အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ထိုးပြီးသွားပြီ။ ကျွန်တော့်အိမ်မှ သားသမီးတွေ မအိပ်နိုင်ကြသေး။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
အမေရိကားခရီးစဉ်မှ ပြန်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အလားတူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသည့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မိန့်ခွန်းပြောကြားပြီး အောက်တိုဘာ ၁ ရက်နေ့ နံနက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ရုပ်ရှင်အနုပညာနယ်ပယ်မှ ထင်ပေါ်ကျော်ကြားသည့် မင်းသား၊ မင်းသမီးတွေ အပါအ၀င် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုကြသည်ကို ဂျာနယ်တွေမှာ တခမ်းတနား မြင်ရတုန်းကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးပါပေပဲဟု လှိုက်သည်းသော မုဒိတာပီတိ ဖြစ်မိခဲ့ရပါသေးသည်။
သို့သော် ထိုသို့ လာကြိုသည့် ပြည်သူတွေထဲတွင် စက်မှုဇုန်စက်ရုံမှ သမ္မတကြီးကိုပင် မသိသော မသိနိုးနား အလုပ်သမလေးတွေကို ဘုမသိဘမသိ ဆွဲခေါ်လာတာတွေလည်း ပါသည်ဟု လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဖတ်လိုက်ရသည့် အခါတွင်တော့ ရသာခြောက်ပါးနှင့်ပြည့်စုံစ
အောက်တိုဘာလ ၄ ရက်နေ့ထုတ် အတွဲ-၁၁၊ အမှတ်(၃၀) 7Day News ဂျာနယ်ထဲတွင်ပါသည့် “ကုန်သည်/
တကယ်တော့ ထိုသို့သော လိမ်ဆင်မျိုးကို ဖန်ဆင်းရန် အကြောင်းမရှိ။ သို့သော်... “ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အခါ ကြိုတဲ့သူတွေများမှာ။ ဒို့သမ္မတကြီး အပြန်မှာ လူများများနှင့် သိုက်သိုက်ဝန်းဝန်း သောင်းသောင်းဖြဖြရှိမှ ကောင်းမယ်။ ငါလည်း မျက်နှာကောင်းရမယ်”ဆိုသည့် အပြိုင်အဆိုင် အနားပျာအတွေး လက်တစ်ဆစ်မျှသာရှိသော ခရိုနီတစ်ဦးဦး၏ ဦးမှန်းမသိ ပဲ့မှန်းမသိ အရိပ်သုံးပါးနားမလည်သော စေတနာရေစီးကမ်းပြို ငဖားကိစ္စဖြစ်ဖို့က သေချာသည်။
“ခရိုနီ”ဆိုသည့် စကားလုံးကို ပုဂ္ဂိုလ်တစ်ဦးကတော့ “မိတ်ဆွေအပေါင်းအသင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကျွန်တော်ကတော့ ထိုသို့မဖွင့်ချင် “လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ”ဟုသာ ဖွင့်ချင်သည်။ ထိုသို့သော သခင်အားရ ကျွန်ဝမ်းဝဆိုသည့် ကိုယ်ကျိုးရှာ အနားပျာတွေ ဆိုသည်က ပွင့်လင်းမြင်သာမှု မရှိသော အာဏာရှင်တို့၏ လက်ထက်မျိုး၌သာ မျိုးပွားရှင်သန်နိုင်သည်ဟု
ထိုသို့သော မျက်နှာလိုအားရ ခရိုနီတစ်ဦးတလေကြောင့် သမ္မတကြီးကို ကြိုဆိုသည့်ကိစ္စတွင် သန့်သန့်လေးဖြစ်သင့်ပါလျက် နတ်သုဒ္ဓါထဲ မစင်အမှုန်အမွှား ကျလိုက်သလို စိတ်မကောင်းစရာဖြစ်ရသည်။
တကယ်တော့ သမ္မတကြီးဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အနှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မိန့်ခွန်းပြောခွင့
မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အမြဲတစေ စောင့်ကြည့်ကူညီနေခဲ့သော အမေရိကန်အစိုးရက တမင်ဖန်တီးလေရော့သလားမသိ။ သမ္မတကြီးဦးသိန်းစိန်နှင့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုတွင် ဆုံကြသည်။ ဆုံကြပုံကလည်း လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီ၏ဥက
ခြင်းရိုင်ခတ်သည် ဆိုသည်က ၀ိုင်းဖွဲ့၍ ကစားရသောနည်းဖြစ်၏။ လေထဲတွင် ၀ဲနေသည့် ခြင်းလုံးကို မြေမကျရလေအောင် သူ့တွင်လည်း တာဝန်ရှိသည်။ ကိုယ့်တွင်လည်း တာဝန်ရှိသည်။ အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမညီရသည်။ သို့မှလည်း ၀ိုင်းကလှသည်။
အမေရိကားခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
သို့တိုင် သမ္မတကြီးတို့ အဖွဲ့ငါးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကားခရီးစဉ်အတွင်း နေရာအသီးသီး၌ သီးခြားစီ ပြောခဲ့ကြသည့် စကားတို့က တူညီသောပန်းတိုင်ဆီသို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စွာ စည်းချက်ညီ ပြိုင်တူလှမ်းနေကြောင်း ထင်သာမြင်သာရှိလှသည်။ တူညီသောစေတနာ၌ ကိုယ်စီအခြေခံထားသဖြင့်လည်း
တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်
“တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
အခြားတစ်နေရာတွင် သမ္မတကြီးဦးသိန်းစိန်က မြန်မာမီဒီယာသမားနှင့် တွေ့ဆုံရာ၌ “ယနေ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်သ
သမ္မတကြီးဦးသိန်းစိန်နှင့် ဘီဘီစီ HARDTALK အစီအစဉ်၌ မေးမြန်းသည့်သူက “ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ သူတို့ဟာ ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို ပြောင်းလဲဖို့ လိုနေပါသေးတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောသည့်အခါ သမ္မတကြီးက “မှန်ပါတယ်။ ကျွန်တော်တို့ဟာ သက်တမ်းအားဖြင့်လည်း တစ်နှစ်ခွဲပဲရှိပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်
လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု ရင်ထဲအတိုင်း ရှင်းရှင်းဘွင်းဘွင်းပြောပံ
အလားတူပင် “ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင်
“အားလုံးဟာ ပြည်သူတွေအပေါ် မူတည်ပါတယ်။ ပြည်သူတွေက လက်ခံရင် ကျွန်တော်လည်း လက်ခံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး”ဟူ၏။
ထိုမျှမက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုမျာ
ထို့ကြောင့်လည်း ဒီမိုကရေစီအပြောင်းအလဲကို နှစ်ပေါင်းများစွာ ရင်တမမဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြ
သို့သော် တစ်ခုရှိသည်မှာ နိုင်ငံတော်သမ္မတကြီးဟု ဆိုလင့်ကစား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူဦးရေနှင့် သမ္မတကြီးကို ကြိုဆိုသူဦးရေချင်းတော့ တူချင်မှတူပေလိမ့်မည်။
အကယ်စင်စစ် လူတိုင်းသည် မိမိစိုက်သော သီးနှံကိုသာ မိမိရိတ်သိမ်းကြရသည်ချည်းဖြ
ထိုစကားမှန်လျှင်..ဒေါ်အောင်
ပြည်သူနှင့်အတူ သမ္မတကြီးစိုက်ခဲ့သည့် အပင်က ဒေါ်အောင်ဆန်းစုကြည်နည်းတူ မျိုးကောင်းမျိုးသန့်မှန်ပေ
မည်သို့ဆိုစေ သမ္မတကြီး၏ ဖြူစင်သော စေတနာ၊ မေတ္တာတို့ကို ကျွန်ုပ်တို့ပြည်သူများက အကြွင်းမဲ့ယုံသည်။ ယုံကြည်မှုနှင့်အတူလည်း မျှော်လင့်အားထားသည်။
ယုံကြည်အားထားကြသည့် အတိုင်းလည်း သမ္မတကြီးအပေါ် တစ်စထက်တစ်စ ထောက်ခံသူတွေ တိုးများလာကြမည်မှာ မလွဲဧကန်ဖြစ်မည်ဟုလည်း ယုံကြည်နေမိသည်။
ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏ နောက်ခရီးစဉ်တစ်ခုခုမှ အပြန်ခရီးလေဆိပ်သို့ စိတ်ရင်းစေတနာ ရင်ခုန်သံအပြည့်နှင့် ပြည်သူများက လှိုက်လှဲပျူငှာ ကြိုဆိုကြမည်ဖြစ်ရာ “ခေတ်ဟောင်းမှ ချိုလိမ်အဟောင်းကြီးကို စို့လျက်သားနှင့် မလာခဲ့ပါနဲ့တော့ ကိုခရိုနီရယ်...”ဟုသာ ပြောလိုက်ရင်းဖြင့်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment