Latest Games :
Home » » စစ်အရာရှိနှင့်ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည်

စစ်အရာရှိနှင့်ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည်

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


DVB — ကချင်ပြည်နယ် ဟိုပင်မြို့မှာ တပ်မတော်အရာရှိတဦးနဲ့ အချင်းများပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူငယ်တဦး သေဆုံးခဲ့ရမှုကို လွှတ်တော်နဲ့ သက်ဆိုင်ရာကို တိုင်ကြားဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) က ကြိုးပမ်းနေပါတယ်။
ကချင်ပြည်နယ် ဟိုပင်မြို့ ဘူတာရုံလမ်းခွဲနားမှာ  ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ခလရ ၃၈၈ က အရာရှိ ၃ ဦးနဲ့ ဟိုပင်ဘူတာရုံ ၀န်ထမ်းနှစ်ဦး အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာမှာ ၀န်ထမ်း ကိုဇော်ဇော်နိုင် သေဆုံးခဲ့ပါတယ်။
ဒီအမှုကို လိုက်ပါကူညီတဲ့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမြတ်မိုးမြင့်က သေဆုံးသူမိသားစု ပြောကြားချက်ကို ကိုးကား ပြောဆိုရာမှာ ပစ်ခတ်သူဟာ ဗိုလ်ကြီး စိုးထက်အောင် ဖြစ်တယ်လို့ ယူဆရပြီး တပ်က ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။
“အဲဒီလို စကားများတဲ့နေရာမှာ ဗိုလ်ကြီး စိုးထက်အောင်တို့က ဘူတာရုံစာရေးကို လည်ပင်း ညှစ်တဲ့အခါမှာ မောင်ဇော်ဇော်နိုင်က ဒူးထောက် တောင်းပန်တယ်။ ဗိုလ်ကြီး စိုးထက်အောင်က ဒူးထောက်တောင်းပန်တဲ့ မောင်ဇော်ဇော်နိုင်ကို နဖူးမှာ သေနတ်နဲ့ တေ့ပြီး ပစ်သတ်လိုက်တာပါ။ ကာယကံရှင် အဖေနဲ့ အမေက ကျနော့်ဆီ လာတိုင်လို့ပါ။ ဒီကလေးရဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သူတို့က ရက်လည် ဆွမ်းကျွေးမှာ ဖြစ်ပါတယ်။”
အန်ဒီအက်ဖ်ပါတီ အထက်မြန်မာပြည် ဥက္ကဋ္ဌ ဦးမြင့်သွင်က ဒီအမှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရုံးချုပ်နဲ့ လွှတ်တော်ကို တင်ပြဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ ကျင့်သုံးတဲ့ ဥပဒေအရ တပ်မတော်သားက ပြစ်မှုကျူးလွန်ရင် ရဲတပ်ဖွဲ့က တပ်မတော်သားကို ဖမ်းဆီး ပိုင်ခွင့်မရှိပါဘူး။ အရပ်ထဲက ထွက်နေတဲ့ သတင်းအရ ဒီစစ်အရာရှိတွေနဲ့ သေဆုံးသူ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်းတို့ အချင်းများပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
မျက်မြင်သက်သေဖြစ်တဲ့ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်း ကိုရဲဟာလည်း အိမ်ပြန်မလာဘဲ ပျောက်နေတဲ့အတွက် မိသားစုက ဦးမြင့်သွင်က တဆင့် နေပြည်တော် တရားရုံးချုပ်ကို လျှောက်ဖို့ ပြင်ဆင်နေပါတယ်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger