Latest Games :
Home » » အလှအပရဲ့ လျှို့ ဝှက်ချက်များ

အလှအပရဲ့ လျှို့ ဝှက်ချက်များ

Wednesday, December 28, 2011 | 0 မှတ်ချက်ကလေးရေးပေးနော်.

(၁) ပက်လက်လှန်ပြီး အိပ်ခြင်းဟာ အရေးအကြောင်းနဲ့  ပါးရေတွန့် ခြင်းတွေကို လျှော့ချ နိုင်ကြောင်း လက်ရှိ သုတေသနများမှာ တွေ့ ရှိခဲ့ရပါတယ်။

(၂) သင်ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံ ပေါက်နေရင် အရေးအကြောင်းနဲ့  အမည်းစက်တွေ ဖုံးကွယ်ချင်တဲ့အခါမှာ သုံးတဲ့ ကွန်စီလာ (Concealer)ကို မျက်စိထောင့်စွန်းကနေ အပြင် ဘက်ကို ဆွဲယူပြီး လိမ်းပေးပါ။ အဲဒါဟာ သင့်ကို ညက အိပ်ရေးဝအောင် အိပ်ခဲ့ရတဲ့ အသွင်သဏ္ဍန် ဖြစ်ပေါ်စေပါတယ်။

(၃) အောက်ခံ မိတ်ကပ်ကို ဒီအတိုင်း လိမ်းမယ့်အစား မလိမ်းခင် လက်ဖ၀ါးထဲမှာ အစို ဓာတ်ခံလိမ်းဆေး Moisturizer နဲ့  ရောသမပြီးမှ လိမ်းမယ်ဆိုရင် နွေရာသီမှာ ပိုပြီး ပြည့်စုံ တဲ့ အလှအပကို ရရှိစေမှာပါ။

(၄) မိတ်ကပ် မလိမ်းမီ Moisturizer လိမ်းမယ်ဆိုရင် အသားထဲကို စိမ့်ဝင်နိုင်အောင် အချိန်ပေးပြီး ခဏနေမှ မိတ်ကပ် လိမ်းခြယ်ရတာ ပိုမို လွယ်ကူစေမှာပါ။

(၅) သင့်နှုတ်ခမ်းကို ပိုပြီး ထူသယောင် ဖြစ်လိုရင် အရောင်ရင့်ပြီး တောက်ပတဲ့ နှုတ်ခမ်း နီများကို ရွေးချယ်ပါ။ ပိုပြီး ပါးသယောင် ထင်ချင်တယ်ဆိုရင် သဘာဝဆန်တဲ့ မတောက်ပ တဲ့ နှုတ်ခမ်းနီ အရောင်များကို ရွေးချယ်ပါ။

(၆) နှုတ်ခမ်းနီ ဆိုးပြီးရင် အောက်နှုတ်ခမ်းရဲ့ အလယ်မှာ စိုလက်တဲ့ Lip gloss လေးတင် ပါ။

(၇) သင့်ဆံပင်ကို လေမှုတ် အခြောက်မခံခင်မှာ မိတ်ကပ်ကို ကြိုပြီး ဘယ်တော့မှ မလိမ်း ခြယ်ပါနဲ့ ။ ဆံပင်ကို လေမှုတ် တဲ့အခါမှာ အပူဓာတ်ကြောင့် မိတ်ကပ်တွေ မညီမညာ ဖြစ် ပြီး ကြာရှည် မခံပဲ ခဏလေးနဲ့  အလှပျက်သွားနိုင်တာ ကြောင့်ပါပဲ။

(၈) သင့်ရဲ့ ပြုံးအလှကို ရေရှည် ထိန်းထားနိုင်ဖို့  သွားတိုက်တံကို ၃လ ၁ခါ လဲလှယ်ပါ။

(၉) သွားကြားထဲက အညစ်အကြေးတွေ ကုန်စင်အောင် သွားသန့် စင်ကြိုး သုံးတဲ့ အလေ့ အထ လုပ်ပါ။

(၁၀) ပါးနီကို ပါးရဲ့ ဘယ်နေရာကို တင်ရမလဲဆိုတာ မဆုံးဖြတ်တတ်ရင် သင့်ပါးနှစ်ဖက် မို့ တက်သွားအောင် ပြုံးရယ် တဲ့အခါ ဖြစ်ပေါ်လာမယ့် မို့ တက်လာတဲ့ နေရာကို လိမ်းခြယ်ကြည့်ပါ။ အဲဒီင်္လို အစမ်းလိမ်းခြယ်ကြည့်တဲ့အခါ သဘာ ၀ဆန်ပြီး အဆင်ပြေတဲ့ ပါးနီမို့ မို့ လေးကို ရတယ်ဆိုရင် အဲဒီ ဧရိယာကို မှတ်သားထားပြီး လိမ်းခြယ်ပါ။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger