Twitter ၀က်ဘ်ဆိုက်ကဲ့သို့ပင် နာမည်ကျော် Celebrityများကိုလည်း Facebookက စီစစ်ပြီး တရားဝင် Pageများအဖြစ် သတ်မှတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Twitterတွင် လူသိထင်ရှား ပုဂ္ဂိုလ်များကို တရားဝင် Pageများ ထောက်ခံ ဖော်ပြပေးထားသည့် Verified Celebrity Featureမျိုး ထည့်သွင်းပေးထားရာ ယင်းကို ယခုအခါ Facebookကပါ လိုက်လံ ကျင့်သုံးရန် ရည်ရွယ်လာခြင်းဖြစ်သည်။ Celebrityများကို အစိုးရထံ မှတ်ပုံတင်ထားသည့် အမည်ဖြင့်ပင် ဖော်ပြမည်ဖြစ်ပြီး ထင်ရှားသော အခြားအမည် (ဥပမာ လေဒီဂါဂါ) ရှိပါကလည်း ရှာဖွေရ လွယ်ကူစွာဖြင့် တွေ့ရှိရန် Facebookက စီစဉ်ပေးထားသည်။

ဂါဂါအနေဖြင့် သူမ၏ အမည်ရင်း စတက်ဖနီ ဂါမန်နိုတာဆိုသော အမည်ဖြင့်ရော၊ အနုပညာ အမည်ဖြင့်ပါ ပရိသတ်နှင့် ထိတွေ့နိုင်မည် ဖြစ်သည်။ Facebookသည် ၀က်ဘ်ဆိုက်အတွင်း Subscribe ပြုလုပ်ခြင်း အများအပြား ရရှိသူများကို Celebrityအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ယင်းကို ပြန်လည်၍ အတည်ပြုနိုင်ရန် ရည်ရွယ်ထားသည်။ Facebookသည် ၀က်ဘ်ဆိုက် သုံးစွဲသူများအား Subscribeပြုလုပ်ပေးရမည့် Accountများအတွက် (၂၀၁၁)ခုနှစ်ကတည်းက အကူအညီ တောင်းခံထားခဲ့သည်။
ဝက်ဘ်ဆိုက်၏ CEOဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်အတွက် Subscribe ပြုလုပ်ပေးသူ (၁၁.၅)သန်းထိ ရှိနှင့်ပြီးဖြစ်သည်။ Facebook၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “Subscribe Featureကို အသေးစား Update လုပ်လိုက်တဲ့ သဘောပါ။ ပမာဏ အမြောက်အမြား Subscribeပြုလုပ်ခံရသူတွေဟာ Celebrity စာရင်းမှာ ပါဝင်လာအောင် စီစဉ်ပေးထားပါတယ်”ဟု ရှင်းပြသွားသည်။
Source: DailyMail

လုပ်အား ခ တိုးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဆွေးနွေးညှိနှိုင်းလို့ မရတော့တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်မိုးဝေက ပြောပါတယ်။
“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပဒေ အတိုင်း ပြဋ္ဌာန်းချက်ပါ အခွင့်အရေးတွေကိုတောင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဌာနက အကောင်အထည် ဖော်ခြင်း မရှိတာကို တွေ့ရတယ်။ ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမားတွေက ခံစားနေကြရတယ်။ အခု နောက်တခါ အလုပ်ရှင် အလုပ်သမားတွေ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဟာ ဝန်ကြီးဌာနတွေ အလိုကျ ဝန်ကြီးဌာနစိတ်ကြိုက် ဖြေရှင်းခွင့်အရ ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်လာမှာကို ကျနော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်။”