
ဆင်းရဲနွမ်းပါးမှုသည် လူ့ဘဝကို ဒုစရိုက်အမှောင်အတွင်းသို့ အချိန်မရွေး
တွန်းပို့နိုင်သည်။ ရိုးသားစွာလုပ်အားဖြင့် မိသားစုများ အားရှာဖွေကျွေးမွေး
လျက်ရှိသော စာရိတ္တကောင်းမွန်သောသူများ အမှောင်တွင်းသို့ မရောက် ရှိနိုင်စေ
ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန် လိုအပ်ပါသည်။
ဝိုင်းဝန်းပြုပြင်ရန်လည်း လိုအပ်ပါသည်။
နံနက် ၈ နာရီကျော်ကျော်ခန့် ရှိသေးသည်။ လမ်းထဲမှ ဆိုက်
ကားသမားလေး ကိုသက် ဆိုက်ကား ကူရှင်နှစ်လုံးကို ပွေ့ပိုက်ကာ ပြန်လာတာ
တွေ့မြင်လိုက်ရသည်။ စာရေးသူ လည်း ကိုသက်ဘာများ ဖြစ်လာပါလိမ့်ဟု စိတ်ပူမိကာ
၎င်းကို မေးမြန်း မိပါသည်။ ကိုသက်က စိတ်မကောင်းစွာဖြင့် သူ့ရဲ့
ဖြစ်ခဲ့ပုံများအား ဤကဲ့သို့ ရှင်းပြပါသည်။ ကျွန်တော်တို့
ဆိုက်ကားသမားတွေတော့ ဒုက္ခရောက် ပြီဗျာ။ တောင်းပန်လို့လည်း မရပါဘူး။
အသနားခံလို့လည်း မရဘူးဗျာ။ ကျွန်တော်တို့က ရိုးရိုးသားသား ဆိုက်ကား
နင်းစားကြတဲ့ သူတွေပါ။ ဒီဆိုက်ကား အသိမ်းခံလိုက် ရပြီဆိုတော့ ဘဝပျက်မတတ်
ခံစားရပြီပေါ့။ ဒီဆိုက်ကားလေး ကိုယ်ပိုင် နင်းရဖို့ငွေကို နှစ်နဲ့ချီ
အကြာကြီး စုထားရ တာ။ နောက်ပြီး ရပ်ကွက်ထဲမှာ ဆင်းရဲနွမ်းပါး
လျော့နည်းပပျောက်ရေး အတွက် အသေးစား ချေးငွေထုတ်ပေးတဲ့ဆီက တစ်ပတ်တစ်ကြိမ်
ပြန် ဆပ်ရတဲ့ အကြွေးကလည်း ရှိသေးတယ်။ မိသားစုဘဝ စားဝတ်နေရေး၊
ကလေးကျောင်းစရိတ် ဒါတွေကလည်း ရှိပါတယ်။ ကျွန်တော်ဆို ၃ တန်း ကလေး တစ်ယောက်၊
သူငယ်တန်း ကလေးက တစ်ယောက် အခုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ။ ကျွန်တော်တို့
လိုင်စင်မဲ့ ဆိုက်ကားသမားလေးတွေရဲ့ ဘဝတွေ ဘယ်လောက် ဒုက္ခရောက် သလဲဆိုရင်
အနှေးယာဉ် ကြီးကြပ်ရေး အဖွဲ့ကိုလည်း အဖမ်းမခံရအောင် လစဉ်ကြေးအဖြစ် တစ်လ
ကျပ် ၂ဝဝဝ ပေးရတယ်။ စည်ပင်မသိအောင် တစ်ခါတစ်ရံ သူတို့ က ဖမ်းသော် လည်း
ဒဏ်ငွေ ကျပ်တစ်သောင်းလောက်သာ ရိုက်ပြီး ပြန်လွှတ်ပေးတယ်။ ဒီလောက်ဆိုရင်
ကျွန်တော်တို့ ရှာကြံပြီးဖြေရှင်းလို့ ရတာပေါ့ဗျာ။ အခုဟာက ချမှတ်ထားတဲ့
ဥပဒေအတိုင်း လုပ်မှာပါလို့ စည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရတော့
အပြီးသိမ်းတဲ့ သဘောမျိုး သက်ရောက်တာပေါ့ဗျာ။
ကျွန်တော်တို့ လှိုင်သာယာမြို့နယ်ထဲမှာ လိုင်စင်ရှိတဲ့ ဆိုက်ကားက
တစ်ထောင့်လေးရာ တစ်ဆယ့်လေးစီး သာရှိပါတယ်။ ဒီဆိုက်ကားတွေ ကလည်း နင်းသားတွေ
ကိုယ်တိုင် ဝယ်နင်းနိုင်တဲ့ ဆိုက်ကားတွေ မဟုတ် ပါဘူး။ ဆိုက်ကားထောင်စားတဲ့
စီးပွားရေးသမားတွေပိုင်တဲ့ ဆိုက်ကားတွေ ပဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့
ဆိုက်ကားတွေက လေးထောင်ကျော် လောက် ရှိပါတယ်။ တကယ်တော့
လိုင်စင်မဲ့ဆိုက်ကားတွေ ပိုင်ဆိုင်တဲ့သူတွေက ကျွန်တော်တို့
ကိုယ်တိုင်နင်းကြတဲ့ နင်းသား ကိုယ်ပိုင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့
ဆိုက်ကားတွေကို လိုင်စင်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်း
ကိုယ်ပိုင် ဆိုက်ကားလိုင်စင်လေးနဲ့ နင်းရရင် အရမ်းပျော်ရွှင်ကြမှာပါ။
ကျွန်တော်တို့ မိသားစု ပြဿနာတွေလည်း လွယ်လွယ် ကူကူနဲ့ ပင် ဖြေရှင်းလို့
ရကြမှာပါ။ ကိုသက်ပြောတာ မှန်ပါတယ်။ တကယ်တော့ ဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာ
ဆင်းရဲနွမ်းပါးလျော့နည်း ပ ပျောက်စေရန် မြို့ပြကျေးလက်ဒေသ တို့မှာ
ချေးငွေများ ထုတ်ချေးပေး ကြ ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
အတော်အတန် အဆင်ပြေကြပါတယ်။ ဆိုက် ကားသမား၊ ပဲပြုတ်သည်၊ ကုန်စိမ်း သည်၊
သားစိမ်းငါးစိမ်းရောင်းတဲ့ သူတွေ၊ လက်လုပ်လက်စားတွေ အားလုံး အားလုံး ပါပဲ။
သူတို့တွေ အခက်အခဲများစွာကို ဒီချေးငွေ ကြောင့် ပြေလည်နေကြ တာကိုလည်း တွေ့
ရှိရပါတယ်။ အခုလိုမျိုး လက်လုပ်လက်စား လူတန်းစား ထဲမှ သူတို့
ကိုယ်ပိုင်ဆိုက်ကားလေးတွေကို လိုက်လံသိမ်းဆည်းနေမယ့် အစား
သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက လိုင်စင်များ ထုတ်ပေး ကာ တရားဝင်
ရဲရဲဝံ့ဝံ့ လုပ်ကိုင်စားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဤသို့
ပြုလုပ်မည်ဆိုလျှင် နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိပါတယ်။ အခုလက်ရှိ
စီမံချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးလျော့ နည်းပပျောက် ရေး စီမံချက် ကိုလည်း
အကောင်အထည်ဖော် ဆောင်ရာရောက်ပါတယ်။ အမှန်တကယ် ဆင်းရဲသူတို့အား ငဲ့ညှာသနားရာ
ကူညီထောက် ပံ့ရာရောက်မည် လည်း ဖြစ်ကြောင်း ပြည်သူများကြားမှ ပြည်သူ့အသံအား
ရေးသား တင်ပြလိုက်ရပါတယ်။
မောင်သာဖြန်း (ထန်းတပင်)
အယ်ဒီတာ့ထံ ပေးစာ
Popular Myanmar News Journal
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment