ဘကြီး သက်

ဘကြီး သက် ဘလော့ကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Friday, January 27, 2012

. . .

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူး နေလား


 ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့များ စိတ်ကူး စီစဉ်နေပါသလား။ ဒါဆိုရင်တော့ Journal of Marriage and Family ကသင့်ရဲ့ စိတ်ကူးကို နောက်တကြိမ် တွေဝေစဉ်းစားအောင် လုပ်ပါလိမ့်မယ်။
လက်ထပ်ပြီးသား အကြင်လင် မယားတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို နှစ်ယောက်အတူတူ တည်ဆောက်လို့ ရတယ်ဆိုပေမယ့် လေ့လာချက် များအရ လက်မထပ်ဘဲ နေတဲ့ စုံတွဲကပိုပြီး ပျော်ရွှင်မှု ရတဲ့အပြင် ပိုပြီး မိမိကိုယ်ကို ကိုယ်တန်ဖိုးထား တတ်ကြတယ်လို့ တွေ့ရှိရပါတယ်။အားလုံးခြုံ ပြောရမယ် ဆိုရင်တော့ လက်ထပ်ပြီး အတူနေတဲ့ စုံတွဲနဲ့ လက်မထပ်ဘဲ အတူနေတဲ့ စုံတွဲတို့မှာ တူညီအချက်တွေ ရှိနေတယ်လို့ စာရေးသူက ဆိုပါတယ်။ နှစ်မျိုးစလုံးဟာ စိတ်ကျန်းမာရေးကို တိုးတက်စေပေမယ့် မကောင်းတဲ့ အချက်အနေနဲ့ကတော့ မိဘတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားခြင်းပဲ ဖြစ်ပါတယ်။
လက်ထပ်ထား တဲ့စုံတွဲနဲ့ လက်မထပ်တဲ့စုံတွဲတို့ ဘာကွာခြားလဲ ဆိုတာကို ဟန်းနီးမွန်းကာလ ပြီးသွားရင် တွေ့ရှိနိုင်တယ်လို့ Cornell’s College of Human Ecology ကတွဲဖက် လေ့လာသူ Kelly Musick ကပြောပါတယ်။ လက်မထပ်ဘဲ အတူနေထိုင်တဲ့စုံတွဲဟာ တာဝန်သိတတ်မှု မရှိတဲ့စိတ် လက်ထပ်ထားတဲ့ စုံတွဲထက် နည်းပြီးပိုပြီး အလိုက်သင့် နေတတ်တဲ့အပြင် ကိုယ်ပိုင်တိုး တက်မှုအတွက် လုပ်ပိုင်ခွင့်ကို အပြည့်အ၀ ရကြပါတယ် လို့လည်း ဆိုပါတယ်။
လေ့လာသူတွေဟာ လက်မထပ်သေးတဲ့ ယောင်္ကျား၊ မိန်းမ အယောက် ၂၇၃၇နဲ့ လွန်ခဲ့တဲ့၆နှစ် လက်ထပ်ပြီး သားအတွဲ၈၉၆ကို သူတို့ရဲ့ပျော်ရွှင်မှု၊ စိတ်ကျမှုအဆင့်၊ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေး တို့ကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေကစပြီး စုံတွဲတွေဟာ တရားဝင် လက်ထပ်မယူဘဲ အတူတကွ နေထိုင်ခြင်း တွေတိုးလာ တဲ့အပြင် လက်မထပ်ဘဲ ကလေးယူ တာတွေရှိ လာတယ်လို့ Musick က ဆိုပါတယ်။ အဲ့လို ပြောင်းလဲသွားခြင်းဟာ လက်ထပ်ခြင်း နယ်နိမိတ်ကို တွေဝေသွား စေပါတယ်။ အဲ့တော့ လက်ထပ်ခြင်းဟာ တခြားနည်းတွေနဲ့ ဘာများကွာခြား နေလို့လဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်ခြင်းဟာ ထူးထူးခြားခြားဘာမှ တိုးတက် ကောင်းမွန်တာတွေကို မပေးနိုင်ပေမယ့် တခြားလှပတဲ့ သမီးရည်းစား ဘ၀တွေဟာ အိမ်ထောင်တစ်ခုက ပေးနိုင်တဲ့ အကျိုးရလာဒ် နီးနီးပေးနိုင်တယ်လို့ လေ့လာသူများက သက်သေပြခဲ့ပါတယ်။
Nunki (MYMC)
Source – Discovery
http://www.mymclub.net/main/index.php?option=com_zoo&task=item&item_id=352&Itemid=537

0 မှတ်ချက်ကလေးရေးပေးနော်.: