
ထောင်တစ်သက်လွတ်ရက်မရှိ
လင်္ကျာထွန်းကိုမမေ့ကြနဲ.တဲ့ ထိုစာလေးကိုဖတ်ပြီး
ကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်။ ဘာလို.လဲဆိုတော့ လင်္ကျာထွန်းကို
စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ. ကျွန်တော်လည်းသေဒဏ်ကျခဲ့ဖူးလို့ပါပဲ။
ဒါပေမယ့် ခုကျွန်တော်ကအပြင်မှာ
ဝါသနာပါတဲ့ အလုပ်တွေကို မမောတမ်းလုပ်ကိုင်နေတဲ့အချိန်
လင်္ကျာထွန်းကတော့သာယာဝတီထောင်ထဲမှာအချိန်ကာလတွေကိုအထီးကျန်ဖြတ်သန်းလျက်ရှိပါတယ်။ကိုယ်ချင်းစာနာစိတ်နဲ.လင်္ကျာထွန်းအကြောင်းတွေးမိတဲ့
အခါ ၁၉၈၈ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးမှာ သူပါဝင်လှုပ်ရှားခဲ့တဲ့
ပုံရိပ်တွေကို ပြန်ပြီးမြင်ယောင်လာပါတယ်။
၁၉၇၂ ခုနှစ်၊ ဧပြီလ (၅)
ရက်နေ.မှာမွေးဖွားခဲ့တဲ့ လင်္ကျာထွန်းဟာ ၁၉၈၈ ခုနှစ်မှာ (၁၆) နှစ်သာသာပဲ
ရှိပါသေးတယ်။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်
ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊
၁ရ(၁)တွေနဲ. ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။
လင်္ကျာထွန်းဟာ ထောင်ထဲမှာ
ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ်ဘာသာ
တွေကိုလေ့လာခဲ့ပါ တယ်။ ၁၉၉၆ ခုနှစ် အကျဉ်းထောင်ကနေ
ပြန်လည်လွတ်မြောက်ခဲ့ပြီး ဟော်တယ်နဲ. ခရီး သွားများဌာနမှာဘာသာပြန်အလုပ်
ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကအဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က
သူ.တိုင်းပြည်ကိုမချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှား
ဆောင်ရွက်နေသူတွေနဲ. ပြန်လည်ချိတ်ဆက်လှုပ်ရှားခဲ့ပါတယ်။
လင်္ကျာထွန်းဟာ
ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုအောင်ဒင် ( Burma Canpaign USA )၊ ကိုခင်လှိုင်
(ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် ( ဦးလှရွှေ၏သား )၊ သုတအောင် (ကွယ်လွန်)၊
ကျော်ဇော ( ကဗျာဆရာ ကြည်ဦး ၏သား ) တို.နှင့်ပူးပေါင်းပြီး
လက်တွဲလှုပ်ရှားခဲ့တာပါ။ ၁၉၉၈ မှာ စစ်အုပ်ချုပ်ရေး ကာလတလျှောက်
အခွင့်အရေးတွေနစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် " ကျောင်းသားထုအခွင့်အရေး
ကာကွယ်မှုကော်မတီ " ကို ဖွဲ.စည်းပြီး လှုံဆော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် ABSDF တပ်ရင်း ၂၀ရ ဥက္ကဌ
အဖြစ်ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန်.သား ကိုသိန်းနဲ. ခင်မင်ရင်းနှီးရာကနေ
ပြည်တွင်းကျောင်းသားလှုပ်ရှားမှု အရှိန်မြှင့်တင်ဖို.
ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သို.သော်လည်း လင်္ကျာထွန်းဟာ ပြည်တွင်းမှာ
ဖေါက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို.ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိပါဘူး။
၁၉၉၈ ခုနှစ် မတ်လမှာတော့ လင်္ကျာထွန်းဟာပြည်တွင်းမှာ
အကြမ်း ဖက်သူ တွေနဲ.တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို.
ကြံစည်တယ်ဆိုပြီး စစ်ထောက်လှမ်း ရေးရဲ. ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်။
ဒီအမှုမှာ လင်္ကျာထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ.အတူ
နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ. သေဒဏ် အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန်.ကြောင့် သေဒဏ်ကနေ
ပယ်ဖျက်ထားခဲ့ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက်မရှိပြစ်ဒဏ်ကို
ခံနေရဆဲဖြစ် ပါတယ်။
လင်္ကျာထွန်းတစ်ယောက် ထောင်ထဲမှာ (၁၅) နှစ်ကျော်နေထိုင်ပြီးတဲ့ အချိန်
သူ.အမှုတွဲတွေလည်း လွတ်မြောက်သွားကြပြီ။ သူနဲ.အတူ သေဒဏ်ကျထားတဲ့
ခင်လှိုင်လည်း အပြင်ပြန်ရောက်သွားပါပြီ။ သာယာဝတီထောင်ထဲမှာ လင်္ကျာထွန်း နဲ.
ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ.အချိန်အထိ သားပြန်လာမယ့်လမ်းကို
စောင့်မျှော်နေသူကတော့ အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ မိခင်ကြီး ဒေါ်ရီ
ဖြစ်ပါတယ်။ ဒေါ်ရီ ရဲ.ကျန်းမာရေး အခြေအနေကလည်း ဆိုးဝါးနေပါပြီ။
လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်း သူ.သားပါမလာတဲ့အတွက်
မိခင်တစ်ယောက်ရဲ.ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။
သားရဲ.ထောင်ဝင်စာကို လေဖြတ်သွားပြီးကတည်းက သွားမတွေ.နိုင်တော့တဲ့အတွက်
ခုတော့ လင်္ကျာထွန်းရဲ. အကိုကြီးကပဲ ပုံမှန်သွားတွေ.နေရပါတယ်။ လင်္ကျာထွန်းရဲ.
ထောင်တွင်း ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်လျက်ရှိပါတယ်။ သူဝါသနာပါတဲ့
ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီး လေ့လာဆည်းပူးလျက်ရှိပါတယ်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နိုင်ငံရေးဖိနိုပ်မှုများကြောင့် ကံဆိုးပြီး သေဒဏ်
ကျခဲ့တဲ့ လင်္ကျာထွန်းဟာ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည်
ဖော်နေတာ အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို. အချိန်တန်နေပါပြီ။ ၁၉၈၈ က ၁၆
နှစ်သား လူငယ်တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာမြန်မာနိုင်ငံရဲ.
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို.
အချိန်တန်နေပါပြီ။
အသက် (၈၅) နှစ်အရွယ် မိခင်ဘေးမှာလည်း ခြေဆုပ်လက်နယ်ပြုလုပ်ခွင့်ကို
သားတစ်ယောက်အနေနဲ. အခွင့်အရေးရသင့်နေပါပြီ။ ဆက်လက်ပေးမယ့်
လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနံမည်ကို တွေ.ရရင်
ကျွန်တော်တို.အားလုံး ကိုယ်ချင်းစာနာစိတ်နဲ. ပျော်ကြရမှာ သေချာပါတယ်။
အနာဂတ်မြန်မာအမျိုးသားတွေရဲ. စည်းလုံးညီညွှတ်မှုအလားအလာကို
အားရကျေနပ်မိမှာအမှန်ပါပဲ။ ခုလို အခြေအနမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ
လင်္ကျာထွန်းကို အားလုံးမမေ့ကြပါန.ဲလို.ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။
( ဇော်သက်ထွေး )
လင်္ကျာထွန်း၏မိခင် ဒေါ်ရီက နိုင်ငံတော်သမတထံပေးသောစာ ------------------------------------------------------------------ သို.
ဦးသိန်းစိန်
သမတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျွန်မအမည်မှာ ဒေါ်ရီဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီး
ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေရသော မောင်လင်္ကျာထွန်း မိခင်
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို.နယ်၊ (၁၅) လမ်း၊ အမှတ်-၁၁၆ ( ၃လွှာ )၊
ဝဲခန်းတွင်နေထိုင်သည့် ဗမာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပါသည်။
အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို
ခံခဲ့သည်မှာ ယခုလက်ရှိအချိန်အထိဖြစ်ပါသည်။
သားနှင့်ပတ်သက်သောစွပ်စွဲချက်များသည် မမှန်ကန်ပါလို. အမေ့အနေဖြင့်
ကျမ်းသစ္စာပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈
ခုနှစ်ကဒုတိယအကြိမ်ဖမ်းဆီးပြီးခံခဲ့ရပါသည်။ ၄င်းတို.စွပ်စွဲသောအရာများတွင်
အမေ့၏သားငယ်အတွက် တဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါသည်။
သားငယ်ကို သေဒဏ်ချပြီး(၃)လအကြာမှ သိရပြီး၊ရှေ.နေငှားခွင့်မရှိ၊
မည်သည့်တရားရုံးကပင် အမိန်.ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို.ကြီးမားသည့်
ပုဒ်မကြီးများနှင့်လူငယ်တစ်ယောက်၏ဘ၀ ယနေ.ထိတိုင်အောင် ဆုံးရှူံးခဲ့ရပါသည်။
မောင်လင်္ကျာထွန်းကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး
နယ်စပ်ဖြတ်ကျော်မှု နှင့် ပုဒ်မ ၁ရ(၁)၊၅(ည) နှင့် ထောင်ဒဏ် (၅)
နှစ်ချမှတ်ခဲ့ပြီး၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၄င်းဘ၀အတွက် စာကြိုးစားပြီး
ဟိုတယ်နှင့်ခရီးသွားဌာနတွင် ဘာသာပြန်အလုပ်ကိုလုပ်ကိုင်ပြီးနေချိန်တွင်၁၉၈၉
ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို. သေဒဏ်ချမှတ်ခဲ့ပါသည်။
သူ.ကို အမေတို. ပထမဦးဆုံးထောင်ဝင်စာသွားတွေ.ချိန်တွင် သူပြောခဲ့သောစကားကို
အမေ့တစ်သက် မေ့လို.မရပါ။ " အဖေနှင့်အမေ ကျွန်တော်ကိုယ်ကျွန်တော်မယုံဘူး။
ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ သူတို.
မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ
ကျွန်တော်တို.နိုင်ငံမှာမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း
မရှိတော့ဘူးလား "ဟူသော စကားဖြစ်ပါသည်။
ယခုအချိန်တွင် သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ်၊
စာမတတ်တဲ့သူတွေကို စာသင်၊
ဘာသာရေးတွေဖိဖိစီးစီးလုပ်၊ဂိုလ်အင်ကာတရားစဉ်တွေကိုလည်း အကြိမ်ကြိမ်ဝင်ပြီး
လွတ်မယ့်ရက်ကို မသိတဲ့ထောင်တစ်သက်ကို ရင်ဝယ်ပိုက်ပြီးစောင့်မျှော်နေသည်မှာ
အမှန်ပဲ။
ယခု ပြည်သူ.လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ
ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားလွတ်မြောက်ရေးအတွက်ကူညီနိုင်မည်ဟု
မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့်စာပေတို.နှင့် တိုင်းပြည်ကို
အုတ်တစ်ချပ်သဲတစ်ပွင့်ပမာကူညီခွင့်ပြုပေး နိုင်ပါစေ။သား
မောင်လင်္ကျာထွန်းကပြောပါသည်။ သူ.ဘ၀ တစ်စိတ်တစ်ဒေသ ဟာ
ထောင်တွင်းတွင်သာကြီးပြင်းခဲ့ပြီးပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း
သူ.ရဲ.စာဖတ်စာရေးဝါသနာကြောင့် သူလေ့လာဖတ်ရှူမှု ကို
ထောင်တွင်းတွင်သာပြုလုပ်နိုင် ပေမယ့်ထောင်တွင်းမှလည်း သူ.ထက်ပညာတတ် တွေ
တွေ.ခဲ့ပြီး သူတို.ဆီကအလွတ်မခံ သင်ကြားမှတ်ယူနေသူတစ်ယောက်ဖြစ် ပါသည်။
အမေ့အနေဖြင့် သားမောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို.
ယုံကြည်ချက်ရှိသော အကျဉ်းသားများ အားလုံးလည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။
အားလုံးဝိုင်းဝန်း၍ ကူညီပေးပါရန် မေတ္တာစေတနာဖြင့် တောင်းဆိုပါသည်။
သားငယ်၏အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ)ဦးဖိုးဆောင် သေဒဏ်နှင့်
ထောင်ဒဏ် (၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော်သမတကြီးက
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂
ခုနှစ်၊ဇန်န၀ါရီလ(၁၃)ရက်နေ.ကလွတ်မြောက်လာသည့် အကျဉ်းသားထဲတွင်
ပါဝင်ခဲ့သည်ကိုလည်း ကြားသိရှိခဲ့ရပါသည်။ ထို.ကြောင့်
အမေ့အနေဖြင့်လည်းသားအတွက် မသေခင်ပြန်လည်ဆုံဆည်း မည် ဟု
များစွာမျှော်လင့်ပါသည်။
ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ (နိုင်) ၀၀၄၀၅၃
အမှတ်-၁၁၆/ ၃ ထပ် (၀ဲခန်း)၊ (၁၅) လမ်း
လမ်းမတော်မြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဘကြီးသက်






0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment