ဘကြီး သက်

ဘကြီး သက် ဘလော့ကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Friday, January 27, 2012

. . .

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအားပေးရန်ဒေါ်အောင်ဆန်း စုကြည် မေတ္တာရပ်ခံ


ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်စဉ်။ Photo: The Voice Weekly
 — ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေး သည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
“ကျမတို့နိုင်ငံမှာ အလွန်လှပတဲ့ ပတ်ဝန်းကျင်ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်ကို မထိန်းထားရင် ခဏလေးနဲ့ ပျက်သွားမှာပါ။
အခြားနိုင်ငံတွေမှာ ဘယ်လိုပျက်စီးသွားတယ်ဆိုတာ သင်ခန်းစာယူပြီး ကျမတို့နိုင်ငံ နောက်မကျမီ ထိန်းသိမ်းရမှာပါ” ဟု အခမ်းအနားဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းအခမ်းအနားတွင် မြန်မာ့ ရေတိမ်ဒေသအကြောင်း စုစည်းထားသည့်စာအုပ် ၂၀၀၀ ကျော်နှင့် CDများကို ထူး ဖောင်ဒေးရှင်းမှ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဓာတ်ပုံဆရာ ၂၁ တို့ဦး၏ ရှားပါးငှက်များ၊ ရေဝေရေလွှဲများ စသည့် ဓာတ်ပုံများ ပြသသွားမည်ဖြစ်သည်။

0 မှတ်ချက်ကလေးရေးပေးနော်.: