Latest Games :

မြန်မာရက်

ခံယူချက်

ဘကြီး သက်ဟာ ဘကြီး သက် ပါပဲ
ဘယ်သူနဲ့မှ ဆိုင်ဘူး
ဘကြီး သက်ဆိုတဲ့အတိုင်း အသက်တွေလဲကြီးပြီ
အပိုအလိုတွေ မလုပ်ချင်ဘူး။
အမှန်တရားနဲ့တရားမျှတမှုကို လိုလားတယ်
အဆိုးဆုံးကို ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသားမို့ ကြောက်စိတ်ကတော့ မြူမျှမရှိ

ငြိမ်းချမ်းရေးဆိုတဲ့တရားတော့လာမဟောနဲ့
အဲဒိ ငြိမ်းချမ်းရေးဆိုတဲ့ဟာက လက်ထဲက၀ါးရင်းတုတ်လောက်စိတ်မချရဘူး

ဆက်သွယ်မယ်ဆိုရင်

ဘကြီးသက် သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဆက်သွယ်လိုပါက kothetnaing84@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

တင်ထားခဲ့တဲ့ပိုစ့်တွေ

Followers

ရှာချင်တာလေးတွေ ရှာဖို့

Loading...

Latest Post

စဉ်းစားကြဖို့ အချိန်တန်ပြီ ....

Thursday, May 24, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

ပြောင်းလဲခဲ့လေပြီ ...... ဒို့နိုင်ငံကြီး ပြောင်းလဲခဲ့လေပြီ၊ ဒီမိုကရေစီကို အကောင်ထည်ဖော်လိုက်ပြီးတဲ့နောက်
(ဘာတဲ့!)

 "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်" လို့ အမည်တွင်စေသတည်း  တဲ့။
တစ်နည်းပြောရရင်တော့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပေါ့။

အဲ! ဒါပေမဲ့ သူ့ထုံးစံအရ ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်ကြလေသော ဘယ်နိုင်ငံမှာမဆို နိုင်ငံတော်ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကလွဲလို့ ဘယ်အဖွဲ့စည်းမှ သီးခြား လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ မရှိရလေဘူးဗျ။


ဆိုတော့ကာ ... ဘာခတ်တာမှတ်လို့ ကမ်းလှမ်းရပြီပေါ့ဗျာ ....

ကိုယ့်ခံယူချက်နဲ့ကိုယ် ကျင်လည်လှုပ်ရှားနေကြတဲ့ အသီးသီးသော လက်နက်ကိုင် အဖွဲ့စည်းတပ်ရင်းများကို
(နိုင်ငံတော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့စီစဉ်ညွှန်ကြားမှု့အောက်မှာသာ) နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်ပြောင်းလည်း ဖွဲ့စည်း ငြိမ်းချမ်းစွာ တူယှဉ်လက်တွဲပြီး တတ်ညီလက်ညီနဲ့ ဒို့နောင်လာနောက်သားဒွေအတွက် ညီညွတ်စို့ရဲ့ပေါ့။

လာပါဘီဗျို ....

သူလို ကိုယ်လို အသျှိုသျှိုနဲ့ ရှေ့ရေးရှူ့မျှော် တူပျော်ပျော်နဲ့ လက်တွဲကြမယ်ဆိုတဲ့ တူညီတဲ့ခံယူချက်ကို ပြောင်းလဲကျင့်သုံးပြီး ခရီးဆက်ဖို့ လက်ခံကြလေပြီ။

ဒါပေမဲ့ ရာနှုန်းပြည့်တော့ မဟုတ်ပြန်ဘူး။ သူတစ်လူ ငါတစ်မင်း ... အာဏာရမက်တွင်းနက်နေကြသေးကုန်သော

ပုထုဇဉ်နွယ်ဝင် သူတော်စင်အပေါင်းက သူ့လမ်းသူ ဆက်လျှောက်ရမှသာ ကျေနပ်နိုင်မည်တဲ့လေ။

ခုဘဲကြည့်!

ကချင်မျိုးနွယ် တိုင်းရင်းသားညီအစ်ကိုတွေထဲကမှ KIA (KIO) က လက်နက်ကိုင်ပြီး တော်လှန်နေလေရဲ့
(အကြောင်းပြချက်ကတော့ ကချင်လူမျိုးကောင်းစားရေး လို့ကြားတာဘဲ)


ဒီနေရာမှာ

နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ပြည်သူ/သားတွေ အန္တရာယ်ကင်းစွာ နေထိုင်သွားလာနေနိုင်ဖို့အတွက် နိုင်ငံ့နယ်နိမိတ် နေရာမလပ် လုံခြုံရေးအတွက် ကင်းပတ်(စစ်ဆင်ရေးထွက်)ရတာ ဒီမိုကရေစီမှမဟုတ်ဘူး ဘီဒိုကရေစီလဲ မဖြစ်မနေလုပ်ကြရတာပါဘဲ။ (ဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံများကို ဘီဒိုကရေစီလို့ ကျွန်ုပ်ဘာသာ သမုတ်လိုက်တာပါ)

ဇာတ်လမ်းက စလေပြီ .... 

တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ နှစ်ဖက် လက်နက်ကိုင်တပ်တို့ တွေ့ဆုံကြပြီပေါ့။
သူ့လည်း ကိုယ်မသိ ကိုယ့်လည်း သူမသိ၊ နှစ်ဖက်စလုံး သေချာသိတာက တစ်ယောက်ကို တစ်ယောက်
ရန်ငြိုး အာဃာတတွေလဲ မရှိကြပါဘဲ လက်နက်ကိုယ်စီနဲ့ သူသေကိုယ်သေ ပစ်ခတ်ကြရမယ်လေ .....

ဟော ............

သေကြလေပြီ .... ၊ပြက်ကြလေပြီ ..... ၊ဒါဏ်ရာတွေ ရကြလေပြီ .....
ဘယ်သူတွေဒုန်းဟဲ့ KIA(KIO)တပ်ဖွဲ့ဝင် "မြန်မာနိုင်ငံသား"
နောက်ထပ် ......

သေကြပြန်ပြီ .... ၊ပြတ်ကြပြန်ပြီ .... ၊ဒါဏ်ရာတွေ ရကြပြန်ပြီ .... ဒီတစ်ခါဘယ်သူတွေဒုန်းဟ
နိုင်ငံတော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် "မြန်မာနိုင်ငံသား" 

 ကဲ! ကောင်းမှ ကောင်းကြသေးရဲ့လား ဒို့ညီအစ်ကိုမောင်နှမများ စဉ်းစားသာကြည့်ကြပါတော့ဗျာ .... !
ဘယ်ဖက်ကဘဲသေသေ အဲဒါ မြန်မာနိုင်ငံသားတွေ ... ကြည့်ဘဲဆိုတာ မစဉ်းစားမိကြလေရော့သလား ...
ဒါ့အပြင် ထပ်ကွန့်ပြီးစဉ်းစားကြည့်ပါအုံးစို့!
  • နှစ်ဖက် အဲလိုပစ်ခက်နိုင်ကြဖို့ လက်နက်ရောင်းပြီး တွက်ခြေကိုက်နေကြတဲ့ ခြံချင်ကပ်လျှက်က လူတွေ ....၊
  • ဘယ်သူသေသေကွာ ငါ့အမျိုးတွေမပါဘဲ မဟုတ်တာဟုတ်တာအပထား ကိုယ့်တစ်ကိုယ်ရည်ဝမ်းကားဖို့ဘဲကြည့်တဲ့  (မြန်မာလူမျိုး)နိုင်ငံခြားသား သတင်းသမားတွေ ... ၊
သူတို့တွေ စည်းအပြင်ကနေထိုင်ကြည့်ပြီး လက်ခုပ်လက်ဝါးတီးနေကြတာကိုနားယောင်
စည်းဝိုင်းအလည်ခေါင်မှာတော့ ဒို့နိုင်ငံသားအချင်းချင်းမှာ ဇာတ်တူသားတွေ စားပြနေကြရတာ သိပ်ရင်နာစရာ ....။

ညီအစ်ကိုမောင်နှမတို့ရေ ... ကျုပ်တို့တွေဟာ
တစ်မြေထဲနေ တစ်ရေထဲသောက်လို့
တစ်လှေထဲစီးပြီး တစ်ခရီးထဲနှင်လာကြတဲ့
တစ်အူတုန်ဆင်း မောင်နှမရင်းချာပမာတွေပါ ....
ကျုပ်အနေနဲ့တော့
အခုလို "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်" ကြီးထဲမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား ညီရင်းအကို မောင်နှမသားချင်းအပေါင်း ဟင်္သာကိုးသောင်း လိုအဖြစ်မျိုးဖြစ်မှာကို စိုးကြောက်မိနေသူတစ်ယောက်အဖြစ်နဲ့သာ .... ဒီစာလွှာကို စီကာသလိုက်မိပါတယ်ဗျာ .... :(



ချမ်းငြိမ်း
Continue Reading

*****ဦးကိုကိုလှိုင် သိသာရန် အကြံပေးချက်*****

| 0 မှတ်ချက်ကလေးရေးပေးနော်.



 
သင်သည် မည်သည့်အရည်အချင်းများရှိမှန်း ပြည်သူက
မသိပါ။သမ္မတကြီးကသိလို့ သူ့အကြံပေးခန့်ထားခြင်းဖြစ်
သည်။ပြည်သူ့အကြံပေးတာဝန် သင့်တွင်မရှိပါ။မြန်မာနိုင်
ငံတွင် အဓိကဖြစ်နေသောပြသနာမှာ တာဝန်ရှိသူများ
ကိုယ့်အလုပ်ကိုယ်မလုပ်ကြခြင်း၊ကိုယ့်တာဝန်ကိုယ်
မကြေကြခြင်းကြောင့်ဖြစ်ပါသည်။

ဒီအချိန်ဒီရာသီရောက်လျှင် ဒီလိုရေနဲပြီး ဒီလိုလျှပ်စစ်တွေ
ပြတ်တောက်မှုတွေဖြစ်လာမည်-ထိုသို့ဖြစ်လာလျှင်အာဏာဖင်ထိုင်ခုံ မလှုတ်အောင် မည်သို့ဆောင်ရွက်ရမည်-ဘာတွေကြိုတင်ပြင်ဆင်ထား
သင့်သည်ဆိုတာကို ဦးကိုကိုလှိုင် သမ္မတကြီးအားအကြံ
ပြုဘူးပါသလား။

အမှန်အတိုင်းဝန်ခံလိုက်ပါ-ဦးကိုကိုလှိုင်
ဒီလိုဖြစ်လိမ့်မယ်ဆိုတာ မတွေးမိဘူးမဟုတ်လား-ဘယ်
တွေးမိပါ့မလဲ-ဦးကိုကိုလှိုင် မီးပျက်တဲ့ဒုက္ခ ခံမှမခံစားဘူး
ပဲကိုး။

ကျွန်တော်တို့ပြည်သူတွေ မီးပျက်လို့ ဒုက္ခရောက်နေကြ
တာကို ကျွန်တော်တို့ဆန္ဒပြတော့မှ ဦးကိုကိုလှိုင်တို့ သတိ
ထားမိကြတာမဟုတ်လား။

ကျွန်တော်တို့ အခုလို ဆန္ဒပြလိုက်လို့ အစိုးရအတွက်
အမြတ်တောင်ထွက်နိုင်ပါသေးတယ်။
မြန်မာနိုင်ငံထဲကိုလာပြီး ရင်းနှီးမြုတ်နှံကြမဲ့ အနောက်နိုင်ငံ
တွေကို ဒီနိုင်ငံရဲ့အခြေအနေမှန်ကိုထောက်ပြပြီးအကူအညီ
တောင်း လုပ်ခိုင်းလို့တောင်ရနိုင်သေးတယ်။

ဆန္ဒပြတာ ဥပဒေတွေ နည်းဥပဒေတွေလာပြောမနေပါနဲ့
ဒီကနေ့ ဒီတိုင်းပြည်မှာဥပဒေနဲ့ အားလုံးညီနေတာမဟုတ်
သေးပါဘူး။ခင်ဗျားတို့ကာကွယ်စောင့်ရှောက်နေတဲ့ဥပဒေ
ကိုယ်နှိုက်က ဥပဒေနဲ့ မညီသေးပါဘူး။

ကျွန်တော်တို့ ဆန္ဒပြတဲ့အချိန်မှာ ခင်ဗျားတို့က ခင်ဗျားတို့
ရဲ့ဥပဒေနဲ့ အရေးယူနိုင်တယ်-အဲ့ဒီထက်လဲပိုပြီးကြိုက်တာ
လုပ်နိုင်တယ်-ဆိုတာ သိသားဘဲ။ဘာကိုမှဂရုမစိုက်နိုင်
လောက်အောင်ခံစားရလွန်းလို့ ထလုပ်လိုက်တာဘဲ။
ဖြစ်လာသမျှ လက်နှက်မဲ့ဘဝနဲ့ခံကြရမှာဆိုတာ သိပြီးသားပါ။

ကျွန်တော်တို့ လျှပ်စစ်မီးမရလို့ ဆန္ဒပြတယ်-ဒီ့အတွက်
ပြန်ဖြေရှင်းဖို့ တာဝန်ရှိတဲ့သူတွေ တာဝန်ရှိတဲ့သူတွေ
သမ္မတကြီးကအစ ညွှန်မှူးအဆုံးအများကြီးရှိနေပါလျှက်
ဦးကိုကိုလှိုင် မဆီမဆိုင်ဝင်ပြောနေတာဆိုတော့
ကြားက ငထွားက ခါးဝင်နာနေသလိုဖြစ်နေတာပေါ့။

ဒီတော့ နိုင်ငံတော်သမ္မတကြီးရဲ့ အကြံပေးပုဂ္ဂိုလ်
ဦးကိုကိုလှိုင်ကို ဒူးနေရာဒူး တော်နေရာတော် နေပါလို့
အကြံပြုအပ်ပါတယ်။

Continue Reading

အမျိုးသမီးစပယ်ယာ လိုင်စင်ရပြီ

| 0 မှတ်ချက်ကလေးရေးပေးနော်.




အမျိုးသမီး ၁၂ ဦးအား စပယ်ယာလိုင်စင် ချထားပေးပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။ မထသမှ စပယ်ယာလိုင်စင် ဖြေဆို၍ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားသော စာဖြင့် လာရောက်ဖြေဆိုသူ ခြောက်ဦးရှိပြီး ကျန်လေးဦးမှာ ဝါသနာအရ ကိုယ်တိုင်လာရောက် လျှောက်ထားသူများ ဖြစ်ကြောင်းနှင့် ဖြေဆိုမှုကို လာရောက် လျှောက်ထားသူတိုင်း အောင်မြင်ကြကြောင်း ၎င်းကပြောသည်။ “အခုထိ လာရောက်လျှောက်ထားတဲ့ အမျိုးသမီး စပယ်ယာတွေက ပညာတတ်တွေ များတယ်” ဟု ၎င်းကဆိုသည်။ ပညာအရည်အချင်း ကန့်သတ်ချက် မရှိသော်လည်း အမျိုးသမီး စပယ်ယာလိုင်စင် လျှောက်ထားသူများမှာ အခြေခံအဆင့်အနေဖြင့် ၉ တန်း အောင်ပြီးသူများဖြစ်ပြီး ဘွဲရများ ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။ မထသမြို့တွင်းမှ တာဝန်ရှိသူတစ်ဦးကမူ အမျိုးသမီး စပယ်ယာများအား လက်ရှိတွင် မြို့တွင်း၌ ခန့်ထားရန်မရှိသေးဟု ပြောသည်။ စပယ်ယာလိုင်စင် လျှောက်ထားပါက စပယ်ယာများ လိုက်နာရန်လိုသည့် ကျင့်ဝတ်များကို ရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုရကြောင်း ကညနမှ အရာရှိက ပြောသည်။ စပယ်ယာလိုင်စင် လျှောက်ထားပါက လျှောက်လွှာပုံစံကို အခမဲ့ ရယူနိုင်ပြီး ရက်ချိန်းကတ်ပြားအား ၅၀ကျပ်၊ ရွှေမြင်သာဂျာနယ် ကျပ် ၃၀၀၊ ပလတ်စတစ်လောင်းခကျပ် ၁၀၀၊ ဖြေဆိုစစ်ဆေးခ ကျပ် ၁၀၀ မွန်းတည့် ၁၂ နာရီကျော်ချိန် လာရောက် ဆောင်ရွက်ပါက အချိန်လွန်ကြေး ၅၀၀ ကျပ်၊ နှုတ်ဖြေနှင့် ရေးဖြေ အောင်မြင်လျှင် မှတ်ပုံတင်ကြေး သုံးနှစ် သက်တမ်းအတွက် ကျပ် ၃၀၀၊ စပယ်ယာ လိုင်စင်ကတ်ဖိုး ကျပ် ၄၀ နှင့် အာမခံကြေး သုံးနှစ်သက်တမ်း အတွက် ကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ စပယ်ယာလိုင်စင် ဖြေဆိုရန် လျှောက်ထားခြင်းအတွက် ကျသင့်ငွေကို ပိုမိုကောက်ခံပါက တိုင်းဒေသကြီး ဦးစီးမှူးသို့ တိုင်ကြားနိုင်ကြောင်း ယင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။ ယာဉ်လိုင်းများတွင် အမျိုးသမီး စပယ်ယာ လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 
 Myanmar Express
Continue Reading

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု

| 0 မှတ်ချက်ကလေးရေးပေးနော်.


ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်
၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ
များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ
သည်။

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ရွှေလီ-မန်စ
ံ ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) ၊ (၂၀၆ )၊ (၂၀၇) နှင့် (၂၀၈)တို့
အား ကချင်လက်နက်ကိုင် သောင်းကျန်းသူများမှ ယခုလ (၁၈) ရက် နှင့် (၁၉) ရက်နေ့များ
တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား (၂၀၀)မဂ္ဂါဝပ်
 ဓာတ်အားလျော့နည်း ပြတ်တောက်ခဲ့ပါသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အမှတ်(၂)လျှပ်စစ် စွမ်းအား
ဝန်ကြီးဌာနမှ    ဝန်ထမ်းများအနေဖြင့်  ပြုပြင်ခြင်းလုပ်ငန်းများကို    ကြိုးပမ်း ဆောင်ရွက်လျှက်
ရှိရာ (၂၂-၅-၂၀၁၂) ရက်နေ့တွင် အရာထမ်းဝန်ထမ်း (၁၀)ဦး ၊ အမှုထမ်း ဝန်ထမ်း(၁၀၈)ဦး
တို့ဖြင့် တာဝါတိုင်အမှတ် (၂၀၆) နှင့် (၂၀၇)တို့အား ဖြန့်ခွဲ ပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ်
လမ်း ဖောက်ခြင်း ၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း ၊ Earth Wire ကြိုး (၂)ချောင်း မြေပြင်တွင်
 ဖမ်းထိန်းခြင်း ၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုးပြုတ်ခြင်းလုပ်ငန်းများ (၁၀၀%)
ပြီးစီးအောင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တာဝါတိုင်အမှတ်(၂၀၆)အား တာဝါတိုင်ဖျက်ခြင်း
လုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း (၁၀၀%) ၊ တာဝါတိုင်အမှတ
်(၂၀၇)အား တာဝါတိုင် ဖျက်ခြင်းလုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်းဟောင်း
ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း (၇၅%) စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၁၀%)အား
မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တာဝါတိုင်အမှတ် (၇၃)အားလည်း အမြန်ဆုံးပြုပြင်နိုင်ရေး နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့်
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

သစ်ထူးလွင်
Continue Reading

ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားတို့ကို မကြာမီ တည်ဆောက်သွားရန် စီစဉ်နေသည်ဟုဆို

| 0 မှတ်ချက်ကလေးရေးပေးနော်.


မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရွှေဂုံတိုင်မီးပွိုင့်ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန် အကောင်အထည်ဖော်နေပြီး ဘုရင့်နောင်နှင့် ရွှေဂုံတိုင်ခုံးကျော်တံတားတို့ကို မကြာခင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက မေလ၂၂ရက်နေ့က ပြောကြားခဲ့သည်။

''အခုလောလောဆယ် ကျွန်တော်တို့ လုပ်နေတာက လှည်းတန်း ခုံးကျော်တံတားပါ။ ဘုရင့်နောင် ခုံးကျော်တံတားလည်း မကြာခင် စတင် အကောင်အထည်ဖော်ပါတော့မယ်။ နောက်တစ်ခါကျတော့ ရွှေဂုံတိုင်ခုံးကျော်တံတား လည်း မကြာခင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ လုပ်မဲ့ အခြေအနေအသေးစိတ်ကိုတော့ သူတို့ရဲ့ Proposal ၊ ဒီဇိုင်းတွေကို ပြန်စစ်ဆေးလျက်ရှိပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူး ဦးကျော်စိုးက ပြောပြခဲ့သည်။

လက်ရှိ အကောင်အထည်ဖော်နေသော လှည်းတန်းခုံးကျော်တံတားတည် ဆောက်မှုမှာလည်း အချိန်တစ်နှစ်ခန့် ကြာဦးမည်ဖြစ်ကြောင်းကိုလည်း မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာနယ်ဇင်းအချို့နှင့် တွေ့ဆုံပွဲတွင် အတွင်းရေးမှူးဦးကျော်စိုးက ဆိုသည်။

ယာဉ်ကြောကျပ်မှုများ များပြားလာသော ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ်မှုများ လျော့နည်းလာစေရန်အတွက် ခုံးကျော်တံတားများကို တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ ငါးလမ်းဆုံမီးပွိုင့်တို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်သွားမည်ဟုလည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

EMG
Continue Reading

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

| 0 မှတ်ချက်ကလေးရေးပေးနော်.

အများပြည်သူ လျှပ်စစ်မီးရရှိရေး ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး
ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာ
ချက်ထုတ်ပြန်ခဲ့သည်။
       နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူ
များ အတွက် ဓာတ်အားပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ
ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး
ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များ အပြင် အောက်ပါဓာတ်အားပေးစက်များ
ထပ်မံဝယ်ယူဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျှက် ရှိပါသည်-
       (က)     ရန်ကုန်မြို့
               (၁)     ၅၀၀ ကေဗွီအေ     -       (၄)လုံး ၂၀၀၀ ကေဗွီအေ
               (၂)     ၃၅၀ ကေဗွီအေ     -       (၁)လုံး   ၃၅၀ ကေဗွီအေ
               (၃)     ၃၄၀ ကေဗွီအေ     -       (၂)လုံး   ၆၈၀ ကေဗွီအေ
               (၄)     ၃၁၅ ကေဗွီအေ     -       (၁)လုံး   ၃၁၅ ကေဗွီအေ
               (၅)     ၂၅၀ ကေဗွီအေ     -       (၁)လုံး   ၂၅၀ ကေဗွီအေ
               (၆)     ၁၅၀ ကေဗွီအေ     -       (၂)လုံး   ၃၀၀ ကေဗွီအေ
                       စုစုပေါင်း              (၁၁)လုံး        ၃၈၉၅ ကေဗွီအေ
       ( ခ )   မန္တလေးမြို့
               (၁)     ၅၀၀ကေဗွီအေ      -       (၄)လုံး  ၂၀၀၀ ကေဗွီအေ
               (၂)     ၃၁၅ကေဗွီအေ      -       (၁)လုံး    ၃၁၅ ကေဗွီအေ
               (၃)     ၃၀၀ကေဗွီအေ      -       (၁၀)လုံး ၃၀၀၀ ကေဗွီအေ
               (၄)     ၂၅၀ကေဗွီအေ      -       (၂)လုံး     ၅၀၀ ကေဗွီအေ
               (၅)     ၂၀၀ကေဗွီအေ      -       (၂)လုံး     ၄၀၀ ကေဗွီအေ
               (၆)     ၁၀၀ကေဗွီအေ      -       (၁)လုံး     ၁၀၀ ကေဗွီအေ
                       စုစုပေါင်း              (၂၀)လုံး          ၆၃၁၅ ကေဗွီအေ
       ( ဂ )   ပြည်မြို့
               (၁)     ၅၀၀ကေဗွီအေ      -       (၁)လုံး ၅၀၀ ကေဗွီအေ
               (၂)     ၁၀၀ကေဗွီအေ      -       (၂)လုံး ၂၀၀ ကေဗွီအေ
               (၃)     ၂၀ကေဗွီအေ       -       (၁)လုံး    ၂၀ ကေဗွီအေ
               (၄)     ၁၅ကေဗွီအေ       -       (၁)လုံး    ၁၅ ကေဗွီအေ
                       စုစုပေါင်း              (၅)လုံး          ၇၃၅ ကေဗွီအေ
       (ဃ)     မုံရွာမြို့
                       ၁၀၀ကေဗွီအေ      -       (၂)လုံး ၂၀၀ ကေဗွီအေ
       ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀)လုံး
ကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို
ရောက်ရှိမည် ဖြစ်ပါသည်။

ရောက်ရှိပါကလျှပ်စစ်ဓာတ်အားလိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍
 ဓာတ်အား ဖြန့်ဖြူးပေးပို့သွားမည်ဖြစ်ပါသည်။

       ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ်ဓာတ်အားပေး
စက်(၆)လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း
မြန်မာပြည်အရောက် ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့်
General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas
Turbine (၂)လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၄င်းစက်(၂)လုံးမှာ
မြန်မာပြည်သို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်လျှက်ရှိပါကြောင်း
သတင်းရရှိပါသည်။

Continue Reading

ကလေးငယ်တွေရဲ့ မီးလာပြီဟေ့

| 0 မှတ်ချက်ကလေးရေးပေးနော်.

ချစ်စရာကောင်းတဲ့ ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ

ထိန်ထိန်ညီးခဲ့ တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။

# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #

ဆိုတဲ့ အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။

အတွေးတွေ နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ

ကို ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး

တစ်ဆိုင် ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။ အင်တာနက်ဆိုင်

ဆိုသည်မှာ ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက ကွန်နက်

ရှင်က ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ ။လိုင်းကျလို့

ဖုန်းဆက်မေးလိုက်ရင် တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း

ဖြစ်ပါတယ်ဆိုတဲ့ စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို

ကြားရမယ်ဆိုတာကို သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး

၅မိနစ်လောက်ဆို ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်

စေဖို့အတွက် လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို  လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ ဂျာနယ်တွေထဲက

ဘယ်နေ့ ၊ ဘယ်လ ဆို  ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း ကြားရဖန်များတော့

ဟာသ တစ်ခုလိုဖြစ်နေရပြီ။ TRYA GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်

နဲ့ အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇ ပါးသောနတ်တွေ

အပြင် အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း အလုပ်တစ်ခု

ဖြစ်လာပါသည်။ မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး

တွေ က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့် ထပြန်။

ဂိမ်းဆော့တဲ့ ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက  အများစုက ကျောင်းသားတွေမို့

အမြဲတမ်းဆော့ဖို့ကျတော့ အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့

အကြွေးပေးတဲ့ စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။ ဒီအရှုတ်တော်ပုံတွေနဲ့

ချာလည်ရိုက်နေတဲ့ အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို

စိတ်ဆင်းရဲဖွယ် ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင် ဆိုတာ

ညဘက်ကိုသာ လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို

၇နာရီလောက်ကနေ ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ

ရှိနေတတ်ပါတယ်။ တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ

ပြန်တော့ ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက ထပ်ပေါ်

လာပြန်ပါတယ်။ မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။

ကဲ ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို ပေးမယ်ဆိုရင်တောင် အမှန်တကယ်

လိုအပ်နေတဲ့ ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်

တကယ်လိုအပ်ချိန်တွေပါ။  ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့  ည၇နာရီကနေ မနက် ၆ နာရီလောက် ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့ အင်မ

တန်ကို နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။   ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ တခြားလုပ်ငန်းတွေမှာလဲ

အခက်ခဲတွေ အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ

လစဉ်ကြေးတွေ ၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊

လစဉ်ကြေး ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်

ဓာတ်ဆီဖိုး ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့ နိုင်ငံ

ခြား ။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ

အရင်ထဲက အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့ ထမင်း

အိုးလေးတောင် ခပ်လှုပ်လှုပ် ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ

အင်တာနက်ဆိုင် ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့

လောကကြီးကိုလား ……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့

မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို အပြစ်တင်ရမလဲ………..

ဘယ်သူကို အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ

ပြည့်မယ်ဆို………ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ

အကျမရှိ အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်

ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။

%%%%%%%%%%%%%%%%%%%%%%%%%%%

ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို ကွန်ဆူးမား ကဗျာလေးပါရှင်။



သူ့ကိုချစ်တယ်.....

သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....

သူမလာတဲ့ နေ့တွေညတွေမှာ.....

အစာရေစာလဲ ပြတ်လပ်.......

ဘာတစ်ခုမှ လုပ်မရအောင်

သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။

..................................

ပြန်လာခဲ့ပါချစ်သူ.......

မင်းနဲ့အတူ

ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့

ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့

အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ

မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်

..................................

မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....

မျှော်နေမယ်နော်......

အမြန်ပြန်လာပါ။

သံသရာ ဒီတစ်ကွေ့

နေ့နေ့ ညည မေ့မရတဲ့......

မီးလာမယ့် နေ့..........ပေါ့။
                                                                                  

ဆောင်းပါးရေးသားသူ   .................. အချစ်ကို ကိုးကွယ်သူလေး


ကဗျာ                       .................. ကွန်ဆူးမား
Continue Reading

 တိုင်းရင်းသားအားလုံးပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပရန်ရှိကြောင်းနှင့် တိုင်းရင်းသားများ တောင်းဆိုချက်များကို ပေးနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား

| 0 မှတ်ချက်ကလေးရေးပေးနော်.


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့အား မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တိုင်းရင်းသားများအားလုံး ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။
ယင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး၌ သတင်းထောက်တစ်ဦးက ''အခုကျင်းပတဲ့အဆင့်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌအနေနဲ့ စတင်တာဝန်ယူပြီး ထမ်းဆောင်တဲ့ ပထမဆွေးနွေးပွဲ ညှိနှိုင်းပွဲဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အောင်မြင်သွားမယ်လို့ ကြိုတင်မျှော်မှန်းချက် ရှိပါသလား။ ဒီအဆင့်ပြီးသွားရင် နောက်ထပ် ဘာအဆင့်တွေများ ကျန်ပါသေးသလဲ''ဟု မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို မေလ ၃ ရက်နေ့က စဖွဲ့ပါတယ်။ ဒါလည်းသတင်းစာမှာ ကြေညာထားပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ကလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ဟိုအရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တယ်ဆိုတာဟာ အဖွဲ့သေးသေးလေးတွေနဲ့ မနိုင်ဝန်ကိုထမ်းဆောင်ပြီးမှ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဒါနဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအားလုံးဟာ မမျှော်လင့်ဘဲနဲ့ တောက်လျှောက်အောင်မြင်လာတဲ့အခါမှာ လုပ်ငန်းတွေ အများကြီး ကျယ်ပြန့်လာပါတယ်။ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေလည်း အများကြီးကျန်ပါတယ်။ အဲဒါကြောင့်မို့ လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အားလုံး ၅၂ ယောက် ပါပါတယ်။ ၅၂ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လာမယ့်ကာလတွေမှာ လုပ်မယ့်ကိစ္စအားလုံးကို နိုင်နိုင်နင်းနင်း ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့ တွက်ပါတယ်။ အဲဒီတော့ ဘာအဆင့်တွေ ဆက်လုပ်မလဲဆိုရင် အခု အပစ်အခတ် ရပ်စဲရေး လုပ်ပြီးပါပြီ။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့အခါမှာ နောက်တစ်ဆင့် ဒုတိယအဆင့် တက်ပါမယ်။  ဒုတိယအဆင့်မှာတော့ Development, Settlement, Rehabilitation,Political Dialogue ဆိုတဲ့ အဆင့်တွေ ပါပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ပြီး တစ်ဆင့် ဒါတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒါတွေက မလုပ်လို့ မရပါဘူး။ ဒါတွေက နှစ် ၆၀ အတွင်းမှာ တောက်လျှောက်ပါတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့လုပ်ပြီးတဲ့အခါမှာ အားလုံးပြီးတဲ့အခါမှာ တတိယအဆင့်အနေနဲ့က တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးတစ်ရပ်ကို ကျွန်တော်တို့ကနေပြီးတော့မှ ကျင်းပမယ်။ တိုင်းရင်းသားတွေအားလုံး တောင်းဆိုချက်တွေကို ကျွန်တော်တို့ပေးနိုင်အောင် ကြိုးစားမယ်။ မပေးနိုင်တဲ့အချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်မပြုတဲ့ အချက်ပဲဖြစ်မယ်။ အဲဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ ပြင်လို့ရတယ်။ ဒါကြောင့်မို့ နေပြည်တော်မှာ ဒီတိုင်းရင်းသား အစည်းအဝေးကြီး ကျင်းပပြီးတော့မှ ကျွန်တော်တို့ ပြင်ချင်တဲ့အချက်တွေအားလုံးကို ဒီဘက်စားပွဲကနေ ဟိုဘက်စားပွဲကို ပို့မယ်။ ဟိုဘက်စားပွဲ ပြင်မယ်။ ပြီးတော့မှ ဒါတွေအားလုံးကို တိုင်းရင်းသားတွေအားလုံးရဲ့ တောင်းဆိုချက်အားလုံး ရသွားပြီဆိုရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ သဘောတူညီချက်ကြီးတစ်ရပ်ကို  ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို ဆောင်ရွက်နေတဲ့ အချိန်ကာလပဲ ဖြစ်တယ်ဆိုတာလေးကို တင်ပြအပ်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ သဘောတူညီချက်ကြီးတစ်ရပ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် နံနက် ၉ နာရီမှ စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီခွဲနောက်ပိုင်းတွင်မှ ပြီးဆုံးကာ ပြီးဆုံးပြီးချိန်၌ တာဝန်ရှိသူများက ပွဲ၏ပြင်ပ၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ဟိန်းမင်းလတ်
Continue Reading

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ)

Wednesday, May 23, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

video

၂၂ မေ ၂၀၁၂။ ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ဒီဗွီဘီိ)

ဘကြီးသက်
Continue Reading

အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ

| 0 မှတ်ချက်ကလေးရေးပေးနော်.


 ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။

 ”ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေသောက်ပြီး သွေးဆင်း လွန်လို့ဆေးရုံရောက်တာတွေ ပို များလာတာတွေ့ရတယ်။ လူ ငယ်မိန်းကလေးနဲ့ ချစ်သူတွေ လွန်ကျူးမိပြီး ကိုယ်ဝန်ရလာတဲ့ အခါကျမှ ကြောက်လန့်ပြီး ကြား ဖူးနားဝနဲ့ ဆေးဆိုင်တွေမှာ အ လွယ်တကူဝယ်လို့ရတဲ့ သွေးပုပ် ချဆေးတွေ၊ဆေးပြင်းတွေသောက် ပြီး ကိုယ်ဝန် ဖျက်ချတာတွေဟာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်” ဟုအထက်ပါဆရာဝန်ကပြောသည်။

ယင်းသို့သော အချိန်မျိုးတွင် ဝမ်းဗိုက်ထဲရှိ ကလေးအသက် အန္တရာယ် ရှိ၊မရှိ အာရ်ထရာဆောင်း ရိုက်ကာကလေးအခြေအနေမကောင်း ပါက သားအိမ်ခြစ်ပစ်ရပြီး ကလေး ဖျက်ချပြီးမှပိုးတစ်ခုခုသားအိမ်၊ သား ဥပြွန်၊ မွေးဖွားရာလမ်းေ ကြာင်းတို့သို့ ဝင်ရောက်သွားပါက သားအိမ်ပြွန် လမ်းကြောင်းပိတ်သွားကာ နောင် အခါတွင် ကလေးရရန် ရာခိုင်နှုန်း နည်းသွားတတ်ကြောင်း ၄င်းက ပြောသည်။


ထို့အပြင် ကလေးပျက် ကျလျှင်လည်း သွေးဆင်းမှုများကာ ရှော့ခ်ရပြီးအသက်အန္တရာယ်ကို ထိ ခိုက်နိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။”ဒီလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖျက်ချတဲ့သူ တော်တော်များများ က ဆေးပြင်းတွေ၊သွေးပုပ်ချဆေးနဲ့ သား အိမ်ထဲပစ္စည်းထည့်ပြီး ဖျက်ချတာ တွေများတယ်။ ကလေးဖျက်ချတာ ဟာ တချို့လည်း ဘာဆေးသောက် သောက် ပျက်ချင်မှပျက်တယ်။

 အဲဒီ လိုဖျက်ချပြီးမှ မပျက်ခဲ့ရင်လည်း သွေးပုပ်ကအထက်ကိုတက်ပြီး အ သက်ကို အန္တရာယ်ပေး မှာဖြစ် တယ်။ တချို့လည်း သွေးတွေ အများကြီး သွန်တယ်။ တချို့ဆိုလည်း သွေး မဆင်းဘဲ ရောဂါပိုးက မွေးလမ်း ကြောင်းထဲဝင်ပြီး ဒုက္ခရောက်နိုင် တယ်” ဟု ၄င်းက ပြော သည်။ယင်းသို့ ကောင်းကျိုး မရှိ သော နည်းလမ်းမျိုးကို မဖြစ်ခင် ကကြိုတင်ကာကွယ်သင့်ကြောင်း၊ ခေတ်လူငယ်မိန်းကလေးများ လက်မထပ်ခင်လွန်လွန်ကျူးကျူး မနေထိုင်သင့်ကြောင်းနှင့် အိမ် ထောင်သည်တွေအနေနှင့်လည်း ကလေး မလိုချင်သည့်အတွက် တားမည်ဆိုပါကလည်း သေချာ ကျွမ်းကျင်သည့် ဆေးဘက်ဆိုင် ရာပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး တား သင့်ကာတားသည့်ကြားမှ ကိုယ် ဝန်ရခဲ့ပါကလည်း မိမိသဘောနှင့် မိမိ ဖျက်ချခြင်းမလုပ်သင့်ကြောင်း ကို ၄င်းက အကြံပေးပြော သည်။
ချစ်ဆုဆွေ (ပေါ်ပြူလာဂျာနယ်) 
ဘကြီးသက်
Continue Reading

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြေတစ်ဧက ကျပ်သိန်း(၁၀၀)အထိ မြင့်တတ်

| 0 မှတ်ချက်ကလေးရေးပေးနော်.



မီးရရှိရေးဆောက်ရွက်ချက်များ၊ စက်ရုံစီမံကိန်းမျာကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ   မြေဈေးများ   နှစ်ဆနီးပါး မြင့်တက်လာပြီး၊ မြေတစ်ဧကလျင် ကျပ်သိန်း(၁၀၀)၀န်းကျင်သို့ရောက်ရှိလာကြောင်း ဒေသခံပြည်သူများထံက သိရသည်။

“မေလအတွင်းမှာ မြေဈေးတွေ သိသိသာသာတက်လာတယ်။ ပြင်ဦးလွင်က အိမ်ခြံမြေဈေး အရမ်းကြီးတော့ ဒီဘက်ကို အာရုံစိုက်လာကြတယ်”ဟု  ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် မြေဝယ်ယူထားသော ဒေါက်တာစိန်စိန်သိန်းက ပြောသည်။

ဧပြီလကုန်ရက်ပိုင်းမှ စတင်ကာ ရန်ကုန်နှင့်မန္တလေးမှ လူများသည် အဆမတန်မြင့်တက်နေသော ပြင်ဦးလွင် မြေဈေးကြောင့် ပြင်ဦးလွင်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော နောင်ချိုမြို့နယ်၊ နောင်ပိန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အထိ လမ်းဘေးဝဲယာ   မြေကွက်များကို ဈေးကောင်းပေး၍ အလုအယက်ဈေးကောင်းပေး၍ လိုက်လံဝယ်ယူမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သွားသော ဒေသများတွင်လည်း ယခင်က သတ်မှတ်ထား သည့် ဓါတ်ငွေ့ပိုင်လိုင်းနှင့် ပေ(၆၀)အတွင်း အိမ်မဆောက်ရဟူသော ပြဌာန်းချက်သည်လည်း ပျက်ပြယ်သွားပြီ ဖြစ်သောကြောင့်   မြေများပြန်လည်အဝယ်လိုက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

ကျောက်မဲမြို့နယ်နှင့် အနီးအနားပတ်ဝန်းကျင် ဒေသများတွင်လည်း မေလအတွင်း အဝယ်လိုက်လာကြောင်း နှင့် အဆိုပါမြို့နယ်နှင့် (၇)မိုင်ဝေးသော စခန်းသာကျေးရွာ၊ ဆယ်မိုင်ကွာဝေးသော ခဲမွန်းကျေးရွာ၊ (၁၆)မိုင် ကွာဝေးသော ဇီးပင်စခန်းတို့တွင်လည်း   မြေတစ်ဧကလျှင် ကျပ်သိန်း(၁၀၀)နှင့်အထက် အရောင်းအဝယ်ဖြစ် နေသည်ဟု သိရသည်။

အဆိုပါဒေသများတွင် မီးလင်းရေးကော်မတီ၏ ဆောက်ရွက်ချက်အရ လျှပ်စစ်မီးမကြာခင်ကာလအတွင်းရရှိ တော့မည်ဖြစ်သည့်အတွက် မီတာတစ်လုံးလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။ လျှပ်စစ်မီး ရရှိရေးဆောက်ရွက်မှုများကြောင့် မကြာမီကာလအတွင်း လျှပ်စစ်မီးရရှိလာတော့မည်ဖြစ်၍  လျှပ်စစ်မီးရရှိလာပါက မြေဈေးနှုန်းများထပ်မံတက်လာနိုင်သောကြောင့်   မြေ၀ယ်ယူမှုများလာခြင်းဖြစ်သည်။

“အဓိကကတော့ လျှပ်စီးမီးရတော့မယ်ဆိုတာနဲ့ အဝယ်လိုက်တာပါ။ အခြားနေရာတွေလည်း မီးရလာမယ်ဆိုရင် သူ့နေရာနဲ့သူ   ဈေးရလာမှာပါ”ဟု ကောင်းသန့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းမှ ကိုသက်မိုးကဆိုသည်။

လက်ရှိ အရောင်းအဝယ်လိုက်၍ဈေးကောင်းပေးဝယ်နေသော မြေကွက်များသည် ၂၀၁၁ခုနှစ် သင်္ကြန်ကာလ   နောက်ပိုင်းအချိန်က   မြေတစ်ဧကလျှင် ကျပ်သိန်း (၅၀) ဝန်းကျင်အတွင်း၌သာ ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ဆန်းပိုင်းက အဆိုပါနေရာများတွင် မြေတစ်ဧကလျှင် ကျပ်သိန်း(၅၀)ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းနှင့် မေလသို့ ရောက်သည့်အခါ အဆိုပါနေရာများတွင်   မြေတစ်ဧကလျှင် ကျပ်သိန်း(၁၀၀)ကျော်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံ အိမ်/မြေအကျိုးဆောင်များထံက သိရှိရသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
ဘကြီးသက်
Continue Reading

သင်ဇာဝင့်ကျော်ပုံ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင်ဖမ်းဆီးပြီ

| 0 မှတ်ချက်ကလေးရေးပေးနော်.


ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် သင်ဇာဝင့်ကျော်၏ သင်္ကြန်တွင်းပုံများ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင် ဖမ်းဆီး နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက၉-၅-၂၀၁၂ ရက်တွင် ပြောကြားသည်။ ''ဒီခွေတွေကို ဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာရဲတွေကို မေတ္တာရပ်ခံထားပြီးလို့ ဖမ်းဆီးနေပါပြီ။ ဒီခွေက သင်္ကြန်ခွေလို့ပြောပေမယ့် အထဲမှာ ညစ်ညမ်းတာတွေပါ ထည့်ထားတယ်။ တော်တော်ကို ဆိုးရွားပါတယ်။ ဒီခွေတွေ ဖမ်းဆီးပြီးသွားရင် ဗီဒီယိုအက်ဥပဒေနဲ့ရော ပုံနှိပ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ'' ဟု ၎င်းကပြောကြားသည်။ 
 ထိုသင်္ကြန်ခွေဟု ရောင်းချနေသော အခွေများမှာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်း၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့တော်ခန်းမဘေး မှတ်တိုင်များနှင့် ဦးဝိစာရလမ်း မီးပွိုင့်၊ ရွှေဂုံတိုင်မီးပွိုင့် အစရှိသည့် မီးပွိုင့် လမ်းလေးခွ ဆုံများတွင်လည်း ပေါ်ပေါ်ထင်ထင် ရောင်းချ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအဖွဲ့ ထိုသင်္ကြန်ခွေများအပြင် ခိုးကူးခွေများကို ဧပြီလကုန်ပိုင်းမှစတင်၍ ဆက်တိုက်လိုက်လံ ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။
ထိုသင်္ကြန်ခွေများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ခေတ်လူငယ် မိန်းကလေးတစ်ဦးက သင်္ကြန်မှာ သင်ဇာဝင့်ကျော်က အရမ်းhotသွားတော့ စီးပွားရေးသမားတွေက လုပ်စားကြတဲ့ သဘောလို့ ထင်တယ်။ ကာဗာမှာ သင်ဇာဝင့်ကျော်ပုံ တင်ထားပြီး အထဲမှာ ညစ်ညမ်းတွေပါတော့ မသိတဲ့လူကတော့ ဝယ်သွားမယ်။ ပြီးရင် ထပ်ဝယ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သင်ဇာဝင့်ကျော်ဆိုတော့ စိတ်ဝင်စားကြပြီး တစ်ယောက်တစ်ခွေနှုန်းနဲ့ ဝယ်ကြတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေကတော့ အဆင်ပြေ သွားတာပေါ့ ဟု၎င်း၏ အမြင်ကို ပြောကြားသည်။

Continue Reading

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

| 0 မှတ်ချက်ကလေးရေးပေးနော်.



ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများအောက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ်ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။


အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်းနေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာစေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ

အသီးအရွက်တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံးသင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သားကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝ တားဆီးနိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်း နှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ

ဗိုက်တာမင် အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင် စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြသူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင် အီး နဲ့ စီ အားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ
 
Continue Reading

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် ရရန် စောင့်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်ခုရှိနေ 4:26 AM သွေးသစ္စာ No comments

| 0 မှတ်ချက်ကလေးရေးပေးနော်.


Written by Pyi Myanmar| Tuesday, 22 May 2012 10:15 Photo

မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့် ရရန် စောင့်ဆိုင်းနေသော နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်လိုင်းအထိ ရှိနေပြီး အားလုံးနီးပါးမှာ ယခုနှစ်ကုန်ပိုင်းမှသာလျှင် စတင် ပျံသန်း ပြေးဆွဲခြင်း ပြုလုပ်လာလိမ့်မည် ဖြစ်ကြောင်း ၁၅-၅-၂၀၁၂ ရက်က သိရသည်။

ဂျပန်၊ ကာတာ၊ ဟောင်ကောင်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့်ရရန် စောင့်ဆိုင်းနေကြပြီး အချို့မှာ အောက်တိုဘာလတွင် စတင်ပြေးဆွဲရန် အစီအစဉ်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲချင်နေတာ အများကြီးပါပဲ။ သူတို့တွေအားလုံး ခရီးစဉ် အသေးစိတ် အချက်အလက်တွေ ညှိနှိုင်း စောင့်ဆိုင်းနေကြပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ခြောက်လိုင်းတွင် All Nippon Airway နှင့် Qatar Airway တို့မှာ အောက်တိုဘာလတွင် ပျံသန်းခွင့်ရရန် ကြိုတင်စီစဉ်နေကြောင်း သိရပြီး အခြားသော လိုင်းများမှာလည်း အခြေအနေကို စောင့်ကြည့်၍ အဆို တင်သွင်းထားဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အနေအထားအရ အဆိုပါ လေကြောင်းလိုင်း အားလုံးမှာ ယခုနှစ်ကုန်မှ သာလျှင် စတင် ပျံသန်းပြေးဆွဲနိုင်ဖွယ် ရှိနေပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းနေသော လေကြောင်းလိုင်း ၁၃ လိုင်း ရှိနေသည်ဟုသိရကာ ထပ်မံလျှောက်ထားသော လိုင်းများမှာ Srilanka Airline၊ Bangladesh's Biman Airline၊ HongKong Express Airline၊ Pakistan International Airline၊ Japan All Nippon Airway နှင့် Qatar Airways တို့ဖြစ်ကြောင်း သိရသည်။
Continue Reading

ဖြေသိမ့်လိုက်

| 0 မှတ်ချက်ကလေးရေးပေးနော်.




ကမ္ဘာကြီး ပူနွေးလာမှုအရှိန်က နို့ဖိုးဒုက္ခသည်စခန်းသို့ပင် သက်ရောက်မှု ရှိနေသည်။ ရာသီဥတု မူမှန် မဟုတ်တော့..။ နေပူလိုက်၊ မိုးရွာလိုက်။ အေးလိုလျှင် အလွန်အေးတတ်ပြီး ပူအိုက်သောအခါမှာလည်း အဝတ်အစားများပင် မကပ်နိုင်တော့။
ရာသီဥတုနှင့်အပြိုင် နို့ဖိုးဒုက္ခသည် စခန်းရှိ စခန်းသူ စခန်းသားတို့၏ ဘဝတို့ကလည်း မူမှန်မဟုတ်ကြတော့။ အတက်အကျ ခပ်ကြမ်းကြမ်းနှင့် ဘဝကို မောင်းနှင်နေကြရသည်။
ဒီနေ့မနက်စောစော နို့ဖိုးရဲ့ ရွာဆော်ကြီး ကိုချစ်ဖေက ရပ်ကွက်တွင်းသို့ လိုက်လံနှိုးဆော်နေသည်။ “ယနေ့ နံနက် ၁၀ နာရီ ဂျပန်သံရုံးလာမည် ဖြစ်ပါသည်။ မည်သူမဆို သွားရောက်တွေ့ဆုံ လျှောက်ထားနိုင်ကြောင်း အသိပေးနှိုးဆော်ပါသည်”...တဲ့။
သူ့ရဲ့ နှိုးဆော်ချက်အဆုံးမှာ ခွန်အားမဲ့နေတဲ့ ကျနော်နဲ့ ဘဝတူတွေအတွက် မဟာအားဆေးကြီး တခွက် သောက်ရတော့မလို ဝမ်းသာဧည့်လဲ ပေါ့။ အခြားတတိယ နိုင်ငံတွေကို မသွားရလည်း အာရှတိုက်ထဲမှာ တခုတည်းသော ဒုက္ခသည်ခေါ်တဲ့ ဂျပန်ကို သွားရလည်း နည်းတဲ့ အခွင့်အရေးလားဗျာ။ ဘာဖြစ်ဖြစ် မျိုးဆက်သစ် တွေအတွက်တော့ ကောင်းမွန်တဲ့ အနာဂတ်လမ်းတခုကို ဖန်တီးပေးနိုင်မယ်ပေါ့လေ။
ဂျပန် ဆိုတာကလည်း မဟာအင်အားကြီးနိုင်ငံတခု။ ကမ္ဘာမှာ စက်မှုဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့တန်းက ပြေးနေတဲ့ ကျားတကောင်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပြီးပြီးချင်းမှာ ပြာပုံဘဝကနေ ရုန်းထွက်ကြိုးစားနိုင်လို့ နိုင်ငံအများက အံ့အားသင့် အတုယူရတဲ့ နိုင်ငံတခု။ ဒီလိုဂုဏ်ရောင်တွေတင် ဘယ်ကအုံးမလဲ ကမ္ဘာကျော် လှုပ်ခတ်သွားတဲ့ ဆူနာမီ ဒီရေလှိုင်းကြီးကြောင့် လူ့အသက်ပေါင်းများစွာနဲ့ တိုက်တာအဆောက်အဦး တော်တော်များများ ပျက်စီး သွားသလို ကျန်ခဲ့တဲ့သူတွေလည်း စားဝတ်နေရေး အခက်အခဲ အတော်များများနှင့် ရင်ဆိုင်ခဲ့ကြရတယ် ဆိုပေမဲ့ ဂျပန်လူမျိုးတွေက စိတ်ဓာတ်မကျဘူး။ ရောင့်ရဲတယ် ကြိုးစားတယ်။ အခွင့်အရေး မယူတတ်ကြဘူး။ ငတ်နေကြ တာတောင် စနစ်တကျတန်းစီပြီး အစားအသောက်တွေ ယူကြတယ်။ တဦးကို တဦး ကျော်တက်တာ မရှိတဲ့အပြင် သက်ကြီးရွယ်အိုတွေကို ဦးစားပေးတဲ့ အနေနဲ့ ကိုယ်ရထားတဲ့ နေရာလေးတွေတောင် ဖယ်ပေး တတ်ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လေးစားအတုယူဖွယ်ကောင်းတဲ့ ဂျပန်လို နိုင်ငံကို သွားရရင် ဘယ်လောက် ကောင်းလေမလဲ လို့ စဉ်းစားနေမိတယ်။
ဂျပန်က ခေါ်မယ့် ဒုက္ခသည်တွေဟာ မိဘစုံလင်မိသားစု အနည်းဆုံး သားသမီး နှစ်ဦး ရှိရမယ်။ အသက် ၂၅-၄၅ ဖြစ်ရမယ် ဆိုတဲ့ စည်းကမ်းချက်အားလုံးနဲ့ အကျုံးဝင်နေတဲ့ ကျနော့်မိသားစု အနေနဲ့တော့ စိတ်ကူးယဉ် ကမ္ဘာလေး တည်ဆောက်လို့ရတာပေါ့။
ဒီလိုနဲ့ ကျနော်လည်း ဂျပန်သံရုံးကိုယ်စားလှယ်ကို သွားတွေ့တယ်။ သူတို့ ရှင်းပြတာတွေကို ဂရုတစိုက် နားစိုက် ထောင်၊ သိချင်တဲ့ အချက်အလက်တွေကိုမေးမြန်းနဲ့  ပျော်နေမိပါရဲ့။ ဂျပန်က ကျွန်းကြီး ၄၇ ကျွန်းနဲ့ဖွဲ့စည်းထား တာဖြစ်ကြောင်း လူဦးရေ ၁၂၈ သန်းရှိကြောင်း၊ ဒုက္ခသည်များကိုလည်း အခြားနိုင်ငံများနည်းတူ ပညာရေး ကျန်းမာရေး အလုပ်အကိုင် ရှာဖွေပေးရေး စသဖြင့် တာဝန်ယူကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း ရှင်းပြကြ တယ်။ မေးလိုရာတွေကိုလည်း မေးမြန်းနိုင်ကြောင်း ပြောတော့ တယောက်တမျိုးနဲ့ မေးကြလေရဲ့။ ဂျပန်သံရုံး  အင်တာဗျူးမှာ Hold နဲ့ Reject မရှိကြောင်း၊ မည်သည့်လူမျိုးမဆို လျှောက်ထားနိုင်ကြောင်း ပြောတော့ ဘဝတူ တွေအားလုံး ဝမ်းသာကြတာပေါ့။ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံဟာ ကျနော်တို့အားလုံးရဲ့ ကယ်တင်ရှင်ကြီး ဖြစ်တော့မယ်။
မြန်မာ့နိုင်ငံရေးအခြေအနေကို ကြည့်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ အခင်းအကျင်းကလည်း ပြောင်းလဲလာတယ်။ အပြောင်းအလဲတွေနဲ့ အတူ ဒုက္ခသည်တွေကလည်း စည်းချက်လိုက်ပြီး ကနေရသလိုပါပဲ။ ရေနစ်တုန်း မြက်တမျှင် ကောက်ရိုးတမျှင် ဖြစ်ဖြစ် အားကိုးရမှာလို့တွေးပြီး ဂျပန်က အားလုံးကို ရင်ခုန်သံမြန်စေခဲ့တယ်။ 
နောက် ၂ ပတ်လောက်အကြာမှာ ဂျပန်သံရုံး နို့ဖိုးဒုက္ခသည် စခန်းထဲကို ဝင်လာတယ်။ ဂျပန်သံရုံး မရောင်ခင် ကတည်းက ဂျပန်လျှောက်မယ့် မိသားစုတွေ ရုံးရှေ့မှာ ကြိုတင်စောင့်စားနေတယ်။ အပြုံးပန်းတွေ ဝေပြီး ရင်ခုံသံတွေ မြန်နေကြလေရဲ့။ ဂျပန်သံရုံးကား ဝင်လာတော့ လမ်းဖယ်ပေးကြတယ်။ သူတို့အဖွဲ့က အင်တာဗျူး မလုပ်ခင် ခမ်းမထဲကို မိသားစုအားလုံး ဝင်လာဖို့ ဖိတ်ခေါ်ကြတယ်။ ဂျပန်နိုင်ငံအကြောင်း နောက်တခေါက် ထပ်မံ ရှင်းပြတယ်။ အချိန်အတော်လင့်ပြီး နောက်ဆုံး သူတို့ဆီက အဖြေထွက်လာတော့ အားလုံး အငိုက်မိသွား သလို အံ့အားသင့်လွန်းလို့ မျက်နှာကြီးတွေ ညိုမဲသွားလေတယ်။ တချို့ကတော့ ပွင့်အံထွက်ကုန်ကြပြီ။
“ဘာလဲဗျာ.. ကျုပ်တို့က ဒုက္ခသည် မဟုတ်ဘူးလား”
“ဘာကြောင့် ခွဲခြားဆက်ဆံ ခံရတာလည်း”
“လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်ဗျာ”  စသဖြင့် စကားသံတို့ ပွက်လောရိုက်ကုန်ကြ တော့သည်။ တာဝန်ရှိသူ ဂျပန်တို့ ပေးလိုက်သော အဖြေက “ကရင်လူမျိုးသာ ခေါ်မည်ဖြစ်ကြောင်း ထို့ကြောင့် ကရင်လူမျိုးကိုသာ အင်တာဗျူးလုပ်မည်ဟု ပြောကာ သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြတော့သည်။
မျှော်လင့် အားကိုးတကြီးနှင့် လာရောက်သူ အားလုံးမှာ ကရင်လူမျိုး မဟုတ်သောကြောင့် ခေါင်းများ ငိုက်စိုက် ကျကာ တဦးကိုတဦးပင် မကြည့်နိုင်ကြတော့။ ပိဿလေးဖြင့် ဘေးအပစ်ခံလိုက်ရသည့်အလား နောက်ဆုံး ကိုယ့်အိမ်ကိုယ် ပြန်လည်ချီတက်ခဲ့ကြရသည်။
ကျနော်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်သောကြောင့် ပေါက်ကွဲလုလု စိတ်ကိုချုပ်တည်းကာ လမ်းထိပ်ရှိ ရွှေထိပ်တန်း လဘက်ရည်ဆိုင်သို့ အသော့နှင့်ခဲ့ပြီး သောက်နေကျ လဘက်ရည်ကို လှမ်းမှာလိုက်ဖြစ်သည်။ ဆိုင်အတွင်းမှ လွင့်မြောထွက်ပေါ်လာသော သီချင်းသံအဆုံး အများမမြင်အောင် ကြိတ်ပြုံးပြုံးကာ ဖြေသိမ့် လိုက်ရပါတော့သည်။
“ကံကြမ္မာဆိုတာက...ချိုတလှည့်... ခါးတလှည့်.... အခုလည်း ဒီလိုပေါ့.... အောင်မြင်လိုက်.... ရှုံးနိမ့်လိုက်....”
တိုက်တိုက်ဆိုင်ဆိုင် လဘက်ရည်ဆိုင်ရှိ စပီကာဆောင်းဘောက်မှ ထွက်ပေါ်လာသော အဆိုတော် “ဝိုင်းဝိုင်း” ရဲ့ “ဖြေသိမ့်လိုက်” တေးသီချင်းသံက ကျနော့်ကို အသိတရားတခု ပေးလိုက်သလိုလို ခံစားရပြီး ဖြစ်ခဲ့တာတွေ အတွက် ကျေနပ်ဖြေသိမ့်လိုက် မိတော့သည်..........။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ...

အုပ်ကြီးဖေ
၂၃-၅-၂၀၁၂
Continue Reading

ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ

| 0 မှတ်ချက်ကလေးရေးပေးနော်.


ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့  အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။

မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။
မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦးမြင့်ကြူ က ပြောကြားခဲ့သည်။

”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။

”မြို့ပြင်နဲ့ ကျေးရွာတွေအတွက်  နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။

ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။

”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့  လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့
ဘကြီးသက်
Continue Reading

တပ်မတော်လေ့ ကျင့် ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်းတပ်မတော် ကျောင်းအုပ်ကြီးမှ လာရောက်တွေ့ဆုံ ဂါရဝပြု

| 0 မှတ်ချက်ကလေးရေးပေးနော်.



တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လာရောက်ဂါရဝ
ပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ်နှင့်အတူ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်ကိုကိုခိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးကြီးမြင့်သိန်း၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်မျိုး၊ ဒုတိယ ဗိုလ်မှူးကြီးမြင့်ထွန်းဟန်တို့ တက် ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးတို့ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား လေ့ကျင့်ရေးတိုးမြှင့်ဆောင် ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ
ကြောင်း သတင်းရရှိသည်။

Myanmar Express

ဘကြီးသက်
Continue Reading

တိုင်းရင်းနွယ်ဖွား ဘာသာစကား …

| 0 မှတ်ချက်ကလေးရေးပေးနော်.


ပြည်ထောင်စု မြန်မာနိုင်ငံ ဘာသာစကား အုပ်စုများ အခြေပြမြေပုံ။



ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိ
လူဝင်မှုကြီးကြပ်ရေးက စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက
သက်သက်ဝါဒဖြန့်တာ တမင်များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့
မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့်
ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan,
Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ်
အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။


Sino-Tibetan အုပ်စု အခြေပြမြေပုံ။


ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု
ထပ်ကွဲပါတယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

(၁) အခါ၊ (၂) သက၊် (၃) ဂျိန်းဖော၊ (၄) ထမံ၊ (၅) ကဒူး၊ (၆) တဆီနာဂ၊ (၇) ပအို့၊ (၈) ပိုးကရင်၊ (ဖလုံစဝေါ်)၊
(၉) ပိုးကရင် (ဖလုံ)၊ (၁၀) ထရု၊ (၁၁) ပဒေါင်၊ (၁၂) ဘွဲကရင်၊ (၁၃) ဂေခို၊ (၁၄) ဂေဘား၊ (၁၅) ပရဲ၊
(၁၆) မနုမနော၊ (၁၇) ယင်းဘော်၊ (၁၈) ယင်းတလဲ၊ (၁၉) ကယား (အရှေ့)၊ (၂၀) ကယား (အနောက်)၊
(၂၁) မိုပွာကယား၊ (၂၂) စကောကရင်၊ (၂၃) ဝဲဝေါ်၊ (၂၄) ဇယိမ်း၊ (၂၅) ဟားခါးချင်း၊ (၂၆) ငေါန်ချင်း၊
(၂၇) ဆင်ထန်ချင်း၊ (၂၈) တောရ်ချင်း၊ (၂၉) ဇိုထုံးချင်း၊ (၃၀) ဇိုင်ဖေချင်း၊ (၃၁) ဖလမ်းချင်း၊ (၃၂) စီရင်းချင်း၊
(၃၃) တီးတိန်ချင်း၊ (၃၄) ရန်ခိုလ်ချင်း၊ (၃၅) ပူရာမ်ချင်း၊ (၃၆) ရာလ်တဲချင်း၊ (၃၇) ရိုလ်တဲချင်း၊ (၃၈) ဇိုမီးချင်း၊
(၃၉) ခွာမီးချင်း၊ (၄၀) ခူမီးချင်း၊ (၄၁) အရှိုချင်း၊ (၄၂) ဘွာလ်ခေါချင်း၊ (၄၃) ချင်းဘုံ (ချင်းတွင်းချင်း)၊
(၄၄) ဒိုင်ချင်း၊ (၄၅) မြိုချင်း၊ (၄၆) မွင်းချင်း (မင်းတပ်ချင်း)၊ (၄၇) ငလ (မတုချင်း)၊ (၄၈) ဝဲလောင်ချင်း၊
(၄၉) လိုင်နောင်နာဂ၊ (၅၀) လောင်ဖုရိနာဂ၊ (၅၁) မချမ်းနာဂ၊ (၅၂) ပရနာဂ၊ (၅၃) ဖုန်၊ (၅၄) လရှိ (လချိတ်)၊
(၅၅) မရု (လော်ဂေါ်)၊ (၅၆) ဗမာ၊ (၅၇) ချောင်းသား၊ (၅၈) အင်းသား၊ (၅၉) ရခိုင်၊ (၆၀) တောင်ရိုး၊
(၆၁) ထားဝယ်၊ (၆၂) ရမ်းဗြဲ၊ (၆၃) ဆန်ဆု၊ (၆၄) ဖျင်၊ (၆၅) လော်ပန်၊ (၆၆) လော်ပိ၊ (၆၇) လာမာ၊
(၆၈) နော်ရာ၊ (၆၉) နူး၊ (၇၀) ရဝမ်၊ (၇၁) အနု၊ (၇၂) လွိုင်၊ (၇၃) ပလု၊ တို့ဖြစ်ကြပါတယ်။


Austro-Asiatic အုပ်စု အခြေပြမြေပုံ။


ဒုတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Austro-Asiatic အုပ်စုကြီးမှာ Munda နဲ့ Mon-Khamar ဆိုပြီး မျိုးနွယ်အုပ်စုကြီး
(၂) ခု ထပ်ကွဲပါတယ်။ Munda အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂၂) ခု ရှိပြီး Mon-Khmer အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၁၄၇) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Mon-Khmer အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

(၁) မွန်၊ (၂) ဆမ်တောင်း၊ (၃) တိုင်းလွိုင်၊ (၄) ဝ၊ (၅) ဓနော၊ (၆) ရူချင်းပလောင်၊ (၇) ရူမိုင်ပလောင်၊
(၈) ရွှေပလောင် (တအန်း)၊ (၉) ယင်းနက်၊ (၁၀) ယင်းကျား၊ တို့ဖြစ်ကြပါတယ်။


Tai-Kadai အုပ်စု အခြေပြမြေပုံ။


တတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Tai-Kadai အုပ်စုကြီးမှာ Hlai, Kadai နဲ့ Kam-Tai ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၃) ခု
ထပ်ကွဲပါတယ်။ Hlai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂) ခု ရှိပြီး Kadai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခုနဲ့
Kam-Tai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၇၆) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Kam-Tai အုပ်စုဝင်
တိုင်းရင်းသားတွေကတော့ -

(၁) ခမ်းတီးရှမ်း၊ (၂) ဂုံရှမ်း၊ (၃) ရှမ်း၊ တို့ဖြစ်ကြပါတယ်။

အထက်က စာရင်းမှာ မပါဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကိုးကန့်ကတော့ ပထမအုပ်စုကြီး
ဖြစ်တဲ့ Sino-Tibetan အုပ်စုဝင် Chinese မျိုးနွယ် အုပ်စုမှာ ပါဝင်ပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။


ပထမ၊ ဒုတိယ၊ တတိယ အုပ်စု (၃) ခုလုံးမှာ မပါဘဲ လက်ရှိ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထား
တာကတော့ မော်ကင်းခေါ် ဆလုံမျိုးနွယ်စု ဖြစ်ပါတယ်။ ဆလုံဟာ Astronesian ပင်မမျိုးနွယ်စုကြီးရဲ့
Malayo-Polynesian မျိုးနွယ်စုမှာပါပါတယ်။


Malayo-Polynesian အုပ်စု အခြေပြမြေပုံ။


ဖေါ်ပြခဲ့တဲ့ မျိုးနွယ်စုတွေဟာ မျိုးနွယ်စုအမည်နဲ့ ပတ်သက်ပြီး ကွဲလွဲမှုရှိနိုင်ပါတယ်။ မျိုးနွယ်စု တစ်ခုမှာ
အခြားနာမည်ကွဲများလည်း ရှိပါသေးတယ်။ အထက်ပါ မျိုးနွယ်စုအားလုံးဟာ လက်ရှိ ဘာသာဗေဒ
စံသတ်မှတ်ချက်ဖြစ်တဲ့ ISO 639-3 အရ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မျိုးနွယ်စုနာမည်များသာ
ဖြစ်ပါတယ်။ အကယ်၍ ကျန်ခဲ့ရင်လည်း ကျန်ခဲ့တဲ့ မျိုးနွယ်စုဟာ အထက်က အုပ်စုကြီး (၃) ခု အတွင်းမှာသာ
ဖြစ်မှာဖြစ်ပါတယ်။

ISO Code ဆိုတာကတော့ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်စုပေါင်း ခြောက်ထောင် ကိုးရာကျော်ကို
ဘာသာစကားအလိုက် အက္ခရာသုံးလုံးနဲ့ စနစ်တကျ ခွဲခြားထားတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
တိုင်းရင်းဘာသာစကား အချို့ကို ဖော်ပြရမယ်ဆိုရင် ဗမာ (ISO 639-3 : mya)၊ ဟားခါးချင်း
(ISO 639-3 : cnh)၊ ဂျိန်းဖော (ISO 639-3 : kac)၊ မွန် (ISO 639-3 : mnw)၊ ရခိုင် (ISO 639-3 : rki)၊
ရှမ်း (ISO 639-3 : shn) စသည်ဖြင့် ဖြစ်ပါတယ်။

ပထမ၊ ဒုတိယ၊ တတိယ အုပ်စုကြီး (၃) ခုမှာလည်းမပါ၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ် မပြုပေမဲ့
ဘာသာစကားရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံပါလို့ ဖော်ပြထားပြီး ISO အသိအမှတ်ပြုခြင်းကို လိမ်လည်
ရယူထားတဲ့ ဘာသာစကား တစ်ခုကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်။ အဲဒါကတော့ ရိုဟင်ဂျာလို့
အမည်ခံယူထားတဲ့ စစ်တကောင်းဘင်္ဂလီ ဖြစ်ပါတယ်။


Indo-Aryan အုပ်စု အခြေပြမြေပုံ။


စစ်တကောင်းဘင်္ဂလီဟာ အင်ဒို-ယူရိုပီယန် ပင်မအုပ်စုကြီးက ဆင်းသက်လာတဲ့ အင်ဒို-အာရီရန် အုပ်စုဝင်
ဘင်္ဂလီ-အာသံ မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ ဘင်္ဂလီ-အာသံ မျိုးနွယ်စုမှာ ၂၀၀၇ ခုနှစ်အထိ လူမျိုးစု (၁၈) ခု
ရှိပါတယ်။ အဲဒါတွေကတော့ (၁) အာသံ၊ (၂) ဘင်္ဂလီ၊ (၃) ဘစ်ရှ်နုပရီယာ၊ (၄) ချက္ကမ၊ (၅) စစ်တကောင်း၊
(၆) ဟာဂျောင်း၊ (၇) ဟာလ်ဘီ၊ (၈) ကရော့၊ (၉) ခါရိယာ၊ (၁၀) ကာမူကာ၊ (၁၁) လော့ဟိ၊
(၁၂) မာလ်ပဟာရိယာ၊ (၁၃) မီအာဂန်၊ (၁၄) နာဟရိ၊ (၁၅) ရာ့ဂ်ျဘန်ရှိ၊ (၁၆) ရန်ပုရိ၊ (၁၇) ဆေလ်ဟေတီ၊
(၁၈) တန်ချန်ရာ တို့ဖြစ်ပါတယ်။


Bangali-Assamese အုပ်စု အခြေပြမြေပုံ။


စစ်တကောင်းဘင်္ဂလီရဲ့ မျိုးနွယ်စု ဆင်းသက်ပုံကို ပြရရင် - Indo-European_Indo-Iranian_Indo-Aryan_
Eastern zone_Bengali Assamese_Chittagonian ဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂလီရဲ့ ISO Code ဟာ
(ISO 639-3 : cit) ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ် မတိုင်ခင်က ဖြစ်ပါတယ်။

ဒီ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုဟာ လူမျိုးစု တစ်စုထပ်တိုးပြီး (၁၉) ခု ဖြစ်သွား
ပါတော့တယ်။ ဖြစ်ရပုံကတော့ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး
လူမျိုးစုနှစ်စုကို မွေးထုတ်လိုက်တာပါပဲ။ ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့
ISO 639-3 : rhg ဆိုပြီး ဖန်တီးလိုက်ပါတော့တယ်။ ယခင် စစ်တကောင်းဘင်္ဂလီရဲ့ မူရင်းဒေသဟာ
ဘင်္ဂလားဒေရှ့်ဖြစ်ပေမဲ့ အခုတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုပြီး နယ်ပယ်ချဲ့ထွင်လိုက်ပါတော့တယ်။

ဒီလောက်ဆိုရင်တော့ အခြေအနေမှန်ကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊
လူ့အခွင့်အရေး အယောင်ပြပြီး စနစ်တကျနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နယ်မြေကျူးကျော်မှုကို မြန်မာနိုင်ငံ
အတွင်းမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားမှန်ရင် နားလည် သဘောပေါက်ဖို့ လိုမယ်ထင်ပါတယ်။

လက်ရှိ ၂၀၀၆ ခုနှစ် စစ်တမ်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအမည်ခံ စစ်တကောင်းဘင်္ဂလီ
အရေအတွက်ကို (၁,၀၀၀,၀၀၀) ဟုပြထားပါတယ်။ ၂၀၀၁ ခုနှစ် (Johnstone and Mandryk 2001)
စစ်တမ်းအရ ရခိုင်တိုင်းရင်းသား အရေအတွက်ဟာ (၇၃၀,၀၀၀) ပဲရှိပါတယ်။ မြန်မာပြည်မှာ လက်ရှိ
ပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအချို့တောင် လူဦးရေ တစ်သန်းမပြည့်တာ ရှိပါတယ်။
လက်ရှိဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာလည်း မျိုးနွယ်စုဦးရေ တစ်သန်းမရှိကြပါဘူး။
ဒီကိစ္စဟာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်ပါလိမ့်မယ်။ ရိုဟင်ဂျာရဲ့
အကိုတော်ဖြစ်တဲ့ စစ်တကောင်းဘင်္ဂလီ မျိုးနွယ်စု ၁၃ သန်းဟာ တစ်ဘက်မှာ အဆင်သင့် စောင့်နေကြပါတယ်။

တကယ်တော့ ကိုယ့်မျိုးနွယ်စုတွေကို ကိုယ်တွေမှ မထိန်းသိမ်း မကာကွယ်နိုင်ရင်တော့ ပျောက်ကွယ်ဖို့ပဲ
ရှိပါတယ်။ ပျောက်လည်း ပျောက်ကွယ်ခဲ့ပါတယ်။ အပေါ်မှာပါတဲ့ ထမံသီဒေသမှာ နေထိုင်တဲ့ ထမံဘာသာ
စကားပြော ထမံတိုင်းရင်းသား မျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက်ဟာ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်သွားပြီလို့
သိရပါတယ်။ ဒီပြည်ထောင်စုအတွင်းက မျိုးနွယ်စုတစ်ခု ပျက်သုဉ်းသွားခြင်းဟာ ဒီပြည်ထောင်စုသား အားလုံးမှာ
တာဝန်ရှိပါတယ်။ လက်ရှိ မြန်မာပြည်မှာ လူဦးရေ တစ်ထောင်အောက် မျိုးနွယ်စုတွေလည်း ရှိပါတယ်။
ဒါကိုလျစ်လျူရှုမထားဘို့ အရေးကြီးပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းရင်းသားစစ်စစ် ဒုက္ခသည်တွေရဲ့အရေးပါ ကရင်နီလို့ခေါ်တဲ့ ကယားတိုင်းရင်းသား
အုပ်စုထဲက အရှေ့ကယား မျိုးနွယ်စုဟာ ၂၀၀၇ ခုနှစ် စစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာမှ (၂၆,၀၀၀) ပဲ
ရှိပါတယ်။ အဲဒီအထဲက သူ့ဇာတိဒေသဖြစ်တဲ့ ကယားပြည်နယ်မှာ နေထိုင်နိုင်တဲ့ ဦးရေဟာ (၈၀၀၀) ပဲ
ရှိပါတယ်။ ကျန်တဲ့ (၁၈,၀၀၀) ကတော့ ထိုင်းနိုင်ငံမှာပါ။ အဲဒီအထဲက (၁၅,၀၀၀) ဟာ ဒုက္ခသည်စခန်းတွေမှာ
နေထိုင်နေကြရတာပါ။ အခြားတိုင်းရင်းသား မျိုးနွယ်စုတွေလည်း ဒုက္ခသည်စခန်းများမှာ အများအပြား
ရှိကြပါသေးတယ်။ ရင်နာဖို့ကောင်းပါတယ်။



မြန်မာ-ယိုးဒယားနယ်စပ် တိုင်းရင်းသား ဒုက္ခသည်စခန်းများ။


ဖြစ်နိုင်ရင်တော့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မတိုင်မီ အကြိုစစ်တမ်းအနေနဲ့ တိုင်းရင်းသား မျိုးနွယ်စု စာရင်းကို ကောက်ယူသင့်ပါတယ်။ ဒါကလည်း သန်းခေါင်စာရင်းအတွက် လူတစ်ယောက် ရှစ်ကျပ်ပဲ သုံးမယ်ဆိုတော့ ပြောရတာ အားတော့သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရဆိုသူကော အတိုက်အခံဆိုသူများပါ ကိုယ့်တိုင်းရင်းသား မျိုးနွယ်စုများအရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ၊ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းရင်းသားအရေခြုံ ပြည်ပမျိုးနွယ်စု အရေးကိုလည်း ပြတ်ပြတ်သားသား တားဆီးကာကွယ်နိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။


လေ့လာရန် ကွန်ယက်အညွှန်း












ဘကြီးသက်
Continue Reading

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger