(၁) နိုင်ငံရေးလောကထဲကို ၀င်ရောက်တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက် နိုင်ငံရေးလုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့
ရည်မှန်းချက်နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ နိုင်ငံရေးလောကထဲကို ၀င်မယ်လို့
ကြိုတင်ပြင်ဆင် ထားပုံမပေါ်ဘဲ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အချိန်အခါနဲ့
ပြည်သူလူထုရဲ့ လိုလားတောင်းဆိုမှုအရ ရုတ်ချည်း ဆိုသလို ၀င်ရောက်ခဲ့ရတာကို
တွေ့ရမှာဖြစ်ပါတယ်။
(၂) ဗိုလ်ချုပ်အောင်ဆန်းရဲ့
နိုင်ငံရေးကြိုးပမ်းမှု ကာလတလျှောက်မှာ အင်္ဂလိပ်၊ ဂျပန်အစိုးရတွေရဲ့ ဖမ်းဆီး
ထိန်းသိမ်းမှုကို လုံးဝမခံခဲ့ရတဲ့အတွက် (လွတ်အောင်
ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက်) အပြင်မှာတောက်လျှောက်
လှုပ်ရှားဦးဆောင်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးကြိုးပမ်းမှုကာလတလျှောက်မှာတော့
အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံရတဲ့အချိန်က အများစုဖြစ်နေတဲ့အတွက် အပြင်မှာ
ဦးဆောင်လှုပ်ရှားနိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိသလောက် နည်းပါးခဲ့တာကို
တွေ့ရပါတယ်။
(၃)
ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်လမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်
နှစ်ခုစလုံးကို ကိုင်စွဲအသုံးပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့
အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို
တာဝန်အရဖီဆန်ရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုသာ
တလျှောက်လုံးကိုင်စွဲခဲ့တာကို တွေ့ရပါတယ်။
(၄)
ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ အုပ်စိုးသူ
အင်္ဂလိပ်တွေက သူ့တို့မိခင်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို
ကျင့်သုံးနေသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့
နအဖစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို
ဖိနှိပ်အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။
(၅)
ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးကိုပဲ
ဇောက်ချလုပ်ကိုင်ခဲ့လေတော့ တလျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့
(လက်တွဲလုပ်ကိုင်ခဲ့တဲ့၊ လက်တွဲလုပ်ကိုင်ချင်တဲ့)
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့အကြောင်းကို
အူမချေးခါးမကျန် အကုန်အစင်သိခဲ့တယ်။ သိတဲ့အခါကျတော့ ဘယ်သူနဲ့
စိတ်တူကိုယ်တူ တွဲလုပ်ရမယ်၊ ဘယ်သူနဲ့ ကိုယ်ပေါင်းစိတ်ခွာ နေရမယ်၊
ဘယ်သူနဲ့တော့ လုံးဝဥဿုံ စည်းခြားထားရမယ် ဆိုတာကို
အချိန်ယူပြင်ဆင်နိုင်ခဲ့တယ်။ တဦးချင်းရဲ့ အရည်အချင်းနဲ့
လုပ်ရည်ကိုင်ရည်တွေကို သိထားတဲ့အတွက် စုဖွဲ့လုပ်တဲ့အခါမှာလည်း ဘယ်သူက
ဘယ်နေရာနဲ့ သင့်တော်ပြီး ဘယ်သူ့ကို ဘာတာဝန်ပေးရမယ်ဆိုတဲ့ လူမှန်နေရာမှန်ကို
စနစ်တကျ ရွေးချယ်နိုင်တဲ့ အခွင့်အရေး ပိုရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကျတော့ အာဏာရှင် ဗိုလ်နေ၀င်းရဲ့ ပညာသားပါပါ
ပြည်နှင်တာကို ခံရမှုကြောင့် မြန်မာပြည်မှာ နေထိုင်ရတဲ့အချိန်
အလွန်နည်းပါးခဲ့ပြီး ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အခါကျမှ နိုင်ငံရေးလောကထဲကို
ရုတ်ချည်းဝင်ရောက်ခဲ့ရတာ ဖြစ်တဲ့အတွက် သူမအနားကို လာကပ်တဲ့

အချိန်ယူလေ့လာခွင့်မရလိုက်ဘူး။ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ရမယ့်သူတွေ၊
ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ဖို့ မသင့်တဲ့သူတွေဆိုတာကို သေသေချာချာ
မလေ့လာရသေးခင်မှာဘဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ယူခဲ့ရတာဖြစ်ပါတယ်။
(၂၀၀၇ ခုနှစ် မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားဖြစ်ခဲ့သော
“တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော
ဒီမိုကရေစီစနစ်ဆီသို့ (၄) - လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု”
ဆောင်းပါးမှ ...)
http://drlunswe.blogspot.com/2008/12/blog-post_19.html
(၁) နိုင်ငံရေးလောကထဲကို ၀င်ရောက်တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက် နိုင်ငံရေးလုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့
ရည်မှန်းချက်နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ နိုင်ငံရေးလောကထဲကို ၀င်မယ်လို့
ကြိုတင်ပြင်ဆင် ထားပုံမပေါ်ဘဲ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အချိန်အခါနဲ့
ပြည်သူလူထုရဲ့ လိုလားတောင်းဆိုမှုအရ ရုတ်ချည်း ဆိုသလို ၀င်ရောက်ခဲ့ရတာကို
တွေ့ရမှာဖြစ်ပါတယ်။
(၂) ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးကြိုးပမ်းမှု ကာလတလျှောက်မှာ အင်္ဂလိပ်၊ ဂျပန်အစိုးရတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို လုံးဝမခံခဲ့ရတဲ့အတွက် (လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက်) အပြင်မှာတောက်လျှောက် လှုပ်ရှားဦးဆောင်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုကာလတလျှောက်မှာတော့
အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံရတဲ့အချိန်က အများစုဖြစ်နေတဲ့အတွက် အပြင်မှာ
ဦးဆောင်လှုပ်ရှားနိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိသလောက် နည်းပါးခဲ့တာကို
တွေ့ရပါတယ်။
(၃) ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်လမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် နှစ်ခုစလုံးကို ကိုင်စွဲအသုံးပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရဖီဆန်ရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုသာ တလျှောက်လုံးကိုင်စွဲခဲ့တာကို တွေ့ရပါတယ်။
(၄) ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ အုပ်စိုးသူ အင်္ဂလိပ်တွေက သူ့တို့မိခင်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ နအဖစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။
(၅) ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့လေတော့ တလျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ (လက်တွဲလုပ်ကိုင်ခဲ့တဲ့၊ လက်တွဲလုပ်ကိုင်ချင်တဲ့) နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့အကြောင်းကို
အူမချေးခါးမကျန် အကုန်အစင်သိခဲ့တယ်။ သိတဲ့အခါကျတော့ ဘယ်သူနဲ့
စိတ်တူကိုယ်တူ တွဲလုပ်ရမယ်၊ ဘယ်သူနဲ့ ကိုယ်ပေါင်းစိတ်ခွာ နေရမယ်၊
ဘယ်သူနဲ့တော့ လုံးဝဥဿုံ စည်းခြားထားရမယ် ဆိုတာကို
အချိန်ယူပြင်ဆင်နိုင်ခဲ့တယ်။ တဦးချင်းရဲ့ အရည်အချင်းနဲ့
လုပ်ရည်ကိုင်ရည်တွေကို သိထားတဲ့အတွက် စုဖွဲ့လုပ်တဲ့အခါမှာလည်း ဘယ်သူက
ဘယ်နေရာနဲ့ သင့်တော်ပြီး ဘယ်သူ့ကို ဘာတာဝန်ပေးရမယ်ဆိုတဲ့ လူမှန်နေရာမှန်ကို
စနစ်တကျ ရွေးချယ်နိုင်တဲ့ အခွင့်အရေး ပိုရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကျတော့ အာဏာရှင် ဗိုလ်နေ၀င်းရဲ့ ပညာသားပါပါ
ပြည်နှင်တာကို ခံရမှုကြောင့် မြန်မာပြည်မှာ နေထိုင်ရတဲ့အချိန်
အလွန်နည်းပါးခဲ့ပြီး ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အခါကျမှ နိုင်ငံရေးလောကထဲကို
ရုတ်ချည်းဝင်ရောက်ခဲ့ရတာ ဖြစ်တဲ့အတွက် သူမအနားကို လာကပ်တဲ့
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့အကြောင်းကို
အချိန်ယူလေ့လာခွင့်မရလိုက်ဘူး။ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ရမယ့်သူတွေ၊
ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ဖို့ မသင့်တဲ့သူတွေဆိုတာကို သေသေချာချာ
မလေ့လာရသေးခင်မှာဘဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ယူခဲ့ရတာဖြစ်ပါတယ်။
(၂၀၀၇ ခုနှစ် မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားဖြစ်ခဲ့သော “တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၄) - လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု” ဆောင်းပါးမှ ...)
http://drlunswe.blogspot.com/2008/12/blog-post_19.html
(၂) ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးကြိုးပမ်းမှု ကာလတလျှောက်မှာ အင်္ဂလိပ်၊ ဂျပန်အစိုးရတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို လုံးဝမခံခဲ့ရတဲ့အတွက် (လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက်) အပြင်မှာတောက်လျှောက် လှုပ်ရှားဦးဆောင်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုကာလတလျှော
(၃) ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်လမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် နှစ်ခုစလုံးကို ကိုင်စွဲအသုံးပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရဖီဆန်ရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုသာ တလျှောက်လုံးကိုင်စွဲခဲ့တာကို တွေ့ရပါတယ်။
(၄) ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ အုပ်စိုးသူ အင်္ဂလိပ်တွေက သူ့တို့မိခင်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ နအဖစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။
(၅) ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့လေတော့ တလျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ (လက်တွဲလုပ်ကိုင်ခဲ့တဲ့၊ လက်တွဲလုပ်ကိုင်ချင်တဲ့) နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရ
(၂၀၀၇ ခုနှစ် မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားဖြစ်ခဲ့သော “တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၄) - လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု” ဆောင်းပါးမှ ...)
http://drlunswe.blogspot.com/
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment