Thursday, October 11, 2012

ဂျာနယ်တိုက်များတွင် ၀န်ထမ်းခေါ်ယူမှု အမြင့်ဆုံးအချိန်ရောက်


 ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များက ယခုလပိုင်းအတွင်း သတင်းထောက်ဦးရေ ၁၅၀ ကျော်ခန့် ခေါ်ဆိုထားပြီး ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဦးရေအများဆုံး ခေါ်ယူခြင်းဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်တိုက်များမှ တာဝန်ရှိ အယ်ဒီတာများက ပြောကြားသည်။ မကြမီ ထုတ်ဝေမည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာ ထုတ်ဝေရေးအတွက် အဓိကရည်ရွယ် ခေါ်ဆိုခြင်းဖြစ်ကာ အချို့သော သတင်းဂျာနယ်တိုက်များ အနေဖြင့် တီဗီရုပ်သံလိုင်း၊ အွန်လိုင်းမီဒီယာအတွက်ပါ ထည့်သွင်း ခေါ်ယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံများကဲ့သို့ ဂျာနယ်လစ် သင်တန်းကျောင်းများ ဖွင့်လှစ်မှု၊ သင်ကြားမှု နည်းပါးလျက်ရှိသည့်အတွက် ယခုခေါ်ယူထားသော ဂျာနယ်တိုက်များအနေဖြင့် တိုက်တွင်း လေ့ကျင့်မှုများကို အချိန်ယူကာ ဂျာနယ်တိုက်အတွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ရရန် အတွက်လည်း ပြည်တွင်း ဂျနယ်ခုနစ်စောင်က သမ္မတထံ စာတင်ထားပြီး၊ သတင်းထောက် အလုပ်နေရာများကို 7 Day News ဂျာနယ်၊ Weekly Eleven ဂျာနယ်၊ မြန်မာတိုင်း(မ်)ဂျာနယ်၊ Messenger ဂျာနယ် စသည့်ဂျာနယ်တိုက်များက ခေါ်နေခြင်းဖြစ်သည်။ လက်ရှိ ဂျာနယ်တိုက်များအနေဖြင့် အယ်ဒီတာ၊ သတင်းထောက် အရေအတွက် တစ်တိုက်လျှင် ဦးရေ ၃၀ မှ ၆၀ ခန့်ရှိပြီး အချို့တိုက်များတွင် လူ ၁၀၀ ခန့်ရှိကြောင်းသိရှိရသည်။

ဘကြီးသက်
Unknown at 11:12 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.