အင်တာနက်ပေါ်ခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော်ကြာမြင့်ခဲ့ပြီ၊ လူတွေကို
ပြောင်းလဲရွေ့လျားမှု ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေမှုတွေ ဖြစ်စေတဲ့
အင်တာနက်သုံးစွဲတဲ့ ယဉ်ကျေးမှုထွန်းကား လာတာနဲ့အမျှ နည်းပညာ
သုံးစွဲမှုသက်သက်မဟုတ်တော့ပဲ အွန်လိုင်းမီဒီယာကဏ္ဍကလည်း
လိုက်ပါဖွံ့ဖြိုးလာပါတယ်။
ဘကြီးသက်
“ခင်ဗျားတို့က ကြေးစားပရိုဂျာနယ်လစ်ဇင်ရဲ့ အသက်သွေးကြောကို စုပ်မြိုနေတယ်ဆိုတဲ့ စောဒကကို မချေ ဖျက်နိုင်ဘူးဆိုတာ အထင်အရှားပဲ မဟုတ်လား”လို့ (၃)လတစ်ကြိမ်ထုတ် National Perspectives Quarterly (အမျိုးသားရှု့ထောင့်) မဂ္ဂဇင်းတာဝန်ခံမေးတဲ့ မေးခွန်းကို အမေရိကန်ပြည်ထောင်စုက ထိပ်တန်း နိုင်ငံရေး ဘလော့ဂ် The Huffington Post အယ်ဒီတာချုပ် ဖြေသွားတဲ့ အဖြေက ခေတ်ကိုပြနေတယ်၊
အာရီယန်နာဟက်ဖင်တန် ဖြေသွားတာက “ဒါက မြင်းထက်မြန်တဲ့ကားကို အပြစ်တင်နေတာနဲ့တူနေပါတယ်၊ သမိုင်းတစ်လျောက်လုံးမှာ
နည်းပညာအသစ်တွေက လမ်းဟောင်းတွေကို ဖယ်ရှားခဲ့တာချည်းပဲ။ ရှင်တို့အနေနဲ့
ထူထောင် ဖန်တီးပြီးသား အင်တာနက်နဲ့ ချိတ်ဆက်စီးပွားရေးစနစ်ကို
လွင့်စင်ပျက်သုန်းသွားဖို့ ဆန္ဒမပြုနိုင် ကောင်းပါဘူး”လို့ ဖြေသွားတာပါ၊
ဟာဖင်တန်ပို့စ်ဆိုတာ
သူတို့ရဲ့ ဖွဲ့စည်းမှု၊ သတင်းစုစည်းမှု၊ ခေတ်ကို အမှီလိုက်နိုင်တဲ့
တင်ဆက်ပုံတွေနဲ့ ပင်မ သတင်းစာတွေ ဂျာနယ်တွေလောက် မလေးပဲ သတင်းဖြစ်တာနဲ့
အွန်လိုင်းဖတ်ရှု့နေကြတဲ့ ပရိတ်သက်တွေဆီ အချိန်နဲ့တပြေးညီ သတင်းတွေရောက်ရှိ
အောင်ပို့ပေးနေလို့ အမေရိကားမှာ နာမည်ကျော်လူကြိုက်များတဲ့ ဘလော့ဂ်တစ်ခုပါ။
၁၉၉၉ခုနှစ်က စတင်ခဲ့တဲ့ ဟာဖင်တန်ပို့စ်ဘလော့ဂ်ဟာ အင်တာနက်အွန်လိုင်း မီဒီယာဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ဘလော့ဂ်တွေ
ရှာပုံတော်အင်ဂျင်စက်ကြီးတွေ နဲ့ သတင်းစုစောင်းတင်ပြပုံ နည်းစနစ်တွေနဲ့
အွန်လိုင်း ဖွံ့ဖြိုးလာတာနဲ့အညီ ပုံနှိပ်မီဒီယာတွေရဲ့ ရှင်သန်ရပ်တည်မှုအတွက်
စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်လာခဲ့ပါတယ်၊
အခုဆို သတင်းစားသုံးမှုပုံစံသစ်မှာ အွန်လိုင်းမီဒီယာကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစား လာကြပါပြီ၊
ရန်ကုန်၊
ယုဇနဂါးဒင်းဟိုတယ်မှာ သြဂုတ်လ(၁၁)ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းညီလာခံမှာလည်း ပုံနှိပ်မီဒီယာ၊
သတင်းအေဂျင်စီ၊ ရုပ်သံမီဒီယာနဲ့ အတူ အွန်လိုင်း မီဒီယာသမားတွေအတွက်
အွန်လိုင်းမီဒီယာကိုပါ ထည့်သွင်းဖွဲ့စည်းလာတယ်၊ ညီလာခံတတ်ရောက်ကြတဲ့
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်များရဲ့ ဆန္ဒမဲနဲ့
အွန်လိုင်းမီဒီယာကို အဖွဲ့ဝင်(၃)ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ၊
အဲ့ဒီဖွဲ့စည်းမှုမှာ သတင်းဝက်ဆိုဒ် WEB Site မီဒီယာတွေဖြစ်တဲ့ မဇ္ဇျိမ၊ မြစ်မခနဲ့အတူ ဘလော့ဂ်ဂါ နေဘုန်းလတ် ပါဝင်တယ်၊ မြန်မာပြည်မှာ အွန်လိုင်းမီဒီယာဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ပထမဆုံးစလှမ်းလိုက်တဲ့
ခြေတစ်လှမ်းပါပဲ၊ အဲ့ဒီကနေတဆင့် အွန်လိုင်းမီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊
အွန်လိုင်းသမားတွေအတွက် တာဝန်တွေ ၀တ္တရားတွေ၊ အကာအကွယ်ပေးမှုတွေနဲ့အတူ
ခံစားခွင့်တွေကိုပါ မြင်တွေ့ရဖို့ရှိနေပါတယ်။
အွန်လိုင်းမီဒီယာသာမက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ သဘာဝအားဖြင့် အလွန်ကျယ်ပြန့် ပါတယ်၊ ဆက်သွယ်မှု့ပုံစံအားလုံး လိုချင်တောင့်တနေတဲ့
စနစ်တစ်ခုလည်းဖြစ်တယ်၊ ဒါပေမယ့် ဖြစ်ရပ်အနည်းအကျဉ်းမှာတော့
လွတ်လပ်စွာထုတ်ဖော်ပြောဆို တဲ့တန်ဖိုးထက် ပိုကြီးမားတဲ့ ထိခိုက်
နစ်နာဆုံးရှုံးမှုတွေဖြစ်စေနိုင် တဲ့အတွက် ဥပဒေက နိုင်ငံတော်တော်များများမှာ
လူထုနဲ့ပုဂ္ဂုလိက အကျိုးစီးပွားအတွက် ကန့်သတ်ချက်တွေနဲ့  ဥပဒေပြဋ္ဌာန်းခွင့် ပေးတာဖြစ်ပါတယ်၊
အဲ့ဒါတွေကတော့
အခြားသူတွေရဲ့ အခွင့်အရေးနဲ့ဂုဏ်သိက္ခာကိုလေးစားဖို့နဲ့
အမျိုးသားလုံခြုံရေး(သို့) လူထုတည်ငြိမ်မှု(သို့) လူထုကျန်းမာရေး(သို့)
စာရိတ္တတွေကိုတော့ ကာကွယ်ပြန်ဋ္ဌာန်းဖို့ဖြစ်ပါတယ်၊
ဥပဒေမှာ
ထည့်သွင်းပြဋ္ဌားန်းထားတဲ့ ကန့်သတ်ချက်တွေကသာ တရားဝင်ဖြစ်တာပါ၊
ဒါကြောင့်မို့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခြင်းကဲ့သို့သော
အခြေခံအခွင့်အရေးတစ်ရပ်ကို ကန့်သတ်နိုင်တဲ့ အာဏာမျိုးက ရှိသင့်တယ်လို့လည်း
ထင်ပါတယ်၊
နည်းပညာက ပိတ်ဆို့ထားတဲ့ အစိုးရအသိုင်းအ၀ိုင်းက သတင်းအချက်အလတ်တွေကိုတော့ အွန်လိုင်းက ပွင့်ထွက်လာအောင်တော့ စွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး၊ သူလုပ်နိုင်တာက ပွင့်ပြီးသား သတင်းတွေကိုပဲ လူပိုသိအောင်ပါ၊
အခုအချိန်အထိတော့
အစိုးရတိုင်းက ဘယ်လိုသတင်းတွေကို ပိတ်ဆို့အမှောင်ချထားမယ်ဆိုတာ သူ့အတိုင်း
အတာနဲ့သူ ဆုံးဖြတ်ပြီးသားပါ။ အိုဘာမားတောင် ထုတ်မပေးချင်တဲ့
သတင်းတွေရှိလို့ ပွင့်လင်းမြင်သာရေး တောင်းဆိုနေကြတဲ့ အဖွဲ့အစည်းတွေရဲ့
ဝေဖန်မှုကို ခံနေရတာတွေရှိတယ်ဆိုတော့လေ၊
မြန်မာနိုင်ငံမှာလည်း
စာနယ်ဇင်းဥပဒေတစ်ရပ် ထွက်ပေါ်လာဖို့ ကြိုးစားနေတဲ့အချိန်မှာ အခုလို
အွန်လိုင်း မီဒီယာသမားတွေ အကျိုးကို ထည့်သွင်းစဉ်းစားလာတာကတော့
ဝမ်းသာစရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီလိုကာလမှာ
ပြည်တွင်းက အွန်လိုင်းမီဒီယာ သမားတွေ ရေရှည်ရပ်တည်နိုင်ဖို့
ဘယ်လိုအသက်ဆက်ကြ မလဲလို့ စဉ်းစားမိတော့ ချိတ်ဆက်စီးပွားရေးစနစ်(Linked Economy)ဆိုတာ သွားတွေ့ပါတယ်၊ အရည်အသွေး မြင့် သတင်းတွေအတွက် ကြိုတင်ငွေပေး စနစ်(Subscription)မဟုတ်ပဲနဲ့၊ မီဒီယာတွေကြားမှာ လက်လီသတင်း ရောင်းချပေးတဲ့ လက်လီပေးချေမှုစနစ်(Micropayment) ဒါမှမဟုတ်ရင် ကြော်ငြာတွေကနေ တဆင့်ချိတ်ဆက် လင့်တိုင်းကို ပိုက်ဆံတောင်းနိုင်မယ့် ထူးခြားတဲ့နည်းလမ်းတွေနဲ့ ရှာဖွေကြဖို့ပါပဲ။
မီဒီယာပေါင်းစုံကြား (သတင်းစာ၊ ဂျာနယ် ၊မဂ္ဂဇင်း၊ ရုပ်/သံ၊ ရေဒီယိုနဲ့ အွန်လိုင်းမီဒီယာအချင်းချင်း သတင်းတွေ ရောင်းချပေးဖိုနဲ့ web site တွေ ဘလောဂ်(Blog)တွေမှာ ကြော်ငြာကောက်တဲ့စနစ်နဲ့
နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေတဲ့ သတင်းတွေကို အချိန်နဲ့အမျှ သိရှိလိုသူ
လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို သတင်းရောင်းချပေးလို့ ရနိုင်ပါတယ် ။
အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အခုသတိထားသင့်တာက ကျွန်တော်တို့နိုင်ငံမှာ တွင်တွင် သုံးနေတဲ့ ဖေ့ဘွတ်Facebookပါ
ကမ္ဘာကြီးတစ်ခုလုံးနဲ့ဆက်သွယ်ထိတွေ့နေတဲ့ အကြောင်းအရာတစ်ခုခုကို ဖေ့ဘွတ်မှာ
တင်မယ်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာ အကန့်အသတ်ဘောင်တွေ သိရှိရမှာအမှန်ပါပဲ။
အွန်လိုင်းသမား တွေအနေနဲ့တော့ ဖြစ်လာနိုင်တဲ့ အန္တရယ်တွေနဲ့ ပတ်သတ်လို့
ကြိုတွေးထားနိုင်ဖို့တော့ အခုအချိန်မှာ လိုအပ်နေဦးမှာပါ။
အွန်လိုင်းမီဒီယာနဲ့ဘလော့တွေမှာ နောင်ဆိုရင် လူပုဂ္ဂိုလ်ရေးဆိုင်ရာ
တိုက်ခိုက်မှုဆိုင်ရာ ရေးသားချက်တွေနဲ့ပတ်သက်လို့ စွပ်စွဲပြောဆိုမှုတွေက
မှားယွင်းမှုတွေအတွက် ဥပဒေကြောင်းအရ တရားစွဲဆို ခံရလာနိုင်ပါတယ်၊
ခေတ်က
ပြောင်းလဲနေပါတယ်၊ နောင်လာမဲ့ကာလတွေမှာ သတင်းအချက်အလက်တွေကို
တံတိုင်းခတ်ပြီး အဖိုးအခယူလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး လက်သစ်မီဒီယာက
လက်ဟောင်းမီဒီယာတွေရဲ့ ဈေးကွက်ဝေစုကို နည်းနည်းစီ ဖဲ့ယူနေရာကနေတဆင့်
အပြီးတိုင်ချေမှုန်း ဖို့ အချိန်နည်းနည်းပဲကျန်ပါတော့တယ်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment