Latest Games :
Home » » မော်ဒယ်မြင့်ကားများကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရှိ Used Cars Sale Centre များတွင် ၀ယ်ယူနိုင်

မော်ဒယ်မြင့်ကားများကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရှိ Used Cars Sale Centre များတွင် ၀ယ်ယူနိုင်

Thursday, February 23, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.



ပြည်တွင်းမှာ ဖွင့်လှစ်လျက်ရှိတဲ့ Used Cars Sale Centre တွေမှာ မော်ဒယ်မြင့်ကားတွေ ကို ဖေဖေါ်ဝါရီလ နောက်ဆုံးပတ် ကစတင်ကာ မြန်မာကျပ်ငွေဖြင့် ၀ယ်ယူနိုင်ေ အာင် စီစဉ်ဆောင် ရွက်ပေးလျက်ရှိတယ်လို့ စင်တာ ဖွင့်လှစ်လုပ်ကိုင်သူ လုပ်ငန်းရှင်တွေထံမှ သိရပါတယ်။
ဒီလို ရောင်းချခွင့်ပေးရာမှာ ၂၀၁၂ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အဆိုပါစင်တာများမှ ထပ်မံတင်သွင်းလာ တဲ့မော်ဒယ်သတ်မှတ်ချက် ၂၀၀၆ အထိရှိတဲ့ ကားတွေ ရောက်ရှိတော့ မှာ ဖြစ်ပါတယ်။ အဲ့ဒီ လို ရောက်ရှိလာချိန်မှာ ပြည်တွင်းရှိ အိုဟောင်းယာဉ် လဲလှယ် ကာ ကားတင်သွင်းခွင့်ပါမစ် ရရှိထားသူတွေဟာ အဆိုပါ စလစ်ပြကာကားရဲ့ CIF တန်ဖိုးကို မြန်မာကျပ်ငွေနဲ့ အဆိုပါ စင်တာတွေမှာ ပေးချေ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပေးချေ ၀ယ်ယူရာမှာတော့ အမေရိကန်ဒေါ်လာ ပေးချေဖို့ အတွက် အခက်အခဲရှိသူတွေကို မြန်မာကျပ်ငွေဖြင့် ပေးချေစေ မှာဖြစ်ပါတယ်။

အဲ့ဒီလို ပေးချေရာမှာလည်း ကားရဲ့ CIF တန်ဖိုးကို ပြည် တွင်းဒေါ်လာ ပေါက်ဈေး ကျပ်၉၀၀ခန့်နဲ့ တွက်ချက် ကာပေးေ ချစေမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ၀န်ဆောင်မှုအတွက် ကားတန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်းကိုလည်း အဆိုပါနည်းအတိုင်း ပေးေ ချစေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို တင်သွင်းရောင်းချရာမှာတော့ အဆိုပါစင်တာတွေမှာ လက်ရှိရောင်းချနေတဲ့ ကားတွေမှာ ၂၀၀၅မော်ဒယ်ဟာ အမြင့်ဆုံးအနေ နဲ့ ရောင်းချနေတာဖြစ်ပြီး ရောင်း အား ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ရောင်းချ မှုတွေမှာ ဖေဖော်ဝါရီ လ နောက်ဆုံးပတ်ကစတင်ကာ အဆိုပါ စင်တာတွေအတွင်း  အမြင့်ဆုံးအနေနဲ့ ၂၀၀၆မော်ဒယ်ကို စတင်ဝယ် ယူနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger