေသရဲ့ ပြည်သူ့စစ်တွေက
ဖမ်းလိုက်နိုင်လို့ပဲဖြစ်ပါတယ်။
ဖြစ်တာကဒီလိုပါ…
ရွာသားတွေသတင်းပေးလို့ဆင်ကျော့ပြည်သူ့စစ်က အဖွဲ့တွေ ဇွဲကောင်းကောင်းနဲ့
မူးယစ်ဆေးဝါး သယ်ဆောင် မဲ့လမ်းကြောင်းမှာ စောင့်နေခဲ့ကြတယ်။
စောင့်ရကျိုးနပ်သွားတယ်။လူနှစ်ယောက်က
ကားတစ်စီးနဲ့မူးယစ်ဆေးဝါးတွေသယ်လာပြီးဟန်နားရွာနားရောက်တော့
နောက်ကားတစ်စီးကို ပြောင်းပေး ဖို့ ပစ္စည်းတွေချတယ်။ ချိန်းထားတဲ့ကား
ရောက်လာတဲ့အခါ ပစ္စည်းပြောင်းတင်ဖို့ လုပ်နေတုန်း ကား (၂) စီး စလုံးနဲ့
တရားခံ (၃) ယောက်ကို အပိုင်ဖမ်းဆီးမိခဲ့တာပါ။
ကျွန်တော်ကြားဖူးသလောက်
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ တရားခံတွေဟာ တာဝန်ရှိသူတွေ
ဖမ်းဖို့စောင့်နေပြီ၊ မလွတ်တော့ဘူးဆိုရင် ပစ္စည်းအဆုံးခံတယ်။ လူတော့အမိမခံဘဲ
လက်လွတ်ထွက်ပြေးတာ များပါ တယ်။ အဲဒီလိုမျိုးဆိုရင်
ပိုင်ရှင်မဲ့ဖမ်းမိတာမျိုးတွေပဲ ဖြစ်တတ်တယ်။ အခုကတော့ ကျွန်တော်တို့
ဆင်ကျော့ပြည်သူ့ စစ်တွေက ရဲတွေထက်တောင် ဉာဏ်ပြေးသေးတယ်။ အကွက်ကျကျ
ဖမ်းဆီးလိုက်တော့ ငနဲသားတွေကွိကနဲဆို မိပါရောလား။ မိတာမှ အထုပ်အထည်နဲ့ကို
မိတာ။ ဆူဒိုအက်ဖီဒရင်းဆေးပြား မြွေရေခွံအိတ်နဲ့ ၈ အိတ်။ အလေးချိန် က ၁၇၆
ကီလိုဂရမ် ၊ ယာဉ်က ၂ စီး။ တရားခံက ၃ ယောက်။
တရားခံတွေကို မင်းတို့ဘယ်ကလဲ… ဒီပစ္စည်းတွေက ဘယ်သူ့ပစ္စည်းတွေလဲ... ဘာလဲညာလဲ… စတာတွေ မေးမလို့လုပ်တုန်းမှာပဲ ဒါငါတို့ဟာတွေပါလို့ လာပြောသူတွေရှိတယ်။ SSPP/SSA လို့ခေါ်တဲ့ ၀မ်ဟိုင်းကအဖွဲ့ပါ။စက်တင်ဘာလ
၂၆ ရက်နေ့ ည ၁၂ နာရီလောက် SSPP/SSA က စုအိန္ဒာနဲ့ အင်အား ၁၀၀
လောက်စုပေါင်းပြီး ဟန်နားရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်
ဦးနွံမိန်းရဲ့အိမ်ကိုလာဝိုင်းခဲ့တယ်။ ပြည်သူ့စစ် ၁ ဦး၊ ရွာသား ၁ ဦး
ကိုဖမ်းသွားခဲ့တယ်။ အခုထိပြန်မလွှတ်သေးဘူး။ ပြီးတော့ အဖမ်းခံထားရတဲ့ သူတို့
အဖွဲ့ဝင် ၃ ဦးရယ် ကားတွေရယ်၊ ဆေးပြားတွေရယ်၊ ပြန်ပေးရင်ပေး၊ မပေးရင်
အင်အားအသုံးပြုပြီးတိုက်ခိုက်ပစ်မယ်။ ဟန်နားရွာကို ၀င်ပြီးတော့ မီးရှို့မယ်။
ဆင်ကျော့ရွာကို အမှုန့်ချေမယ်၊ တွေ့သမျှလူ ရန်သူလို့ပဲသတ်မှတ်မယ်လို့
စာနဲ့ရော ရွာသားတွေနဲ့ တစ်ဆင့်ရော ခြိမ်းခြောက်လာခဲ့တယ်။ အဲဒါကတော့
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တရားခံတွေကို စစ်စရာမလိုဘဲ ကျွန်တော်တို့
SSPP/SSA အဖွဲ့ဟာ တရားခံတွေပါလို့လာပြောတာနဲ့မတူပေဘူးလားဗျာ။
ပြည်သူ့စစ်ဆိုတာ
အစိုးရက တရားဝင်ဖွဲ့ထားတဲ့နယ်မြေကာကွယ်ရေးအဖွဲ့တွေပါ။ နယ်မြေအတွင်းမှာ
လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူတွေအေးအေးချမ်းချမ်း လုပ်ကိုင်
စားသောက်နိုင်ရေး၊ လိုအပ်ရင် ပြည်တွင်း/ ပြည်ပရန်ကိုပါ ကာကွယ်နိုင်ရေး၊
စတာတွေအတွက် ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ရှမ်းပြည်နယ်လို မူးယစ်ဆေးဝါး
စိုက်ပျိုးမှုရှိတဲ့ဒေသ အတွက် ပြည်သူ့ စစ်တွေလိုအပ်တယ်။ မူးယစ်ဆေးဝါးဟာ
ကျွန်တော်တို့အားလုံး ကိုလူညွန့်တုံးစေမှာဖြစ်တဲ့ အတွက်ပြည်သူ့စစ်တွေက
တားဆီးကာကွယ်ရမဲ့တာဝန်ရှိတယ်။ ဒီလိုမှမဟုတ်ရင်ပြည်သူ့ စစ်လို့ ဘာလို့
ခေါ်တော့မှာလဲ။
ဝမ်ဟိုင်းကအဖွဲ့ရဲ့
ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကိုပါ
ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ဒီထက်မက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားတဲ့
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီကို ခြိမ်းခြောက်တာ
လို့လဲ ပြောနိုင် ပါလိမ့်မယ်။ နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုဟာ
နိုင်ငံအတွင်းက ဒေသတစ်ခုချင်းစီရဲ့ တရားဥပဒေ စိုးမိုးမှုပေါင်းစပ်ခြင်းလို့
ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် ဆင်ကျော့ ပြည်သူ့စစ်တွေရဲ့
မူးယစ်ဆေးဝါးတားဆီးရေးလုပ်ဆောင်မှုကို ၀မ်ဟိုင်းအဖွဲ့က
အခုလိုခြိမ်းခြောက်တာဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့
ကော်မတီကိုစိန်ခေါ်လိုက်တာလို့ ဆိုချင်ပါတယ်။
ဒါကို တာဝန်ရှိသူတွေက
လက်ပိုက်ကြည့်မနေကြပါနဲ့။ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ခံရခြင်းဟာ
အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ထားတဲ့အဖွဲ့ဖြစ်ပေမဲ့
ဒါကိုတော့ သည်းမခံသင့်ပါဘူး။ ပြည်သူ့စစ်တွေဘက်က ရပ်တည်ပေးခြင်း အားဖြင့်
နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးပါ။ နိုင်ငံတော်
လုံခြုံရေးအတွက်အဓိကတာဝန်ရှိတဲ့ စစ်တပ်ကိုလည်း အကူ အညီတောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဖိတ်ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ
ရခိုင်ကိစ္စတုန်းကလို လက်ရှောင်မနေပါနဲ့။
အမေစု ခင်ဗျား… ကျွန်မတို့က နိုင်ငံရေး အမြတ်ထုတ်တယ်လို့ အထင်မခံချင်လို့ ၀င်မပါတာပါလို့လဲ
ဆင်ချေမပေးပါနဲ့တော့။ တကယ်တမ်း အမေစုတို့အဖွဲ့မှာ အများကြီးတာဝန်ရှိပါတယ်။
ဝမ်ဟိုင်းအဖွဲ့ကို တားဆီးဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခု မူးယစ်ဆေးဝါးလုပ်နေတဲ့
ကိစ္စကြီးကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ ကော်မတီတစ်ခုက မသိကျိုးကျွံပြုရာ၊
လက်ပိုက်ကြည့်ရာ ရောက်နေပါ တော့မယ်။
SSPP/SSA အဖွဲ့
မူးယစ်ဆေးဝါးနဲ့ အသက်ဆက်ဖို့ကြိုးစားနေတာ DEA ကိုသိစေချင်ပါတယ်။ UNODC
လိုလဲမြင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ယွက်ဆစ်လို ဘိန်းခင်းထဲက လူကိုမှ
ရွှေလင်း ယုန်ဆုပေးခဲ့မိတဲ့ ONCB လိုမဖြစ်စေချင်လို့ပါ။ သူခိုးဓားရိုးကမ်း
ဆိုသလိုပေါ့ဗျာ။
ဒါကြောင့် ငါတို့
ဆေးပြားတွေပြန်ပေးမလား….မပေးဘူးလား….လို့လာတောင်းနေတဲ့ ရှမ်းပြည်နယ်
မြောက်ပိုင်းက SSA အဖွဲ့ သို့မဟုတ် ၀မ်ဟိုင်းက SSPP/SSA
မူးယစ်ဆေးဝါးဂိုဏ်းကြီးကို တာဝန်ရှိ သူများ ရှင်းလင်းပေးပါရန်
ဆင်ကျော့ဒေသခံတွေရဲ့ကိုယ်စား တောင်းဆိုလိုက်ပါတယ်။
ဆင်ကျော့ဒေသက စိုင်းစိန်မော့
(shan news)
ဘကြီးသက်