Thursday, October 11, 2012

တယ်လီဖုန်းခေါ်သံကို သီချင်းသံဖြင့်ပြောင်းလဲပေးသည့် (MyRingTune) ၀န်ဆောင်မှုအတွက် ငွေဖြတ်တောက်ခဲ့မှုများကို ပြန်လည်ဖြေရှင်းပေးနေ


တယ်လီဖုန်းခေါ်သံကို မိမိနှစ်သက်ရာသီချင်းသံဖြင့် ပြောင်းလဲပေးသည့်ဝန်ဆောင်မှု (My Ring Tune) မှာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူအချို့ထံ မှားယွင်းရောက်ရှိလာပြီး ငွေဖြတ်တောက်နှုတ်ယူမှုများ၊ သုံးစွဲ လိုခြင်းမရှိဘဲ အသုံးပြုရမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ဖြစ်ပေါ်ပြီးနောက် My Ring Tune ၀န်ဆောင်မှုပေးနေသော Fortune ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ပြန်လည်ဖြေရှင်းပေးနေကြောင်းလည်း သိရသည်။
ပုံမှန်အားဖြင့် ယင်းဝန်ဆောင်မှုမှာ သုံးစွဲလိုသူများက သွားရောက်တောင်းဆိုမှသာ ၀န်ဆောင်မှုဖွင့်ပေးခြင်းဖြစ်ပြီး အသုံးပြုလိုသည့်ဖုန်းနံပါတ်သို့ ဆက်သွယ်အတည်ပြုပြီးမှသာလျင် အသုံးပြုနိုင်ကြောင်းသိရသည်။ အသုံးပြုမည့်သူမှာ ကြိုက်နှစ် သက်ရာ သီချင်းကိုရွေးချယ်နိုင်ပြီး ၀န်ဆောင်ခမှာ ၂၀၀၀ ကျပ်ဖြစ်သည်။
''ဒီနံနက်ပိုင်းမှာ My Ring Tune ကနေ Message တစ်စောင်ရောက်လာပြီး ဖုန်းခေါ်သံကလည်း အင်္ဂလိပ်သီချင်းသံပြောင်းသွားတယ်။ အသုံးပြုဖို့အတွက် တောင်းဆိုထားတာမရှိသလို ပြန်ပြီးလည်း အကြောင်းမကြားရပါဘဲနဲ့ သူ့ဘာသာ ဖြစ်သွားတယ်။ ကျွန်မ အမျိုးသားရဲ့ဖုန်းမှာလည်းဖြစ်ပြီး မောင်တစ်ယောက်ရဲ့ဖုန်းလည်းဖြစ်တယ်။ အသိမိတ်ဆွေနှစ်ယောက်ရဲ့ဖုန်းတွေမှာ လည်းဖြစ်တယ်။ ကျွန်မအမျိုးသားရဲ့ဖုန်းဆို မနေ့က ငွေဖြည့်ထားတာ ၂၀၀၃၀ ရှိတာကနေ ၁၇၇၂၅ ပဲကျန်တော့တယ်။ ငွေဖြည့်ပြီးတော့ မက်ဆေ့သုံးစောင်လောက်ပို့တာနဲ့ ဖုန်းအ၀င်ပြောတာလောက်ပဲရှိတာပါ။ ဒီ ၀န်ဆောင်မှုကို ကလေးတွေသုံးကြ တာမျိုးရှိလို့ သိပေမယ့် ကျွန်မတို့လူကြီးတွေအနေနဲ့ နားငြီးလို့မသုံးချင်ခဲ့ဘူး။ ကိုယ့်ဖုန်းသံက ဒီလိုမျိုးသီချင်းသံဖြစ်သွားတော့ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရတယ်။ ကုမ္ပဏီကိုဖုန်းလှမ်းဆက်တော့ ဆက်သွယ်ရေးဘက်က Error ဖြစ်တာ၊ ပြန်အဆင်ပြေအောင်လုပ်ပေးပါမယ်၊ ငွေပြန်ဖြည့်ပေးပါမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသုံးစွဲသူဆီ ကဓားပြတိုက်သလိုမျိုးခံစားရပြီး ကိုယ်ကမသုံးချင်ပါဘဲ ဒီလိုမျိုးသီချင်းသံပြောင်းသွားတော့ ကလေးကလားနိုင်သလိုမျိုးလည်းဖြစ်တယ်''ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဒေါ်ခင်လေးသက်က ပြောပြခဲ့သည်။
''ပြောရရင် ကုမ္ပဏီအနေနဲ့က ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ရတာပါ။ ငွေဖြည့်တာ၊ ငွေနှုတ်တာတွေက ဆက်သွယ်ရေးအပိုင်းဘက်က လုပ်ဆောင်တာပါ။ သုံးစွဲသူတွေက လှမ်းအကြောင်းကြားကြလို့ အခုချက်ချင်းပဲ ပြန်လုပ်ပေးနေပါတယ်။ ဒီနံနက်ပိုင်းမှာစဖြစ်ပြီး စက်ကအော်တိုပုံစံမျိုး ဖြစ်သွားတာလို့တော့သိရတယ်။ ဖုန်းဘယ်နှလုံးလောက်ဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုသီချင်းသံက Default Ringtune ဖြစ်တဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်တည်းကိုပဲ ပြောင်းသွားကြပါတယ်။ တောင်းပန်တဲ့မက်ဆေ့တွေ ပို့ပေးနေပြီး နှုတ်ယူခံရတဲ့ငွေပမာဏကိုလည်း ပြန်ဖြည့်ပေးသွားမှာဖြစ်ပါတယ်''ဟု  My Ring Tune မှတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 3:09 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.