လုံခြုံရေးယူရန်စစ်ယာဉ်များ
အကြမ်းဖက်မီးရှို့မှုတွေဖြစ်ေ
ဆက်ထွက်သွား ကြတယ်။ ကားအတော် များများမှာ
အလံတွေထောင်ထားပြီး ကားတစ်စီးချင်းစီ မှာလဲ စစ်သားတွေအပြည့်ပဲလို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကို မေးကြည့်တဲ့အခါ သူကဒီလို ပြောပြပါတယ်။ “မနေ့က စစ်ကားကြီးအစီး(၁၀၀)ကျော်လောက်ဟာ
အမ်းကိုဖြတ်ပြီး မင်းပြား၊ မြောက်ဦးဘက်ကို ထွက်သွားတယ်။ ကားပေါ်မှာ
လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေနဲ့ စစ်သားတွေအပြည့်ပဲ။ ဈေးဆင်းဝယ်တဲ့
ဆရာကြီးတစ်ယောက်ကတော့ မြောက်ဦးဘက်ရော၊ မင်းပြားဘက်ရော
တပ်တွေခွဲပြီးဝင်ဖို့ရှိတယ်လို့
ပြောသွားတယ်။ တပ်မ တစ်မလုံးပါပြီး အင်အားကလည်း နှစ်ထောင်နီးပါးရှိမယ်လို့
ခန့်မှန်းရတယ်။ ဒီအင်အားနဲ့ဆိုရင်တော့ အကြမ်းဖက်ချင်တဲ့ သူတွေအတွက်
မီးရှို့ဖို့မပြောနဲ့ ဆေးလိပ်သောက်ဖို့တောင် မီးညှိရဲတော့မယ် မထင်ဘူး”
လို့ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေတည်ငြိမ်နေရာကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြား မြို့နယ်ကစပြီး ဆူပူမှုတွေပြန်ဖြစ်လာခဲ့တာပါ။ စဖြစ်ပုံကလည်း အတော်ထူးဆန်းပါတယ်။ မင်းပြားမြို့နယ် ပိုက်သည်ရွာက ဘင်္ဂါလီလင်မယားနှစ်ယောက်ရန်ဖြစ်တာကို
ထုံးစံအတိုင်းတစ်ဖက် ကင်းဆိပ်ရွာကရွာသားတွေက ဝိုင်းကြည့်ခဲ့ ကြတယ်။
ဒါကိုမကျေနပ်တဲ့ ယောက်ျားဖြစ်သူက ကြည့်နေတဲ့လူအုပ်ကို လေးခွနဲ့ပစ်တယ်ဆိုပဲ။
အပစ်ခံရသူတွေက မကျေနပ်တော့ လူစုပြီး ပိုက်သည်ရွာကိုမီးသွားရှို့တယ်။
အဲဒီကစပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊
မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့နေရာတွေမှာ အကြမ်းဖက်မီးရှို့မှုတွေ
ဖြစ်ပေါ်ခဲ့ တာပါပဲ။
ဒါပေမယ့် စစ်တပ်ကအချိန်မီထိန်းနိုင်လို့ အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး အခြေအနေတွေ တည်ငြိမ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတည်ငြိမ်နိုင်ဖို့အတွက်က စစ်တပ်အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်မအောက်ကတပ်တွေအတော်များများနဲ့ ထိန်းသိမ်းနေရတာ ဖြစ်ပါတယ်။
အခြေအနေတွေ တည်ငြိမ်သွားပြီဆိုပေမယ့် နောက်ကွယ်ကနေ ဘင်္ဂါလီတွေကိုတစ်မျိုး၊ ရခိုင် တိုင်းရင်းသားတွေကိုတစ်ဖုံ သွေးထိုးမြှောက်ပင့်ပေးနေသူတွေရှိနေဆဲဖြစ်ပါတယ်။ မသိနားမလည်သူတွေကို သွေးဆူအောင်တစ်မျိုး၊ ပွဲဆူအောင်တစ်သွယ် ပရိယာယ်များစွာနဲ့ လှုံ့ဆော်နေတဲ့အဖွဲ့အစည်းတွေလည်း ရှိနေပါ သေးတယ်။ ဒါတွေကိုတော့ အသေအချာဖော်ထုတ်ပြီး အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်သွားမှာပါ။
ဆူပူမှုတွေချုပ်ငြိမ်းအောင် အစိုးရပိုင်းကဆောင်ရွက်နေသလို စစ်တပ်ကလည်း အခြေခံဥပဒေက ပေးအပ် ထားတဲ့ တာဝန်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ စစ်တပ်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အတိုင်း တည်ငြိမ်မှုပျက်ပြားအောင်ဖန်တီးနေတာတွေကို ဥပဒေဘောင် အတွင်းကတားဆီးကာကွယ်နေတယ်ဆိုတာအများက ယုံကြည်လက်ခံထားပြီးဖြစ်ပါတယ်။
စစ်တပ်မှဤသို့ဆောင်ရွက်ပေးနေပါသည်
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ က ပြောထားပါတယ်။ ပထမ အချက်ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့ကို
အစိုးရနဲ့စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်နေ တာအားလုံး သိထားတဲ့ကိစ္စပါ။
ရခိုင်ပြည်နယ်အရေးမှာ ပဋိပက္ခဖြစ်တဲ့ နှစ်ဖက်စလုံးကို နောက်ကွယ်က
ဆရာကြီးများက သွေးထိုးမြှောက်ပင့်တာကြောင့်
ဒို့တာဝန်အရေးသုံးပါး ထိခိုက်ပျက်စီးစေမယ့် အန္တရာယ်ကို
ဦးတည်လာနေပါတယ်။ ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကို
ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်နှင့် အညီ ကိုယ့်ပြည်သူပြည်သားတွေရဲ့
အသက်အိုးအိမ်စည်းစိမ်အတွက် ကျူးကျော်သူတွေ နယ်စပ်ကတစ်ဆင့် ဝင်မလာနိုင်အောင်
ထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့ဆိုတဲ့နေရာမှာ
လုံခြုံရေးအဖွဲ့တွေ လုံလောက်တဲ့အင်အားရှိရန် လိုအပ်တာကြောင့် တပ်အင်အား
ပြည့်ပြည့်ဝဝ အသုံးပြုတာဖြစ်ကြောင်း နေပြည်တော် စစ်တပ်နှင့်နီးစပ်တဲ့
အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်ကိုေ ရာက်လာတဲ့ တပ်မဟာ မြန်မာနိုင်ငံအနှံ့ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ဖူးပြီး တိုက်ရည် ခိုက်ရည်ကောင်းတဲ့တပ်မ တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းဆူပူမှုပြဿနာတွေမှာလည်း ဝင်ရောက်ထိန်းသိမ်းခဲ့ဖူးတဲ့
အတွေ့အကြုံရှိတဲ့အတွက် အခုလိုရွေးချယ် တာဝန်ပေးတာဖြစ်ကြောင်းနဲ့
နောက်ထပ်လဲ တပ်တွေရောက်လာဖို့ ရှိသေးကြောင်း စစ်တပ်အသိုင်းအဝိုင်းနဲ့
နီးစပ်သူတွေဆီကသိရပါတယ်။ ဒေသခံတွေအနေနဲ့ကတော့ စစ်တပ်က
အင်အားပြည့်ပြည့်ဝဝနဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းမှုကို အထူးပဲလိုလားလျှက်ရှိကြောင်း၊ အခုလို လုံခြုံရေး တိုးမြှင့်တင်းကြပ်လာတဲ့အတွက်လည်း စိတ်ချလက်ချ ခေါင်းပြားအောင်အိပ်နိုင်ကြပြီဖြစ်ကြောင်း၊ ဝမ်းရေးအတွက် မကြောင့်မကြ ရှာဖွေနိုင်ကြပြီဖြစ်ကြောင်းနဲ့ ကျန်းမာရေးအတွက်လည်း စစ်တပ်က ဆေးဆရာအဖွဲ့တွေ နယ်မြေအလိုက် ဆင်းကုနေတာဖြစ်တဲ့အတွက် မပူရတော့ကြောင်း ပြောကြားလျက်ရှိကြပါတယ်။
From - ရခိုင်ပြည်သားတစ်ဦး
အလံတွေထောင်ထားပြီး ကားတစ်စီးချင်းစီ မှာလဲ စစ်သားတွေအပြည့်ပဲလို့ဆိုပါ
ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေတည်ငြိမ်နေရာကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြား မြို့နယ်ကစပြီး ဆူပူမှုတွေပြန်ဖြစ်လာခဲ့တာပါ
ဒါပေမယ့် စစ်တပ်ကအချိန်မီထိန်းနိုင်လ
အခြေအနေတွေ တည်ငြိမ်သွားပြီဆိုပေမယ့် နောက်ကွယ်ကနေ ဘင်္ဂါလီတွေကိုတစ်မျိုး၊ ရခိုင် တိုင်းရင်းသားတွေကိုတစ်ဖုံ သွေးထိုးမြှောက်ပင့်ပေးနေသူ
ဆူပူမှုတွေချုပ်ငြိမ်းအောင် အစိုးရပိုင်းကဆောင်ရွက်နေသလ
စစ်တပ်မှဤသို့ဆောင်ရွက်ပေးေ
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်
ရခိုင်ပြည်နယ်ကိုေ ရာက်လာတဲ့ တပ်မဟာ မြန်မာနိုင်ငံအနှံ့ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ဖူ
From - ရခိုင်ပြည်သားတစ်ဦး
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment