Latest Games :
Home » » အရစ်ကျဖြင့် ကားရောင်းချခြင်း မန္တလေးတွင်စတင်

အရစ်ကျဖြင့် ကားရောင်းချခြင်း မန္တလေးတွင်စတင်

Thursday, February 23, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


From : Myanmar Times
ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ဂျပန်နိုင်ငံထုတ် မော်တော်ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန် Super Seven Stars Motors Industry Co.,Ltd. မှ ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးခြင်းကို မန္တလေး မြို့တွင် ယခုလဆန်းမှ စတင် ပြုလုပ်ပေးနေပြီဖြစ်သည်။
လတ်တလောတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်မော်ဒယ် ကားအမျိုးအစား ၁၀ မျိုးခန့် ရောင်းချပေးနေပြီး အနည်းဆုံး သိန်း ၃၅၀ ၀န်းကျင်မှ အများဆုံး သိန်း ၇၀၀ ၀န်းကျင်အတွင်းရှိ ကားများကို ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
"ကျွန်မတို့ ကုမ္ပဏီက ၀ယ်သူ စိတ် ကြိုက်ကားကို တင်သွင်းပေးတာမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီက တင်သွင်းထားတဲ့ ကားကိုပဲ ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ၀ယ်သူက တစ်ခါတည်း ငွေ အကျေချေပြီး ၀ယ်ယူနိုင်သလို အရစ်ကျ စနစ်နဲ့လည်း ၀ယ်ယူနိုင် ပါတယ်။ ကား တစ်စီးတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းရယ်၊ ဘဏ် တိုးနှုန်း ရှစ်ရာခိုင်နှုန်းရယ်၊ စုစုပေါင်း ၃၈ ရာခိုင်နှုန်းကို ၀ယ်သူက ကမ္ဘောဇ ဘဏ်မှာ အကောင့်ဖွင့်ပြီး ထည့်ပေးရမှာပါ။ အာမခံပေးသူ နှစ်ယောက်လိုပြီး အဲဒီနှစ်ယောက်ကလည်း ဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေရှင်အဖြစ် ကျပ် တစ်သောင်းစီ ထည့်ထားပေးရမှာ ဖြစ်ပါ တယ်။ "အရစ်ကျပေးချေနိုင်တဲ့ သက်တမ်း က တစ်နှစ်ကနေ သုံးနှစ် အတွင်း ဖြစ်ပါတယ်။ ကျပ်သိန်းတစ်ထောင်နဲ့ အထက် တန်ဖိုးရှိတဲ့ကားမှ ပေးသွင်းချိန်သုံးနှစ် ပေးပါတယ်။ သက်တမ်း တစ်နှစ်ဆိုရင် အတိုးနှုန်းက ရှစ်ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်တိုးရင် အတိုးတစ်ရာခိုင်နှုန်း တက်မှာဖြစ်ပါတယ်။ မန္တလေးက ၀ယ်ယူ သူတွေအတွက် ၇၈ လမ်းနဲ့ ၃၄ လမ်း ထောင့်က ကမ္ဘောဇဘဏ် အမှတ် (၃) တစ်ခုတည်းနဲ့ပဲ ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု Super Seven Stars Motors Industry Co.,Ltd. မှ မယမင်းသူဇာက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကားတန်ဖိုး၏ ကျန် ၇၀ ရာခိုင်နှုန်း ကို ၁၂ ဖြင့်စားပြီး တစ်လချင်း ပုံမှန်ထည့် သွင်းသွားရမည်ဖြစ်ကာ လဆန်း တစ် ရက်မှ လေးရက်အတွင်း သွင်းရမည် ဖြစ်ကြောင်း သိရသည်။
လေးရက်နေ့ ထက် နောက်ကျထည့် သွင်းပါက တစ်လ ချင်းပေးငွေ၏ ခြောက်ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
၎င်းပြင် ၀ယ်ယူလိုသူသည် အာမခံ ပေးမည့်သူများကို မိမိကိုယ်တိုင် ရှာဖွေ ရမည်ဖြစ်ပြီး ၀ယ်ယူသည့်ကားအတွက် အလုံးစုံ အာမခံကိုလည်း ထားရှိရန် လိုအပ်ကြောင်း သိရသည်။
"ကားတွေကို မျက်မြင်ဝယ်ယူရမှာ ဖြစ်တဲ့အတွက်တော့ အနာအဆာပိုင်း၊ စက်ပစ္စည်း အစိတ်အပိုင်းကို ကိုယ် တိုင်သေချာစစ်ယူနိုင်တဲ့ အားသာချက်တော့ ရှိတယ်။ ဒါပေမယ့်ရွေးချယ်ရမယ့် အမျိုးအစားတော့ နည်းတယ်။ ဒီအရစ်ကျ ကားဝယ်တဲ့စနစ်က လုပ်ငန်းရှင်တွေ အတွက်တော့ ငွေအများကြီးကို တစ်လုံး တည်းတစ်ခဲတည်း ပေးစရာမလိုတဲ့ အတွက် တခြားနေရာတွေမှာ ငွေလှည့် သုံးနိုင်လို့ အဆင်ပြေတယ်။ တစ်ခုရှိတာ က ကနဦးပေးသွင်းရမယ့် ပမာဏက များတော့ လူလတ်တန်းစားတွေအတွက် ဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူး"ဟု အရစ်ကျစနစ်ဖြင့် ကားဝယ်ယူခြင်းကို စိတ်ဝင်စားသူတစ်ဦးက ပြောသည်။
ရန်ကုန်တွင် အဆိုပါအရစ်ကျစနစ် ဖြင့် ကားဝယ်ယူခြင်းကို ကမ္ဘောဇဘဏ် ဗဟန်းဘဏ်ခွဲနှင့် ချိတ်ဆက် ဆောင်ရွက် ပေးနေသည်မှာ နှစ်လခန့် ရှိပြီဖြစ် ကြောင်းသိရသည်။ ရန်ကုန်တွင် အိမ်စီး ကားဝယ်ယူမှုများသော်လည်း မန္တလေး တွင် လုပ်ငန်းသုံးကားများကို ၀ယ်ယူ ခြင်းက ပိုများကြောင်း သိရသည်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger