Latest Games :
Home » » ကိုယ်ပိုင် ဖက်ရှင်ပဲ လန်းတယ်

ကိုယ်ပိုင် ဖက်ရှင်ပဲ လန်းတယ်

Wednesday, December 28, 2011 | 0 မှတ်ချက်ကလေးရေးပေးနော်.

ဖက်ရှင်က လန်းတယ်။ စတိုင်လ်ကလည်း မိတယ်။ ဖက်ရှင်ဆိုတာ လူတစ်ယောက်ရဲ့ Image ကို တိုးတက် ပြောင်းလဲပေး နိုင်ပါတယ်။ တနည်းပြောရရင် ဖက်ရှင် ကျကျ ၀တ်စား တတ်ရုံနဲ့  လူတွေကို မြင်မြင်ချင်း “အထင်ကြီးမှု၊ အားကျမှု၊ လည်ပြန်ငေးမောမှု” တွေကို မတောင်းပဲနဲ့  ရနိုင်ပါတယ်။ ဒီတော့ ဖက်ရှင် ကျအောင် ဘယ်လိုလုပ်ရမလဲ။ အကောင်းဆုံး ဖက်ရှင်ကတော့ ကိုယ်ပိုင်ဖက်ရှင်ပါပဲ။ သူများဆင်လို့  ကိုယ်ပါ လိုက်ပြီး တင့်တယ်မယ် ထင်ပါသလား။ Made in Myanmar Body ကို Made in Korea ဖက်ရှင်၊ အ၀တ်အစား တွေနဲ့  ဖက်ရှင်ထုတ်မဲ့  အစား ကိုယ်ပိုင် ဖက်ရှင်ကို ဖန်တီး ကြပါစို့ ။

ပညာရှိစကား မှတ်သားနာယူ
သာမာန် အရပ်သား ကောင်လေး ကောင်မလေးတွေက အစ နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ အဆုံး ဖက်ရှင်နဲ့  ပတ်သက်လာရင် ကိုယ့်အမေတွေ၊ ညီအကို၊ မောင်နှမတွေ၊ ချစ်သူ ရည်းစားတွေ လမ်းညွှန်တာကို လိုက်နာပြီး ၀တ်စား တတ်ကြပါ တယ်။ ဒီတော့ ဘ၀မှာ ကိုယ်ပိုင် ဖက်ရှင် တစ်ခါမှ မတီထွင်ခဲ့ ဖူးဘူး။ မဆင်ယင်ခဲ့ဖူးဘူး ဆိုရင်တောင် အခုအချိန်က ကိုယ်ပိုင်ဖက်ရှင် စတင်ဖို့  အကောင်းဆုံးအချိန်ပါပဲ။

တတ်ကျွမ်းတဲ့  ဖက်ရှင်ဒီဇိုင်နာ ပညာရှင်ဆီမှာ အကြံဥာဏ်ယူသင့်ပါတယ်။ ဖက်ရှင် ဒီဇိုင်နာ ဆီသွားဖို့  ငွေကြေးမတတ်နိုင် ဘူးဆိုရင် ဖက်ရှင်နဲ့  ပတ်သက်တဲ့ ဆောင်းပါးတွေ၊ နည်းလမ်းတွေ၊ မဂ္ဂဇင်းတွေကို အားကိုးပါ။ ဒါမှ ဖက်ရှင်နဲ့  ပတ်သက် ရင် အနည်းဆုံး သိထားရမဲ့  အခြေခံ စည်းမျဉ်းတွေကို သိလာပါလိမ့်မယ်။

ဥပမာ ခြေအိတ် အရောင်ကို ခပ်ပျော့ပျော့ထားပြီး ဖိနပ်အရောင်ကို နက်နက်ဆင်ရမယ် ဆိုတဲ့ စည်းမျဉ်းတွေ၊ ဖိနပ် အရောင်ဟာ ခါးပတ်အရောင်နဲ့  တူရမယ်ဆိုတဲ့  အချက်တွေ။ နောက်တစ်ချက်က ဘယ်အ၀တ်အစားဖြစ်ဖြစ် ဘယ်တော့မှ ကျပ်သိပ်အောင် မ၀တ်ပါနဲ့ ။ နောက်ပြီး အင်္ကျီထဲ လူဝင်ပုန်းလို့ ရအောင် မကြီးစေ၊ မပွပါစေနဲ့ ။ အဲဒီလို အခြေခံ အချက်တွေ သိပြီးမှ ကိုယ်ပိုင်ဟန်ကို ဥာဏ်ရှိသလို ထပ်ဆင့် တီထွင်တာ ကောင်းပါတယ်။

ရေစီးကြောင်း
ဖက်ရှင်ဟာ လုံးဝ ဥသုံစတိုင်နဲ့  ဆက်စပ် ပတ်သက်နေပါတယ်။ ဘယ်ဟာက ခေတ်စား နေတယ်။ ဘယ်ဟာက ဒိတ်အောက် သွားပြီလဲ၊ ဘယ်ဟာက အသစ်လဲ၊ ဘယ်ဟာက အဟောင်းလဲဆိုတာတွေ သိထားမှ ဖြစ်မှာပါ။ စတိုင် ကျတာဟာ ကြည့်ကောင်းတယ်။
စတိုင်ကျတယ် မကျဘူးဆိုတာဟာ ဘာကို ၀တ်ရမလဲ ဆိုတာ သိနေတာပါပဲ။

ကိုယ်ပိုင်ဖြစ်ပါစေ
ကိုယ်ပိုင်စတိုင်ကို ဖန်တီးဖို့ အတွက် အရေးကြီးဆုံးကတော့ သူများယောင်တိုင်း လိုက် မယောင်ပါနဲ့  ။ လူတိုင်းမှာ အားသာချက် တစ်ခုစီ ရှိကြပါတယ်။ အဲဒီ အားသာချက်ကို ကြီးထွားအောင် လုပ်ပါ။ သူများ ၀တ်တာလှလို့  ကိုယ်ပါ လိုက်ပြီး မ၀တ်မိပါစေနဲ့ ။ ကိုယ့် ဖက်ရှင်က ဘာလဲဆိုတာ လူတိုင်းသိစေဖို့  အတွက် လူတိုင်းလုပ်နေတဲ့ ဖက်ရှင်ကြီးကို စွန် ပစ်ပြီး ကိုယ်ပိုင် ဖက်ရှင် အစစ်တစ်ခု ဖန်တီးကြပါစို့ ။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger