ဘကြီး သက်

ဘကြီး သက် ဘလော့ကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Friday, January 27, 2012

. . .

ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တတိ ယပုံမှန်အစည်းအဝေးပထမ နေ့အစီအစဉ်များ စတင်ကျင်းပ ပြည်တွင်းမီဒီယာများအပြင် ဗြိတိန်၊ ဂျပန်၊တရုတ်သတင်း ဌာနများမှ သတင်းထောက် ၁၁ ဦး လာရောက်သတင်းယူ

— ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ အစီအစဉ်များ စတင်ကျင်းပခဲ့သည်။
ပြည်တွင်းမီဒီယာများအပြင် အမေရိကန်၊ ဂျပန်၊ တရုတ်သတင်း ဌာနများမှသတင်းထောက် ၁၁ ဦး လာရောက်သတင်းယူခဲ့ကြောင်း သိရှိ ရသည်။
လာရောက်သတင်းယူကြသည့် ပြည်ပအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဗြိတိန်နိုင်ငံ Reuters သတင်းဌာနမှ Asia Bureau  Chief  ဖြစ်သူ Mr. Jason Szep Southeast၊ ဂျပန်နိုင်င TBS သတင်းဌာနမှ Correspondent ဖြစ်သူ Mr.Toru KITA- MURA၊ ဂျပန်နိုင်ငံ Ji Ji သတင်း ဌာနမှ Correspondent ဖြစ်သူ Mr.Tetsuo Okabe၊ ဂျပန်နိုင်ငံ NTV သတင်းဌာနမှ Reporter ဖြစ်သူ Mr. Yuzo Yamashita၊ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှ Ms.Lin Xi  စသူ တို့ဖြစ်ကြပြီး စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”ဒုတိယအကြိမ်လွှတ်တော်မှာ ပြည်ပအခြေစိုက်နိုင်ငံခြား သတင်းထောက်ဆိုလို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက နှစ်ယောက်ပဲ လာရောက်သတင်းယူတာ တွေ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေက သတင်းထောက်တွေ ပါ ပါလာတာ တွေ့ရတယ်။ ဂျပန်ကဆို သတင်းဌာန သုံးခု တောင်ပါတယ်။ စုစုပေါင်း နိုင်ငံခြား သတင်းထောက်အရေအတွက် ၁၁ ဦးရှိပါ တယ်။ သူတို့တွေထဲက ၁၀ ဦးက ပြည်သူ့လွှတ်တော်မှာ သတင်းယူကြ တာဖြစ်ပြီး ၁ ယောက်က အမျိုးသားလွှတ်တော်မှာ သတင်းယူပါတယ်” ဟု ပြောကြားခဲ့သည်။  တတိယအကြိမ် လွှတ်တော်ပထမနေ့တွင် ပြည်တွင်း မီဒီယာများမှ သတင်းထောက်စုစုပေါင်း ၂၆ ဦး လာရောက်သတင်းရယူခဲ့သည်။  ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများ အပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းထောက်များအနေဖြင့် လွှတ်တော်ခန်းမအတွင်း သတ်မှတ်ထားသောနေရာမှနေ၍ ၅ မိနစ်ထက်မပိုသော အချိန်အတွင်းသာ ဓာတ်ပုံရိုက်ကူးခွင့်ရရှိပြီး ရိုက်ကူးပြီးပါက ပြည်တွင်း၊ ပြည်ပသတင်းထောက်များအတွက် သတ်မှတ်ထားသော Interpreter Booth များသို့ ရွှေ့ပြောင်း၍ ၎င်းနေရာမှသာ လွှတ်တော်ကျင်းပပုံ သတင်းများကို ရယူကြရသည်။   သို့သော် ယခုတစ်ကြိမ်တွင် ပြည်သူ့လွှတ်တော်၌ Interpreter Booth များအပြင် လွှတ်တော်အစည်းအဝေးခန်းမ အပေါ်ဆုံးထပ်ရှိ လွှတ်တော်အစည်းအဝေး လေ့လာသူများနေရာတွင် သတင်းသမားများ ထိုင်နိုင်ရန် စီစဉ်ပေးထားပြီး လွှတ် တော်ခန်းမအတွင်းမှ သတင်းရယူခွင့်ပေးထားကြောင်း သိရှိရသည်။

0 မှတ်ချက်ကလေးရေးပေးနော်.: