Thursday, October 11, 2012

ဈေးနှုန်းသက်သာသော ဂျာမနီနိုင်ငံမှ ထုတ်လုပ်မည့် eBook Reader

ဂျာမနီနိုင်ငံမှ ထုတ်လုပ်မည့် eBook Reader တစ်မျိုးသည် ဈေးနှုန်း ပေါင်စတာလင် (၁၀)မျှသာ ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။ Txtr Beagleဟု အမည်ပေးထားသည့် eBook Readerသည် ဒီဂျစ်တယ်စာအုပ် eBookများ ဖတ်ရှုရန် အတွက်သာ ဦးတည်ရည်ရွယ် ထုတ်လုပ်ခြင်းဟု ကုမ္ပဏီ ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ အခြားသော Functionများကို မျက်ကွယ်ပြုကာ စာဖတ်ရန် အတွက်သာ သီးခြား ရည်ရွယ်ထားသော ကိရိယာလေးသည် Amazonက ထုတ်ဝေပြီး (၆၉)ပေါင် တန်ဖိုးသတ်မှတ် ရောင်းချနေသည့် Kindle Readerများကို အဓိက စိန်ခေါ်လာမည် ဖြစ်သည်။



Txtr Beagleသည် အထူ (၅)မီလီမီတာမျှသာ ရှိနေပြီး (၁၂၈)ဂရမ်သာလေးရာ ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး eBook Readerအဖြစ်လည်း ကုမ္ပဏီက ကြွေးကြော်ထားသည်။ ထို့အပြင် အဆိုပါ eBook Readerသည် USB Cableကြိုးဖြင့် အားပြန်သွင်းရန် မလိုဘဲ AAဓာတ်ခဲဖြင့် အားသွင်းရမည် ဖြစ်သည်။ ထို့အပြင် ဘက်ထရီကို အသုံးမပြုဘဲ Standbyအဖြစ် (၁)နှစ်မျှ ထားရှိနိုင်သည်။



(၅)လက်မ အကျယ်ရှိသော E-Ink Displayသည် Resolution 800x600ထိ ထောက်ပံ့ပေးပြီး Displayနည်းပညာမှာ စွမ်းအင်သုံးစွဲမှု နည်းပါးသဖြင့် ဘက်ထရီ တစ်ခါလဲတိုင်း စာအုပ်ရှည်ကြီး (၁၂)အုပ်မှ (၁၅)အုပ်ထိ ဖတ်ရှုနိုင်မည်ဟု သိရသည်။ ၎င်းသည် ဈေးကွက်ထဲတွင် အပြင်းအထန် ပြိုင်ဆိုင်နေသော Tabletကွန်ပျူတာနှင့် eBook Readerများကို တိုက်ရိုက် ယှဉ်ပြိုင်နိုင်မည် မဟုတ်သော်လည်း စာဖတ်ရန်သက်သက် ခရီးဆောင် eBook Readerအနေနှင့်မူ ဈေးနှုန်း အလွန်သက်သာခြင်းကြောင့် စိတ်ဝင်စားစရာ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘကြီးသက်
Unknown at 11:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.