Latest Games :
Home » » မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက်

မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက်

Friday, February 24, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

မနောကွင်း
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့် MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။
The Voice Weekly
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger