Thursday, October 11, 2012
၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်
နယူးဒေလီ (မဇ္ဈိမ) ။     ။၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံး
နေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ လိုက်သည်။
ကြာသာပတေးနေ့ထုတ် တောင်ကိုရီးယား Chosun Ilbo သတင်းစာ မျက်နှာဖုံးတွင် စတင်ဖော်ပြလိုက်သည့် ဓာတ်ပုံ ၏ ဂရပ်ဖစ်တွင် ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်၊ သွေးသံတရဲရဲဖြင့် ဂူဗိမာန်၏ အကျိုးအပဲ့များအကြား အလဲလဲအပြိုပြို
ဖြစ်နေပုံနှင့် သုံးရုံး ဝန်ထမ်းတဦးက အော်ဟစ်နေပုံဖြစ်ကြောင်း NDTV သတင်းတရပ်တွင် ရေးသားထားသည်။
အဆိုပါ အောက်တိုဘာလ ၉ ရက် ဗုံးခွဲတိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ဖြစ်သည့် သမ္မတ ချန်ဒူးဝှန်မှာ ဂါရဝပြုရန် အာဇာနည်ကုန်းသို့ မိနစ်အနည်းငယ် နောက်ကျမှ ရောက်လာ၍ လွတ်မြောက်ခဲ့ရသော်လည်း ဗုံးပေါက်ကွဲမှုကြောင့်
သေဆုံးသူ ၂၁ ဦးရှိသည့်အနက် တောင်ကိုးရီးယား ဝန်ကြီးလေးဦးနှင့် သံအမတ်ကြီး အပါအဝင် ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးသွားခဲ့ရသည်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရ သေကြမှုများနှင့် အပျက်အစီးများကို မှတ်တမ်းဓာတ်ပုံအဖြစ် ကိုရီးယား အစိုးရ ဓာတ်ပုံသတင်းထောက် Kim Sang-Yeong က ရိုက်ယူခဲ့သည်။
သို့သော် ကွယ်လွန်သူများ၏ ကျန်ရစ်သူ မိသားစုများ စိတ်ဒုက္ခမရောက်ရန်အလို့ငှါ ချန်ဒူးဝှန်၏ တောင်းဆိုချက်အရ ထိုဓာတ်ပုံများကို နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားခဲ့ရာမှ ယခု ဂရပ်ဖစ်ဖြင့် စတင်ဖော်ပြလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီး နှစ်ဦးဟု ယူဆရသည့် မသင်္ကာသူ
များအား မြန်မာရဲတပ်ဖွဲ့နှင့် တပ်မတော်က ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးမှာ ကြိုးမိန့်ကျခံခဲ့ရပြီး လုပ်ကြံမှု အား ဝန်ခံ ဖြောင့်ချက်ပေးသည့်  ကန်မင်ချူးမှာ သေဒဏ်အစား ထောင်တသက်သို့ ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မှ အင်းစိန်ထောင်တွင် နှစ်ရှည်အကျဉ်းသားအဖြစ် အသဲကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။
ရုပ်သံ ဖိုင်ကြည့်ရန်   ဒီမှာ
ထိုဗုံးဖောက်ခွဲမှုမှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားလိုက်
ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။
ကိုရီးယား တောင်/မြောက် နယ်စပ်တနေရာရှိ ၁၉၈၃ ဗုံးပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ရသူများ၏ အထိမ်းအမှတ်
နေရာသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်ဂါရဝပြုခဲ့သလို စက်တင်ဘာ လကုန်ကတည်းက ခေတ္တအလည်
အပတ် ရောက်ရှိနေသော ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ကလည်း သွားရောက် မေတ္တာပို့ အမျှအတမ်းပေးဝေ
ခဲ့ကြောင်း ဆိုးလ်မြို့တွင် နေထိုင်သူ ကိုဇော်မိုးအောင် က မဇ္ဈိမကို ပြောဆိုသည်။
ဘကြီးသက်
Unknown at 7:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စင်္ကာပူသွားမည့်သူများ သတိထားပါ
ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာအကူအညီတောင်းတဲ့
လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး
 ဖြစ်ပါလိမ့်မယ်။
ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ
ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေး
လိုက်ပေမယ့် စင်္ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ
ဝှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။
မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူ
မှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင်
 ပြဿနာကြီးပါတယ်။
ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်
ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊
ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ်
 ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်
လာနိုင်တာပါ။
စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ
ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။
လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာ
ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့
တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့
 သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ
သတိထားကြပါ။
ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့
ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း
ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်း
များအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက
 ဆိုပါတယ်။
သူ့ကိုလည်းအဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက
 ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေ
တုန်းပါပဲ။
ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီး
ထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း
သိရပါတယ်။
 ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး
 ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို
ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်
တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူ
လက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်
ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။
စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့
အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆို
တာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်
ကုန်တာ မနည်းဘူးလို့ သိရပါတယ်။
 Myanmar Express
ဘကြီးသက်
Unknown at 6:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၂ဝ၁၂ နိုဘဲလ်ငြိမ်းချမ်းရေးဆု မည်သူရမည်နည်း
ကမ္ဘာပေါ်ရှိ ဂုဏ်ပြုဆုများတွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုသည် အမြင့်ဆုံးဖြစ်သည်။ နာမည်ကပင် “ငြိမ်းချမ်းရေး” ပါရှိနေသောကြောင့် ကမ္ဘာ့လူသားတို့ငြိမ်းချမ်းရေးကို မည်မျှ မြတ်နိုးပြီး ထိုက်တန်သူကို ဂုဏ်ပြုချင်လှကြောင်း အထင်းသား ပေါ်လွင်လျက်ရှိသည်။
လောကီအရေးများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသူ၊ ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက်လုပ်ပေးသူများကို သာမက လူ့အခွင့်အရေးများကို ထောက်ခံအားပေးခြင်း၊ နိုင်ငံတကာ ပဋိပက္ခများတွင် အောင်မြင်စွာ ကြားဝင် ဖျန်ဖြေပေးနိုင်ခြင်း၊ စစ်လက်နက်နှင့် စစ်ပွဲများ ထိန်းချုပ်ပေးနိုင်ခြင်း စသည်တို့ အပါအဝင် များမြောင်လှစွာသော ငြိမ်းချမ်းရေးအကျိုးပြု ကိစ္စရပ်များအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ကို ချီးမြှင့်လေ့ ရှိသည်။
နော်ဝေ ပါလီမန်က ရွေးချယ်ထားသည့် အဖွဲ့ဝင် ၅ ဦး ပါရှိသည့် ကော်မတီကနိုဘဲလ် ငြိမ်းချမ်းရေးဆု ရသူကို နှစ်စဉ် ရွေးချယ်ပြီး ဂုဏ်ပြုသည်။
ယခုနှစ်၂ဝ၁၂ အတွက် ဆုရရှိသူ(များ) စာရင်းကို ၁၂-၁ဝ-၂ဝ၁၂ ရက်သောကြာနေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့တော်၌ ကြေညာမည် ဖြစ်သည်။
(မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ ဖြစ်သည်။)
ယခုနှစ်အတွက် ဆုရရှိရန် အဆိုပြုခံရသူပေါင်းမှာ လူတဦးချင်း အနေဖြင့် (၁၈၈)ဦးနှင့် အဖွဲအစည်းအားဖြင့် (၄၃) ဖွဲ့ရှိရာ စုစုပေါင်း (၂၃၁) ဖြစ်သည်။
ယမန်နှစ်က (၂၄၇) ထိ ရှိခဲ့ပြီး စံချိန်သစ် ဖြစ်ခဲ့သည်။ ယခုနှစ်အတွက်ဆုရှိမည့်သူသည် ငွေသားအားဖြင့် အမေရိကန်ဒေါ်လာ ၁ သန်း ၂ သိန်းကျော်လက်ခံရရှိမည် ဖြစ်သည်။
ယခုနှစ်အတွင်း တကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးအတွက် တိုးတက်အောင်ဆောင်ရွက်ပေးနိုင်သူအဖြစ် နိုင်ငံတကာမှ သတိပြုမိဆုံးမှာ မြန်မာနိုင်ငံမှဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ထားပြီး ဖြစ်သည်။
နောက်ထပ် မချီးမြှင့်ဟု သတ်မှတ်ချက်တော့ မရှိပါ။ ကော်မတီက ထပ်မံရွေးချယ်လျှင် ဒုတိယအကြိမ်လည်း ရနိုင်သည်ပင်။
နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိထိုက်သည်ဟု အဆိုပြု ခံရသူများစာရင်းတွင်မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်၊ အိန္ဒိယနိုင်ငံမှ Indian NationalCongress ပါတီ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီ၊ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၊ဂျာမနီ ဝန်ကြီးချုပ် ဟဲလမွတ် ခိုလ်း အစရှိသူတို့လည်း ပါဝင်ကြသည်။
အကယ်၍ သမ္မတဦးသိန်းစိန်သာ ရရှိမည်ဆိုလျှင် မြန်မာနိုင်ငံတွင် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိသူ နှစ်ဦး ရှိသွားမည်ဖြစ်ပြီး နှစ်ဦးစလုံးမှာလည်းယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ဖွံ့ဖြိုရေးတို့ကို လက်တွဲကာ ဆောင်ရွက်နေကြသူများ ဖြစ်နေကြသဖြင့် လုပ်လက်စ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပိုမို အရှိန်ရကာ မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်လာနိုင်စရာ ရှိသောကြောင့် ရထိုက်သည်ဟုမြန်မာနိုင်ငံသားတဦးအနေဖြင့် ကျွန်တော် ခံစားမိပါသည်။
ဆုရရှိနိုင်သည်ဟု ထိပ်တန်းမှ တစ်ပေးခံနေရသူများမှ တချို့သောသူတို့၏အကြောင်းကို လက်လှမ်းမီသမျှ ရှာဖွေလျက် မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြပေးလိုက်ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာလူမျိုးများထဲမှလည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ပြီးနောက်ထပ်မံရရှိစေလိုသောကြောင့် ဖြစ်သည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ၏လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ပါက မည်သူမဆို နောင်နှစ်များတွင်လည်းအလားတူ အဆိုပြုခံရမည့် အလားအလာ ရှိနေပါလိမ့်မည်။
အာဏာရှင်စနစ် ကြီးစိုးသည့် ဘဲလားရု နိုင်ငံမှ ဖြစ်သည်။ အသက် ၅ဝအရွယ်ရှိပြီး လက်ရှိ နိုင်ငံရေး အကျဉ်းသားဖြစ်သည်။ အကျဉ်းကျနေစဉ်မှာပင်လူ့အခွင့်အရေးများ ရရှိရေးအတွက် ထောင်တွင်းမှနေ၍ ဦးဆောင်ကြိုးပမ်းပေးနေသူ ဖြစ်သည်။ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၁၈ နှစ်ကြာမင်းမူနေသော အာဏာရှင် သမ္မတလူကာရှန်ကို (Alexander Lukashenko) အားဆန့်ကျင်အံတုလျက် ရှိသည်။
၁၉၉၆ ခုနှစ် တည်ထောင်သော နွေဦး (Vyasna) အမည်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းတွင် ညွှန်ကြားသူ ဖြစ်သည်။ တနိုင်ငံလုံးတွင် အဖွဲ့၏ကိုယ်စားလှယ်များ၊ ရုံးခန်းများ ထားရှိပြီး နိုင်ငံရေးဖိနှိပ်ခံရသူများကို ကူညီ စောင့်ရှောက်ပေးသည်။ အစိုးရ ကျင့်သုံးနေဆဲသေဒဏ်အမိန့်ကို ဆန့်ကျင်ကန့်ကွက်သော လူထုလှုပ်ရှားမှုများကို ဆင်နွှဲကြသည်။
အခွန်ရှောင်သည်ဟု စွပ်စွဲခံရကာ လေးနှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံရပြီး ၂ဝ၁၁သြဂုတ်လမှစ၍ ထိန်းသိမ်းခံနေရသည်။ သူပိုင်သော ပစ္စည်းဥစ္စာများလည်းအသိမ်းခံခဲ့ရသည်။ မကြာခဏ တိုက်ပိတ်ခံရပြီး အခြား အကျဉ်းသားများနှင့်အဆက်ဖြတ်ခံရသော်လည်း ကြံ့ကြံ့ခံနိုင်မြဲ ဖြစ်သည်။
“လူ့အခွင့်အရေး ကင်းမဲ့တဲ့ နိုင်ငံမှာ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူ မှန်ရင် အကျဉ်းချ ဖမ်းဆီးခံရမှာပါပဲ။ အခုဆိုရင် ကျနော်ဟာအဲဒီနေရာမှာ တိတိကျကျ နေရာမမှားဘဲကို ရောက်နေပါပြီ”ဟု ထောင်ထဲကနေ ရေးပေးသော သူ့စာတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံသူ ဝါရင့် လူ့အခွင့်အရေးသမား ဖြစ်သည်။ အသက် ၇ဝ ရှိပြီဖြစ်သည်။ ဆိုဗီယယ်ယူနီယံ ပြိုကွဲ ပျက်စီးသွားပြီးနောက်လက်အောက်ခံနိုင်ငံများဖြစ်သော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ထိုဒေသများမှ ရွှေ့ပြောင်း အလုပ်သမားများကိုပြီးခဲ့သော နှစ်များအတွင်း ရုရှားမြို့ကြီးများဆီသို့ပြောင်းရွှေ့ပစ်လိုက်သောအခါ အလုပ်သမားတို့မှာ အန္တရာယ်ကြီးမားလှသောလုပ်ငန်းခွင် အခြေအနေများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရသည်။ ရုရှားမျက်ကန်းမျိုးချစ်တို့၏ ဒဏ်ကိုလည်း အလူးအလဲခံရသည်။
အမှန်စင်စစ် အဆိုပါ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများမှာစစ်ဘေးစစ်ရှောင် ဒုက္ခသည်များသာ ဖြစ်သည်။ ဂန်နုရှကီနာက Civic Assistanceကို ၁၉၉ဝ ခုနှစ်တွင် တည်ထောင်ကာ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက်ကူညီပေးလျက်ရှိသည်။
လူ့အခွင့်အရေး ရုရှားအဖွဲ့တခုဖြစ်သော Memorial မှတဆင့် ဂန်နုရှကီနာကရွှေ့ပြောင်း အခြေချခြင်းနှင့် အခွင့်အရေး အမည်ရှိ ကွန်ယက်တခုကိုဖွဲ့စည်းပြီးနောက် ရုရှားတနိုင်ငံလုံး နေရာပေါင်း ၅ဝ မှနေ၍ ရွှေ့ပြောင်းအခြေချသူများ၊ ဒုက္ခသည်များကို တရားဝင် ကူညီထောက်ပံ့ကာစောင့်ရှောက်ပေးလျက်ရှိသည်။
မော်စကိုတက္ကသိုလ်တခုတွင် နှစ်ပေါင်း ၃ဝ ကြာအောင် သင်္ချာဆရာမဖြစ်ခဲ့သူဂန်နုရှကီနာသည် သက္ကရာဇ် ၂ဝဝဝ ပြည့်မှစ၍ ပရဟိတ အလုပ်တွင်သာ ဇောက်ချလုပ်ကိုင်ပေးလာခဲ့သည်။ ယခင် ရုရှားသမ္မတ မက်ဗီဒက် (Dmitry Medvedev)လက်ထက်တွင် အစိုးရ၏ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်လှုပ်ရှားပေးခဲ့သော်လည်း ပူတင် (Vladimir Putin) တတိယအကြိမ် သမ္မတပြန်ဖြစ်လာသောအခါ ကောင်စီမှ နှုတ်ထွက်ခဲ့သည်။
ဆိုဗီယက် ယူနီယံ မပြိုကွဲမီ ၁၉၈၉ ခုနှစ်တွင် တည်ထောင်သော လူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။ ရုရှားသမ္မတ ပူတင် (Vladimir Putin) လက်ထက် ရံဖန်ရံခါဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထင်ရှားဆုံးကန့်ကွက်ဆန့်ကျင်သည့် အဖွဲ့ဖြစ်သည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားနိုင်ငံမြောက်ပိုင်း ကော့ကေးဆပ်ဒေသမှာ မငြိမ်မသက် ဖြစ်နေခဲ့သည်။ အထူးသဖြင့်ရုရှားစစ်တပ်နှင့် နှစ်ကြိမ်တိုင် စစ်မက်ဖြစ်ပွားခဲ့ရသော ချက်ရှ်ညာ(Chechnya) ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို Memorial အဖွဲ့ကဦးဆောင် ဖော်ထုတ်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ရုရှား စစ်အာဏာရှင် စတာလင် (Joseph Stalin) ၏ရက်စက်ကြမ်းကြုတ်မှုများကို ချန်လှန်ကာ သမိုင်းဖျောက်ထားသည့် ခေတ်သစ်ရုရှားသမိုင်းကို အမှန်အတိုင်း ဖော်ထုတ်ရေးသားရန် တောင်းဆိုသည့်အဖွဲ့အစည်းက အနည်းငယ်မျှသာ ရှိသော်လည်း ထိုအထဲတွင် Memorial အဖွဲ့ကပါဝင်ထားသည်။
ယုံကြည်ချက်အတိုင်း သန္နိဌာန်ချ လုပ်သည့်အဖွဲ့ ဖြစ်သည်။ ကော့ကေးဆပ်မှMemorial အဖွဲ့ အကြီးတန်း သုတေသန ပညာရှင် အက်စတယ်မီရီုဗာ (NatalyaEstemirova) မှာ ချက်ရှ်ညာတွင် ၂ဝဝ၉ ဇူလိုင်လ၌ ပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေခဲ့သည်။ ယခုတိုင် သူမ၏ အမှုကို မဖော်ထုတ်နိုင်သေးဘဲ ရှိနေသည်။
နိုင်ငံခြား အထောက်အပံ့ဖြင့် ရပ်တည်သော NGOs များအနေဖြင့် နိုင်ငံခြားသားကိုယ်စားလှယ် ပါဝင်လာခွင့်ကို ရုရှားပါလီမန်က ဥပဒေပြဋ္ဌာန်းပေးလိုက်သော်လည်း Memorial အဖွဲ့ကို ထောက်ပံ့နေသည့် USAID ၏လုပ်ဆောင်ချက်များကို ရုရှားအစိုးရက ပိတ်ပင်လိုက်သောအခါအဖွဲ့ရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတော့သည်။
(USAID = အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ)
အာဖဂန်နစ္စတန်နိုင်ငံသူ ဆရာဝန်တဦးဖြစ်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်သည်။ အာဖဂန် အမျိုးသမီးများအတွက် မနေမနားတိုက်ပွဲဝင်ပေးသောကြောင့် အသတ်ခံရမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခံရသည်။ပြည်တွင်းစစ်နှင့် တာလီဘန်တို့၏ ဒဏ်ကိုလည်း ခံရသည်။
အသက် ၅၅ နှစ် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ရှူဟာဒါ (Shuhada) အဖွဲ့အစည်းကိုတည်ထောင်သူအဖြစ် ကျော်ကြားသည်။ ထိုအဖွဲ့အစည်းမှာ ဆေးရုံ ၄ ရုံ၊ ဆေးခန်း၁၂ ခန်း၊ စာသင်ကျောင်းပေါင်း ၆ဝ၊ အကာအကွယ်ပေးသည့် ရိပ်သာ ၂ ခုဖွင့်လှစ်ထားသည်။ အာဖဂန်နှင့် ပါကစ္စတန် နှစ်နိုင်စလုံးမှသောင်းနှင့်ချီသော အာဖဂန် အမျိုးသမီးနှင့် မိန်းခလေးငယ်များအားအလုပ်အကိုင်များ ရှာဖွေဖန်တီးပေးလျက်ရှိသည်။
အာဖဂန်နိုင်ငံတွင် ၁၉၉၆ မှ ၂ဝဝ၁ အထိ တာလီဘန်များ မင်းမူနေစဉ်အတွင်း ဆီမာဆမား၏ ရှူဟာဒါ အဖွဲ့က ကဘူးမြို့တော်၌ မိန်းခလေးငယ်များအတွက်အိမ်တွင်းစာသင် အတန်းများဖွင့်ကာ လျှို့ဝှက် စာသင်ပေးခဲ့ရသည်။မူလတန်းအတွက် မဆိုစလောက်နည်းပါသော အချိန်များ၌သာ သင်ပေးနိုင်ပြီးအထက်တန်းများ အတွက်မူ တကြိမ်သင်ပေးသည် ဆိုရုံသာ ရှိခဲ့သည်။
ဆီမာ ဆမားသည် ယခင်က ကုလသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ ယခု လွတ်လပ်စွာ ရပ်တည်နိုင်သောအာဖဂန် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်နေသည်။ အဆိုပါ ကော်မရှင်မှာအာဖဂန်နိုင်ငံတွင် ပထမဦးဆုံးသော ကော်မရှင်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ကာ ချိုးဖောက်မှုများ တွေ့ရှိလျှင်စုံစမ်းစစ်ဆေးသည်။
ဆီမာ ဆမားသည် ဟာဇရာ အမည်ရှိ လူနည်းစု တိုင်းရင်းသူ ဖြစ်သည်။ ၁၉၈၂ခုနှစ်တွင် ပထမဦးဆုံးသော ဟာဇရာ ဆရာဝန်ဖြစ်လာသည်။ ပြီးခဲ့သော စက်တင်ဘာလကဆွီဒင်မှ ချီးမြှင့်သော Right Livelihood ဆုကို လက်ခံရယူခဲ့သည်။
ယင်းဆုမှာ အခြားသူတို့၏ဘဝကို တိုးတက်အောင် ကူညီပေးသူတို့အားဂုဏ်ပြုသည့်ဆု ဖြစ်ပြီး နိုဘဲလ်ဆုကဲ့သို့ပင် အဆင့်မြင့်သည်။
အသက် ၃၇ နှစ်ရှိ ကျူဘားနိုင်ငံသူ ဘာသာစကား ကျောင်းသူဟောင်း ဖြစ်သည်။အမေရိကတိုက်၏ တခုတည်းသော ကျူးဘား ကွန်မြူနစ်အစိုးရအား တိုက်ရိုက်ရည်ရွယ်သောစာများကို ၅ နှစ်ကျော် ကြာမြင့်လာသည်အထိ မကြောက်မရွံ့ရေးသားနေသူ ဖြစ်သည်။
အင်တာနက်ပေါ်တွင် ရေးသားသည့် သူ့ Blog မှာ ကျူဘားနိုင်ငံတွင်တရားမဝင်သည်တော့ မဟုတ်ပါ။ သို့သော် တလလျှင် ဒေါ်လာ ၂ဝ ပင် မရကြသည့်ကျူဘားနိုင်ငံသား အများစုမှာ အင်တာနက် သုံးစွဲနိုင်ခြင်း မရှိသဖြင့်ရိုအာနီဆန်ချက်ဇ် ရေးသားသည်များကို မသိဘဲ ဖြစ်နေကြသည်။ ပြည်ပတွင်မူသူ့ဂုဏ်သတင်းက မွှေးလှသည်။ နိုင်ငံတကာဆုများလည်း ရရှိထားသည်။
အိုမင်းမစွမ်း ဖြစ်နေသည့် လူအိုတဦးပမာ နှစ်ပေါင်း ၅ဝ သက်တမ်းရှိချိနဲ့နဲ့ ကျူဘား အစိုးရကို မျိုးဆက်သစ်တို့က အင်တာနက်ပေါ်တွင်စိန်ခေါ်နေကြပြီဖြစ်ရာ ယင်းတို့အထဲတွင် ရိုအာနီ ဆန်ချက်ဇ်မှာအချိန်တိုအတွင်း ရုတ်ချည်း ရှေ့တန်းရောက်လာသည်။ သူ့ Blog ကို GenerationY ဟု အမည်ပေးထားသည်။ လှောင်ပြောင် သရော်သည့်အနေဖြင့် “Y” ကိုထည့်ထားခြင်း ဖြစ်သည်။ သူ့ကို မွေးဖွားလာချိန်မှာ ဆိုဗီယက် ကွန်မြုနစ်အားကောင်းချိန် ဖြစ်သည်။ သူတို့ မျိုးဆက်တွင် မိဘများက ဆိုဗီယက်ကွန်မြူနစ်ကို အတုယူ အားကျစေလိုသော သဘောဖြင့် “Y” နှင့်စသော အမည်များကိုမှည့်ပေးတတ်ကြသည်။
ရိုအာနီ ဆန်ချက်ဇ်က တပါတ်လျှင် ဆောင်းပါးများစွာ ရေးသားသည်။ကျူဘားနိုင်ငံသားတို့ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲ ကိစ္စများ၊ဆိုးဝါးလှသည့် စီးပွားရေး ရုန်းကန်မှု၊ အစိုးရ၏ စနစ် ပြောင်းလဲချင်စိတ်မရှိသော စိတ်ထား၊ ကျူဘားနိုင်ငံသားတို့၏ ဘဝပျက်သွားနိုင်လောက်သည်ထိစွန့်စားရသော ပြည်ပ ခိုးထွက်မှုများအကြောင်း စသည်တို့ ဖြစ်သည်။
နိုင်ငံခြားမီဒီယာတခုမှ သူ့အား အင်တာဗျူး မေးလာသည်ကိုကျူဘားခေါင်းဆောင်ကြီး ကက်စထရို (Fidel Castro) က ရိုအာနီ ဆန်ချက်ဇ် ဟုနာမည်ထုတ်မသုံးဘဲ “ခေတ်သစ် ကိုလိုနီ မီဒီယာ” ကို အလုပ်အကျွေးပြုနေသော“ကျူဘားနိုင်ငံသူလေး” ဟု ပြောဆိုကာ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအခါ ရိုအာနီဆန်ချက်ဇ်က “ဆိုဗီယက်ခေတ်ရဲ့ လက်ကိုင်တုတ် အဟောင်းတွေဟာ သေရမှာကိုတောင်ငြင်းဆန်တတ်ကြတယ်” ဟု သူ့ Blog တွင် ချက်ချင်းရေးပြီးပြန်ပက်လိုက်ဖူးသည်။ယခု အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည့် ဂျင်းရှပ်၏အရေးပါသောကဏ္ဍမှာ အကြမ်းမဖက် တော်လှန်ရေး စာအုပ် ရေးသားခြင်း ဖြစ်သည်။
လတ်တလော အကျဆုံး အကျိုးပြုသွားသည်မှာ အာရပ်နွေဦး လူထုအုံကြွမှုအတွက်ထိုစာအုပ်က လမ်းညွှန်ပေးခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
ဒီမိုကရေစီအရေးတွင် ပါဝင်ကြသော မြန်မာ တက်ကြွလှုပ်ရှားသူတို့၏မေတ္တာရပ်ခံချက်အရ စာမျက်နှာ ၉၃ မျက်နှာရှိ “အာဏာရှင်စနစ်မှဒီမိုကရေစီသို့” (Dictatorship to Democracy: A Framework for Liberation) စာအုပ်ကို ၁၉၉၃ ခုနှစ်တွင် ဂျင်းရှပ်က ရေးပေးသည်။
တကမ္ဘာလုံးတွင် ဘာသာပေါင်း ၃ဝ ကျော် ပြန်ဆိုကြသည်။
သူ့ဘဝ ဇာတ်ကြောင်းကို မှတ်တမ်းတင် ရိုက်ကူးထားသော “တော်လှန်ရေးတခုကိုဘယ်လို စတင်မလဲ” တွင် သူက အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“အဓိကဆိုရင်တော့ အာဏာရှင်စနစ်ကို တဖြည်းဖြည်း ချိနဲ့အားနည်းသွားစေရာကနေ နောက်ဆုံး ဖျက်သိမ်းလိုက်နိုင်တဲ့အထိ
ဆန့်ကျင်ရုန်းကန်ရတဲ့ အကြမ်းမဖက် လှုပ်ရှားမှု ပုံစံတွေရဲ့ သဘောသဘာဝနဲ့ဖြစ်လာတတ်တာတွေကို သိဖို့ ကျနော် ကြိုးစားရပါတယ်။”
အမေရိကန်ပြည်ထောင်စု Ohio တွင် မွေးဖွားကြီးပြင်းခဲ့ပြီးနိုင်ငံရေးသိပ္ပံနှင့် လူမှုရေးဗေဒကို Ohio နှင့် အင်္ဂလန်နိုင်ငံ Oxford
University တို့၌ လေ့လာသင်ယူခဲ့သည်။ Oxford University မှပင် ၁၉၆၈ခုနှစ်၌ အကြမ်းမဖက် လှုပ်ရှားသည့် နိုင်ငံရေး စာတမ်းဖြင့် ပါရဂူဘွဲ့ရယူခဲ့သည်။
လူအေးတယောက် ဖြစ်သည်။ စကားပြောရာတွင် နူးညံ့ချိုသာလှသည်။မက်ဆာချူးဆက်နှင့် ဟားဗတ် တက္ကသိုလ်များတွင် စာသင်ပေးသည်။ ရူပဗေဒ ပညာရှင်၊စစ်ကိုမလိုလားသူ အယ်လ်ဘတ် အိုင်းစတိုင်းက နိုဘဲလ်ဆု ချီးမြှင့်ခံရသည်ကိုဂုဏ်ပြုသည့်အနေဖြင့် ဘော်စတန် အရှေ့ဘက်တွင် Albert Einstein Institutionကို တည်ထောင်ထားသည်။ နိုင်ငံရေး လှုပ်ရှားမှု အကြမ်းမဖက် နည်းနိဿယများကိုသုတေသနပြုသည်။
ဘကြီးသက်
Unknown at 5:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တရုတ်ဖြစ် ကားလေအိတ်အတုများ အမေရိကန်တွင် စစ်ဆေးတွေ့ရှိ
အောက်တိုဘာ ၁၀။ ။ တရုတ်နိုင်ငံမှ ထုတ်သော မော်တော်ယာဉ် လုံခြုံရေး လေ အိတ်အတုများအား အမေရိကန်နိုင်ငံတွင်းရှိ ကားများတွင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ ယင်းစစ်ဆေးတွေ့ရှိမှု ပြီးနောက် သမ္မတ အိုဘားမားကိုယ်တိုင် ယင်းလေအိတ်များ ပြန်လည် အစားထိုးရန် တိုက်တွန်းထားသည်။
လေအိတ်အတုများကို အမေရိကန် ဟိုင်းဝေးလမ်းနှင့် မော်တော်ယဉ် လုံခြုံရေးနှင့် စစ်ဆေးရေး အဖွဲ့ (NHTSA) က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ် သည်။ လေအိတ်အတုကို Crash test စမ်းသပ်ရာတွင် မီးလောင်ခြင်း၊ လေဖောင်းပွ မတက်လာခြင်းကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ တရုတ်ဖြစ်ပစ္စည်းများ ဖြစ်ပြီး အမေရိကန် အစိုးရကို ဒေါသထွက်စေ ခဲ့သည်။ ပြီးခဲ့ သည့် ဖေဖော်ဝါရီလကလည်း အမေရိကန်သို့ လုံခြုံရေး လေ အိတ်အတုများ သွင်းသော တရုတ်လူမျိုးတစ်ဦး ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ဖြစ်ရာ ယခု လေအိတ်အတု ဖြန့်ဝေ သူကိုလည်း စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။
လေအိတ်အတုကြောင့် ကား အက်ဆီးဒန့် ဖြစ်သည့် အခါ မော်တော်ယာဉ် တွင်း လိုက်ပါ လာသူတို့ကို သေဆုံးစေသည်အထိ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် လေအိတ်အတု တင်သွင်း သူ မှန်သမျှကို အမေရိကန် အစိုးရ မှ ပြင်းထန်စွာ အရေးယူလေ့ရှိသည်။ ပြီးခဲ့သည့် သြဂုတ် လက လည်း နော့ကာရိုလိုင်းနားပြည်နယ်တွင် လည်း ယင်းကဲ့သို့ လေအိတ်အတု ထုတ်လုပ် သည့် စက်ရုံငယ်ကို စစ်ဆေးတွေ့ရှိပြီးနောက် ဖမ်းဆီးအရေးယူ ခဲ့ပြီး ဖြစ်သည်။ သို့သည့် တိုင် လေအိတ်အတုများ အမေရိကန်တွင် ပျံ့ နှံ့နေသေးပြီး အစီး တစ်ထောင်လျှင် တစ်စီး နှုန်း လေအိတ်အတုများ တပ်ဆင်ထားရကြောင်း သိရသည်။ စစ်ဆေးရေးအဖွဲ့၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် ၃ နှစ်မှ စ၍ အမေရိကန်တွင် အသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းလေအိတ်အတုများကို တရုတ်ပြည်တွင်းအပြင် အမေရိကန်တွင်ပါ စက်ရုံငယ်များ တည်ထောင်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်းအချို့ ထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။ ဈေးနှုန်းအားဖြင့်လည်း အမေရိကန် ၄၀-၅၀ ဝန်းကျင်ဖြင့်သာ ရောင်းချ သဖြင့် ဈေး သက်သာသောကြောင့် ဝယ်ယူသူများပြားသည်။
ယင်းအတွက် သက်ဆိုင်ရာ ကုမ္မဏီ ဝပ်ရှော့သို့ သွားရောက် အစားထိုး တပ် ဆင်ရန် အမေရိကန် အစိုးရပိုင် မော်တော်ယာဉ်လုံခြုံရေးဝဘ်ဆိုဒ် (http://www.safercar.gov/) မှ ကြေညာထားသည်။ တွင်းထွက် စွမ်းအင် များ ဆုပ်ကိုင်ထားမှုကြောင့် တရုတ်ပြည်နှင့် ကုန်သွယ်မှုကို အတတ်နိုင် ဆုံးလျော့ချပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန် က ပြင်ဆင် လျက်ရှိသည်။ ယင်းသို့ ပြင်ဆင်နေချိန်တွင် လေအိတ်အတု များ စစ်ဆေးတွေ့ ရှိခြင်းကြောင့် အမေရိကန် မော်တော်ယာဉ်ဈေးကွက်သို့ တရုတ်တို့ ဝင်ရောက်နိုင်ရန် ပိုမိုခက်ခဲ သွားမည်ဖြစ်ကြောင်း သိရသည်။
---
Ref: http://youtu.be/s-FXxuYbX_Y
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/10/blog-post_11.html
ဘကြီးသက်
Unknown at 4:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ငွေကြေးရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ
”အစ်ကို သွားမလား”
ရုတ်တရက် ဘေးနားတိုးကပ် ပြီး မေးလိုက်သည့်  အသံကြောင့် ကြောင်တောင်တောင် ဖြစ်သွားမိ၏။ နောက်မှ ညဥ့်ငှက်တို့၏ အစာရှာ သံမှန်း ခန့်မှန်း လိုက်မိသည်။  မသွား သေးပါဘူးကွယ်ဟု ရိုးရိုးပဲပြန်ပြော လိုက်မိသည်။ ဘဝရှင်သန် ရပ်တည် မှုအတွက် ဤနေရာ ဤအချိန်မျိုး တွင် ယခုကဲ့သို့ သွားမလား အစ်ကို ဟု မေးမြန်းပြီး တစ်စုံတစ်ရာအစာ ရလျှင် ခပ်ပေါပေါ တည်းခိုခန်းတစ်ခု ၌ အာသီသဖြေဖျောက်သူတို့ လက် ထဲ သူတို့ဘဝကို မိနစ်ပိုင်းမျှ ချခင်း ကာ နောက်တစ်ဖန် အစာတစ်ခု ကို သွားဦးမလားအစ်ကိုဟုဆိုကာ သူတို့ပြန်လည်ရှာဖွေကြဦးမည်ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မာယာဘုံဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် အိမ်နိမ့်စံဖြစ် သည်။ သူတို့အတွက် ထိုဘဝသည် ဆာ လောင်မှုဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မျက်ရည်ဖြစ်သည်။ သူတို့အတွက်ထိုဘဝသည် မီးပြ တိုက်ဖြစ်သည်။သွားဦး မလား အစ်ကိုဟု ဆို ကာ ရန်ကုန်မြို့အချက်အချာနေရာ များစွာတွင် ကျင်လည်ရင်း ဘဝ အသက်မွေးမှုအတွက် ပြည့်တန်ဆာ လုပ်ငန်းကိုလုပ်ကိုင်နေကြသူများ မည်မျှ ရှိသနည်းဆိုလျှင် မရေ မတွက်နိုင်အောင်ရှိသည်ဟု  ဆိုရ မည်ဖြစ်သည်။ ရန်ကုန်တစ်မြို့ တည်းတွင်လား ဆိုပါလျှင်လည်း မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ မြန် မာနိုင်ငံ အတွင်း ပြည့်တန်ဆာလုပ် ငန်းလုပ်ကိုင်နေသည့် နေရာများ သည် နေရာအနှံ့တွင် ရှိသည်။ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေ သည့် မိန်းကလေးများသည်လည်း တရားဝင်အသက်မပြည့်သေးသော အရွယ်မှသည် အရွယ်စုံဖြစ်သည်။ သူတို့သည်  ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ  ( Sex Worker)အဖြစ် ဘဝဖြစ်စဉ်အထွေထွေေ ပ်ါအခြေခံ ကာ ဖြစ်တည်ခဲ့ကြသူများဖြစ်သည်။ အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်လာခဲ့ကြသည့်မိန်း ကလေးများ၏ တူညီသော ဘဝ အခြေအနေ သည် ငွေကြေးအဆင်မ ပြေသော ဆင်းရဲလွန်းသည့် အခြေ အနေပင်ဖြစ်သည်။
 ”ကျွန်မ အသက် ၁၄ နှစ် လောက်ထဲက ဒီလောကထဲ( ပြည့် တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်၏။)ရောက်တယ်။  အဲဒီအချိန်တုန်းက အိမ်မှာ အဖေက   လေဖြတ်ပြီး အိပ်ရာထဲမှာ။ အမေက နောက်အိမ်ထောင် ပြုသွားတယ်။ကျွန်မတို့နေတဲ့အိမ်ကလည်း ငှား နေရတာ။  နောက်တော့ ရပ်ကွက် ထဲက အမျိုးသမီးတစ်ေ ယာက်က နင့်အဖေဆေးဖိုးနဲ့ အိမ်လခ ပေးဖို့ ငွေကို ယောက်ျားတစ်ယောက်နဲ့ တစ်ညနေရတာနဲ့ ရမယ်ဆိုပြီးပြော တာနဲ့  အဲဒီကစပြီး ဒီလောကထဲ ရောက်လာတာ”ဟု
အသက် ၂၉ နှစ်အရွယ်(လက်ရှိတွင်လည်း ပြည့် တန်ဆာအလုပ် လုပ်ကိုင်နေသူ) မအေးအေးသန်းက ပြောသည်။ထိုစဉ်တုန်းက ယောက်ျားတစ် ယောက်နှင့် တစ်ည တာနေခွင့်အ တွက် ငွေကျပ်တစ်သိန်းရခဲ့ကြောင်း ၄င်းက ဆိုသည်။ယခုအချိန်တွင်တော့ ယောက်ျား တစ်ယောက်နှင့်တစ်ညတာနေထိုင် မှုအတွက် သူရရှိသည့် ငွေကြေး သည်ကျပ် ၁၅ဝဝဝသာဖြစ်သည်။”ဒီအလုပ်ကို စားဝတ်နေရေး အရ လုပ်နေရပေမယ့် အသက် ရလာတော့ မလုပ်ချင်တော့ဘူး”ဟု ၄င်းက ပြောသည်။ မည့်သည့်မိန်းကေ လးဖြစ်စေ ဘဝကို ရောင်းစားရသည့် လုပ် ငန်းကို လုပ်ကိုင်လိုစိတ်တော့ ရှိ မည်မဟုတ်ပါ။ သို့ပေမယ့် ဖြစ်တည် လာသည့်ဘဝပေးအရ ဝါသနာမပါ ပေမယ့် ပျော်အောင်   နေထိုင်လုပ် ကိုင်ရသည့် အခြေအနေမျိုးဖြစ် သည်။မရေတွက်နိုင်သော ယောက်ျားသားများနှင့် အိပ်စက်ခဲ့ ခြင်းသည် သူတို့၏ ဘဝရပ်တည်မှု ဖြစ်သည်။ သို့ရာတွင် ၄င်းသည် အခြေအနေ များစွာထဲမှ အခြေ အနေငယ်တစ်ခုသာ ဖြစ်ပေသည်။ ပြည့်တန်ဆာလုပ်ငန်းနှင့် လုပ်ကိုင် သူတွေအကြောင်း ဖြန့်ကြက် စဉ်း စားလျှင်များစွာ စဉ်းစားရပေမည် ဟုထင်၏။ ဘဝရပ်တည်မှုအတွက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်မှု နောက်ဆက်တွဲရှေးဦးအဖြစ် လိင် ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ပြန့် ပွားမှုရောဂါ များ ဖြစ်သည်။ လိင် ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ် သောရောဂါများတွင် အဆိုးဝါးဆုံး ရောဂါတစ်ခုဖြစ်သည့်  HIV/AIDS  ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၁ဝ နိုင် ငံတွင် မြန်မာနိုင်ငံလည်း ပါဝင် နေခဲ့သည်။  ထို့ပြင် မြန်မာနိုင်ငံတွင်း ထိုရောဂါဖြစ်ပွားမှု၊ ပြန့်ပွားမှုများ နှင့်သက်ဆိုင်သည့် ပြည်သူလူထု အသိဥာဏ်၊ ပညာပေး လုပ်ငန်း   ဆောင်ရွက်မှုသည် လွန်စွာအား နည်းလျက်ရှိသည့် အခြေအနေ၌ ပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ ၏ ပြည့်တန်ဆာလုပ်ငန်း၊ ကာရာ အိုကေဟန်၊ အနှိပ်ခန်းဟန်ပြု ကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေမှု များသည် နေရာအနှံ့၊ တိုင်းပြည် အနှံ့တွင် တည်ရှိနေသည်မှာ ငြင်းချက်ထုတ်ရန်မလိုသည့် သေချာမှု ပင်ဖြစ်သည်။
သို့ပေမယ့် ထိုလုပ်ငန်းများ သည် တရားဝင်မဟုတ်သော လုပ် ငန်းများဖြစ်သည်။ သို့သော် တရား ဝင်သဖွယ် လုပ်ကိုင်နေကြခြင်းဖြစ် သည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းများ အရ ထိုလုပ်ငန်းသည် မကောင်းမှု လုပ်ငန်းတစ်ခုသဖွယ် ရှိနေခဲ့ပြီးလူမှုအသိုင်းအဝိုင်းမှလည်း ထို လုပ်ငန်းလုပ်ကိုင်သူကို ရွံရှာဖွယ် ရှောင်ကြဉ်လေ့ ရှိကြသည်။ ထို့ အတူဆက်ဆံသူ ယောက်ျားသား များမှလည်း အာသီသဖြေဖျောက် နိုင်မှုအပေါ် စိတ်ထားပေမယ့် တစ် ဆင့်နှိမ့် ဆက်ဆံလေ့ရှိကြသည်။ ထို(ပြည့်တန်ဆာလုပ်ငန်း) အလုပ်လုပ်ကိုင်သည့်အခါ မိမိအပေါ် နား လည်သူထက်နားမလည်သူက ပိုမို များပြားကြောင်း ရန်ကုန်မြို့ သိမ် ကြီးဈေးဝန်းကျင်၌  ၁ဝ နှစ် ကျော် ကြာပြည့်တန်ဆာ လုပ်ငန်း လုပ် ကိုင်ခဲ့သူ မကြည်ပြာ(နာမည်လွဲ)က ပြောသည်။သူတို့အတွက် ထိုလုပ်ငန်း သည် နိမ့်ကျသည့်လုပ်ငန်းဖြစ် သည့်တိုင်လူ့အခွင့်အရေးအရ တန်း တူခံစားနိုင် မှုသည် ယနေ့တိုင် မရှိ သေးဟု ဆိုရမည်ဖြစ်သည်။ ထို့ အတူ ကျန်းမာရေးအရ နားလည် သိရှိသည့်တိုင် လက်မခံသေးသည့် လူမှုအသိုင်းအဝိုင်း၏ ငြင်းပယ်မှုကို ခံစားေ နရဆဲဖြစ်သည်။
 ထိုကိစ္စသည် ဖြေရှင်းရန်ခက်ခဲ သော ကိစ္စရပ်ဖြစ်၏။ ယနေ့ ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးသို့သွား နေသည့် အစိုးရစီမံခန့်ခွဲမှုအောက် တွင်  လိင်အလုပ်သမားများ အတွက် တောင်းဆိုမှုများသည် ပေါ်ပေါက် လာခဲ့ပြီဖြစ်သည်။”ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့ အတွက် တချို့တွေက မကောင်းဘူး လို့ပြောကြတယ်။ ဒါပေမဲ့ ရှောင်လွှဲ လို့မရတဲ့ ကိစ္စတွေ ကြုံလာနိုင်တယ်။ တရားဝင်မှတ်ပုံတင်ခွင့်သာ ပေး လိုက်မယ်ဆိုရင် တခြား မထိခိုက် သင့်တဲ့သူတွေလည်း မထိခိုက်ဘူး။မှတ်ပုံတင်ပြီးသားဖြစ်တဲ့အတွက် ကျန်းမာရေးစစ်တမ်းကောက်ယူတဲ့ အခါမျိုးမှာဖြစ်ဖြစ် နောက်ကြောင်း ပြန်လိုက်ရတာမျိုး ရှိတဲ့အတွက် သတ်သတ်မှတ်မှတ် ဖြစ်အောင် လုပ်ပေးစေချင်တယ်”ဟု လိင်အ လုပ်သမားများ၏အခွင့်အရေး အတွက် ဆောင်ရွက်နိုင်ရန် မြန်မာ လိင်အလုပ်သမကွန်ရက် ဖွဲ့စည်း ကာ တရားဝင်ပြည့်တန်ဆာ လုပ် ကိုင်ခွင့် ပေါ်ပေါက်စေလိုသူ မြန်မာ လိင်အလုပ်သမကွန်ရက် ဥက္ကဋ္ဌ မနှင်းနှင်းယုက အောက်တိုဘာ၂ ရက်ထုတ်မဇ္ဈိမသတင်းဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားခဲ့ သည်။ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များစွာပေါ်ပေါက် ခဲ့သည်။ ပွင့်လင်းလာသည့်၊ လူမှုဖွံ့ဖြိုးမှုတွေပျံ့နှံ့စိမ့်ဝင်ကူးလူး တိုး တိုက်လာသည့်အခြေအနေတွင် လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုသည်လည်း ယခင်ကထက်များစွာ အမြင်ကျယ်မှု ဖြစ်ထွန်းလာခဲ့သည်။ထို့ကြောင့်ပင် အရွယ်မတိုင်မီ လိင်စိတ်ထကြွ။
ယင်းနည်းတူ ယောက်ျား သားများကရော လိင်ကိစ္စလိုက်စား သူအဖြစ် မိမိပတ်ဝန်းကျင်၊ မိမိလူမှုအသိုင်းအဝိုင်း၊ (ပြည့်တန်ဆာနေ အိမ်များသို့ ပေါ်ပေါ်ထင်ထင်ဝင် ထွက်ရဲသည့်သတ္တိ)တွင် နေထိုင်ရဲမှု ရှိပါ့မလား။  တစ်ဖက်တွင်လည်း တရားဝင် လုပ်ကိုင်ခွင့်ပြုခြင်းသည် ကျန်းမာရေးအရ ရောဂါကူးစက်မှုကို ဟန့်တားနိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါဆိုင်ရာပညာပေးမှု များ။ ကျန်းမာရေးဆိုင်ရာ ပညာ ပေးမှုများအပေါ် ပိုမိုထင်သာမြင် သာ သိမြင်နားလည်လာနိုင်မည် ဖြစ်သည်။ ထိုကိစ္စ ရပ်အပေါ် စဉ်းစားမှု တွင် တစ်ဖက်တည်း ၊ ရှုထောင့်တစ် ခုတည်းက စဉ်းစားလျှင် မှားယွင်း သော အဖြေရလဒ်မျိုးဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟုထင်၏။ အဘယ် ကြောင့် ဆိုသော် မြန်မာလူမျိုးများ သည် ယဉ်ကျေးမှုစံနှုန်းထိန်းသိမ်း မှု၌ထိန်းသိမ်းမှုအမှားဖြင့် ပိတ်မိ နေသူများရှိသလို စံနှုန်းများ၏ အပြင်ဘက်သို့ရောက်ရှိကာ အယူ လွဲနေသူများလည်း ရှိခြင်းကြောင့် ဖြစ်သည်။
““    ကျွန်မတို့အနေနဲ့ ဒီကွန်ရက်ကို လုပ်ဆောင်ဖြစ်တယ်ဆိုတာ လိင် အလုပ်သမတွေကြုံတွေ့ရတဲ့ ရောဂါ ဖြစ်ပွားမှု၊ခွဲခြားဆက်ဆဲခံရမှု အခြေ အနေပေါ်မှာ အကောင်း ရှုမြင်စိတ်နဲ့ ရှုမြင်ကြဖို့ပါ။ ဒါကို နားလည်မှု လွဲတဲ့အခါ ကျွန်မတို့ဘက်မှာလည်းအာဏာပိုင်(ရဲတွေ)ရဲ့ဖိအားပိုပေးတာကိုခံရပါတယ်”ဟု မနှင်းနှင်းယု က ပြောသည်။
မြန်မာနိုင်ငံ၌ လိင်အလုပ်သမ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရန် ဆိုသည်မှာ မည်သို့မျှ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ မြန်မာ့ ယဉ်ကျေးမှုအရလည်း ဖြစ်နိုင်မည် မဟုတ်ချေ။ နိုင်ငံတကာတွင်လည်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု၊ ပြည့်တန်ဆာ ဈေးကွက်ဖော်ဆောင် မှု၊ လိင်အလုပ်သမအဖွဲ့အစည်းများ နှင့်ပတ်သက်၍ ယခုတိုင် အငြင်း ပွားဖွယ်အခြေအနေ၌ပင်ရှိ နေခဲ့ သည်။အထူးသဖြင့် မိမိကြည့်ရှုသည့် ရှုထောင့်အမြင်အားလုံးသည် မိမိ အမြင်နှင့်မိမိမှန်ကန်သော ရှုထောင့် များဖြစ်နေခြင်းေ ကြာင့် ဖြစ်သည်။ ဤနေရာတွင်ပွင့်လင်းမြင်သာခြင်းနှင့် တရားဝင်ခြင်းအခြေအနေသည် သက်ဆိုင်ခြင်းမရှိဟု ထင်မြင် ကြောင်း HIV & YOUTH  အဖွဲ့မှ  Assistant Representative   ဒေါက်တာနေဝင်းက သူ၏အမြင်ကို ပြောသည်။
”ပွင့်လင်းမြင်သာရှိမယ်ဆိုရင် ပညာပေးအရကြည့်ရင် ပြည့်တန် ဆာတွေရဲ့ တည်နေရာကိုသိခြင်းမှာ လွယ်ကူတဲ့အတွက် ပညာပေးရ လွယ်တယ်။ သူတို့ကိုယ်တိုင် HIV /AIDS  ကူးစက်မှုကိုကာကွယ်ဖို့ နည်းလမ်းတွေသိရင် ရောဂါကူးစက် မှုနည်းမယ်”ဟု ဒေါက်တာနေ ဝင်းက ဆိုသည်။  မြန်မာနိုင်ငံတွင်  ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှု သည် ယခင်ကတည်းကရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရ သည်။ ထိုဆောင်ရွက်ချက်၏ နောက်ဆက်တွဲရလဒ်သည် ပြည့် တန်ဆာ လုပ်ငန်းပပျောက်ခြင်း ထက် ပြည့်တန်ဆာလုပ်ငန်းလုပ် ကိုင်သူ မိန်းမလေးများအတွက် နှိမ်နင်းရန် လုပ်ဆောင်သူများ၏  ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဥပဒေ လေးစား မှုအားနည်းစေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်။  ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသူများ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာ သည့်အခါ ကောင်းမွန်သည့် လုပ် ငန်း လုပ်ကိုင်မှုသို့ ကူးပြောင်းလုပ် ကိုင်သွားသူအရေအတွက်မှာ လွန် စွာနည်းပါးပြီး မူရင်းပြည့်တန်ဆာ လုပ်ငန်းကို ယခင်ကထက်ပို မိုပြီး အကြောက်အရွံ့ကင်းစွာ ပြန်လည်လုပ်ကိုင်ကြသူများဖြစ်လာခဲ့သည်။
 ”တစ်လင်တစ်မယား စနစ် သာနေမယ်ဆိုရင် ဒီလိုတွေဖြစ်လာ စရာ အကြောင်းမရှိဘူး”ဟု စာရေး ဆရာမ မြနှောင်းညိုကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းပြည့် တန်ဆာလုပ်ငန်းသည် တရား ဝင်အနေဖြင့်မရှိသော်လည်း တရား ဝင်သဖွယ် ဖွင့်လှစ်လုပ်ကိုင်နေသည့် လုပ်ငန်းများသည် နေရာအနှံ့တွင် ရှိနေခဲ့သည်။  လူသိအများ ဆုံးသည်  ပဲခူး၊ မန္တလေး၊ မြို့များ၌ ဖွင့်လှစ်လုပ်ကိုင်နေသည့် ပြည့်တန်ဆာလုပ် ငန်းအိမ်များဖြစ်သည်။ ပဲခူးမြို့ပေါ် တွင် နေရာ ၆ ခုမျှရှိပြီး မန္တလေးမြို့ ပေါ်တွင် ၁ဝ ခုမက ရှိသည်။ ထို အရာသည် အနှိပ်ခန်း၊ ကာရာ အိုကေ သဖွယ်လုပ်ငန်းများ မဟုတ် ပေ။ ပြည့်တန်ဆာအိမ်အဖြစ် ဖွင့် လှစ်ကာ လုပ်ငန်းလုပ်ကိုင်နေသည့်   နေရာ များဖြစ်သည်။ ရန်ကုန်မြို့တွင် လည်း အနှိပ်ခန်း၊ ကာရာအိုကေဟန် အသွင်ယူ၍ ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာလုပ်ငန်းများများစွာ ရှိ ကြောင်း သိရသည်။ သို့ဆိုလျှင်   ပြည့်တန်ဆာလုပ် ငန်းနှင့် ယင်း၏ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုးများအတွက် အနီးစပ်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက် ဖော်ဆောင်နိုင်ရန် ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နှင့် သက်ဆိုင်ရာ အာဏာပိုင်များ စသည့် ရှုထောင့်ပေါင်းစုံမှရှုမြင် သုံးသပ်အဖြေရှာရန် လိုအပ်လိမ့် မည်ဟု ထင်မိသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကတည်းက HIV/AIDS    ရောဂါပြန့်ပွားမှု ကာကွယ်ရန် ဆောင်ရွက်ချက်များစွာ အားနည်း နေသေးသည့် ၊ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ချက်များရှိနေသေးသည့် မြန် မာနိုင်ငံ၏ လိင်မှုဆိုင်ရာ ပညာ ပေးလုပ်ငန်းများအတွက် ပြည့်တန် ဆာလုပ်ငန်းနှင့် လုပ်ကိုင်သူများ အပေါ် ကိုင်တွယ်မှုသည် ညင်သာ ပျော့ပြောင်းရန်လို အပ်ပြီး၊ အကာ အကွယ်ပစ္စည်း လက်ဝယ်ထား ရှိခြင်းအပေါ်တွင်  ကျန်းမာရေးအသိ ဖြင့် အမြင်ကျယ်ရန်လိုအပ်မည်ဟုထင်မိသည်။ တရားဝင်မဟုတ်လျှင် တောင် လူမှုအသိုင်းအဝန်း မှ ငြင်း ပယ်ထားခြင်းထက် စည်းမျဉ်းစည်း ကမ်းနှင့်နားလည်မှု ထားရှိပေးနိုင် မည်ဆိုလျှင် လိင်အလုပ်သမများ အတွက်  ခြိမ်းခြောက်ခံရခြင်း အနိုင်ကျင့်ခံရခြင်း   လျော့နည်း သွားမည်ဟု ထင်မိသည်။ ”အစ်မ ဒီအလုပ် စလုပ်တော့ ကိုယ့်ကိုယ်ကိုယ်ရွံတယ်။ ဘုရားမှာ သွားဆုတောင်းတယ်။ နောက်ဘဝ မှာ ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ေ ပါ့””ဟု မဇ္ဈိမဂျာနယ်နှင့်အင်တာဗျူးတွင် မနှင်းနှင်းယုက ဖြေကြားခဲ့သည်။သူတို့တွင်လည်း ထိုလုပ်ငန်း လုပ်ကိုင်နေရသော်လည်း ထိုစိတ် မျိုးဖြစ်ခဲ့သည်မှာ သေချာခဲ့ သည် ဆိုလျှင် သူတို့အတွက် လူမှုဝန်း ကျင်သည်လည်းမည်ကဲ့သို့ သေချာ သင့်သည်လဲဆိုသည်ကတော့ ဝိုင်း ဝန်းစဉ်းစား အဖြေရှာကြရဦးမည် ထင်ပါသည်။
  Popular Myanmar News Journal
ဘကြီးသက်
Unknown at 3:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
 ကြိုတင်ငွေပေးချေစနစ်ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM ဖုန်းများ အောက်တိုဘာလ၃၁ရက်နေ့နောက်ဆုံးထားပြောင်းလဲရမည်
ကြိုတင်ငွေပေးချေစနစ် (Prepaid) ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM မိုဘိုင်းဖုန်းများသည် အောက်တိုဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ ၄င်းစနစ်သို့ ပြောင်းလဲနိုင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ GSM Postpaid စနစ်ဖြင့် ဆက်လက်သုံးစွဲ မည့်ဖုန်းများမှာမူ ၄င်းတို့၏ ခေါ်ဆိုခကျသင့်ငွေများအား သတ်မှတ်ထားသည့် ဘဏ်များမှသာ ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေငြာချက်များအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ များရှိ GSM Postpaid စနစ် ဆက်လက်သုံးစွဲမည့်သူများအနေဖြင့်  ၂၀၁၂ သြဂုတ်လသုံးစွဲခကျသင့်ငွေများအား အောက်တိုဘာလ ငွေတောင်းခံကာလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ ငွေလက်ခံကောင်တာများတွင် ပေးသွင်းရမည်ဖြစ်ပြီး စက်တင်ဘာလအတွက် ကျသင့်ငွေများကိုမူ နိုဝင်ဘာလမှစတင်၍ သတ်မှတ်ဘဏ်များဖြစ်သည့်  မြန်မာ့စီးပွားရေးဘဏ်၊အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊သမ၀ါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ယူနိုက်တက်အမရဘဏ်များမှ တဆင့်သာ ပေးချေရတော့မည်ဖြစ်ကြောင်း သိရသည်။
ကျန်ပြည်နယ်နှင့်တိုင်းများမှ  Postpaid စနစ်ဖြင့်သုံးစွဲလိုသူများမှာမူ ဖုန်းခေါ်ဆိုခကျသင့်ငွေများအား  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိငွေလက်ခံကောင်တာများတွင် ဆက်လက်ပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင်၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း  Prepaid(ကြိုတင်ငွေပေးချေစနစ်) ဖြင့်သုံးစွဲလိုသည့် ဖုန်းများမှာမူ အောက်တိုဘာလ၃၁ရက်နေ့ နောက်ဆုံးထား၍ ၁၈၈၁၂ သို့  Yes ဟု SMS ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်
ဘကြီးသက်
Unknown at 3:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တယ်လီဖုန်းခေါ်သံကို သီချင်းသံဖြင့်ပြောင်းလဲပေးသည့် (MyRingTune) ၀န်ဆောင်မှုအတွက် ငွေဖြတ်တောက်ခဲ့မှုများကို ပြန်လည်ဖြေရှင်းပေးနေ
တယ်လီဖုန်းခေါ်သံကို မိမိနှစ်သက်ရာသီချင်းသံဖြင့် ပြောင်းလဲပေးသည့်ဝန်ဆောင်မှု (My Ring Tune) မှာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူအချို့ထံ မှားယွင်းရောက်ရှိလာပြီး ငွေဖြတ်တောက်နှုတ်ယူမှုများ၊ သုံးစွဲ လိုခြင်းမရှိဘဲ အသုံးပြုရမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ဖြစ်ပေါ်ပြီးနောက် My Ring Tune ၀န်ဆောင်မှုပေးနေသော Fortune ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ပြန်လည်ဖြေရှင်းပေးနေကြောင်းလည်း သိရသည်။
ပုံမှန်အားဖြင့် ယင်းဝန်ဆောင်မှုမှာ သုံးစွဲလိုသူများက သွားရောက်တောင်းဆိုမှသာ ၀န်ဆောင်မှုဖွင့်ပေးခြင်းဖြစ်ပြီး အသုံးပြုလိုသည့်ဖုန်းနံပါတ်သို့ ဆက်သွယ်အတည်ပြုပြီးမှသာလျင် အသုံးပြုနိုင်ကြောင်းသိရသည်။ အသုံးပြုမည့်သူမှာ ကြိုက်နှစ် သက်ရာ သီချင်းကိုရွေးချယ်နိုင်ပြီး ၀န်ဆောင်ခမှာ ၂၀၀၀ ကျပ်ဖြစ်သည်။
''ဒီနံနက်ပိုင်းမှာ My Ring Tune ကနေ Message တစ်စောင်ရောက်လာပြီး ဖုန်းခေါ်သံကလည်း အင်္ဂလိပ်သီချင်းသံပြောင်းသွားတယ်။ အသုံးပြုဖို့အတွက် တောင်းဆိုထားတာမရှိသလို ပြန်ပြီးလည်း အကြောင်းမကြားရပါဘဲနဲ့ သူ့ဘာသာ ဖြစ်သွားတယ်။ ကျွန်မ အမျိုးသားရဲ့ဖုန်းမှာလည်းဖြစ်ပြီး မောင်တစ်ယောက်ရဲ့ဖုန်းလည်းဖြစ်တယ်။ အသိမိတ်ဆွေနှစ်ယောက်ရဲ့ဖုန်းတွေမှာ လည်းဖြစ်တယ်။ ကျွန်မအမျိုးသားရဲ့ဖုန်းဆို မနေ့က ငွေဖြည့်ထားတာ ၂၀၀၃၀ ရှိတာကနေ ၁၇၇၂၅ ပဲကျန်တော့တယ်။ ငွေဖြည့်ပြီးတော့ မက်ဆေ့သုံးစောင်လောက်ပို့တာနဲ့ ဖုန်းအ၀င်ပြောတာလောက်ပဲရှိတာပါ။ ဒီ ၀န်ဆောင်မှုကို ကလေးတွေသုံးကြ တာမျိုးရှိလို့ သိပေမယ့် ကျွန်မတို့လူကြီးတွေအနေနဲ့ နားငြီးလို့မသုံးချင်ခဲ့ဘူး။ ကိုယ့်ဖုန်းသံက ဒီလိုမျိုးသီချင်းသံဖြစ်သွားတော့ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရတယ်။ ကုမ္ပဏီကိုဖုန်းလှမ်းဆက်တော့ ဆက်သွယ်ရေးဘက်က Error ဖြစ်တာ၊ ပြန်အဆင်ပြေအောင်လုပ်ပေးပါမယ်၊ ငွေပြန်ဖြည့်ပေးပါမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသုံးစွဲသူဆီ ကဓားပြတိုက်သလိုမျိုးခံစားရပြီး ကိုယ်ကမသုံးချင်ပါဘဲ ဒီလိုမျိုးသီချင်းသံပြောင်းသွားတော့ ကလေးကလားနိုင်သလိုမျိုးလည်းဖြစ်တယ်''ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဒေါ်ခင်လေးသက်က ပြောပြခဲ့သည်။
''ပြောရရင် ကုမ္ပဏီအနေနဲ့က ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ရတာပါ။ ငွေဖြည့်တာ၊ ငွေနှုတ်တာတွေက ဆက်သွယ်ရေးအပိုင်းဘက်က လုပ်ဆောင်တာပါ။ သုံးစွဲသူတွေက လှမ်းအကြောင်းကြားကြလို့ အခုချက်ချင်းပဲ ပြန်လုပ်ပေးနေပါတယ်။ ဒီနံနက်ပိုင်းမှာစဖြစ်ပြီး စက်ကအော်တိုပုံစံမျိုး ဖြစ်သွားတာလို့တော့သိရတယ်။ ဖုန်းဘယ်နှလုံးလောက်ဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုသီချင်းသံက Default Ringtune ဖြစ်တဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်တည်းကိုပဲ ပြောင်းသွားကြပါတယ်။ တောင်းပန်တဲ့မက်ဆေ့တွေ ပို့ပေးနေပြီး နှုတ်ယူခံရတဲ့ငွေပမာဏကိုလည်း ပြန်ဖြည့်ပေးသွားမှာဖြစ်ပါတယ်''ဟု  My Ring Tune မှတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 3:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လမ်းဘေးဆိုင် အချဉ်ရည် အန္တရာယ်မကင်း
ဝက်သား တုတ်ထိုး ဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည် ဗူးများ
လူအများစု ကျန်းမာရေး အတွက် လုံခြုံမှု ရှိလာနိုင်ဖို့ ကိုယ်ထူကိုယ်ထ တည်ထောင်ထားတဲ့ စားသုံးသူ ကာကွယ်ရေး အသင်းကနေ ဈေးကွက် ထဲမှာရှိနေတဲ့ အချဉ်ရည်တွေကို ဓာတ်ခွဲတဲ့အခါ ပြင်းထန်တဲ့ အက်စစ် တမျိုး ပါရှိနေတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။
အဲဒီလို တွေ့ရှိခဲ့တာကြောင့် စားသုံးသူ ကာကွယ်ပေးရေး အသင်းကနေ လူထု ပညာပေးမှုတွေ ကို ပြည်သူလူထု အတွက် ထိရောက်စွာ ပညာပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး နောက်ပိုင်း မှာ ထုတ်လုပ်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပါဝင်လှုပ်ရှားသူတွေက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။
အစားသောက်နဲ့ ဆေးဝါးထုတ်လုပ်သူတွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ် သူတွေက ပြီးခဲ့တဲ့ သြဂုတ်၁၆ ရက်နေ့က ပြည်တွင်း စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဒီအသင်းကို ဖွဲ့စည်း ခဲ့တာပါ။
စားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ စားသုံးသူတွေအတွက် အစားအစာတွေကို ဦးစွာ စစ်ဆေး မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစားအသောက်လုပ်ငန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ အသင်းရဲ့ တာဝန်ရှိသူ တွေက ထုတ်ဖော်ပြောဆိုလာပါတယ်။
စာသုံးသူ ကာကွယ်ပေးရေးအသင်းရဲ့ပထမလုပ်ဆောင်ချက်အနေနဲ့ အစားအသောက်တွေအပေါ် ဓာတ်ခွဲ ကြည့်တဲ့အခါ ၀က်သားတုတ်ထိုးဆိုင်နဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုနေတဲ့ အချဉ်ရည်အချို့မှာ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အက်စစ်ပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။
ဝက်သားတုတ်ထိုးဆိုင်တွေနဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုတဲ့ အချည်ရည်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲ  ကုန်ဆုံးတဲ့ရက်စွဲ ပါဝင်ခြင်းမရှိတဲ့အပြင် ပါဝင်တဲ့ ကုန်ပစည်းတွေဟာ အမျိုးအမည် မသိတာတွေ ဖြစ်နေတယ် လို့ ဦးဗအုပ်ခိုင်က အခုလို ပြောပြခဲ့ပါတယ်။
“ဆာလဖျူရစ်အက်ဆစ်ပါတာ သေချာတယ်ပေါ့။ အချဉ်ရည်တွေဟာ တံဆိပ်ပေါင်းစုံနဲ့ ထုတ်နေ တယ်။ နောက်ပြီးတော့ သက်တမ်းကုန်တဲ့ရက်စွဲလည်း မပါဘူး၊ ထုတ်လုပ်တဲ့ရက်စွဲလည်းမပါဘူး။ ပါဝင်တဲ့ အချိုးအဆတွေ၊ အမျိုးအမည်တွေလည်း မပါဘူး။ နောက်ပြီးတော့ လုပ်ငန်းလိပ်စာလည်း မပါဘူး။ ဒါဟာ မရိုးသားဘူးပေါ့။ ကျနော်တို့က ပြည်သူတွေကို ဒီအချဉ်ရည်တွေကို လုံးဝ ဝယ်မစားဖို့ ပေါ့။ ဆာလဖျူရစ်အက်ဆစ်အပြင် သူက တားမြစ်ဆိုးဆေးတွေလည်း ပါတယ်။
ဒါတွေကြောင့် ရေတို အကျိုးဆက်အနေနဲ့ ဝမ်းကိုက်တာ၊ ဝမ်းလျှောတာ၊ အူရောင်တာ၊ အစာအိမ်ရောင်တာတွေ ဖြစ်နိုင်တယ်။ ရေရှည်ဆိုးပြစ်အနေနဲ့ကတော့ အူကင်ဆာ၊ အစာအိမ်လမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ- ဒါတွေဖြစ်နိုင်တာပေါ့။ အဲဒီတော့ လက်လီရောင်းတဲ့ ခေါက်ဆွဲဆိုင်တွေ၊ အကြော်ဆိုင်တွေမှာ ရောင်းကြတဲ့သူတွေအနေနဲ့ ကိုယ့်ဖာသာကိုယ် မန်ကျည်းဖျော်ရည်၊ မန်ကျည်းမှည့်နဲ့ ကြက်သွန်ဖြူလေးနဲ့ ငရုပ်သီးနဲ့ နံနံပင်လေးနဲ့ ကိုယ့်ဖာသာကိုယ် ဖျော်စပ်တဲ့ အချဉ်ရည်လေးနဲ့ပဲ သုံးသင့်ပါတယ်။
စားသုံးတဲ့သူကလည်း ဒီလိုအရောင်၊ တားမြစ်ဆိုးဆေးတွေ၊ ဆာလဖျူရစ်အက်ဆစ်တွေ ပါတဲ့ အချဉ်ရည်တွေကို ဝယ်မစားဖို့ တိုက်တွန်းလိုပါတယ်။”
အစားသောက်တွေထဲမှာ လူကို အဓိက ဒုက္ခအပေးနိုင်ဆုံးဖြစ်တဲ့ အချဉ်ရည်တွေကို ဦးစွာစတင် ဓတ်ခွဲ စမ်းသပ်ပြီး ဒီအချဉ်ရည်တွေထဲမှာ အီကိုလိုင် ရောဂါပိုးတွေ ရှိမရှိ စစ်ဆေးနေတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း အတွင်းရေးမှူးလည်းဖြစ်၊ ဓာတုဗေဒပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်နိုင်က ဆိုပါတယ်။
NGO မှတ်ပုံတင်မကျသေးတဲ့ စားသုံးသူကာကွယ်ပေးရေးအဖွဲ့ဟာ အစိုးရ တာဝန်နဲ့ဆောင်ရွက်တာ မဟုတ်သလို အစားအသာက်နဲ့ ပတ်သက်ပြီး ကိုယ်ထူကိုယ်ထ အသိပညာပေးလိုသူတွေ စုဖွဲ့ထားတဲ့ အသင်းဖြစ်နေတာကြောင့် သူတို့အနေနဲ့ အစားအသောက် စစ်ဆေးရေးတွေလုပ်တဲ့အခါ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အခုလို ပြောပြခဲ့ပါတယ်။
“မှတ်ပုံတင်ရတဲ့နေရာမှာ ဘယ်လို အခက်အခဲ ရှိသလဲဆိုတော့ ရုံးခန်းရှိရာနေရာကို သူတို့ရဲ့ လုပ်ထုံး လုပ်နည်း အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတဲ့အခါ သူတို့က ထောက်ခံချက် မပေးရဲ ဘူးပေါ့နော်။ အဲဒါနဲ့ တခါ မြို့နယ်ကို သွားတယ်။ မြို့နယ်ကိုသွားတင်ပြန်တော့ မြို့နယ်က ရရက- ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံ ချက်၊ ရဲစခန်းရဲ့ထောက်ခံချက်လိုတယ်လို့ ပြောတယ်။ အဲဒီလို အပြန်အလှန် ဘော်လီဘော ပုတ်တာမျိုးလေး တွေပေါ့။ အဲဒီတော့ အောက်ခြေမှာ မကြာသင့် ဘဲနဲ့ ကြာတာမျိုးတွေပေါ့။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က ဒါဟာ မြန်မာနိုင်ငံ ကိုယ်စားပြုဖွဲ့တဲ့ အဖွဲ့အစည်း လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း consumer NGO အဖွဲ့အစည်းတွေ ရှိတယ်။ ကျနော်တို့ တနိုင်ငံမှာတည်းမရှိတာ။ အဲဒီတော့ ကျနော်တို့ကို သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနကဖြစ်ဖြစ်၊ အစိုးရအဖွဲ့ကပဲဖြစ်ဖြစ် မှတ်ပုံတင်တာကို လွယ်ကူအောင် ကူညီပေးစေချင်တယ်။
နောက်တခု- ကျနော်တို့က အစိုးရအဖွဲ့အစည်း မဟုတ်တဲ့အတွက် လတ်တလောမှာ ဈေးတွေထဲမှာ အန္တရာယ်ရှိတဲ့အစားအသောက်တွေ- ဥပမာ ကျနော်တို့ရှေ့မှာတင် မျှစ်တွေကို ဆေးဆိုးနေတယ်။ အချဉ်ရည်ထဲမှာ ဆိုးဆေးတွေ အက်ဆစ်တွေ သုံးနေတယ်။ နောက်ပြီးတော့ ပုဇွန်ခြောက်တွေ၊ ငပိတွေမှာလည်း ဆိုးဆေးတွေ၊ နောက် တရုတ်ပြည်ကဝင်လာတဲ့ မုန့်တွေထဲမှာလည်း အန္တရာယ်ရှိ တာတွေ အများကြီး၊ ဒါပေမဲ့ ကျနော်တို့မှာ မှတ်ပုံတင်မကျသေးတဲ့အတွက် ဝင်ပြီး စစ်ဆေးဖို့၊ တရားစွဲ ဆိုဖို့ လုပ်ရတာ အခက်အခဲရှိတယ်။ နောက်တခုက အဲဒီလို ဈေးတွေ ဘာတွေမှာ ဝင်စစ်တဲ့အခါမှာ လည်း ထုံးစံအတိုင်းဆိုလို့ ရှိရင် FB တွေက ဝင်စစ်တယ်ဆိုလို့ရှိရင် ရဲအစောင့်အရှောက်ပါတယ်။ ကျနော်တို့မှာက မှတ်ပုံတင် မကျသေးတဲ့ အတွက် သက်ဆိုင်ရာ ပြည်ထဲရေးဌာနရဲ့ ရဲတပ်ဖွဲ့ အကူအညီတွေ မရနိုင်တဲ့အတွက်တော့ အဲဒါတွေ အခက်အခဲ ရှိပါတယ်။”
မြန်မာနိုင်ငံက စားသုံးသူတွေကို အကာကွယ်ပေးဖို့ အဓိက ရည်ရွယ်ဖွဲ့စည်းထားတဲ့ ဒီအသင်းဟာ စားသုံးသူ ပညာပေးလုပ်ငန်းတွေကို အခြေခံပညာကျောင်းတွေကနေ စတင် လုပ်ဆောင်သွားမယ်လို့ ဦးဗအုပ်ခိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။
ကာလအတန်ကြာ အစားအသောက်တွေကို ဂရုမပြုဘဲ စားသုံးခဲ့မှုတွေကြောင့် မြန်မာနိုင်ငံဟာ WHO (ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီး) ရဲ့ ၂၀၁၁ ကျန်းမာရေးစစ်တမ်းတစ်ခုအရ ကမ္ဘာပေါ်မှာ ကင်ဆာ အဖြစ်များဆုံး ဆယ်နိုင်ငံမှာ ဒုတိယနေရာမှာ ရှိနေတယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါသေးတယ်။
စာသုံးသူ ကာကွယ်ပေးရေးအသင်းအနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အဖွဲ့ဝင် ၇၀၀ ထိ ရှိနေ ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ပြီး အစားအစာတွေကို ဓာတ်ခွဲစမ်းသပ် တာတွေ ပြုလုပ်မယ်လို့လည်း ပြောပါတယ်။
အာဏာပိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ပိုင်းက ရေးဆွဲဖို့ ပြင်ဆင်နေတဲ့ စားသုံးသူ ကာကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲရေး မှာလည်း ဒီစားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ ပါဝင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒီဥပဒေအတည်ဖြစ်ပြီးရင်တော့ အသင်းအနေနဲ့ နောက်ပိုင်းမှာ လူကို အန္တရာယ်ပေးစေတဲ့ အစား အသောက် တွေကို ထုတ်လုပ်ရောင်းချနေတဲ့သူ၊ တင်သွင်းလာသူတွေကို ဒီအသင်းရဲ့ ဥပဒေရေး ရာ ကော်မီတီကနေ တရားစွဲတာအထိ လုပ်သွားမယ်လို့ သိရပါတယ်ခင်ဗျာ။
ကိုရဲကျော်အောင် (ဗွီအိုအေ မြန်မာပိုင်း)
ဘကြီးသက်
Unknown at 11:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်တော်ဝင်ခွင့်စောင့်နေသူ (သီဟသူမင်းသား/ မင်းခွေးချေး) ( နှစ်ပေါင်း ၇၀၀ ကျော်ပေမဲ့ မြန်မာလူမျိုးသန်း ၆၀ ကျော်နဲ့ သက်ဆိုင်တယ်)
ကြားရတဲ့စကားသံကဟုတ်မှဟုတ်ပါ့မလား…..မှုန်ရီဝေး၀ါးနေတဲ့ စိတ်ဝဋ်ဥာဉ်ကြားက လွင့်နေတဲ့ ၀ိဥာဉ်ကိုစုစည်း အသေအချာ နားစွင့်မိလိုက်တယ်၊၊ ဟုတ်ပါတယ်…….ပြတ်သားတဲ့ အသံပါ ဆွေးနွေးနေကြတဲအသံတွေပါ။
“နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သောစီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက်အတိုက်အခံများ အပါအ၀င် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ပြန်လာ၍ရကြောင်း ပြည်ပသို့ ရောက်ရှိနေသူများကို ပြန်လာခွင့်ပြုသည်ဟု
အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည် တဲ့  နောက်ပြီးရှိပါသေးတယ်…
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်”ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု အဆိုပါ မိန့်ခွန်းတွင် ပြောကြားသည်တဲ့ ..“
.ဒါဆို..၁၉၈၈မတိုင်ခင်ကလူတွေကကော….ဒီလိုစကားတွေအတွက်ကျုပ်စိတ်မ၀င်စားတာအမှန်ပါ…
ကျုပ်ရဲ့သေနေတဲ့နှလုံးသားတစ်စုံကိုလန်နိုးစေခဲ့တဲ့နှလုံးသားက
ိုနှိုးကြားစေနိုင်တာက
ဘာတဲ့ကျုပ်နားကြားများမှားလေရော့လား…..အသေချာနားစွင့်မိတော့..ပီပီသသကြားမိတာက
“ရွှေဘိုနန်းတော်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုအကြီးစားပြင်ဆင်နေပြီတဲ့ ……”
အိုး…..ဒါဆို….ဒါဆို..ကျူပ်ရဲ့ပြည်တော်ပြန်ခရီးမဝေးတော့ဘူးပေါ့……ဒီစကားကြားရတာ
့နှစ်ပေါင်း၇၀၀ကျော်သေနေတဲ့ကျုပ်နှလုံးသားပြန်လည်နိုးထလာခဲ့ပြီ…၊ကျုပ်ရဲဝမ်းသာမှုပီတိ….ကကျုပ်ကလွဲ
လို့ ဘယ်သူမှမသိနိုင်ဘူး…။
.အမိမြေပြန်လာချင်တဲ့ကျုပ်လိုလူတွေလဲ ရှိလိမ့်မယ်လို
့ထင်မိပါတယ်..သိုသော်ငြားလဲ.. မရဲတရဲ…မယုံတယုံဖြစ်နေကြတာပေါ့လေ
အဲသလို..မယုံတယုံ ဖြစ်အောင်လဲ …….. ကျုပ် စောင့်စားရတဲ့နှစ်တွေ
က….နည်းမှမနည်းတောတာနော့…
………………………………………………………………..
အပြင်ဘက်ကအချင်းချင်ပြောဆိုသံ…ဝေဖန်သံ ၊အငြင်းပွားသံ တွေ က အုတ်နံရံ
ကိုထွင်းဖောက်.. ဟိုး…..မြေအောက် တိုက်ခန်းလေးထဲ
ထိကြားနေရတယ်လေ။..ကျုပ်လည်း
ဘာလိုလိုနဲ့တွက်ကြည်တာဒီမြေအောက်တိုက်ခန်းလေးထဲရောက်နေတာနှစ်ပေါင်း(၅၆)နှစ်တင်းတင်းပြည့်ပါရော
့လား… ……ကျုပ် ရင်ထဲ က ၀မ်းနည်းခြင်း ကြေကွဲခြင်း ၊နာကြည်းခြင်း
တွေပြည့် နေပါရော ……….
မြန်မာသက္ကရာဇ် ၁၃၁၅ခုနှစ်လောက်ကမြန်မာပြည်အစိုးရရဲဖိတ်ခေါ်ချက်အရမြန်မာပြည်ကိုသံတမာန် ရှေးဟောင်းကျောက်စာ သုတေသနအဖွဲ့ နဲ့ အတူ သုတေသန ပညာရှင်
ဒေါက်တာဂျွန်ဘီဒင် အပါဝင်ေ၇ာက်ရှိလာကြပါတယ်…။သူ အပြန်မှာတော့
မြန်မာပြည်တော်ပြန် လက်ဆောင်အနေ နဲ့ တွံတေးက စဥ့်အိုးကြီးတစ်လုံး ကိုကောက်ရိုး အထပ်ထပ်ရစ်ပတ်ပြိး သယ်ယူသွားခဲ့ တယ်.။
.သူအပြောကတော့မြန်မာလူမျိုးတွေရဲ့ လက်ရာပြောင်မြောက်တဲ့ စဥ့်အိုးကြီးကိုအမေရိကန်နိုင်ငံသားတွေကိုပြချင်တယ်ဆိုတော့..မြန့် မာဆိပ်ကမ်း
က သံတမန် လာရောက်တဲ့ သူ ဖြစ်နေတာကြောင့် စစ်ဆေးခြင်းမရှိ သယ်ဆောင်ခွင့်ရခဲ့ တယ်။။
တွံ့ တေးစဉ့် အိုးဆိုတာ…မြန်မာလူမျိုးတို့ ရဲ့ အံ့မခန်းလက်ရာပါ..အိုးထိန်းသည်ရဲ့ စိတ်ကူး…နွဲ့ နှောင်းတဲ့ ဟင်္သာမောင်နှံကဟန်တွေဟာမြန်မာတို့ရဲ့ အနုပညာလက်ရာ…..စဥ့်ရေအရောင်ကျောက်သလင်းသားလို အရည်သွေးကြောင့် နာမည်ကျော်ကြားခဲ့ တာပါ။ကျုပ်တို
အရိမဒ္ဒနပူရပုဂံပြည်က ဘိုးတော်လောင်းကျန်စစ်သားဘုရင်မင်းမြတ်ရဲ့ ခန်
့ထည်သော မီးတား မဟာရာဇ်တံတိုင်းကြီး၏အတွင်းက အာနန္ဒစေတီ ကဆည်းလည်းသံကို
ဆွတ်ပျံလွမ်းမော မိပါတယ်။ တမဒီပမြို့ရိုး အရှေ့ ဘက်သရပါတခါးအနိးအရှေ
့စားကျက်ကွင်းထဲကနွားခလောက်သံတွေလည်းကြားယောင်မိဆဲ။ နန်းရင်ပြင်
အနောက်ဘက်က စစ်ရေးလေကျင့်ကွင်းက တံပိုးသံ၊ စည်သံ၊ လွှားသံ၊
အဲမောင်းသံတွေ..ရာပေါင်းများစွာသော စစ်သည်တော်မြင်းသည်တော် တို့
စစ်ရေးလေ့ ကျင်နေပုံ ၊အင်တိုက်အားတိုက်စစ် သွေး စစ်မာန်
ကြွေးကြော်သံတွေဟာ…ကျုပ် ရဲ့ အမြင်အာရုံနဲ့ နားမှာ မနေ့ တနေ
့ကလိုဘဲကြားယောင်ဆဲ…မြင်ယောင်ဆဲ .အရာရာဟာ…မနေ့ တနေ့ ကလိုပါဘဲလား…………။
ကျုပ်ကောင်းကောင်းမှတ်မိနေတာပ…အရိမဒ္ဒနပူရ ပုဂံထိးနန်းရဲ့ မြပုခက်
မဟာဆိမဟာသွေး ပီသစွာကြိးပြင်းခဲ့ ရတဲ့ ကျုပ် ၊
တွံတေးတောတန်းတနေရာမှာဆင်ကျော့ရင်းကံတော်ကုန်ရှာတဲ့ခမည်းတော်”‘ဂြီတြိဘာဝနာဒီကျ
ပ၀ရ ဓမ္မရာဇာ ဒါနပတိနရ သိဃ်ဥစ္စနာ” မင်းဘုရင်မင်းမြတ်ရဲ့ 
သားကြီးးသြရသဖြစ်တဲ့ ကျုပ်…..
ဘုရင်မင်းမြတ် နဲ့ မယ်တော်ကလွဲ ရင် ဘယ်သူ့ ကိုမှ မျက်စိထဲ ရှိတယ်မထင်ခဲ
့တဲ ရာဇဂုဏ်မောက်မာလွန်းတယ်လို့  အများကသိကြတဲ့ကျုပ်၊
ပုဂံပြည်ရဲ သြဇာကတိမအရှိဆုံး အသက်အကြီးဆုံး သက်တော်ရှည် အမတ်ကြိး ပညာရှိ
သုခမိန်ရာဇသင်္ကြန်ကိုကွမ်းတံတွေးနဲထွေးမိတဲ့..မြန်မာ့ရာဇ၀င်မှာ……….အမည်းစက်ဖြစ်အောင်မောက်မာရိုင်းပြ
မိခဲ့ ဘူးတဲ့ ကျုပ်………..။
ကျုပ် ကလည်း ကျုပ် ပါဘဲ…အသက်ကလည်း၂၀နှစ် မပြည့်တဲ
့အရွယ်….မင်းပျို မင်းလွင်လေး ။ပြိးတော့ အိမ်ရှေ့ စံနန်းလျာ
မင်းတစ်ပါးနန်းရင်ပြင်တခုလုံး ထောင်လွား သောက်စားမော်ကြွားခဲ့ မိတဲ
့ကျုပ်…..
တိုင်းပြည်ရေးရာ ညီလာခံတက်ဘို့ နန်းရင်ပြင်ထဲ ခြေသံလုံလုံနဲ့  ၀င်လာတာကို
တိုင်မှီပြိး ညီလာခံ လျောက်တင်စရာ ကို စဉ်းစားနေတဲ့  ကျုပ်
အဖိုးလောက်ရှိတဲ့ အမတ်ကြီး ကို… ကျုပ်ဝင်လာတာ မမြင်ရကောင်းလား ဆိုပြိး ၊
ကွမ်းတံတွေး နဲ့ ထွေးမိတာကို.. အငြိုးထားပြိး  မင်းနေပြည်တော်နဲ့ ဝေး
ကွာနေတဲ့ တွံ တေးတောတန်း တစ်နေရာမှာ… ရာဇသင်္ကြန် အမတ်ကြီး နဲ
့ပေါင်းပါတွေ က အငြိုးထား အကောက်ကြံ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ ရတဲ့ 
ကျုပ်…
ကျုပ်ကောင်းကောင်းကြိးမှတ်မိနေတာပ…ဖခမည်းတော်ဈာပနာမကျင်းပသေးမှီ…
ဒီအမတ်ကြီးက ဥပါယ်တံမျဉ်နဲ့ .“.အရှင့်သားဘုန်းကံကြောင့် တွံတေးတောတန်းထဲ
ကဆင်ဖြူတော်ကိုအရှင့်သားကိုယ်တိုင်ရှု စား ကျော့ယူသိမ်းသွင်းပြီး
ဈာပနာအရေးပြိး မှ ထီးနန်း သိမ်းမြန်းပါ ၊စိုးစံတော်မှုပါ ……………….“
အကြံပေးလို့ ကျုပ်ရဲ့ မြလက်စွပ် ကိုတောင် အမတ်ကြိး ရာဇသင်္ကြန်ကို.. ဆု
အဖြစ် ချိးမြှင့်ခဲ့ သေးတာ က အစ…….ကျုပ် မှတ်မိနေပါသကော…………………..
……………………………………………………………………..
မြန်မာလူမျိုးတိုရဲ့ဖော်ထုတ်ခွင့်မရသေးတဲ့…မပုတ်မသိုးအောင်းဆေးစီရင်ခြင်း
အတတ်တွေနဲ့ … ကျုပ်ကဘ၀ချုပ်ငြိမ်း ဆေးစီိရင်ပြီိးဒီိရာဝင်အိုးထဲ
ဆေးရည်စိမ် ခြင်းခံခဲ့ တဲ့ ကျုပ်…..ကျုပ်ဟာ ..ဒေါက်တာဂျွန်ဘီဒင်ဆိုတဲ
့ရှေးဟောင်းသုတေသနပညာရှင်ရဲ
့လူကြိးလူကောင်းမပီသစွာ..ဗြောင်ကျကျခိုးယူခြင်းခံခဲ့ရတဲ့ကျုပ်………ကျုပ်ဟာ…ဒေါက်တာဂျွန်ဘီိဒင်ရဲ
့အိမ်အောက်ထပ်ကမြေအောက်ခန်းထဲ မှာ….ထားပြီး..။ ကျုပ်ကို စဥ့်အိုးထဲ
ကထုတ်ပြိး ကျောက်ညိုစားပွဲ ပေါ်က ၆ပေ ရှည်မှန်ခေါင်းထဲ ပြောင်းထဲ
ပြီိးထားလိုက်ပါတယ်…။
“ကျုပ်ရဲ့ သွင်ပြင် ကိုပြောပြအုံးမယ်..မဟာဆီမဟာသွေးကြီး ပြင်းခဲ့ ရတဲ့ ကျုပ်၊
ကျုပ် အသားရေကရွှေလိုဥ၀င်းနေတယ်။ မျက်နှာကနှုတ်ခမ်းမွှေးရေးရေး နဲ့ ခေါင်းက
ယောင်တစ်စောင်းထုံးထားတယ် ကေသရာဇာခြင်္သေ့ မင်း ပါတြ့ ငွေချည်ဖောက်
ရွှေဖလားရောင်ဖဲ ပုဆိုးနဲ့  မျက်နှာက တခုခုအလိုမကျဟန်အံ
့ကြိတ်ပြိးနေတယ်။ဒါကတော့
ကျုပ်ရဲရာဇမာန်ထောင်လွှားနေကြအတိုင်းပေါ့……ဒေါက်တာကကျုပ်ဝတ်ထားတဲ့အ၀တ်အစားနဲ့အသားအရေတွေကိုင်ကြည့်ပြိး..
အံ့သြ ထူးဆန်းစွာဖြစ်ပြိး ကျုပ် ဘေးနားက…တခြား အီဂျစ်နိုင်ငံက
မံမီရုပ်အလောင်း ကို ကိုင်လိုက်… .ကျုပ် အသားအရေ လာကိုင်လိုက် ၊ပြီးးတော
့စာအုပ်ထူတွေနဲ့အလုပ်ရှုတ်လိုနေပါတယ်။သိပ်မကြာခင်မှာဒေါက်တာဂျွန်ဘိဒင်ဟာ..ကျေနပ်အားရစွာနဲ
့ကျုပ်ရဲ့ ခေါင်းနံဘေးမှာပုဂံမင်းသား ၊သီဟသ၊ူပုဂံခေတ၊မြန်မာနိုင်ငံ၊၁၂၄၅
အေဒီ…..လို့ ရေးထိုးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တနေ့ တော့ဒေါက်တာဂျွန်ဘီဒင်ရဲ့ မြေအောက်ခန်းထဲ ကို
ဒေါက်တာဂျွန်ဘီဒင်လောက်
အသက်တူတဲ့ဧည့်သည်တစ်ယောက်ရောက်လာခဲပါတယ်…။ဘယ်လိုပဲအနောက်တိုင်းဝတ်စုံ
ဝတ်ထားပေမဲကျုပ်ရဲ့နှလုံးသွေးးကသိနေတယ်..စကားပြောတတ်လေ… သူ့ ရဲ
့သွင်ပြင်လဏ္ဍ  အဲ့ဒိဧည့်သည်ဟာမြန်မာလူမျိုးဖြစ်တယ်ဆိုတာ…….ကျုပ်ကိုယ်ထဲကဇာတိသွေးကအတတ်သိနေပါပြိ။ကျုပ်ဘ၀မှာတော့ဒိတသက်မြန်မာလူမျိုးတစ်ယောက်ကိုရေခြားမြေခြားမှာတွေရတာ…ကျုပ်
လောက် ကျုပ်ရဲ့ ကြည်နူးနေမှုကို မပြောပြတတ်အောင်ပါဘဲ… အဲ့ ဒိဧည့် သည်ဟာ..
ကျုပ် ကိုထည့်ထားတဲ့ မှန်ခေါင်းနဲ့ ဘေးကစာတမ်းကြည့်ပြိးမျက်ရည်စို
့နေတယ်ဆိုတာ နှလုံးသွေးတူတဲ့ ကျုပ်တွေ့ လိုက်ပါတယ် ။
ကျုပ်ရင်ထဲ က လာတဲ့ စကားတွေ ကိုလည်း ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင်
ကြားရမယ်ထင်ပါရဲ့ ၊့ ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင့် သူမျက်ဝန်းက
ဝမ်းနည်း မှုတွေ ဟာ..ရင်ထဲ မှာလှိုက်ကြွေးငိုနေပြိလားလို့  ထင်မိပါတယ်.။
.ပြိုတော့မဲ မိုးလို သူ့ မျက်နှာအရိပ်အကဲ ဟာ..အချစ်ရဆုံး..
တန်ဘိုးအထားရဆုံးအမြတ်နိုးဆုံးကို.. မမျော်လင့်ပဲ တွေ့ ရတဲ
့အခိုက်ဝမ်းနည်းမှုမျိုးတွေပါ…။ သူ့ ရင်ထဲ ကအသံတိတ်ပြိးဖတ်နေတဲ့ …. .သူ
့ရင်ထဲ ဘယ်လောက်ကြေကွဲနေမလဲဆိုတာ..ကျုပ်နားလည်မိပါရဲမြန်မာလူမျိုးတိုရဲ
ဂုဏ်ယူထုတ်ဖော်ပြောပြခွင့်မရခဲ့တဲ့ နှစ်ပေါင်းများစွာ
အလောင်းပကတိအတိုင်းစိရင်ခြင်းအတတ် ရှေးမြန်မာတို့ တတ်မြောက်ခဲ့ တယ်
ဆိုတာ.သိရလို့ အံ့သြတနန်း ဂုဏ်ယူမိတဲ့ သူ…….. .သူက အိုင်စီအက်စ်ဦးသြဘာ
ပါ။
ကျုပ်ကိုအတန်ကြာဝမ်းနည်းမှုတွေနဲကြည့်အပြိးမှာ…သက်ပြင်းမော…တချက်ရှိုက်ပြိး……“ဒေါက်တာရုတ်တရက်တော့ကျနော်..ဒိရုပ်အလောင်းကိုမြင်မြင်ခြင်းဘာပြောရမှန်းမသိအောင်
ဖြစ်သွားတာအမှန်ပါ။ပြောစရာစကားတွေကရင်ထဲပြည့်ကြပ်နေလိုဘာစပြောရမှန်းစဉ်းစားနေပါတယ်.။.အဓိကပြောချင်တာကတော့
မြန်မာတို့ ရဲ့ နှစ်ပေါင်း အတိအကျပြောရရင်  (၇၁၁) နှစ် အထိ မပုတ်မသိုးပဲ
မူလအတိုင်းရှိနေတဲ့ ပုဂံ မင်းသားရဲ့ ရုပ်အလောင်း ဆေးရင်စီိခြင်းအတတ်ကို
နှောင်းလူ မြန်မာတွေ သန်းပေါင်း များစွာသော..မြန်မာတွေ  မသိသေးဘူး…. ။.
ပြီးးတော့ ကျွန်နော်တိုတွေ့ က ကမ္ဘာကိုတင်ပြချင်သေးတယ်။ အီဂျစ်လူမျိုးတွေ
ဘဲ စိရင်တတ်တယ်။ ရှေးတရုပ်လူမျိုး တွေဘဲ တတ်တယ် ထင်နေတာလေ။
ကျွန်နော်လည်းနိုင်ငံတော်အစိုးရကလွတ်လို့ကျွန်တော်တို
့နိုင်ငံကခိုးယူသွားတဲ့  ဒီမင်းသားရုပ်အလောင်းနဲ့ စဥ့်
အိုးကြိးပါသက်သေပြတဲ့ အနေနဲ့ ယူသွားရမယ်..။”
“အိုး……….ဥိးသြဘာ ခိုးတယ်လို့ မပြောပါနဲ့ ခင်ဗျားတို့ ညံ့လို့ ခံရတယ်ပဲပြောပါ။…….”
“၀မ်းနည်းပါတယ်…ဒေါက်တာ…ကျနော်တို့ မြန်မာလူမျိုးမှာစကားပုံတခုရှိပါတယ်..
သူခိုးကဘယ်တော့မှခိုးပါတယ်လို ၀န်မခံတတ်ပါဘူး..။”
“ကျွန်နော့် အခုပြောနေတဲ့ စကားက မြန်မာနိုင်ငံရဲ့ မြန်မာပြည်သူ တရပ်လုံး
ကိုယ်စား ပြောနေတာပါ”
”တခုတော့ရှိပါတယ်ဥိးသြဘာ…..ခင်ဗျာပြန်လိုချင်ရင်ခင်ဗျားတို
့နိုင်ငံမှာထိုက်ထိုက်တန်တန်
အမျိုးသားပြတိုက်ကြီိးဆောက်ပြိးရင်..ဥပမာ..ပြင်သစ်ကလို၊အင်္ဂလန်နိုင်ငံကလို…….ဆောက်ပြိးရင်တော့ပြန်ယူနိုင်ပါတယ်…ခင်ဗျားတို့နိုင်ငံမှာရှိတဲ့ဂျူပလီဟောကချစ်ကြည်ရေး
လက်ဆောင်ပါခင်ဗျားတို့သာအမျိုးသားပြတိုက်လုပ်ထားပေမဲ
့လွတ်လပ်ရေးရပြီးတဲ့နိုင်ငံအနေနဲ့ ကြည့်ရင် အရမ်းကိုသေးငယ်လွန်းပါတယ်။”
“ဒိလိုဆိုလည်းဒေါက်တာကျနော်ပြန်ပါအုံးမယ်… ဒိဆေးရည်စိမ်မင်းသားအလောင်းနဲ
့စဉ့် အိုးကြိးကိုကျနော်သံတမန်နည်းနဲ့ ပဲပြန်ယူပါတော့မယ်….“ လို့ 
ကျုပ်ကိုတချက်ကြည့်ပြိ့း နောက်ဆုံးနှုတ်ဆက်ပြောစကားလေးကြားယောင်ခဲ
့ပါတယ်…….။
ရာသီိတွေလည်းအလီလီပြောင်းခဲ့ပါပြိ..၊နှစ်တွေလည်းကြာညောင်းခဲ့ပါပြီ..။။အချိန်ရဲ
့တိုက်စားမှုကြောင့် အိုင်စိအက်ဥိးသြဘာ ၊ ဒေါက်တာဂျွန်ဘီိဒင်တို့ လည်း
လောကကြိးထဲကအပြီးးပိုင် ထွက်ခွာသွားကြပါပြီိ။
•       ကျုပ် အမေရိက ရောက်နေတဲ့ အကြောင်းကိုနှောင်းလူတွေ ကကောသိကြပါရဲ့ လား
•       မြန်မာနိုင်ငံမှာဂျူပလီဟော ကိုပဲအမျိုးသားပြတိုက်အဖြစ ယနေ့ ထိ
ဆက်အသုံးပြုနေတုံးပဲလား………….
•       မြန်မာနိုင်ငံတော်အဆင့်နဲ့ တိုက်တန်ညိညွတ်အဆင့် မှိတဲ
အမျိုးသားပြတိုက်ကြိးကော အသစ်တည် ဆောက်ပြိးပြိလား…………..
•       ကျုပ်လို..အလောင်းကောင်ကိုပြန်လည်သယ်ယူရေးဟာ…..ဝေးနေတုံးပဲလား……
•       မြန်မာတို့ ရဲ့ ဆေးရည်စိမ်ခြင်းအတတ်ပညာကိုထုတ်ဖော်ပြသဖို့ စိတ်ကူးတွေ ကော….
•       ကျုပ်ကတော့….သမိုင်ကြွေးလို့ပြောမလား……………ရာဇ၀င်ကြွေးလို
့ပြောရမလား…မြန်မာရာဇ၀င်မှာပညာရှိလို့စာတင်ကြတဲရာဇသင်္ကြန်အမတ်ကြီးက
ိုကွမ်းတံတွေးနဲထွေးမိတာလေးကြောင်
့ကျုပ်ဟာ….တိုင်းတပါးမှာ….ပြည်တော်ပြန်ဘို့ အရေး က……….မရှိတော့ပြိလား။
•       ကျုပ်ကမြန်မာ့ သမိုင်းပုဂံရာဇ၀င်မှာကျုပ်ရဲ့ ဘိုးတော်ဘေးတော်တို
့၊ဥိးရိးတော်.. တိုနဲ့အတူကျော်ကြားခဲ့ကြတဲ့ 
အနော်ရထာ၊ကျန်စစ်သား၊အလောင်းစည်သူညောင်ဥိးဖီး၊ငထွေရူး၊ ငလုံးလက်ဖယ်..တို
လောက်…တိုက်ရည်ခိုက်ရည်မကျော်ကြားခဲ ခြင်းမရှိတာကြောင့်လား
•       ကျုပ်အသက်ကလည်း ငယ်သေးတဲအပြင် ကျုပ်အသတ်ခံရစဉ်က ကျုပ်နဲ့အတူကျုပ်ကို
စီရင်တဲ့ဆေးရည်စိမ်ခြင်း အတတ်ကိုမြန်မာတို့ရဲ့တန်ဖိုးမဖြတ်နိုင်တ
ဲဒိလောကဓါတ်ပညာကို ထုတ်ဖော်ပြသဖို အာရုံကို စွဲဆောင်နိုင်စွမ်း ကျုပ်ကို
မရှိကြတော့ဘူးလား
•       စိတ်ကူးလေးများနှောင်းလူတွေထဲ ကတစ်ယောက်ယောက်ပေါ်လာနိုး..
•       ကျုပ်ကိုလာခေါ်နိုးနဲ့ အမေရိကန်နိုင်ငံမှာ….ကျုပ်ရှိနေပါတယ်လို့ …………
•       ပြည်တော်ကိုပြန်ဝင်ခွင့်…..ကျုပ်လည်းစောင့်နေပါတယ်………လို့ 
ဤဆောင်းပါးရေးရာတွင်စာကိုးအဖြစ်အောက်ပါ…တို့ကိုအသိပညာနဲ
့စေတနာကိုကူးညှိပူဇော်ပါသည်။
။၁။ ရာဇသင်္ကြန်အတ္ထုပ္ပတ္တိစာအုပ်(သတင်းစာဆရာကြီးသူရိယဥိးသိန်းမောင်)
၂။ပုဂံသုတေသနလမ်းညွှန်စာအုပ်(ဥိးဗိုကေ၊ပုဂံ ပြတိုက်)
၃။မှော်ဝန်းကြည်မြတ်(ဆီစိမ်မင်းသား၊လွမ်းချင်းတာရှည်အမိမြေ)
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
(နှစ်ပေါင်း၇၀၀ကျော်ပေမဲ့ မြန်မာလူမျိုးသန်း၆၀ကျော်နဲ့ သက်ဆိုင်တယ်)
http://mandalaygazette.com/
ရတနာပုံနေပြည်တော်သတင်းစာတွင်ထုတ်ဝေပြီး လူဗိုလ် ဟူသည်
ဘကြီးသက်
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဈေးနှုန်းသက်သာသော ဂျာမနီနိုင်ငံမှ ထုတ်လုပ်မည့် eBook Reader
ဂျာမနီနိုင်ငံမှ ထုတ်လုပ်မည့် eBook Reader တစ်မျိုးသည် ဈေးနှုန်း ပေါင်စတာလင် (၁၀)မျှသာ ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။ Txtr Beagleဟု အမည်ပေးထားသည့် eBook Readerသည် ဒီဂျစ်တယ်စာအုပ် eBookများ ဖတ်ရှုရန် အတွက်သာ ဦးတည်ရည်ရွယ် ထုတ်လုပ်ခြင်းဟု ကုမ္ပဏီ ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ အခြားသော Functionများကို မျက်ကွယ်ပြုကာ စာဖတ်ရန် အတွက်သာ သီးခြား ရည်ရွယ်ထားသော ကိရိယာလေးသည် Amazonက ထုတ်ဝေပြီး (၆၉)ပေါင် တန်ဖိုးသတ်မှတ် ရောင်းချနေသည့် Kindle Readerများကို အဓိက စိန်ခေါ်လာမည် ဖြစ်သည်။
Txtr Beagleသည် အထူ (၅)မီလီမီတာမျှသာ ရှိနေပြီး (၁၂၈)ဂရမ်သာလေးရာ ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး eBook Readerအဖြစ်လည်း ကုမ္ပဏီက ကြွေးကြော်ထားသည်။ ထို့အပြင် အဆိုပါ eBook Readerသည် USB Cableကြိုးဖြင့် အားပြန်သွင်းရန် မလိုဘဲ AAဓာတ်ခဲဖြင့် အားသွင်းရမည် ဖြစ်သည်။ ထို့အပြင် ဘက်ထရီကို အသုံးမပြုဘဲ Standbyအဖြစ် (၁)နှစ်မျှ ထားရှိနိုင်သည်။
(၅)လက်မ အကျယ်ရှိသော E-Ink Displayသည် Resolution 800x600ထိ ထောက်ပံ့ပေးပြီး Displayနည်းပညာမှာ စွမ်းအင်သုံးစွဲမှု နည်းပါးသဖြင့် ဘက်ထရီ တစ်ခါလဲတိုင်း စာအုပ်ရှည်ကြီး (၁၂)အုပ်မှ (၁၅)အုပ်ထိ ဖတ်ရှုနိုင်မည်ဟု သိရသည်။ ၎င်းသည် ဈေးကွက်ထဲတွင် အပြင်းအထန် ပြိုင်ဆိုင်နေသော Tabletကွန်ပျူတာနှင့် eBook Readerများကို တိုက်ရိုက် ယှဉ်ပြိုင်နိုင်မည် မဟုတ်သော်လည်း စာဖတ်ရန်သက်သက် ခရီးဆောင် eBook Readerအနေနှင့်မူ ဈေးနှုန်း အလွန်သက်သာခြင်းကြောင့် စိတ်ဝင်စားစရာ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဘကြီးသက်
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၀၁၃-၁၄ ဘောလုံးရာသီကြို မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။
(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)
လက်ရှိ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်ဖြစ်သော ချယ်လ်ဆီးအသင်းသည် IBTC၏ လူသိထင်ရှားသော ကြော်ငြာ ကဏ္ဍတစ်ခုအဖြစ် ပါဝင် ကူညီမည် ဖြစ်သည်။ ယခုစပွန်ဆာ စာချုပ်ကိစ္စတွင် ကြားဝင် ဆောင်ရွက်ပေးခဲ့သည့် Sport Revolution အေဂျင်စီ၏ စီမံရေးရာ ဒါရိုက်တာ အန်တိုနီ မာကူက "ကျွန်တော်တို့ဟာ ခုလိုမျိုး ထင်ရှားတဲ့ အကျိုးတူ အခွင့်အရေး တစ်ရပ်မှာ အကျိုးဆောင်ပေးခွင့် ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ Grand Royal ဝီစကီဟာ ဒေသတွင်း ဘောလုံးကဏ္ဍကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ ပြီးသားပါ။ ခုချိန်မှာတော့ အာရှတိုက်မှာ ပရီးမီးယားလိဂ်ရဲ့ လွှမ်းမိုးမှု ပိုကျယ်ပြန့်လာတာကို အခြေခံပြီး စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုဖြစ်တာပါ"ဟု ရှင်းလင်း ပြောဆိုခဲ့သည်။
Goal.com၏ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းသည် (၂၀၁၃-၁၄) ဘောလုံးရာသီကြို ကာလများတွင် မြန်မာနိုင်ငံသို့ ခြေစမ်းပွဲ လာကစားမည်ဟု သိရသည်။ ချယ်လ်ဆီးသည် IBTCနှင့် စာချုပ်ခဲ့သလို ကာလရှည် စပွန်ဆာ လက်တွဲဖော်ဖြစ်သော Shigha ဘီယာနှင့်လည်း (၂၀၁၇)ခုနှစ်ထိ သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
Planet New
ဘကြီးသက်
Unknown at 11:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျပ်နှစ်သိန်းဖုန်း လာမည့်ဧပြီတွင် ဈေးလျှော့ရောင်းမည်
ကျပ်နှစ်သိန်းတန်  မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီလတွင် ရောင်းချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအမည်ဖြင့် ရောင်းချခြင်း မပြုဘဲ မြန်မာ့တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချမည်ဟု သိရသည်။ ၎င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်းအပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ဆက်လက်၍ ၎င်းက “၄ လပိုင်း ဖုန်းရောင်းပေးမယ်ဆိုပေမယ့် ရက်တော့ သတ်မှတ် မထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ် ဆိုတာလဲ၊ ကုန်ကျစရိတ် တွက်ချက်ပြီးမှ သိရမှာပါ။ ကုမ္ပဏီအပြိုင်အဆိုင် ရောင်းရမှာဆိုတော့ တခြားကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်း လျှော့ရောင်းသွားရမှာပါ” ဟု ပြောသည်။ “နောက်နှစ်လေးလပိုင်း ဖုန်းရောင်းနိုင်ဖို့ အခုအချိန်မှာ တာဝါတိုင်တွေ စိုက်ထူထားမှ ရောင်းချနိုင်မှာပါ၊ လက်ရှိ အနေအထားအရ မြန်မာတယ်လီကွန်းနှင့် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုပဲ လုပ်နိုင်သေးတယ်။ ကျန်တဲ့ ကုမ္ပဏီနှစ်ခုက ရွေးတောင် မရွေးရသေးဘူး။ တင်ဒါခေါ် ရွေးချယ်တာနဲ့ဆိုရင် နောင်နှစ်ဖုန်းရောင်းဖို့ မမီနိုင်ပါဘူး”ဟု ပြောသည်။ ယင်းသို့ ကုမ္ပဏီနှစ်ခု ရွေးချယ်ခြင်း မရှိသေးသော်လည်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အသွင်ပြောင်း မြန်မာ့တယ်လီကွန်းသည် လာမည့်နှစ်တွင် မိုဘိုင်းဖုန်းလိုင်း ၄ သန်း၊ ရတနာပုံတယ်လီကွန်းမှာ ၄ သန်း၊ ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုမှာ တစ်သန်းနှင့် စုစုပေါင်း လာမည့်နှစ်တွင် ဖုန်းလိုင်း ၁၀ သန်းရောင်းချမည်ဟု ထုတ်ပြန်ထားသည်။ ၎င်းအပြင် လေးနှစ်အတွင်း ဖုန်းလိုင်း ၃၉ ဒသမ ၅သန်းကို စီမံကိန်းတစ်ခုဆွဲ၍ ရောင်းချမည်ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင်မြန်မာ့ ဆက်သွယ်ရေး အသွင်ပြောင်း မြန်မာ့တယ်လီကွန်း ကုမ္ပဏီကသာ အရေအတွက် ၁၄ သန်းအထိ အများဆုံး ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 11:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဂျာနယ်တိုက်များတွင် ၀န်ထမ်းခေါ်ယူမှု အမြင့်ဆုံးအချိန်ရောက်
 ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များက ယခုလပိုင်းအတွင်း သတင်းထောက်ဦးရေ ၁၅၀ ကျော်ခန့် ခေါ်ဆိုထားပြီး ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဦးရေအများဆုံး ခေါ်ယူခြင်းဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်တိုက်များမှ တာဝန်ရှိ အယ်ဒီတာများက ပြောကြားသည်။ မကြမီ ထုတ်ဝေမည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာ ထုတ်ဝေရေးအတွက် အဓိကရည်ရွယ် ခေါ်ဆိုခြင်းဖြစ်ကာ အချို့သော သတင်းဂျာနယ်တိုက်များ အနေဖြင့် တီဗီရုပ်သံလိုင်း၊ အွန်လိုင်းမီဒီယာအတွက်ပါ ထည့်သွင်း ခေါ်ယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံများကဲ့သို့ ဂျာနယ်လစ် သင်တန်းကျောင်းများ ဖွင့်လှစ်မှု၊ သင်ကြားမှု နည်းပါးလျက်ရှိသည့်အတွက် ယခုခေါ်ယူထားသော ဂျာနယ်တိုက်များအနေဖြင့် တိုက်တွင်း လေ့ကျင့်မှုများကို အချိန်ယူကာ ဂျာနယ်တိုက်အတွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ရရန် အတွက်လည်း ပြည်တွင်း ဂျနယ်ခုနစ်စောင်က သမ္မတထံ စာတင်ထားပြီး၊ သတင်းထောက် အလုပ်နေရာများကို 7 Day News ဂျာနယ်၊ Weekly Eleven ဂျာနယ်၊ မြန်မာတိုင်း(မ်)ဂျာနယ်၊ Messenger ဂျာနယ် စသည့်ဂျာနယ်တိုက်များက ခေါ်နေခြင်းဖြစ်သည်။ လက်ရှိ ဂျာနယ်တိုက်များအနေဖြင့် အယ်ဒီတာ၊ သတင်းထောက် အရေအတွက် တစ်တိုက်လျှင် ဦးရေ ၃၀ မှ ၆၀ ခန့်ရှိပြီး အချို့တိုက်များတွင် လူ ၁၀၀ ခန့်ရှိကြောင်းသိရှိရသည်။
ဘကြီးသက်
Unknown at 11:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်ကို ပျာပုံဖြစ်အောင် လုပ်ခဲ့တဲ့ အင်္ဂလိပ်တို့၏ အမြှောက်ကြီးများ ရွှေတိဂုံအနီးတွင် တူးဖော်ရရှိ
ပြည်သူရင်ပြင်၌ အဆောက်အဦးဆောက်လုပ်ရန်အတွက် တွင်းတူးစဥ်မြေဆယ်ပေအနက် အရောက်တွင် ရှေးဟောင်းအမြောက်ကြီးတူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉
လက်မ ရှိကြောင်းသိရသည်။
ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။ယင်းအမြောက်ကြီးကို ယန္တရားစက်မောင်းဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
Myanmar Express
ဘကြီးသက်
Unknown at 11:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကွန်တင်နာအတွင်းက လက်နက်ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာထွက်သော်လည်း မထုတ်ပြန်သေး
ဒိုင်းမွန်းစတားကုမ္ပဏီ ဂျုံအိတ်ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိသည့်ကိစ္စ စစ်ဆေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့သို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယအထွေထွေမန်ေ
နဂျာ ဦးသက်ထွန်းက ပြောကြားသည်။
အစီရင်ခံစာကို လျှို့ဝှက်ဖြင့် ပေးပို့ထားခြင်းဖြစ်ပြီး ကောက်နှုတ်ချက်နှင့် တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရဘက်ကသာ ထုတ်ပြန်မည်ဖြစ်ပြီး ၀န်ကြီးချုပ်ကသာ ဆုံးဖြတ်ချက်ချမှတ်မည်ဟုထင်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါကွန်တိန်နာ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲမှူးကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စသည့် အဖွဲ့အစည်းပေါင်းစုံမှ ပါဝင်ကြောင်း သတင်းရရှိသည်။
အစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မိမိထံသို့ အစီရင်ခံစာ ရောက်ရှိပြီးဖြစ်သော်လည်း ဖတ်ရှုရခြင်းမရှိသေးသဖြင့် မည်သည့်အချက်များ ပါဝင်သည်ကို ပြောပြနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဂျုံအိတ်များပါဝင်သော ကွန်တိန်နာသည် ယခုလ ၂၄ ရက်က သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် ဒဂုံအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားစက်ရုံသို့ ရောက်ရှိပြီး ဖွင့်ဖောက်၍ သယ်ယူစဉ် သေနတ်နှင့် ကျည်ဆံများပါဝင်သော အထုပ်ကို တွေ့ရသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဆိပ်ကမ်းသို့ ကွန်တိန်နာရောက်ရှိပါက အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွန်တိန်နာပါ ပစ္စည်းများကို ဖွင့်ဖောက်၍လည်းကောင်း၊ စက်ဖြတ်၍လည်းကောင်း စစ်ဆေး၍ စစ်ဆေးပြီးပါမှ ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုကြောင်း သိရသည်။
ဂျုံအိတ်များကို မြန်မာနိုင်ငံမှ ဒိုင်းမွန်းစတားကုမ္ပဏီက ပါကစ္စတန်နိုင်ငံရှိ Hassan All Rice Export ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ကုမ္ပဏီမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
REF: 7Day News Journal
ဘကြီးသက်
Unknown at 10:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.