
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအမျိုးသားကွန်ဂရက် (Myanmar National Congress) ပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း ၊ ကြေညာချက်အမှတ်(၇/၂၀၁၂ )ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်း၊ အမှတ်(၈၄-က) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော မြန်မာအမျိုးသား ကွန်ဂရက် (Myanmar National Congress) ပါတီအား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ မြန်မာအမျိုးသား ကွန်ဂရက် (Myanmar National Congress) ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၀) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။



မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့ သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထားသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။



ဇန်န၀ါရီလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအစည်းအဝေးကို တွေ့ရစဉ်။



















