Thursday, October 11, 2012

ကျပ်နှစ်သိန်းဖုန်း လာမည့်ဧပြီတွင် ဈေးလျှော့ရောင်းမည်




ကျပ်နှစ်သိန်းတန်  မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီလတွင် ရောင်းချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအမည်ဖြင့် ရောင်းချခြင်း မပြုဘဲ မြန်မာ့တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချမည်ဟု သိရသည်။ ၎င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်းအပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ဆက်လက်၍ ၎င်းက “၄ လပိုင်း ဖုန်းရောင်းပေးမယ်ဆိုပေမယ့် ရက်တော့ သတ်မှတ် မထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ် ဆိုတာလဲ၊ ကုန်ကျစရိတ် တွက်ချက်ပြီးမှ သိရမှာပါ။ ကုမ္ပဏီအပြိုင်အဆိုင် ရောင်းရမှာဆိုတော့ တခြားကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်း လျှော့ရောင်းသွားရမှာပါ” ဟု ပြောသည်။ “နောက်နှစ်လေးလပိုင်း ဖုန်းရောင်းနိုင်ဖို့ အခုအချိန်မှာ တာဝါတိုင်တွေ စိုက်ထူထားမှ ရောင်းချနိုင်မှာပါ၊ လက်ရှိ အနေအထားအရ မြန်မာတယ်လီကွန်းနှင့် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုပဲ လုပ်နိုင်သေးတယ်။ ကျန်တဲ့ ကုမ္ပဏီနှစ်ခုက ရွေးတောင် မရွေးရသေးဘူး။ တင်ဒါခေါ် ရွေးချယ်တာနဲ့ဆိုရင် နောင်နှစ်ဖုန်းရောင်းဖို့ မမီနိုင်ပါဘူး”ဟု ပြောသည်။ ယင်းသို့ ကုမ္ပဏီနှစ်ခု ရွေးချယ်ခြင်း မရှိသေးသော်လည်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အသွင်ပြောင်း မြန်မာ့တယ်လီကွန်းသည် လာမည့်နှစ်တွင် မိုဘိုင်းဖုန်းလိုင်း ၄ သန်း၊ ရတနာပုံတယ်လီကွန်းမှာ ၄ သန်း၊ ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုမှာ တစ်သန်းနှင့် စုစုပေါင်း လာမည့်နှစ်တွင် ဖုန်းလိုင်း ၁၀ သန်းရောင်းချမည်ဟု ထုတ်ပြန်ထားသည်။ ၎င်းအပြင် လေးနှစ်အတွင်း ဖုန်းလိုင်း ၃၉ ဒသမ ၅သန်းကို စီမံကိန်းတစ်ခုဆွဲ၍ ရောင်းချမည်ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင်မြန်မာ့ ဆက်သွယ်ရေး အသွင်ပြောင်း မြန်မာ့တယ်လီကွန်း ကုမ္ပဏီကသာ အရေအတွက် ၁၄ သန်းအထိ အများဆုံး ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 11:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.