ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၂မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရပါသည်။
ယခုကဲ့သို့ ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခြင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသည်ဝင်ရောက်မှုပမာဏမှာ လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားမည်ဖြစ်သည့်အတွက် မဖြစ်မနေတိုးချဲ့တည်ဆောက်ရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် အကြိုအရည်ချင်းစစ်ဆေးမှု အောင်မြင်သည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ရှင်းလင်းပွဲအား အောက်တိုဘာလ ၂၅ရက်နေ့က လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပံ္ပ၌ ပြုလုပ်ခဲ့ပြီး၊ ပြည်တွင်း ပြည်ပကုမ္ပဏီများအား အကြိုအရည်အချင်းစစ်ဆေးသည့်လျောက်လွှာများကို အောက်တိုဘာလ ၂၅နှင့် ၂၆ရက် နေ့များတွင် ခေါ်ယူခဲ့ပြီးဖြစ်သည်။
ယင်းသို့အကြိုအရည်အချင်းစစ်ဆေးသည့် လျောက်လွှာခေါ်ယူရာတွင် ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝမှု၊ ငွေကြေးခိုင်မာ တောင့်တင်းမှု၊ ပညာရှင်များ၏ အရည်အချင်းပြည့်ဝမှုနှင့် ဆောက်လုပ်ရေးပစ္စည်း ပြည့်ဝ ကောင်းမွန်မှု စသည့်အချက်များအား အမှတ်ပေးစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။
''ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တာဝန်ယူလုပ်ကိုင်လိုတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ နိုင်ငံတကာမှာ လေဆိပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးလျောက်ထားရမှာဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ကို တိုးချဲ့ တည်ဆောက်ဖို့ အရေးတကြီးလို အပ်နေတဲ့အတွက် မေလကုန်တာနဲ့ အပြီးလွှဲပြောင်းပေးအပ်ပြီး လုပ်ကိုင်ခွင့်ပြုသွားမှာပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါသည်။
ယခုကဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင် ခွင့်ရရှိသော ကုမ္ပဏီသည် လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆောင်ရွက်လျက်ရှိသည့် လေဆိပ်လုပ်ငန်းများအား ကြန့်ကြာ နှောင့်နှေးမှုမရှိစေရဘဲ တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားရမည်ဟု သိရပါသည်။
EMG
ဘကြီးသက်




![တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ်
New York Times သတင်းစာမျက်နှာမှာ တရုတ် ၀န်ကြီးချုပ် Wen Jiabao မိသားစုရဲ့ ကျိကျိတက်ကြွယ်ဝချမ်းသာမှု သတင်းအသေးစိတ်ကို ဖော်ပြတဲ့ သတင်းပါပြီးတဲ့နောက် ၊ သောကြာနေ့ကတော့ New York Times အင်တာနက်စာမျက်နှာကို တရုတ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က အမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ရိုးသားပြီး စာနာတတ်သူ ပြုပြင်ပြောင်းလဲရေးသမားကြီး လို့ ပြည်သူတွေသိထားကြတဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ခြိမ်းခြောက်မဲ့ အန္တရာယ် ရှိနေတာကြောင့်ဖြစ်ပါတယ်။
New York Times သတင်းအရ ၀န်ကြီးချုပ် Wen ရဲ့ ဆွေမျိုးတွေဟာ ဒေါ်လာ ၂.ရ ဘီလီယံထက် မနည်း ကြွယ်ဝကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဖော်ပြအပြီး နာရီအနည်းငယ်အတွင်းမှာဘဲ တရုတ်နိုင်ငံတ၀ှမ်းNew York Times သတင်းစာရဲ့ အင်္ဂလိပ် နဲ့ တရုတ်ဘာသာ အင်တာနက် စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ စာပေစိစစ်ထိမ်းချုပ်ရေးအဖွဲ့တွေကလဲ twitter နဲ့ အလားတူ Weibo microblog စာမျက်နှာပေါ်က ၀န်ကြီးချုပ်နဲ့ မိသားစုနဲ့ ပါတ်သက်တဲ့ ရည်ညွန်းစာတွေကို အလျင်အမြန်ဖျက်ပစ်ခဲ့သလို New York Times ရဲ့ တရုတ် ဘာသာ အင်တာနက် စာမျက်နှာတွေကိုလဲ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီသတင်းနဲ့ ပါတ်သက်လို့ သောကြာနေ့ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hong Lei က ရှုံချပြောဆိုလိုက်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းဖြန့်ခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ခုဖြစ်ရပ်နဲ့ ပါတ်သက်လို့ စိတ်ပျက်မိပြီး သတင်းစာမျက်နှာ ပိတ်ပင်မှုတွေ မကြာခင်ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျော်လင့်ကြောင်း New York Times သတင်းစာပြောခွင့်ရ Eileen Murphy က ပြောဆိုခဲ့ပါတယ်။
New York Times သတင်းမီဒီယာရဲ့သဘောထားနဲ့ ရပ်တည်ချက်အနေအထားကို အနေနဲ့ ပြောင်းလဲလျော့ပေါ့ဖို့ အကြောင်းမရှိကြောင်းကိုလဲ သူမကပြောဆိုပါတယ်။ June လက တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ စတင်ခဲ့ပြီးကတည်းက New York Times အနေနဲ့ သူ့ရဲ့ သတင်းဖော်ပြချက်တွေကို တရုတ်အစိုးရရဲ့ လိုလားချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာ မဟုတ်ဘူးဆိုတာကိုလဲ အခိုင်အမာ ပြောဆိုသွားပါတယ်။
____________________________________
Reference and Credit to -Voice of America
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash4/s480x480/318755_486603308027821_563012458_n.jpg)














