Latest Games :
Home » » မှောင်ခိုပစ္စည်းများလာလို့ ကျန်းမာရေးနှင့်လုပ်ငန်းတွေ စိုးရိမ်နေရဟုဆို

မှောင်ခိုပစ္စည်းများလာလို့ ကျန်းမာရေးနှင့်လုပ်ငန်းတွေ စိုးရိမ်နေရဟုဆို

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

နယ်စပ်မှ တရားမဝင်ရောက်လာသော ကုန်ပစ္စည်းများ။ Photo: Irrawaddy
 တရားမ၀င်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေများလာတာကြောင့် အသေးစား အလတ်စားစက်ရုံ ၊ အလုပ်ရုံနဲ့ လုပ်ငန်းတွေ တဖြည်းဖြည်းပျောက်ကွယ်ပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေမျိုး ဖြစ်နေပြီလို့ နေပြည်တော်မှာပြုလုပ်တဲ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲမှသိရသည်။
“ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လွယ်လွယ်ကူကူဖြစ်အောင် ဖြေရှင်းပေးပြီး၊ တရားဝင်လမ်းကြောင်းပေါ်ရောက်အောင်လုပ်မယ်။ တရားမ၀င်မှောင်ခို ပစ္စည်းတွေ ပြည်တွင်းမှာတအားများလာလို့ စိတ်ပူစရာဖြစ်လာတယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီ ၂၃ရက်နေ့က ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှာ ပြောပါတယ်။
တရားမ၀င်ကုန်ပစ္စည်းတွေကြောင့် အချိုရည်၊ ခေါက်ဆွဲခြောက်စက်ရုံတွေ ရပ်ဆိုင်းရမလိုဖြစ်နေပါတယ်။ အဓိက နယ်စပ်ကနေ တရားမ၀င်တင်သွင်း လာတဲ့အစားအသောက်နဲ့ ဆေးဝါးတွေကို ဘယ်လိုစစ်ဆေးကာကွယ်မယ်ဆိုတာနဲ့ တရားမ၀င်ကုန်ပစ္စည်းတွေကို ဘယ်လိုကော်မတီတွေဖွဲ့စည်းပြီး ပူးပေါင်းကာကွယ်မယ်ဆိုတာတွေကို ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှာ အဓိကထားပြောဆို ဆွေးနွေးကြပါတယ်။
သွင်းကုန်လိုင်စင်ရဖို့ နေပြည်တော်အထိသွားရတာ၊ လိုင်စင်ဈေးနှုန်းတွေမြင့်တာ၊ ပို့ကုန်ဝင်ငွေရှိမှ သွင်းကုန်လိုင်စင်ထုတ်ပေးတာ၊ အခွန်အခတွေပေး ရတာနဲ့ တခြားအခက်အခဲအမျိုးမျိုးကြောင့် တရားမ၀င်တင်သွင်းမှုတွေများလာရတာဖြစ်ပါတယ်။ သွင်းကုန်လိုင်စင်နဲ့ အခွန်အခ၊ အခက်အခဲတွေ ကိုလွယ်ကူအောင် ဖြေရှင်းပေးပြီး တရာဝင်လမ်းကြောင်းက ကုန်ပစ္စည်းသွင်းအောင်ုလုပ်လို့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးက ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးပွဲမှာ ဆွေးနွေးတယ်။
“ဆေးဝါးလုပ်ငန်းရဲ့ အခက်အခဲက တရားမ၀င်ဆေးဝါးတွေများလာတာဖြစ်တယ်၊ အက်ဖ်ဒီအေနဲ့ သက်ဆိုင်ရာဌာနတွေက အခုထက်ပိုမိုစစ်ဆေးတာ၊
တွေ့ရင်အရေးယူတာတွေ လုပ်ပေးစေချင်တယ်” လို့ ဆွေးနွေးပွဲမှာ ဆေးဝါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ အခွန်ကြပ်မတ်နိုင်မှုအားနည်းတာ၊ သွင်းကုန်တွေအပေါ်စစ်ဆေးကြီးကြပ်မှုစံချိန်စံညွှန်းတွေနဲ့ မပြည့်စုံတာကြောင့်လည်း၊ တခြားနိုင်ငံတွေက စားသောက်ကုန်တွေ ပြည်တွင်းကို တရားဝင်ရော၊ တရားမ၀င်လမ်းကြောင်းတွေကနေ အလွယ်တကူဝင်ရောက်နေပါတယ်။ အဓိက
တရားမ၀င်ကုန်ပစ္စည်းတွေ ပြည်တွင်းနေရာအနှံမှာ ပျံနှံလာတာကြောင့် ပြည်တွင်းကုန်တွေ မယှဉ်နိုင်တော့ဘဲ၊ ဈေးကွက်ဆုံးရှုံးတာ၊ ပြည်ပမပို့နိုင် တာ၊ လုပ်ငန်းပိုတိုးတက်အောင် ရင်းနှီးနိုင်စွမ်းမရှိတော့ဘဲ၊ စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေတယ်လို့ မြန်မာနိုင်ငံစိုက်ပျိုးရေးအြေ ခခံစားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးဝေဖြိုးက ဆွေးနွေးပါတယ်။
သူက “၂၀၁၅ ခုနှစ်မတိုင်ခင်မှာပဲ အခုအခြေအနေတွေအရ စားသောက်ကုန်လုပ်ငန်းအများစုလျော့နည်းသွားပြီး များစွာအလုပ်လက်မဲ့ဖြစ်လာ ဖို့ တွေ့နေရတယ်” လို့ သူအမြင်ကိုပြောပါတယ်။
ကရင်ပြည်နယ်မှာဆိုရင် မှောင်ခိုစီးပွားရေးလုပ်ငန်းတွေကပြုပြင်ဖို့ခက်ခဲပြီး တရားမ၀င်ပို့တာ၊သွင်းတာတွေကိုပဲ လုပ်ကြပါတယ်။ တရုတ်၊လာအို၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ ရှမ်းပြည်နယ်မှာလည်း တရားမ၀င်ကုန်သွယ်ဖို့ အခြေအနေပေးတဲ့အနေအထားမျိုးဖြစ်ပါတယ်။ လူသုံးကုန်၊ စားကုန်နဲ့ ဆေးဝါးတွေစစ်ဆေးခြင်းမရှိဘဲ ၀င်ရောက်နေတာက စားသုံးသူတွေအတွက် အန္တရာယ်များကြောင်း ထုတ်လုပ်မှု နှင့်ကုန်သွယ်မှုမြှင့်တင်ရေး
ဆွေးနွေးပွဲကသိရပါတယ်။
ဇင်သော်( မော်ဒန် သတင်းဂျာနယ်)
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger