Latest Games :
Home » » ဦးဂမ္ဘီရ အား မဟန ဆင့်ခေါ် ဆုံးမသြ၀ါဒပေး ရန်ဟုဆို

ဦးဂမ္ဘီရ အား မဟန ဆင့်ခေါ် ဆုံးမသြ၀ါဒပေး ရန်ဟုဆို

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

မိတ္ထီလာမြို့ စက်မှုဇုံ ၅လမ်းရှိ ဦးဂမ္ဘီရ မိဘများနေအိမ်သို့ ဒီနေ့ ရောက်ရှိလာသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဆင့်ခေါ်စာဖြစ်ပါတယ်။


အကြောင်းအရာ။ ။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရုံးသို့လာရောက်ရန်ကိစ္စ

ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅.၁.၂၀၁၂နေ့တွင်ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမအထူးအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ပါသည်။
ဆုံးဖြတ်ချက်
ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ ဦးအိဿရိယ၊ ဦးပဏ္ဍ၀ံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁နာရီအချိန် ခေါ်ယူဆုံးမသြ၀ါဒပေးရန်။
၂။ သို့ဖြစ်ပါ၍ အထက်အပိုဒ်၁ပါဆုံးဖြတ်ချက်အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁၂း၃၀နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်းကြားပါသည်။

ဘဒ္ဒန္တ ၀ါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger