ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ် အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့ အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။ အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။ မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့ မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
ကျွန်တောာ်က ဒီကနေ့ပဲ ဟိုင်းကြီးကို ဟောပြောပွဲအတွက် ခရီးထွက်ရပါ့မယ်။ (၂၆)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။
အခြေအနေပေးသလို လမ်းမှာ update လုပ်ပါ့မယ်။
မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment