Thursday, October 11, 2012

 ကြိုတင်ငွေပေးချေစနစ်ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM ဖုန်းများ အောက်တိုဘာလ၃၁ရက်နေ့နောက်ဆုံးထားပြောင်းလဲရမည်



ကြိုတင်ငွေပေးချေစနစ် (Prepaid) ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM မိုဘိုင်းဖုန်းများသည် အောက်တိုဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ ၄င်းစနစ်သို့ ပြောင်းလဲနိုင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ GSM Postpaid စနစ်ဖြင့် ဆက်လက်သုံးစွဲ မည့်ဖုန်းများမှာမူ ၄င်းတို့၏ ခေါ်ဆိုခကျသင့်ငွေများအား သတ်မှတ်ထားသည့် ဘဏ်များမှသာ ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေငြာချက်များအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ များရှိ GSM Postpaid စနစ် ဆက်လက်သုံးစွဲမည့်သူများအနေဖြင့်  ၂၀၁၂ သြဂုတ်လသုံးစွဲခကျသင့်ငွေများအား အောက်တိုဘာလ ငွေတောင်းခံကာလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ ငွေလက်ခံကောင်တာများတွင် ပေးသွင်းရမည်ဖြစ်ပြီး စက်တင်ဘာလအတွက် ကျသင့်ငွေများကိုမူ နိုဝင်ဘာလမှစတင်၍ သတ်မှတ်ဘဏ်များဖြစ်သည့်  မြန်မာ့စီးပွားရေးဘဏ်၊အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊သမ၀ါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ယူနိုက်တက်အမရဘဏ်များမှ တဆင့်သာ ပေးချေရတော့မည်ဖြစ်ကြောင်း သိရသည်။
ကျန်ပြည်နယ်နှင့်တိုင်းများမှ  Postpaid စနစ်ဖြင့်သုံးစွဲလိုသူများမှာမူ ဖုန်းခေါ်ဆိုခကျသင့်ငွေများအား  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိငွေလက်ခံကောင်တာများတွင် ဆက်လက်ပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင်၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း  Prepaid(ကြိုတင်ငွေပေးချေစနစ်) ဖြင့်သုံးစွဲလိုသည့် ဖုန်းများမှာမူ အောက်တိုဘာလ၃၁ရက်နေ့ နောက်ဆုံးထား၍ ၁၈၈၁၂ သို့  Yes ဟု SMS ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်

ဘကြီးသက်
Unknown at 3:14 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.