Latest Games :
Home » » တိုက်ပြီး ထွက်ပြေးများလာ ပတ်ဝန်းကျင်က ၀ိုင်းဝန်းကူညီပါ

တိုက်ပြီး ထွက်ပြေးများလာ ပတ်ဝန်းကျင်က ၀ိုင်းဝန်းကူညီပါ

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


Modern News Journal — ယခုနောက်ပိုင်းယာဉ်တိုက်မှုဖြစ် တဲ့အခါ ယာဉ်မောင်းတွေက တာဝန်ယူမဖြေရှင်းဘဲ၊ ထွက်ပြေးတိမ်းရှောင်မှုတွေ ပိုများလာတာတွေ့ရတယ်။
ယာဉ်မောင်းတွေထွက်ပြေးရင် အမှုကိုကျေအေးရုတ်သိမ်းခွင့်မပေးဘူး။ တရားလိုဘက်ကကျေအေးရင်တောင် အမှုမရုတ်သိမ်းပေးဘူးလို့ ယာဉ်မှု စစ်မှသိရပါတယ်။ အချို့ယာဉ်မောင်းတွေကျတော့ ထွက်ပြေးပြီးရင် နေ့တွင်းချင်းလာရောက်အဖမ်းခံတယ်။သူတို့ကျတော့ ယာဉ်တိုက်မှုဖြစ် ရင် ဘေးက လူတွေက၀ိုင်းရိုက်မှာစိုးလို့ ပြီးမှလာရောက် အဖမ်းခံတာလို့သိရပါတယ်။
ယာဉ်မှုစစ်မှ တာဝန်ရှိသူတစ်ဦးက “ယာဉ်တိုက်မှုဖြစ်ရင် ပတ်ဝန်းကျင်က ယာဉ်မောင်းကိုဝိုင်းမရိုက်ဘဲ၊ ထွက်မပြေးအောင်၊ ထွက်ပြေးရင်လည်း လိုက်ဖမ်းရမယ်၊ အတိုက်ခံရလို့ဒဏ်ရာရတဲ့သူတွေကို ကူညီပြီး ဆေးရုံပို့သင့်ရင် ပို့ပေးတာမျိုး စတဲ့အကူအညီတွေပေးရမယ်။ဒါမှသာ မလိုလားအပ်ပဲ အသက်သေဆုံးတာမျိုးတွေ မဖြစ်တဲ့အပြင် တိုက်တဲ့ယာဉ်မောင်းလည်း တာဝန်ယူစိတ်ဖြစ်မယ်၊ဒါကြောင့် ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မောင်းတွေအပြင် ပတ်ဝန်းကျင်ကပါ ကူညီဆောင်ရွက်ဖို့ အများကြီးလိုအပ်တယ်။ သက်ဆိုင်ရာကိုလည်း ဖုန်းဆက်သတင်းပေးဖို့လိုပါတယ်” လို့ ဆိုပါတယ်။
ယာဉ်မောင်းတွေက အသိစိတ်မရှိလို့ ထွက်ပြေးရင် သူတို့အမှုဖွင့်အရေးယူခံရမှာဘဲ၊ ဒါပေမဲ့ ယာဉ်မောင်းတွေမပြေးအောင် ပတ်ဝန်းကျင်ရဲ့ အကူညီလိုအပ်တယ်။ ဒါမှ ယာဉ်မောင်းတွေ ထွက်ပြေးတာမျိုးတွေလျော့နည်းသွားမယ်။ အတိုက်ခံရတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကလည်း ယာဉ်မောင်းက ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရရင် သူတို့အနေနဲ့လည်း ကျေနပ်နိုင်မယ်လို့သိရတယ်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger