တစ်နေ့က မှော်ဘီတိုက်ကြီးဘက်ကို ကားမောင်းနေရင်းနဲ့ လမ်းမှာ ရေဒီယိုကနေ
ဆရာချစ်နိုင် စိတ်ပညာ ရဲ့ နံနက်ခင်းစကား ဆိုတာ( အစီအစဉ် နာမည်ကို
ကျွန်မသေချာ မသိပါ) ကို နားထောင်လိုက်ရတယ်။ ဆရာက မြန်မာလူမျိုး
ဖြစ်ရတဲ့အတွက် ဂုဏ်ယူတတ်စေဖို့ ဆိုတာလေးနဲ့ အစချီပြီးပြောပါတယ်။
ကျွန်မကတော့ ဆရာဘယ်လို ဥပမာရပ်တွေနဲ့ များ ဒီအကြောင်းကို ပြောလေမလဲရယ်လို
့စိတ်ဝင်တစားနားထောင်မိတယ်။ မြန်မာလူမျိုးဆိုတာ အားနာတတ်တယ်၊
ယဉ်ကျေးပြူငှာတယ်၊ ဖော်ရွေနွေးထွေးတယ် စတာတွေ ဆရာပြောပါတော့တယ်။ ဒီနေရာမှာ
ကျွန်မငယ်စဉ်ကလေးဘ၀တုန်းက "ရွှေထုတ်တဲ့ မြပ၀ါ " ဆိုတာလေးကို
ဂုဏ်ယူဝံ့ကြွားဖူးခဲ့တာလေးကို မှတ်မှတ်ရရ ပြန်တွေးမိတယ်။ ဘ၀ ဆက်တိုင်း
ဆက်တိုင်းများ မြန်မာနိုင်ငံမှာသာ လူဖြစ်ရလိုပါ၏ တဲ့။ ငယ်ငယ်က ဆုတောင်းပါ။
အဲဒီတုန်းက ဒုတိယတန်း မြန်မာသင်ပုန်းကြီးဖတ်စာထဲမှာ
သင်ကြားရတာတွေက ကိုယ့်နိုင်ငံထက် ပိုကောင်းတဲ့ နေရာ ဘယ်မှာမှမရှိ။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးထက် ပိုမြတ်နိုးဂုဏ်ယူစရာ မရှိ။
ခေတ်တစ်ခေတ်ကို ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ ကျွန်မရဲ့ ငယ်ဘဝ
အသိအမြင်တွေဟာ ဇောက်ထိုးမှောက်ခုံ။
ဆရာပြောတဲ့ စကားကို ပြန်ဆက်ရမယ်ဆိုရင် မြန်မာလူမျိုးဟာ သိပ်အားနာတတ်တယ်။
တကယ်တော့ အားနာခြင်းဆိုတာ ရှုံးနိမ့်ခြင်းတရား(၁၀)ပါးထဲမှာ
ဒုတိယနေရာမှာပါတယ်လို့ ကျွန်မမှတ်သားထားဖူးတယ်။ နေရာတကာ အားနာလို
့မပြောပဲနေ။ အားနာလို့ ဆိုပြီး ကိုယ့်ခေါင်းကို
သေအောင်ကုတ်ပြီးလျော်ပေးတာတောင် အနာသာခံ အသံမထွက်တတ်တဲ့သူတွေရယ်ပါ။
အားနာလို့ ဆိုပြီး ကိုယ့်အိမ်ရှေ့ က လမ်းလေးပေးလိုက်ရတယ်။ အားနာလို
့ဆိုပြီး ကိုယ့်စပါးခင်းလေးလဲ ပေးလိုက်ရတယ်။ အားနာလို့ ဆိုပြီး
ကိုယ့်သားသမီးလေးပါ ထိုးပေးခဲ့ရတဲ့ ခေတ်တွေ။ ဒီတော့ အားနာတတ်တယ်ဆိုတာ
တကယ်ရော ဂုဏ်ယူစရာ ယဉ်ကျေးမှု တစ်ရပ်ဟုတ်ရဲ့ လားလို့ ကျွန်မတွေးမိတယ်။
ယဉ်ကျေးပြူငှာတယ် ဆိုတာက "မင်္ဂလာပါ" ဆိုတဲ့ စကားစုလေးကို နိုင်ငံခြားသားတွေက
မြန်မာတွေရဲ့ နုတ်ခွန်းဆက်စကားဆိုပြီး မှတ်မှတ်သားသား
အသိအမှတ်ပြုနေကြတဲ့အချိန်မှာ City Mart လိုနေရာမျိုး ဘဏ်တစ်ချို
့လိုနေရာမျိုးတွေမှာ ၀င်လိုက်တာနဲ့ ဝန်ထမ်းလေးတွေက "မင်္ဂလာပါ" လို
့နုတ်ခွန်းဆက်သတဲ့အခါ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ "မင်္ဂလာပါ" လို
့ပြန်ပြီး နုတ်ခွန်းဆက်သဖို့ နေနေသာသာ အသိအမှတ်ပြုဖို့ တောင် စိတ်မ၀င်စားပဲ
ခပ်တည်တည်မျက်နှာထားများနဲ့ သူ့ လမ်းသူ ဆက်သွားပါတယ်။ ကဲ.......ဒီကနေစလို
့ကျွန်မတို့ ရဲ့ ယဉ်ကျေးပြူငှာခြင်း ဘယ်လို ဆက်ပြောရမလဲ။
နောက်တော့ ဆရာ ဆက်ပြောတာက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထပ်တုန်းက
မြန်မာဆိုတဲ့ လူမျိုးဟာ အာရှမှာ အိမ်နီးခြင်းနိုင်ငံတွေကပါလေးစားရတဲ့
တရိုတသေ ဆက်ဆံရတဲ့ လူမျိုးဖြစ်ခဲ့ပါတယ်။ သမိုင်းကိုမေ့လျော့မပြစ်ကြဖို
့လိုပါတယ် လို့ ပြောပါတယ်။ ဆရာမန်းရှင်းလုပ်သွားတဲ့ ဂုဏ်ယူဖွယ်ရာဆိုတာ
သမိုင်းကိုပြောတာပါတဲ့လား။ ခပ်ရိုင်းရိုင်းပြောရရင် သမိုင်းက
ဖတ်စာအုပ်ထဲမှာပဲရှိတော့တယ်လို့ ပြောမိပါလိမ့်မယ်။ အိမ်ထောင်စု တစ်ခုမှာ
အိမ်ထောင်ဦးစီးလုပ်သူက အခွင့်အာဏာ ဆုံးဖြတ်ပိုင်ခွင့်
စီရင်ချထားပိုင်ခွင့်တွေ အကုန်လုံးကို ပိုင်ဆိုင်တဲ့သူဆိုတော့
အရေးအကြီးဆုံးသူပေါ့။ ကဲ...အရက်သောက် ဖဲရိုက် စီးပွားကောင်းကောင်းမရှာ
ရသမျှ သူ့ ခံတွင်းဝပဲ ထိုးထည့်ပြီး ကိုယ့်မိသားစု ကိုယ့်သားသမီး
ကိုယ့်အိမ်ဆိုတာကို မသိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က မွေးလာတဲ့ သားသမီးကို
တခြားဘယ်မိသားစုတွေကများ အရေးယူဆက်ဆံကြမယ်လို့ ထင်ပါသလဲ။ ကလေကချေ အရက်သမား
လူပေါ့လူညံ့ရဲ့ သားဆိုပြီး နှာခေါင်းရှုတ်ချတာ ခံရမှာပဲလေ။ ငယ်ငယ်က ဖတ်မိတဲ့
ကာတွန်းလေး တစ်ခုကို သတိရမိတယ်။ ဖခင်လုပ်တဲ့သူက ကြက်ပေါင်တွေ ကို
တစ်ချောင်းပြီးတစ်ချောင်း အားပါးတရ စားဝါးနေပြီး အရိုးတွေကို
ဘေးမှာရပ်နေတဲ့ သူ့ ကလေးငယ်ကလေးတွေနဲ့ ဇနီးမယားလုပ်တဲ့သူ ကို
လွင့်ပြစ်ပေးပြီး" ငါက အိမ်ထောင်ဦးစီး အားရှိဖို့ လိုတယ်။ ငါအားရှိမှာ
နင်တို့ အတွက် ရှာဖွေနိုင်မှာ " လို့ ပြောနေတဲ့ ကာတွန်းဇာတ်ကွက်ကလေး က
တကယ်ကို ပီပြင်ထိရောက်လှပါတယ်။ ဒီတော့ ခုနေ ကျွန်မတို့ တွေက ဥရောပ
မပြောလေနဲ့ ဘယ်အာရှနိုင်ငံထဲမှာတောင်မှ "မြန်မာဟဲ့ " လို
့လက်သီးလက်မောင်းသွားတန်းပြရမလဲလေ။
နောက်ထပ် ဆရာဆက်ပြောတာက ဦးပေါ်ဦးနဲ့ ဘိုးတောင်ဘုရား လက်ထပ်က အကြောင်းအရာလေး
တစ်ခုပါ။ တစ်နေ့ တော့ ဘိုးတော်ဘုရားက ရုပ်ဖျက်လို့ အမတ်ကြီး ဦးပေါ်ဦးကို
ခေါ်ပြီး တိုင်းပြည်အခြေအနေကို စနဲနာထွက်ပါတယ်တဲ့။ သူ့ တိုင်းသူပြည်သားတွေ
ဘယ်လို နေထိုင်စားသောက်ရသလဲဆိုတာ တိတ်တဆိတ်လေ့လာဖို့ သွားတဲ့ အခါ တောမြို
့ရွာလေးတစ်ရွာရောက်တော့ အဖြစ်အပျက်လေးတစ်ခုကို တွေ့ ပါတယ်။
ကလေးငယ်တစ်ယောက်က အရမ်းငိုယိုအော်ဟစ်နေတယ်။ အဲဒါကို သူ့ မိခင်ဖြစ်သူက
ကလေးကို ရိုက်နှက်ဆုံးမနေတယ်။ ကလေးက ပိုငိုလေ မိခင်က ပိုရိုက်လေ နဲ
့အဲဒီမြင်ကွင်းက ပူလောင်စိတ်ပျက်ဖွယ်ဖြစ်နေတာကို ဘိုးတော်ဘုရားဖြစ်သူက
ရပ်ကြည့်နေသတဲ့။ အဲဒီအချင်းအရာကို အမတ်ကြီး ဦ်းပေါ်ဦးကလည်း
ဘုရင့်မျက်နှာတော် အကဲခတ်လို့ မှတ်ထားတာပေါ့။ နန်းတော်လည်း ပြန်ရောက်ရော
ဘိုးတော်ဘုရားမင်းက အမတ်ကြီး ဦးပေါ်ဦးကို အဲဒီအကြောင်းမေးတော့တာပဲ။
"ဟဲ့ ငပေါ်ဦး အဲဒီရင်သွေးကို ရိုက်နှက်နေတဲ့ မိန်းမ လူသားချင်း
နှိပ်စက်ညှင်းပန်းတယ်လို့ ငါကိုယ်တော် မြင်တော်မူတယ်.။ မသင့်တော်ပေဘူး။ သူ
့ကို ကြိမ်ဒဏ်ပေးပြီး ဒဏ်ခတ်စေ "
" မှန်လှပါ ဘုရား။ ဒါ မိခင်ဖြစ်သူက မိမိရင်သွေးကို ကောင်းစေလို တဲ့စိတ်နဲ့ ဆုံးမနေခြင်းသာ ဖြစ်ပါတယ် ဘုရား"
" အို ကောင်းစေချင်တယ်ဆိုလည်း ပါးစပ်ကနေ ပြောဆိုဆုံးမပေါ့။ ဘယ့်နှယ့် ရိုက်နှက်ဆုံးမရသလဲ။ မဖြစ်သင့်ပေဘူး မောင်ပေါ်ဦးရဲ့ "
" မှန်လှပါ ဘုရား။ အရှင်မင်းမြတ် ကျွန်တော်မျိုးနဲ့ အလောင်းအစား လုပ်နိုင်ပါတယ် ဘုရား။ တစ်ချို့ ကိစ္စတွေက ရိုက်မှာပဲ အေးပါတယ် ဘုရား"
" မောင်မင်းက ဘယ်လိုအကြောင်းကြောင့် အဲဒီမိန်းမ ဘက်ကနေ
ကာကွယ်ပြောဆိုနေရတာလဲ။ အေး အကြောင်းတော့ ရှိမပေါ့။ ငါကိုယ်တော်မြတ်
မောင်မင်းနဲ့ အလောင်းအစား လုပ်မယ်ကွယ်"
ဒီလိုနဲ့ ဘိုးတော်ဘုရားနဲ့ အမတ်ကြီး ဦးပေါ်ဦးတို့ ဟာ ဘိုးတော်ဘုရားရဲ
့မြေးတော်ကလေး ကို ဘယ်လောက်ထိ အလိုလိုက်နိုင်မလဲ ဆိုပြီး
အလောင်းအစားလုပ်ဖို့ သဘောတူလိုက်ကြတယ်။
တစ်နေ့ တော့ သူ့ မြေးကလေးက ဘိုးတော်ဘုရားနဲ့ အတူ ဥယာဉ်တော်ထဲမှာ ကစားနေတယ်။ ကလေးငယ်က ကစားနေရင်း ပူဆာပါတော့တယ်။
" ရွှေ အိုးပုတ်ကလေးတွေ လိုချင်တယ်။ ရွှေအိုးပုတ်ကလေးတွေ လိုချင်တယ်"
"ဟေ့ဟေ့ မောင်မင်းတို့ ငါ့မြေးတော်လေးအတွက် ရွှေအိုးပုတ် ယူဆောင်ပေးလိုက်စမ်း"
"ငွေ အိုးပုတ်ကလေး ထပ်လို ချင်တယ်။ ငွေ အိုးပုတ်ကလေး လိုချင်သေးတယ်"
" အို............ရရမှာပေါ့......ကဲကဲ ငွေအိုးပုတ်ကလေး ယူပေးလိုက်စမ်းချေ"
ကလေးက ရွှေအိုးပုတ် ငွေအိုးပုတ်ကလေးတွေလည်း ရရော ကြာကြာ မဆော့ရသေးဘူး ထပ်တမျိုး ပူဆာပြန်တယ်။
" ဆင်ကြီး လို ချင်တယ်။ ဆင်ကြီး လိုချင်တယ်"
ဘိုးတော်ဘုရားကလည်း ချက်ချင်းပဲ ဆင်ကြီးယူလာပေးဖို့ ခိုင်းစေလိုက်ပြန်တယ်။
သူ့ မြေးတော်ကလေး ဘာပဲ ပူဆာပူဆာ ချက်ချင်း ဆောင်ကျဉ်ပေးရလို
့ပီတိလည်းဖြစ်နေတာပေါ့။ ဒါပေမယ့် ကလေးငယ်လေးက ဘာကို ဆက်ပြီး
ပူဆာသလဲဆိုတော့...............
" အဲဒီဆင်ကြီးကို ဒီရွှေအိုးပုတ်ကလေးထဲ ထည့်ပေးပါ။ ထည့်ပေးပါ"
" မရလေဘူး မြေးတော်လေးရဲ့ ။ ဆင်ကြီးကို ဘယ်လိုလုပ် ဒီရွှေအိုးပုတ်ကလေးထဲ
ထည့်လို့ ရမလဲ။ လိမ်မာတယ်။ သပ်သပ်ဆီ ကစားချေ" ဆိုပြီး ဘိုးတော်ဘုရားက သူ
့မြေးကလေးကို နှစ်သိမ့်တယ်။ ဒါပေမယ့် မြေးတော်လေးက မရပ်မနား ဒါကိုပဲ
ပူဆာနေတယ်။ မရတော့ ငိုယိုပြီး ပူဆာပြန်တယ်။ ခြေဆောင့်ပြီး ပူဆာပြန်တယ်။
" ရဘူး ရဘူး ဆင်ကြီးကို ဒီအိုးပုတ်ကလေးထဲ ထည့်ပေးရမယ်။ ခု ထည့်ပေး။ ရအောင်ထည့်ပေး "
နောက်ဆုံးမှာ ဘိုးတော်ဘုရားက " ငါလေ တယ် စိတ်မရှည်တော့ဘူး။ ဟဲ့ ငပေါ်ဦး
မောင်မင်းပြောတာ မှန်သကွဲ့ ။ တချို့ ကိစ္စများ ရိုက်မှပဲ အေးမှာပဲ။
ရိုက်စမ်းချေ " လို့ ပြောပြီး ဦးပေါ်ဦးကို အရှုံးပေးလိုက်တယ်တဲ့။
ဆရာချစ်နိုင်က " ဟုတ်ပါတယ်။ တချို့ ကိစ္စတွေက ရိုက်မှပဲ အေးပါတယ် ခင်ဗျာ "
လို့ ပြောပြီး ပညာသားပါပါ နဲ့ သူ့ စကားပြောခန်းကို အဆုံးသတ်သွားပါတယ်။
အစီအစဉ်လေးလည်း ပြီးသွားခဲ့ပါတယ်။ မပြီးနိုင်တာက ကျွန်မပါ။ အတွေးတွေ
တပုံတပင်နဲ့ ဘ၀င်မကျ ဟန်မကျဖြစ်ကျန်ရစ်ပါတယ်။ ဆရာ့ ကို လေးစားတယ်။
ကိုယ့်ထက် အသက်အရွယ်ကြီးသူ အတွေးအခေါ် ရင့်ကျက်သူ စာပေရေးသားနေတဲ့သူ
ဖြစ်တဲ့အတွက် ဆရာ့ အာဘော်ကို ကလန်ကဆန်ကလည်း မလုပ်ချင်။ စိတ်ကလည်း ဘ၀င်မကျနဲ
့။
တကယ်က ကျွန်မနားလည်လိုက်တာက ကျွန်မဥာဏ်မှီသလောက် အတွေးအခေါ်လေးရယ်နဲ့ ပါ။
မြတ်စွာ ဘုရားရှင်က " ငါဘုရား ပြောဟောစကားတောင် အကုန်လုံး အမှန်မမှတ်လေနဲ
့လို့ ကာလာမသုတ်မှာ ဟောကြားထားခဲ့တာလေးကိုပဲ အားကိုးအားထားပြုပြီး ဆရာ့
မှတ်ချက်ကို ကျွန်မဥာဏ် တစ်ထွာတစ်မိုက်နဲ့ ပြန်အကွန့် တက်လိုက်ချင်စိတ်က
အဲဒီကတည်းက မြှုပ်ဝင်နေခဲ့ပါတယ်။
"တချို့ ကိစ္စတွေ ရိုက်မှအေးတယ်"
ကလေးငယ်လေးတွေက သူတို့ လိုချင်တာအတွက် ငိုယိုတောင်းခံယူရတယ်။ တကယ်လို
့သူတို့ လိုချင်တာကို သူတို့ ကိုယ်တိုင်သာ ဖန်တီးရယူနိုင်မယ်ဆို ဒီဇာတ်လမ်း
ဒီစခန်းအထိကို ရောက်လာစရာ အကြောင်းမရှိပါဘူး။ ဒီနေရာမှာ ငို ရတယ်ဆိုတာက
အသက်ပါ။ ကိုယ်လိုချင်တာကို ကောင်းကောင်းမွန်မွန်ပြောဆို ခွင်တောင်းတယ်။
မရရင် ငိုပြီးတော့ တောင်းပါတယ်။ မရရင် စိတ်ဆိုး စိတ်ကောက်ပြီးတောင်းပါတယ်။
နောက်ဆုံး မရတဲ့အခါ ခိုးယူတာတွေ လုယူတာတွေ တိုက်ခိုက်ယူရတာတွေ အထိ
အကျိုးဆက်က ဖြစ်လာတတ်ပါတယ်။ ရိုက်မှပဲ အေးတယ် ဆိုတာ တကယ်တော့ မှန်ကန်တဲ့
ဖြေရှင်းချက်လို့ လုံးဝ မထင်မှတ်မိပါဘူး။ ဒါ သူတို့ မှာ ရိုက်နိုင်တဲ
့အခွင့်အရေး တစ်ရပ်ရှိတယ်။ မိဘ နဲ့ သားသမီး။ အုပ်ချုပ်သူ နဲ
့အုပ်ချုပ်ခံရတဲ့သူ။ ဒီကြားထဲက ကွာဟချက်မှာ " လူသားချင်း အတူတူ" ဆိုတဲ့
အယူအဆ သဘောထားလေးက လုံးဝကို
မှေးမှိန်ကျဉ်းမြောင်းသွားခဲ့ပြီး...........ကောင်းစေချင်လို့ ဟဲ့ ဆိုတဲ့
စကားကို တည်ကာ " တချို့ ကိစ္စတွေက ရိုက်မှအေးတယ် " ဆိုတဲ့ အလေ့အထကြီးက
မှန်ကန်တဲ့ သစ္စတရား ဖြစ်လာတော့တာပါပဲ။
ကျွန်မတို့ တွေ ငိုကြရပါတယ်။ အဲဒီအတွက် ရိုက်မှအေးတယ် ဆိုပြီး အရိုက်လဲ မကြာခဏ ခံကြရပါတယ်။
ဒါပေမယ့် ကျွန်မတို့ ရွှေအိုးပုတ်ကို လိုချင်လို့ လည်း မငိုဖူးပါဘူး။
ငွေအိုးပုတ်ကို လိုချင်လို့ ဆိုပြီးလည်း မငိုရသေးပါဘူး။
ဆင်ကြီးကိုလည်း မတောင်းဆိုဖူးသေးပါဘူး။
ပြီတော့ အဲဒီဆင်ကြီးကိုလည်း ရွှေအိုးပုတ်ထဲ ထည့်ဖို့ မတောင်းဆိုဘူးပါဘူး။
ဒါပေမယ့် ကျွန်မတို့ မကြာခဏ ငိုနေကြရပါတယ်။
ဒါပေမယ့် ကျွန်မတို့ နေ့ စဉ်နေ့ တိုင်းလိုလို ငိုနေကြရပါတယ်။
ကျွန်မတို့ ရဲ့ လူ့ အခွင့်အရေးဆိုတဲ့ ပြဌာန်းခြင်းမခံထားရတဲ့
တစိမ်းတရံစာကြီးအတွက် ငိုနေကြပါပါတယ်။ ထမင်းဖိုး ဟင်းဖိုးလေး
သနားကြပါဆိုပြီး မျက်ရည်ကို အရင်းပြုလို့ ငိုနေကြရပါတယ်။လမ်းဘေးရေမြောင်းထဲ
လမ်းကြိုလမ်းကြားထဲမှာ တွေ့ ရှိရတဲ့ စွန့် ပစ်ခံ မွေးကင်းစ ကလေးငယ်လေးတွေ
အတွက် ငိုကြရပါတယ်။ ထမင်းနပ်မှန်အောင် စားရဖို့ အရေး လောကဓံကို
ကြောကော့ခံရင်း ငိုနေကြရပါတယ်။ အိပ်စက်နားခိုရာ ကျေခင်းစရာနေရာလေး
တစ်ခုအတွက် ငိုနေကြရပါတယ်။ စားစရာ မရှိလို့ ငိုနေကြရပါတယ်။ နေစရာ မရှိလို
့ငိုနေကြရပါတယ်။ ၀တ်စရာ မရှိလို့ ငိုနေကြရပါတယ်။ သင်ယူစရာ ပညာ မလင်းပလို
့ငိုနေကြရပါတယ်။ ကျွန်မတို့ ပိုင်တယ်လို့ ထင်တဲ့အရာတွေအတွက် ကျွန်မတို
့ပိုင်ဆိုင်မှု မရှိခြင်းအတွက် ငိုနေကြရပါတယ်။ ကျွန်မတို့ ရဲ့ လယ်ယာမြေ၊
ကျွန်မတို့ စိုက်ပျိုးထားတဲ့ စပါးပင်လေးတွေအတွက် ငိုနေကြရပါတယ်။ ဒီမြေကြီး
အမိနိုင်ငံတော်ကြီးက ကျွန်မတို့ အားလုံး အတူတူ မပိုင်ကြဘူးလားရှင်။
ကလေးငယ်လေးက သူလိုချင်တာကို ငိုပြီးတောင်းခံရင်ရနိုင်မလားဆိုတဲ့
မျှော်လင့်ချက်နဲ့ ကျွန်မတို့ မကြာခဏ ငိုနေကြရတယ်။ ဒါပေမယ့် ကျွန်မတို
့မျက်ရည်တွေ ချောင်းသာစီးသွားမယ်။ အဖြေက " ရိုက်မှပဲ အေးမယ့် ကိစ္စတွေ "
ဆိုပြီး မကြာခဏလည်း အရိုက်ခံကြရပြန်တယ်။ ရိုက်မှပဲ အေးမယ့်ကိစ္စတွေက
ကျွန်မတို့ ရဲ့ အသက်ရှင်သန်မှုတွေဖြစ်နေတဲ့အခါ .............ကျွန်မ အတွေးတွေ
အကွန့် တက်မိပြန်တယ်။
အမွန်မွန်း
၂၃ ၁၀ ၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment