From:.Myanmar Jokes
Mr. Barack Obama နှင့်တွေ့ဆုံခြင်း
MJ - မင်္ဂလာပါ
OB - မင်္ဂလာပါ
MJ - လာမယ့် အာရှခရီးစဉ်မှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။
OB - ဟုတ်ပါတယ်။
MJ - မြန်မာနိုင်ငံသမိုင်းမှာ အမေရိကန်သမ္မတ တစ်ဦး ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ပေါ့နော်။
OB - တရားဝင်အရဆိုရင်တော့ ဟုတ်ပါတယ်။
MJ - ဟင်... ဒါဆို တရားမဝင်တွေရှိသေးတယ်ပေါ့..
OB - ဒါက ဒီလိုရှိတယ်။ ရွေးကောက်ပွဲမတိုင်မီ ၃ လလောက်အလိုတုန်းကဆို မက်ရွန်နေ နဲ့က မဲအခြေအနေက သူမသာ၊ ကိုယ်မသာပဲ။ အဲဒီတော့ အကြံထုတ်ရတာပေါ့။ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်နိုင်ဖူးတဲ့ သူတွေဆီက နည်းနာနိဿယတွေ စုံစမ်းရတာပေါ့။ အရမ်းခင်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကျပြန်တော့ သူ့ပါတီတောင် မဲမလောက်လို့ ညွန့်ပေါင်းအစိုးရဖွဲ့ထားရတာ။ ပူတင်က ကျန်တဲ့ပါတီတွေကို နှိပ်ကွပ်ခိုင်းတယ်။ ကျနော်တို့ဆီမှာ အဲဒီလိုလုပ်လို့ မရဘူးလေ။ ဟူကျင်တောင် ကျပြန်တော့ ကျန်ပါတီတွေကို ဖျက်သိမ်းပြီး ကိုယ့်တစ်ပါတီထဲ မဲပုံးထောင်တဲ့။ ပိုဆိုးပဲ။ မြန်မာပြည်ကို ဟီလာရီကလင်တန် လွှတ်လိုက်တုန်းက ဦးသိန်းစိန်က ဆုတောင်းပြည့်ချင်ရင် ကြီးကိုးကြီး အဓိဌာန်ဝင်ဖို့အကြံပေးလိုက်တယ်။ ကျနော်လည်း အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့အတိုင်း အဲဒါကို စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်လေး ဘာလေး စုံစမ်းရသေးတာပေါ့နော်။ Google CEO အဲရစ်ရှမစ်ကတော့ သူတောင် တိတ်တိတ်လေး မြန်မာပြည်သွားပြီး ကြီးကိုးကြီး အဓိဌာန် ဝင်ခဲ့သေးတယ်လို့ပြောတယ်။ Oracle က Google ကိုတရားစွဲထားတုန်းကပေါ့။ အဲဒါ ကွင်းလုံးကျွတ်လွတ်သွားတယ်လေ။ သူတောင် မြန်မာပြည်က နံနက်စာ ကောက်ညှင်းပေါင်းကိုကြိုက်လို့ Android 6.0 ထွက်ရင် Codename ကို "ကောက်ညှင်းပေါင်း" လို့ နာမည်ပေးမယ် ပြောသေးတယ်။ အဲဒီလိုနဲ့ မြန်မာပြည်ကို တိတ်တိတ်လေး ရောက်ခဲ့သေးတယ်။
MJ - အဲဒီတုန်းကရော လာရတာ အဆင်ပြေရဲ့လား။ ဘာသာစကားအခက်အခဲတွေရော ရှိလား။
OB - အဲဒီကို မသွားခင်ကတည်းက မြန်မာစာတတ်တဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ပြီး လိုအပ်တဲ့ စာတွေကို မြန်မာလိုရေးခိုင်းထားတယ်လေ။ ဥပမာ - "ကျနော့်ကို ရွှေတိဂုံဘုရားကို လိုက်ပို့ပေးပါ" အဲဒီလို စာတန်းလေးရေးပြီး ကိုယ်ကတော့ အောက်က အင်္ဂလိပ်လို အတိုကောက်မှတ်ထားရတာပေါ့နော်။ ဘယ်စာရွက်က ဘာဆိုတာ။ အဲဒီရောက်တော့ သွားချင်တဲ့နေရာကို တက္ကစီကို အဲဒီစာလေးပြပြီး လိုက်ပို့ခိုင်းရတာပေါ့။
MJ - ပြဿနာတွေဘာတွေ ကြုံရသေးလား။
OB - မြို့တော်ခန်းမနားမှာတုန်းက လမ်းဖြတ်ကူးတာ အဖမ်းခံရသေးတယ်။
MJ - အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ။
OB - ဘယ်လိုမှ မဖြစ်ပါဘူး။ မလာခင်က မြန်မာဝန်ထမ်းတစ်ယောက်က သင်ပေးတဲ့အတိုင်းလုပ်လိုက်တာပေါ့။ "အစ်ကိုကြီး" လို့ ခေါ်ပြီး သူ့အနားကပ်၊ လက်ထဲကို မြန်မာငွေ ၅၀၀၀ တန် လိပ်ထားတာလေး ထိုးထည့်လိုက်တာ အဆင်ပြေသွားရောပဲ။
MJ - အဲဒီလို လာတုန်းက အိမ်ဖြူတော်မှာ ဘယ်လိုစီစဉ်ထားခဲ့လဲ။
OB - တိတ်တိတ်လေး လာတာဆိုတော့ ဘယ်သူမှလဲ ခေါ်မလာဘူး။ အနည်းအကျဉ်းလောက်ပဲသိတာလေ။ လူအစားကိုတော့ အင်တာနက်မှာ အိုဘားမား ဂဏန်းစတိုင် ကတဲ့ကောင်ကို သိတယ်မဟုတ်လား။ ရုပ်ချင်းဆင်တယ်လေ။ သူ့ကို ခဏနေခိုင်းရတာပေါ့။
MJ - အဲဒီတော့ အဓိဌာန်က ပြီးသွားတယ်ဆိုပါတော့။ ရွေးကောက်ပွဲနိုင်တာကို အဲဒါကြောင့်လို့ယူဆလား။
OB - ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေး မဲအရေအတွက်ကို ကြည့်လိုက်လေ။ ကျနော်က ၃၃၂ မဲ၊ မက်ရွန်နေက ၂၀၆ မဲ၊ ကွာခြားချက်က ၁၂၆ မဲ။ ၁+၂+၆ = ၉။ ၁၂၆ ကို ၉ နဲ့စားရင်ပြတ်တယ်လေ။ အဲဒါ ကိုးနဝင်းပဲပေါ့။ အဲဒါအဓိဌာန်ကြောင့်ပေါ့။ ဒီလောက်ရှင်းလင်းနေတာ။ အဲဒါကြောင့် ရွေးကောက်ပွဲပြီးတော့ မြန်မာပြည်ကို အလည်လာ ဘုရားလည်းထပ်ဖူးရင်း ဦးသိန်းစိန်ကိုလည်း လက်ဆောင်လေး ဘာလေး ပေးရတာပေါ့ဗျာ။
MJ - သြော်.. ဒါဆို အဲဒီအကြောင်းရော တခြားသူတွေနဲ့ ပြောဖြစ်သေးလား။
OB - အင်း.. ပြောဖြစ်တယ်ဗျ။ Apple CEO တင်ကွတ်ကတောင် သူလည်း ကြီးကိုးကြီး လာဦးမယ်ပြောတယ်။ စတိဗ်ဂျော့ ရှိတုန်းက ဖုန်းအသစ်မကြေငြာခင်တိုင်း ကြီးကိုးကြီး အဓိဌာန်ဝင်လေ့ရှိတယ်တဲ့။ တင်ကွတ်က သူကျ မလုပ်ဖြစ်တော့။ အခု Apple Map ကလည်း သိပ်အဆင်မပြေ၊ Samsung ကလည်း တရားတွေဆွဲဆိုတာ့ သူလည်း အဓိဌာန်ဝင်မယ်ပြောတာပဲ။
MJ - မြန်မာပြည်ရောက်တုန်း ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
OB - အိုင်တီ လက်ဖက်ရည်ဆိုင်ထိုင်မယ်။ မင်းလမ်းက ရခိုင်မုန့်တီသောက်မယ်။ တရုတ်တန်းက ဝက်သားပေါင်းစားမယ်။ YKKO ကြေးအိုးသောက်မယ်။ ဟိုတစ်ခေါက်လာတုန်းက စားလိုက်ရတာ အားမရဘူး။
MJ - ဟုတ်ကဲ့.. အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်။
OB - ဟုတ်ကဲ့ပါ။ ရပါတယ်။ ဒါနဲ့ ပြောသမျှအကုန်ကို တခြားသူတွေကို လျှောက်မပြောနဲ့ဦးနော်..
MJ - ဟုတ်ကဲ့ လျှောက်မပြောပါဘူး။ ရေးပြီးမှပဲ အင်တာနက်ပေါ်တင်လိုက်မှာပါ...
(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်

![တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်
ရန်ကုန်၊ နိုဝင်ဘာ - ၉
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း
ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
“ဒီနှစ်တန်ဆောင်တိုင်ပွဲကို အရင်နှစ်ကထက် ထူးထူးခြားခြား ပိုပြင်ထားပါတယ်။ Miss တန်ဆောင်တိုင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲက ဒီ နှစ်မှ
ပထမဦးဆုံးအကြိမ် ကျင်းပတာပါ”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲကို အဝေရာကုန်း၌ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း နေ့လွှတ်အရုပ်မျိုးစုံ (ခြေနှစ်ချောင်း၊ ခြေလေးချောင်း
အုပ်စုလိုက်၊ တစ်ကောင်ချင်း၊ သင်းကွဲ၊ ရေသတ္တ၀ါ) ပြိုင်ပွဲ၊ ညမီးပုံးပျံ (ညမီးကြီးယမ်းဖောက်ခွဲမှုအလှ)၊ စိန်နားပန်ရောင်စုံ မီးပဒေ သာ သရုပ်ဖော်) ပြိုင်ပွဲများ၊ မီးပဒေသာအလှပြိုင်ပွဲနှင့် မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲများစွာဖြင့် စည်ကားစွာကျင်းပမည်ဖြစ်သည်။
ထို့အပြင် အားကစားပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲများ၊ စူဠာမုနိဘုရားကုန်းတော်အတွင်း မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။
“တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် လက်မှတ်ကြိုတင်မှာကြတာ အခုဆိုတော်တော်ရောင်းရတယ်။ တောင်ကြီးပွဲက ပြင်ဦးလွင်ပွဲ ထက် လူသိပိုများတယ်။
ကျွန်မတို့ ဆီက ငါးညအိပ် ခြောက်ရက် ခရီး စီစဉ်ပေးတယ်” ဟု စိန်ဝင်းနှင့် ရောင်းရင်းများခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲသည် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း စိတ်ဝင်စားသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊
ပြည်ပခရီးသွားများ အနေဖြင့် Package Tour အပြင် FDI Tour များပါ လာရောက် ကြောင်း၊ ယခုနှစ်သည် ခရီးသွား ရာသီပွင့်လင်းလာမှုကြောင့် ပိုမို
လာရောက်နိုင်ကြောင်း Tun Myanmar ကုမ္ပဏီမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးထွန်းမြတ်ကပြောသည်။
____________________________________
Reference and Credit to -7Days News Journal,ဓာတ်ပုံ-NewsOfMyanmar
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/s480x480/22590_492672727420879_272798678_n.jpg)