Thursday, October 11, 2012

တရုတ်ဖြစ် ကားလေအိတ်အတုများ အမေရိကန်တွင် စစ်ဆေးတွေ့ရှိ

အောက်တိုဘာ ၁၀။ ။ တရုတ်နိုင်ငံမှ ထုတ်သော မော်တော်ယာဉ် လုံခြုံရေး လေ အိတ်အတုများအား အမေရိကန်နိုင်ငံတွင်းရှိ ကားများတွင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ ယင်းစစ်ဆေးတွေ့ရှိမှု ပြီးနောက် သမ္မတ အိုဘားမားကိုယ်တိုင် ယင်းလေအိတ်များ ပြန်လည် အစားထိုးရန် တိုက်တွန်းထားသည်။

လေအိတ်အတုများကို အမေရိကန် ဟိုင်းဝေးလမ်းနှင့် မော်တော်ယဉ် လုံခြုံရေးနှင့် စစ်ဆေးရေး အဖွဲ့ (NHTSA) က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ် သည်။ လေအိတ်အတုကို Crash test စမ်းသပ်ရာတွင် မီးလောင်ခြင်း၊ လေဖောင်းပွ မတက်လာခြင်းကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ တရုတ်ဖြစ်ပစ္စည်းများ ဖြစ်ပြီး အမေရိကန် အစိုးရကို ဒေါသထွက်စေ ခဲ့သည်။ ပြီးခဲ့ သည့် ဖေဖော်ဝါရီလကလည်း အမေရိကန်သို့ လုံခြုံရေး လေ အိတ်အတုများ သွင်းသော တရုတ်လူမျိုးတစ်ဦး ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ဖြစ်ရာ ယခု လေအိတ်အတု ဖြန့်ဝေ သူကိုလည်း စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

လေအိတ်အတုကြောင့် ကား အက်ဆီးဒန့် ဖြစ်သည့် အခါ မော်တော်ယာဉ် တွင်း လိုက်ပါ လာသူတို့ကို သေဆုံးစေသည်အထိ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် လေအိတ်အတု တင်သွင်း သူ မှန်သမျှကို အမေရိကန် အစိုးရ မှ ပြင်းထန်စွာ အရေးယူလေ့ရှိသည်။ ပြီးခဲ့သည့် သြဂုတ် လက လည်း နော့ကာရိုလိုင်းနားပြည်နယ်တွင် လည်း ယင်းကဲ့သို့ လေအိတ်အတု ထုတ်လုပ် သည့် စက်ရုံငယ်ကို စစ်ဆေးတွေ့ရှိပြီးနောက် ဖမ်းဆီးအရေးယူ ခဲ့ပြီး ဖြစ်သည်။ သို့သည့် တိုင် လေအိတ်အတုများ အမေရိကန်တွင် ပျံ့ နှံ့နေသေးပြီး အစီး တစ်ထောင်လျှင် တစ်စီး နှုန်း လေအိတ်အတုများ တပ်ဆင်ထားရကြောင်း သိရသည်။ စစ်ဆေးရေးအဖွဲ့၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် ၃ နှစ်မှ စ၍ အမေရိကန်တွင် အသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလေအိတ်အတုများကို တရုတ်ပြည်တွင်းအပြင် အမေရိကန်တွင်ပါ စက်ရုံငယ်များ တည်ထောင်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်းအချို့ ထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။ ဈေးနှုန်းအားဖြင့်လည်း အမေရိကန် ၄၀-၅၀ ဝန်းကျင်ဖြင့်သာ ရောင်းချ သဖြင့် ဈေး သက်သာသောကြောင့် ဝယ်ယူသူများပြားသည်။

ယင်းအတွက် သက်ဆိုင်ရာ ကုမ္မဏီ ဝပ်ရှော့သို့ သွားရောက် အစားထိုး တပ် ဆင်ရန် အမေရိကန် အစိုးရပိုင် မော်တော်ယာဉ်လုံခြုံရေးဝဘ်ဆိုဒ် (http://www.safercar.gov/) မှ ကြေညာထားသည်။ တွင်းထွက် စွမ်းအင် များ ဆုပ်ကိုင်ထားမှုကြောင့် တရုတ်ပြည်နှင့် ကုန်သွယ်မှုကို အတတ်နိုင် ဆုံးလျော့ချပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန် က ပြင်ဆင် လျက်ရှိသည်။ ယင်းသို့ ပြင်ဆင်နေချိန်တွင် လေအိတ်အတု များ စစ်ဆေးတွေ့ ရှိခြင်းကြောင့် အမေရိကန် မော်တော်ယာဉ်ဈေးကွက်သို့ တရုတ်တို့ ဝင်ရောက်နိုင်ရန် ပိုမိုခက်ခဲ သွားမည်ဖြစ်ကြောင်း သိရသည်။
---
Ref: http://youtu.be/s-FXxuYbX_Y
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_11.html

ဘကြီးသက်
Unknown at 4:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.