I S P ( International Service Provider) များမှ Traffic Patten များကို ထိန်းညှိခြင်းဖြင့် အင်တာနက်မြန်နှုန်း
ပိုမိုမြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက်မြန်နှုန်း ပိုမို မြန်ဆန်လာစေရန်အတွက် ပြည်တွင်းရှိ I S P များမှ Traffic Patten များ များကို ထိန်းညှိခြင်းဖြင့် အင်တာနက်မြန်နှုန်းပိုမိုမြှင့်တင်နိုင်ကြောင်းသိရသည်။ ပြည်တွင်းရှိ National Gateway တွင် တာဝန်ထမ်းဆောင်သူများအနေဖြင့် လူအသုံးများသော International Link များတွင်လိုင်းပြည့်ကြပ်နေခြင်းများအား အချိန်နှင့် တပြေးညီ ဖြေးရှင်းသွားနိုင်ရန်လိုအပ်ပြီး ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ခြင်းမရှိပါက Traffic ညီမျှခြင်းမရှိဘဲ အင်တာနက်မြန်နှုန်းကျဆင်းနိုင်ကြောင်း သိရသည်။ ထိုပြင် Gateway Management ၊ I S P Administrator များ၏ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်မှုများအပြင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်များပါ လိုအပ်ကြောင်း သိရသည်။
မှတ်ချက်။ ။ (တတ်ကျွမ်းနားလည်မှုများအပြင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်များ)ဆိုသည်မှာ...အကျယ်အကျယ်တွေးမြင်ကြည့်ရှုစေလိုပါသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment