Latest Games :
Home » » မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျလေးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုရင်

မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျလေးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုရင်

Wednesday, December 28, 2011 | 0 မှတ်ချက်ကလေးရေးပေးနော်.

မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျလေးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုရင်

* မာခဲတဲ့အထိ မသုံးပါနဲ့ ။
ဘရပ်ခ်ျက အမွေးတွေ တောင့်တင်း မာခဲပြီး ဂျပ်ခဲကြီး ဖြစ်လာပြီဆိုရင် မသုံးသင့်တော့ပါ။ ကြမ်းတမ်း မာခဲနေတဲ့ ဘရပ်ခ်ျနဲ့  ပါးပြင်ကို ပွတ်လိုက်တဲ့အခါ မျက်နှာမှာ အစင်းရာ အခြစ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဘရပ်ခ်ျက အမွှေးတွေကို အရမ်းကြီး ပျော့တွဲတဲ့ အထိလည်း မထားသင့်ပါဘူး။ ဆွဲရတာ ပွတ်ရတာ ခက်ခဲတတ် ပါတယ်။ အနေတော်လေးကိုပဲသုံးပါ။

*အရောင်အနုအရင့်သုံးတဲ့ ဘရပ်ခ်ျ ခွဲထားပါ
မိတ်ကပ် အရောင်အရင့်ကို လိမ်းခြယ်ရာတွင် သုံးရန်၊ အနုလိမ်းချယ်ရာတွင် သုံးရန် ဟူ၍ ဘရပ်ခ်ျတွေကို တစ်ချောင်းစီ ခွဲခြားပေးထားပါ။ တစ်ချောင်းတည်းကို အသုံးမပြုပါနှင့်။

*ဖြစ်နိုင်ရင် ဒီလိုလုပ်ပါ။
နေ့ စဉ် မိတ်ကပ် လိမ်းပြီးတိုင်း ဘရပ်ခ်ျကို ဆပ်ပြာရည် စိမ်ပြီး ဆေးကြောပါ။ ပြီးရင် အခြောက်လှန်းထားလိုက်ပါ။ သို့ သော် ဆပ်ပြာရည်နှင့် ဓာတ်တည့်မတည့် သတိထားပါ ။ အဲလို လုပ်ရမှာ အလုပ်ရှုပ်တယ်ဆိုရင် အနည်းဆုံး ၃လ ၁ခါတော့ ဆေးကြော သန့် စင်ပါ။ အကယ်၍ သင်၏ ဘရပ်ခ်ျကို အခြားသူ သုံးစွဲလိုက်ပါက ချက်ချင်း ဆေးကြောပြီး နေပူထဲ လှန်းထားလိုက်ပါ။ သို့ မဟုတ်ပါက ဗက်တီးရီးယားပိုး ကူးစက်ပြီး ၀က်ခြံတွေထွက်လာနိုင် ပါတယ်။ အလှကုန် ဘရပ်ချပ်များ၊ စုတ်တံများ၊ တို့ ပတ်များ၊ ရေမြုပ်များအား ဖြစ်နိုင်လျှင် တပတ် တစ်ကြိမ် ဆေးကြော သန့် စင်ပါ။ သေချာစွာ ဆေးကြောပြီး ခြောက်အောင် ထားပါ။

ဆေးကြော၍ ခြောက်သွေ့ သွားပါက မိတ်ကပ် ဘရပ်ခ်ျ များကို နဂိုမူလ ပုံစံပြန်ရစေရန် လက်ကလေးများဖြင့် ပြန်၍ ပုံဖော်ပေးပါ။ အကယ်၍ အသုံးပြုတာ ကြာသွားတဲ့ ဘရပ်ခ်ျလေးများဟာ ကျိုးကြေပြီး ပြတ်ထွက်လာပြီ ဆိုရင်တော့ နောက်ထပ် အသစ်တစ်ခု ထပ်ဝယ်ပါ။ အဟောင်းကို စွန့် ပစ်လိုက်ပါ။ ပြန်မသုံးပါနဲ့ ။ ဘရပ်ခ်ျ တစ်ချောင်းဟာ အလှကုန်တစ်မျိုးအတွက် သုံးရန်သာ ဖြစ်ပါတယ်။ ဥပမာ ပါးနီဆိုးတဲ့ ဘရပ်ခ်ျကို ပါးပြင်ပေါ် မှာသာ သုံးပါ။ Eye Shadow ဘရပ်ခ်ျဟာ မျက်ခွံလေးတွေပေါ်မှာသာ သုံးရန် ဖြစ်ပါတယ်။ ဘရပ်ခ်ျ အရွယ် အစားမျိုးစုံ ပါတဲ့ Set အလိုက် ဘရပ်ခ်ျတွေကို သီးသန့်  ခွဲခြား သတ်မှတ်ပြီး သုံးပေးပါ။ အိတ်ကလေးတစ်ခု ၀ယ်ကာ ဘရပ်ခ်ျများကို ထည့်သိမ်းပါ။ ဖြစ်နိုင်ရင် မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျများ ထည့်ရန် Brush Jar ခွက်ကလေး တစ်ခု ထားပါ။ ပန်းချီစုတ်တံများ ထည့်တဲ့ ခွက်လို ဖြစ်ရင် ကောင်းပါတယ်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger