Latest Games :
Home » » သုံးသိန်းတန်ဖုန်းများ မတ်လအတွင်း ချထားပေးမည် ဖြစ်ပြီး အင်တာနက် တပ်ဆင်ခ သီးသန့် ပေးသွင်းရမည်

သုံးသိန်းတန်ဖုန်းများ မတ်လအတွင်း ချထားပေးမည် ဖြစ်ပြီး အင်တာနက် တပ်ဆင်ခ သီးသန့် ပေးသွင်းရမည်

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း အကောင်အထည် ဖော်ဆောင်လျက်ရှိသော  သန်း ၃၀ စီမံကိန်း၏ ပထမနှစ် ၄ သန်းကို လာမည့် ၂၀၁၂ ခုနှစ် မတ်လအတွင်း စတင်ချထားပေးရန် လျာထားလျက်ရှိပြီး တယ်လီဖုန်းများ ချထားပေးပါက အင်တာနက် လိုင်းအတွက် ဝန်ဆောင်မှု ပါရှိမှာမဟုတ်ဘဲ အသုံးပြုလိုပါက သီးသန့် အင်တာနက် လျှောက်ထားမှု ပြုလုပ်ရန် လိုအပ်ကြောင်း ဇန်နဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ရပ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောကြားခဲ့သည်။ တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်လိုင်းများ ထပ်မံချထားပေးခြင်းနှင့် ပတ်သက်ပြီး “လာမယ့် မတ်လလောက်မှ ချပေးဖို့ လျာထားတယ်။ တန်ဖိုးက ၂ သိန်းခွဲနဲ့  ၃ သိန်းကြားမှာ ဖြစ်မယ်။ ၃ သိန်းတော့ မကျော်ဘူး။ အင်တာနက်လိုင်း အတွက်ကတော့ အခု ၅ သိန်း GSM တွေလိုပဲ သီးသန့် လျှောက်ရမယ်” ဟု အထက်ပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အင်တာနက် သုံးနိုင်ဖို့က အရင် ၁၅ သိန်းတန် ဖုန်းတွေမှာတုန်းက အင်တာနက်စနစ်အတွက် ကွန်ရက် ချိတ်ဆက်ထားတဲ့ Server တွေ မပါတော့ သုံးဖို့ အဆင်မပြေဘူး။ အခုနောက်ပိုင်းမှ ပြည်သူတွေ အသုံးပြုရတာ ပိုပြီး အဆင်ပြေအောင် အင်တာနက် ကွန်ရက်ကို မိုဘိုင်းမှ ချိတ်ဆက်ပြီး အင်တာနက်ပေးခဲ့တာပါ”  ဟု အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားခဲ့သည်။ ထို့အပြင် GSM ဖုန်းများနှင့် CDMA 800MHz ဖုန်းများတွင် အင်တာနက်စနစ်ကို ချပေးလိုက်၊ ပြန်ပိတ်သွားလိုက် ဖြစ်ရခြင်းနှင့် ပတ်သက်၍ IT အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားရာတွင် “အဲဒီသဘောကတော့ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် မိုဘိုင်း Server တွေကို upgrade လုပ်ရတာတွေ ရှိပါတယ်။ တစ်ခါလုပ်မှ အလုံးရေ တစ်သောင်းစာလောက်ပဲ အင်တာနက် သုံးနိုင်စေပါတယ်။ သူ့ရဲ့လိုအပ်တဲ့ ခံနိုင်တဲ့ပမာဏထက် ပိုပေးရင်လည်း အင်တာနက်လိုင်း မကောင်းတာတွေ ဖြစ်လာမှာမို့ နိုင်သလောက်ပေးလိုက်၊ အရေအတွက် ပြည့်ရင် ပြန်ပိတ်လိုက် လုပ်နေရတာပါ” ဟု ပြောကြားခဲ့သည်။ လာမည့် မတ်လအတွင်း ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများတွင် လက်ရှိ အင်တာနက်စနစ်နှင့် မတူသော အင်တာနက်စနစ်ကို ဖုန်းချပေးစဉ်မှာ တစ်ပါတည်း သုံးနိုင်အောင် စီစဉ်ပေးထားမည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း  အင်တာနက်ဝန်ဆောင်မှုကို ငွေကျပ် တစ်သောင်းဖြင့် သီးသန့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger