အစီရင်ခံစာကို လျှို့ဝှက်ဖြင့် ပေးပို့ထားခြင်းဖြစ်ပြီး ကောက်နှုတ်ချက်နှင့် တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရဘက်ကသာ ထုတ်ပြန်မည်ဖြစ်ပြီး ၀န်ကြီးချုပ်ကသာ ဆုံးဖြတ်ချက်ချမှတ်မည်ဟုထင်ကြော
အဆိုပါကွန်တိန်နာ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီ
အစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မိမိထံသို့ အစီရင်ခံစာ ရောက်ရှိပြီးဖြစ်သော်လည်း ဖတ်ရှုရခြင်းမရှိသေးသဖြင့် မည်သည့်အချက်များ ပါဝင်သည်ကို ပြောပြနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဂျုံအိတ်များပါဝင်သော ကွန်တိန်နာသည် ယခုလ ၂၄ ရက်က သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် ဒဂုံအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားစက်ရုံသို့ ရောက်ရှိပြီး ဖွင့်ဖောက်၍ သယ်ယူစဉ် သေနတ်နှင့် ကျည်ဆံများပါဝင်သော အထုပ်ကို တွေ့ရသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဆိပ်ကမ်းသို့ ကွန်တိန်နာရောက်ရှိပါက အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွန်တိန်နာပါ ပစ္စည်းများကို ဖွင့်ဖောက်၍လည်းကောင်း၊ စက်ဖြတ်၍လည်းကောင်း စစ်ဆေး၍ စစ်ဆေးပြီးပါမှ ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုကြောင်း သိရသည်။
ဂျုံအိတ်များကို မြန်မာနိုင်ငံမှ ဒိုင်းမွန်းစတားကုမ္ပဏီက ပါကစ္စတန်နိုင်ငံရှိ Hassan All Rice Export ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ကုမ္ပဏီမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
REF: 7Day News Journal
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge