Thursday, October 11, 2012

၀၁၃-၁၄ ဘောလုံးရာသီကြို မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။



(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)

လက်ရှိ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်ဖြစ်သော ချယ်လ်ဆီးအသင်းသည် IBTC၏ လူသိထင်ရှားသော ကြော်ငြာ ကဏ္ဍတစ်ခုအဖြစ် ပါဝင် ကူညီမည် ဖြစ်သည်။ ယခုစပွန်ဆာ စာချုပ်ကိစ္စတွင် ကြားဝင် ဆောင်ရွက်ပေးခဲ့သည့် Sport Revolution အေဂျင်စီ၏ စီမံရေးရာ ဒါရိုက်တာ အန်တိုနီ မာကူက "ကျွန်တော်တို့ဟာ ခုလိုမျိုး ထင်ရှားတဲ့ အကျိုးတူ အခွင့်အရေး တစ်ရပ်မှာ အကျိုးဆောင်ပေးခွင့် ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ Grand Royal ဝီစကီဟာ ဒေသတွင်း ဘောလုံးကဏ္ဍကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ ပြီးသားပါ။ ခုချိန်မှာတော့ အာရှတိုက်မှာ ပရီးမီးယားလိဂ်ရဲ့ လွှမ်းမိုးမှု ပိုကျယ်ပြန့်လာတာကို အခြေခံပြီး စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုဖြစ်တာပါ"ဟု ရှင်းလင်း ပြောဆိုခဲ့သည်။

Goal.com၏ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းသည် (၂၀၁၃-၁၄) ဘောလုံးရာသီကြို ကာလများတွင် မြန်မာနိုင်ငံသို့ ခြေစမ်းပွဲ လာကစားမည်ဟု သိရသည်။ ချယ်လ်ဆီးသည် IBTCနှင့် စာချုပ်ခဲ့သလို ကာလရှည် စပွန်ဆာ လက်တွဲဖော်ဖြစ်သော Shigha ဘီယာနှင့်လည်း (၂၀၁၇)ခုနှစ်ထိ သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

Planet New
ဘကြီးသက်
Unknown at 11:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.