Latest Games :
Home » » ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း

Friday, February 24, 2012 | 1မှတ်ချက်ကလေးရေးပေးနော်.


From : ပေါ်ပြူလာနေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
ဖြုတ်ခွဲကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးပွဲသို့ ပရိသတ်အင်အား ၂၅ဝဝ၀၀ ဝန်းကျင် တက်ရောက်ခဲ့သည်ဟု သတင်းရရှိခဲ့သည်။


ယင်းပွဲကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲသို့ ဖြုတ် ခွဲကျေးရွာအုပ်စု အပါအဝင် ပုဗ္ဗသီရိ မြို့နယ်တွင်းမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါပွဲ၌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝဏ္ဏကျော်ထင်စည်သူ ဦးသာဌေးအပါအဝင် တက်ရောက်သူသုံးဦးက ၄င်းတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံအပေါ် ထားရှိသည့် ခံယူချက်များကို ပရိသတ်ရှေ့မှောက် ဖွင့်ဟပြောဆိုခဲ့ကြသည်ဟု သိရသည်။

တက်ရောက် ပြောကြားသူများအတွင်းမှ ဒေါ်ကြည်ခင်က ”ကျွန်မက လာအပ်ပေးတာပါ။ ဦးသာဌေးကို ကောင်းကောင်း အသုံးချကြပါလို့ ပြောချင်ပါတယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ ဒါပေမဲ့သူက အောက်ခြေထိဆင်းပြီး အလုပ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ခံစားချက်ကို သူသိတယ်။ ပြည်သူတွေ ဘာလိုအပ်နေလဲ သူသိတယ်။ ဒီတော့ပြည်သူက သူ့ကိုကောင်းကောင်း အသုံးချကြပါလို့ ကျွန်မပြောချင်တာပါပဲ” ဟု ပြောဆိုကြေညာကာ ပရိသတ်၏ အားပေးလက်ခုပ်သံများ ရယူခဲ့ သည်ဟု သိရသည်။

”ဒါ တတိယအကြိမ်ပါပဲ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က ဝဲကြီးကျေးရွာနဲ့ ကိုးရွာ သပြေကုန်း ကျေးရွာတွေပါ။ ထိုင်ခုံပေါင်း ၁၆ဝဝ ချထားပေးတယ်။ ထိုင်ခုံ အားလုံး ပြည့်ရုံတင်မဟုတ်ဘူး မတ်တတ် ရပ်နေတဲ့လူတွေပါ အများကြီးရှိခဲ့တယ်။ စုစုပေါင်းဦးရေ ၂၅ဝ၀၀ဝကျော်လောက် ကိုရှိတယ်။ အားလုံးက စနစ်တကျနေရာယူပြီး နားထောင်ကြပါတယ်။ သူတို့ သဘောကျတဲ့စကား ပါလာတိုင်း သူတို့လိုချင်တဲ့ အခွင့်အရေးကို ပြောတိုင်း လက်ခုပ်တီးကြတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ ပြီးသွားပါတယ်”ဟု ယင်းပါတီဝင် တစ်ဦးက ပြောသည်။
Share this article :

1 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger