Thursday, March 1, 2012
သမ္မတ ဦးသိန်းစိန် မိန့် ခွန်း (၁-၃-၂ဝ၁၂) (ရုပ်သံ)
ဦးသိန်းစိန် မိန့် ခွန်း  လာနေပါတယ်။  MRTV4 က နေ လွှင့်နေပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုကြိုးပန်းခဲ့တယ်ဆိုတာကိုပြောနေတယ်။
All Inclusive  ဖြစ်ဖို့  အတွက်ကြိုးပန်းနေတယ်
ိဆိုတယ်။ ဒီလိုကြိုးပန်းမှုကြောင့် နိင်ငံရေးအဖွဲ့ စည်းတွေက ပြည်သူကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ 
အားထုတ်လာပြီလို့ ဆိုတယ်။ လွတ်ငြိမ်းချမ်းသားခွင့်ကိုလဲ အများဆုံးပေးခဲ့တယ်လို့ ဆိုတယ်။ နှစ်ကြိမ် တိုင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ဆိုတယ်။
နိင်ငံခြားရောက်မြန်မာ တွေကို လဲ ကြိုဆိုခဲ့တယ်။ ဒါကြောင့် သူတို့ ကလဲပူးပေါင်း ပါဝင်လာတယ်
လို့ ဆိုတယ်။   ခေတ်အဆက်ဆက်က အခွင့်အရေးတောင်းဆိုခဲ့တဲ့ တိုင်းရင်းသားတွေ ပါဝင်နိင်
ဖို့  မဖြစ်မနေ ဆောင်ရွက်မယ်လို့ ဆိုတယ်။  တဖက်နဲ့ တဖက် အထင်အလွဲတာတွေကို
သူအစိုးရလက်ထက်မှာ အဆုံးသတ်မယ်လို့ ဆိုတယ်။ ဗမာ ဆိုတာလဲ တိုင်းရင်းသားထဲက
တိုင်းရင်းသား တမျိုးသာဖြစ်တယ်လို့ ဆိုတယ်။  လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား
လူငယ်တဦးနဲ့  သူတွေ တယ်။  ဒီလူငယ်က ကျနော်တို့ လဲ Lap Top တွေ ကို ကိုင်ချင်ပါတယ်လို့ 
သူကို ပြောခဲ့တဲ့အတွက် သူသိပ်ခံစားခဲ့ရတယ်လို့ ဆိုတယ်။
ကချင်တွေနဲ့ ပတ်သက်လို့ ကတော့ စစ်သားတွေကို မိမိကိုယ်ပဲခုခံ ပါလို့  ညွန်ကြားထားတယ်လို့ ဆိုတယ်။ တဖက်နဲ့  တဖက် လက်ညိုးထိုး နေလို့ မပြီး  ပြစ်ခတ်တိုက်ခိုက်မှုကိုရပ်စဲ ဖို့ လိုပါတယ်။ အပြစ်ခတ်ရပ်စဲဖို့ က
ကချင်နဲ့  အစိုးရရဲ့  တာဝန်ဖြစ်တယ်။
ငြိမ်းချမ်းရေးအတွက် အဆင့် ၃ ဆင့် လုပ်ထားတယ်။
ပထမ အဆင့်- ပြည်နယ်အဆင့်။ ဒီအဆင့်မှာကိုယ်နယ်ဒေသ အတွင်းမှာကိုယ်နေ။ လက်နက်ကိုင်ထား။ တခြားပြည်နယ်သွားရင် လက်နက်မကိုင်ရ။  နိင်ငံရေး ဆွေးနွေးမှုတွေကို
လုပ်မယ်။
ဒုတိယအဆင့် - ပြည်ထောင်စုအဆင့်။ ဒီအဆင့်မှာ ခွဲမထွက်ရဘူး။ ဒို့ တာဝန်အရေးသုံးပါးကိုလက်ခံ။  မူးယစ်ဆေးဝါးမထုတ်ရ။ တခုတည်းသော တပ်မတော်မူကိုလက်ခံ။   အခြေခံဥပဒေကို ပြင်ဆင်ဆွေးနွေးကြမယ်။ ဖွဲ့ စည်းပုံကို အများ သဘော နဲ့ ပြင်။
တတိယဆင့် -  နိင်ငံတော်၊ အတိုက်ခံ၊ တိုင်းရင်းသားတွေပါတဲ့လွတ်တော်မှာ လက်မှတ်ထိုးပြီး
စာချုပ် ချုပ်ဆိုမယ်။ပြန်လည်တည်ဆောက်ရေးတွေကိုလုပ်မယ်။
သေနပ်ကို်င်ပြီးရပ်တည်နေတဲ့ တိုင်းရင်းသားလူငယ်တွေ လက်တော့ကွန်ပြူတာကိုင်ပြီး
ထည်ထည်ဝါ၀ါရပ်တည်နိင်ဖို့ အတွက်  နိင်ငံတော်နဲ့ ပူးပေါင်း ဖို့ လိုကြောင်း။
မြန်မာ စီးပွားရေးဦးမော့ဖို့ လိုကြောင်း။ သူအစိုးရလက်ထက်မှာ ဈေးကွက်စီးပွားရေးပီပီပြင်ပြင်
ဖြစ်ဖို့  မိုက်ခရိုစီးပွားရေးဖြစ်ဖို့  အတွက် ကြိုးပန်းနေကြောင်း။ စီးပွားရေးပိတ်စို့ မှု၊ နိင်ငံတကာစီးပွားေး ပျက်နေတဲ့ဒီကာလမှာ အစွမ်းကုန်ကြိုးပန်းနေကြောင်း။ အခွန် တွေကိုလျော့ချပေးခဲ့ကြောင်း။
နိင်ငံခြားငွေလဲမှု နှုန်းထားကိုလဲ ပြင်ပေးခဲ့ကြောင်း ။  သွင်းကုန်ထုတ်ကုန်လိုင်စင်များကိုလဲ
ချမှတ်ပေးနေကြောင်း။  ဆန်စပါးလွတ်လပ်စွာ သယ်ယူခွင့်ပေးခဲ့ကြောင်း ။
မိုဘိုင်းလ်ဖုံး ကိစ မှာလဲ  တည်ဆောက်ရေး လုပ်နေရပါကြောင်း ပြီးသွာင်းရင် အဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း။ ကား ဈေးနှုန်း ကိုလဲ ကျအောင်လုပ်ပေးမယ်ဆိုကြောင်း။   အများ ပိုင်ကုမဏီ ကိုကြိုးပန်းနေကြောင်း
ပုဂလိက ဘဏ်တွေကိုအားပေးနေကြောင်း။ စက်မှု လုပ်ငန်းတွေ အသေးစားအလတ်စားအကြီးစားတွေ အားကောင်းလာအောင်လုပ်နေပါကြောင်း။
နိင်ငံပိုင် လုပ်ငန်းတွေကို လည်း လူတစုလက်ထဲ မရောက်အောင်ဆောင်ရွက်နေကြောင်း။
ပြည်တွင်းပြည်ပ တတ်သိပညာရှုင်တွေရဲ့ အကြံညဏ်တွေအတိုင်း ပုဂလိက လုပ်ငန်းတွေ ဖွင့်ဖြိုးလာအောင်ဆောင်ရွက်နေကြောင်း။
ဖက်စုံဖွင့်ဖြိုးတိုးတက်ရေးမဟာဗျူဟာ အတိုင်းဆောင်ရွက်နေကြောင်း။
လူလတ်တန်းစား များလာအောင်လုပ်နေကြောင်း။ အလုပ်ကိုင် များလာအောင်လုပ်နေကြောင်း။
နည်းပညာစီမံခန့် ခွဲ မှုတွေကို ရရှိအောင်ဆောင်ရွက်နေကြောင်း။
သူနဲ့တကွ ဒုတိယသမတ နှစ်ဦး ၊ အစိုးရအဖွဲ ၀င်တွေဟာ  တစိတ်တ၀မ်းထည်းရှိနေကြောင်း။
နေရာအနှံ က ဝေဖန် မှုတွေကို သိနေရတယ်။   ခေါင်းမာဂိုဏ်းနဲ့  အပျော့ဂိုဏ်း မကွဲပါကြောင်း
လူတယောက်ခြင်းရဲ့  အကျင့်စာရိုက်ကြောင်း အကောင်ထည်ဖေါ်မှုကွဲနေခြင်းသာဖြစ်ကြောင်း
နိင်ငံတော်အစိုးရအနေနဲ့  အားကောင်းဖို့ လိုကြောင်း။   ကျနော်တို့ ဟာ လုပ်ထုံးလုပ်နည်း
မလိုအပ်တာတွေကိုလျောချ။ နိင်ငံသားတွေကောင်းကြိုးကိုကျိုးပန်းဆောင်ရွက်နေကြောင်း
အစည်းဝေးတွေနဲ့ အချိန်ကုန်မနေပါကြောင်း။
 ခေတ်ဆက်အဆက် အမြစ်တွယ်နေတဲ့  လဘ်ာစားမှုကြီး ကို လည်း အသိပေးခြင်း၊ ကတိပေးခြင်း။ အရေးယူခြင်း တွေနဲ့  နိမ်နင်းနေပါကြောင်း။ ခေတ်အဆက်ဆက် စူးဝင်နေတဲ့
အဆူးတွေကို ထုတ်နေပါကြောင်း။
အကြွေးမှီ  တွေ ပြန်လျော၊ လစာတိုးမြင့်မှုတွေကို လဲ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း။
လူတန်းစားကွာဟ ချက် ရှိနေတယ်။ ပြည်သူဝင်ငွေနိမ်ကျ။ အပို ကုန်ကျစာရိတ် တွေလျောချဖို့ စေတနာ နဲ့  လုပ်မယ်။
ဝန်ထမ်း က လူဦးရေ  ၃ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း။  ၀န်ထမ်းတွေလစာ တိုးမြင်မယ်ဆိုလို
ကုန်ဈေးနှုန်းမြင့်တက်လာ ခဲ့ကြောင်း။  လစာတိုးဖို့ ဆိုတာ ပါးစပ်က ပြောလွယ်သလောက်
လက်တွေမလွယ်ပါ။ မြေစမ်း ခရမ်းပျိုးဆောင်ရွက်နေရပါကြောင်း။
ဆင်းရဲ နွမ်းပါး မှုတွေကို လူသားဂုဏ်သိကာနဲ့အညီနေနိင်ဖို့  အစိုးရ၊ အန်ဂျီအို တွေအကူညီနဲ့ လုပ်မယ်။  ၂၆ ရာခိုင်းရှိနေတဲ့ ဆင်းရဲ နွမ်းပါမှုကို ၁၅ ရာခိုင်နှုန်းအထိ
လျောချပါမယ်။  ကုလသမဂရည်မှန်းချက်တွေအတိုင်း ဖြစ်လာအောင်လုပ်သွားပါမယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ကို ပိုရအောင်ဆောင်ရွက်နေကြောင်း။ ဒီမိုကရေစီလူဘာင်တည်ထောင် တဲ့နေရာမှာ  အသိပညာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းဖြစ်လာအောင်လုပ်မည်ဖြစ်ကြောင်း။ နည်းပညာခေတ်မှာပညာခေတ် မှာ
အင်တာနက်ချိတ်ဆက်မှု၊ တယ်လီကွန်ယက်တွေကို ပိုပြီးလုပ်ပါမယ်။
ကျမာရေး ၄ ဆမြင့်တင်မယ်။ ပညာရေး ၂ ဆမြင့်ပါမယ်။
သဘာဝ အရင်းမြစ်တွေကို အခြေခံ တဲ့  ရင်းနှီးမြုပ်နှံမှုကို ဦးစားပေး မှုထက် ထုတ်လုပ်မှုကို
အခြေခံ ရင်နှီးမြှပ်နှံမှုကိုလုပ်ပါတယ်။
နောက်ပြန်လှန်မကျဖို့ တွက် ၀ိုင်းကူပေးကြဖို့  ပြောလိုပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရပ်ဖက်လူအဖွဲ့  အစည်း အန်ဂျီ အို တွေ ရှင်သန်ဖို့ လိုတယ်။  များလာတာကိုတွေ့ ရတယ်။ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်တယ်။
အရေးကြီးတဲ့အခန်းကဏမှာရှိနေတယ်။  တောင်သူလယ်သမား၊ အလုပ်သမား သမဂတွေပေါ်လာအောင် လုပ်နေပါတယ်။
အမျိးသားလူအခွင့်အရေး  အဖွဲ့ ကို ဖွဲ့ ပြီးလူအခွင့်အရေးကိုလည်းဖွဲ့ ထားပြီးဖြစ်ကြောင်း။
ဂလိုဘယ်လိုက်ဇေးရှင်းမှာ ပြတ်ကျန်နေတဲ့ ကျနော်တို့ နိင်ငံ   အမှီလိုက်နိင်ဖို့ အတွက် မြန်မာ့ အမျိးသားရေး Soft Power  တွေများလာအောင်လုပ်သွားပါမယ်။
rule of law မြင့်မားလာအောင်၊ လူနေမှုအဆင့်အတန်း မြင့်မားအောင်ုလုပ်မယ်။
ဝင်ငွေတိုးအောင်လုပ်မယ်။ ဂုဏ်သိကခါမြင့်အောင်လုပ်ပါမယ်။
ပူးပေါင်းဆောင်ရွက်အောင်လုပ်ပေးကြပါ။ တခြားအဖွဲ့ စည်းတွေကလည်း တည့်မတ်အောင်လုပ်ပေးကြပါ။
တိုင်းရင်းသားဆန္ဒကို  အသက် နဲ့ ရင်းပြီး အရိုးကြေကြေ လုပ်ပါမယ်ဆိုတာကိုပြောကြားရင်း
နိဂုံးချုပ်ပါတယ်။
 လူဗိုလ်ဟူသည်......BURMA VJ MEDIA
ကူယူဖော်ပြပါသည်....
Unknown at 2:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Mobile Network Optimization ဆောင်ရွက်ရန် နိုင်ငံတကာမှ ကမ်းလှမ်း
တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ အဆင်ပြေရန် ဆောင်ရွက်ပေးသည့် Mobile Network Optimization လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများရှိနေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်လက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဖုန်းလိုင်းကျပ်သည့် ပြဿနာများ ဖြေရှင်းပေးနိုင်မည့် Mobile Network Optimization လုပ်ငန်းကို အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အစ္စရေးလ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့မှ လုပ်ငန်းရှင်များက လုပ်ပိုင်ခွင့်ရရှိရန် လာရောက်ကမ်းလှမ်းထားကြောင်း သိရသည်။
“တချို့ နိုင်ငံတွေက သူတို့ သတ်မှတ်ထားတဲ့ကာလတခု၊ သတ်မှတ်ထားတဲ့ အကျိုးအမြတ်အပေါ်မူတည်ပြီး လုပ်မယ်လို့ ပြောတယ်။ တချို့နိုင်ငံတွေက ဈေးလည်း တပြားမှ ပေးစရာမလိုဘူး၊ ဒီလို ဖရီးလုပ်ပေးတဲ့အတွက်ကြောင့်မလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေပြီး ဘာမှ အကျိုးအမြတ်မယူဘူး။ အပြန်အလှန်နှောင်ကြိုးမရှိတဲ့ ပုံစံမျိုးနဲ့ လာပြီးကမ်းလှမ်းတာတွေ ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပုဇွန်တောင် ဆက်သွယ်ရေးသင်တန်းကျောင်းမှ ဆရာဦးကျော်စိုးက ပြောသည်။
ကမ်းလှမ်းထားသည့် နိုင်ငံများမှ မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ကွန်ယက်ဆက်သွယ်ရေးအတွက် သုံးစွဲသူများကို အဆင်အပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည့် ကုမ္ပဏီကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
Mobile Network Optimization ဆိုသည်မှာ ကွန်ယက်တွင်းရှိ တယ်လီဖုန်း ဆက်သွယ်သုံးစွဲသူများ ကြုံတွေ့ရတတ်သည့် လိုင်းကျပ်ခြင်း၊ လိုင်းမကြည်ခြင်း၊ ခေါ်ဆိုရန်ခက်ခဲခြင်း အစရှိသည့်အခက်အခဲများကို နည်းပညာအရဖြေရှင်းသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သန်း သုံးဆယ်စီမံကိန်းအရ ထပ်မံတိုးချဲ့မည့် ကွန်ယက်များအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာငွေကျပ် သုံးသိန်းထက်မပိုသည့် သရီးဂျီ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းများကို ယခုနှစ် မတ်လအတွင်းချထားပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အဆိုတင်သွင်းသည့် ငါးထောင်ကျပ်တန် မိုဘိုင်းလ်ဖုန်းများကို လွတ်တော်တွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
TheMessenger NewsJournal
Unknown at 2:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ခေတ်နှင့်အညီ တိုးတက်လာသော မြန်မာမလေးများ(မိန်းကလေးများဖတ်ကြည့်စေလို၏)
နံနက်ခင်းတိုင်းမှာ ၂၀၀တန် (အထူး) ယဉ်နှင့် အတူ မဟာတက္ကသိုလ် ကျောင်းတော်ကြီးကို ဘတ်(စ်)ကား တိုးဝှေ့စီးရင်း နေ့စဉ် မြင်တွေ့နေရတဲ့ ခေတ်ပေါ် မြန်မာမလေးတွေ အကြောင်းကို ဖောက်သည် ချချင်ပါတယ်။ ယဉ်ပေါ်မှာတော့ သူလို ကိုယ်လို ကျောင်းသားတွေနဲ့ ကျောင်းသူတွေလည်း ပါတယ်။
သူတို့ကို ကြည့်ရတာ တယ်အရသာရှိ သလားတော့ မမေးနဲ့။ “ရှယ်” လေးတွေ။ အလုပ် သွားမည့် “ မမ” တွေ ကလည်း မိုက်တယ်။ “လန် ထွက် ပြီးတော့ လျှံ တက်နေတာ၊ သံ Brush” နဲ့ တောင် တိုက်ချင်စိတ် ပေါ်လောက်အောင်ကိုပေါ့။ 
စကတ်တိုနဲ့ မပျို မပျက်ချင်ပါဘူး။ ကားပေါ်အထိကို စကတ်တိုတွေနဲ့ အပြတ်ကို ဂိုက်ပေးနေကြတယ်လေ။ စကိုတတ် (စကတ်တို) နဲ့ ကားပေါ် တတ်အလာ ခြေက အကြွ ဟာ. . . ဟာ. . . ဟာ နဲ့ ကို နေသွားတာ ။ ပါးစပ်က အံ့သြ လို့ ဟာ. . တာလည်း ပါတယ်။ သူတို့ စကတ်တွေ အောက် က “ဟာ” သွားတာလည်း ပါတယ်။ ဒါ အတက် ကလေးပဲ ရှိသေးတယ်နော်။ ထိုင်ခုံ အမြင့်ပေါ် ထိုင်လိုက်ရင် ပိုဆိုးသေးတယ်။။ အောက်ခံ ဘာ အရောင်ဝတ်လည်းတောင် တွေ့ရတယ်။ ကိုရီးယားကားက အရှက်မရှိ သရုပ်ဆောင်တွေကို အားကျ နေကြတယ်လေ။
ခုနက ပြောတာ အထူး ယဉ်တွေ ၊ ကားကြီးတွေမှာဖြစ်တဲ့ အသေးအမွှားလေးတွေပါ။ ဒိုင်နာ ပေါ်မှာ ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ဒိုင်နာ ခြေနင်းခုံတွေက မြင့်တယ်လေ။ အမြင့်ကို စကတ်တိုနဲ့ တက်တော့ ကားဂိတ်မှာ၊ အများစိတ်ကို တအားထိတ်အောင် လုပ်နေသလိုပဲ။ နှမချင်းကိုယ်ချင်းစာတဲ့လူက နည်းတဲ့ ခေတ်ကြီးမှာ ကားပေါ်မှာလည်း အများအပေါ် တအား လျှော် ပေးနေ သလိုပါပဲ။ ဟိုင်းလတ်ပေါ်မှာကတော့ အဆိုး ဆုံးပေါ့ဗျာ.. . ခုံလေးတွေက သေးသေးလေးတွေ။ ဒူးထောင်ပြီး ထိုင်ရတာ။ အနေအထိုင် မတတ်သူတွေနဲ့ ခေတ် ရှေ့ပြေးသူတွေ အတွက်တော့ ဒူးထောင်ပြီး ပြနေသလိုပါဘဲ။
တချို့ကျတော့ စကတ်တို မ၀တ်လာဘူး ၊ မြန်မာ ဆန်ဆန် မြန်မာဝတ်စုံ လေးနဲ့ပါ။ ဒါပေမဲ့ အသားက ပါးပါးလွှာလွှာဆိုတော့ လျှိုဝှက်ထားသင့်တဲ့ ကိုယ်အဂါင်္ အစိတ်အပိုင်း အားလုံးဟာ “နေ” ရောင်အောက်မှာ ထင်းခနဲ ၊ လင်းခနဲ ပါဘဲ။ ပြီးတော့ ကားပေါ်မှာ မတွေ့ချင်မှ အဆုံး အမြဲတမ်း မြင်တွေ့နေကြရတာက ရင်ဘတ် ဟိုက်ဟိုက်တွေနဲ့လေ၊ ဘာတွေလည်း ဆိုတာတော့ သိမှာပါ။ စတော်ကီနဲ့လည်း ဆိုးသေးတာပဲ၊ စတော်ကီ ၀တ်ပြီး အကျီင်္ အရှည်ဝတ်ရင် ပြဿနာ မရှိဘူး ။စတော်ကီနဲ့ အကျီင်္တို ၀တ်လိုက်တော့ ကွက်တိပဲ။ အောက်ပိုင်း တင်သားအလှ ထင်းနေတော့တာ။ သြော်…. ခေတ်ရဲ့ သမီးပျိုတွေများ ဂျောက်ဂျက် သီချင်းလို ဖြစ်နေပြီ “ ဒီ အမျိုးသမီးရဲ့ အိုးကြီးကြီးကို အကျိုးရှိရှိနဲ့ အပီ ခိုးပြီးကြည့်တယ်” (တယ်လားမယ် လားပဲ)
တချို့ကတော့ လမ်းလျှောက်ရင် မလုံ့တလုံလေးတွေဝတ်တော့ ပုရိသတွေ ခမျာ သွားရည်တမျှားမျှားနဲ့ပေါ့။ မိန်းကလေးတွေ ၀တ်တာစားတာ ခေတ်မှီတာ ကောင်းပါတယ်။ ခေတ်လွန်ရင်တော့ မကောင်းဘူးပေါ့။ ခုဟာက ကိုယ့်ကိုကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း မသိကြဘူး။ ကိုယ့်ရဲ့ခန္တာကိုယ်ကို “ကြေငြာနေတာလားလို့” ပြောရင် ရိုင်းတယ် ပြောဦးမယ်။
မိန်းကလေးတွေ ၀တ်စားထားတာ မလုံတော့ ပုရိသယောကျာ်းတွေက ကြည့်၊ ပိုင်ရှင် မရှိရင် ချက်ခြင်းတော့ ရန်မဖြစ်သေးဘူး ။ ပိုင်ရှင်ရှိရင် ချက်ခြင်းဖြစ်တော့တာပဲ။ မဖြစ်ရင်လည်း စိတ်ထဲက တမျိုးတော့ ဖြစ်ကြလိမ့်မယ်။ မဖြစ်တဲ့ အတွဲတွေကတော့ မနာတတ်လို့ မရှက်တတ်လို့ပေါ့။  အကို မောင်ဘွားတွေ ရှိရင် ဘယ်လောက် ဒေါသထွက်ကြမလဲ။ ကိုယ့်နှမ ကိုယ့်အစ်မ ဖြစ်ပျက်နေတာတွေကို သိရင်ပေါ့လေ။ ယဉ်ကျေးတဲ့ အသိုင်းအ၀န်းက ဆိုတဲ့ ခင်ဗျားတို့ တွေပဲ ယဉ်ကျေးတာလား ကျုပ်ကပဲ မိုက်ရိုင်းတာလား ဆိုတာကိုတော့ ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်။
မိဘတွေရော် အခုလို ဖြစ်ပျက်နေတာကို မသိကြတော့ဘူးလား။ ကိုယ့်သားသမီး နောက်ကွယ်မှာ ဘာတွေ ဖြစ်နေလည်း၊ သင်တန်းပြောပြီး ကန်ဘောင်များ ရောက်နေသလား၊ ရုပ်ရှင်ရုံများ ရောက်နေမလား။ တည်းခိုခန်းများ ရောက်နေမလား ဆိုတာကို မတွေးမိကြတော့ဘူးလား။ (သားသမီးပေါ် ရင်အုပ်မကွာ စောင့်ရှောက်နေတဲ့ မိဘတွေ ကိုတော့ မဆိုလိုပါ) မြန်မာ မိန်းကလေးတွေ အနေနဲ့ ကိုရီးယားကား အတုခိုး။ အနောက်တိုင်း ယဉ်ကျေးမှုတွေ နည်းနာယူပြီး လိုက်နာဆောင်ရွက်နေကြတာတွေကို ပြင်သင့်ပါတယ်။ ဗမာမတွေ ထဘီ ကောင်းကောင်း ၀တ်တတ်ကြရဲ့လား၊ ဗမာဆိုတာ ဘာလည်း သိသေးရဲ့လား။ ဘာနဲ့လူလုပ်နေတာလည်း၊ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့၊ လိုက်နာကျင့်သုံးခဲ့ကြတဲ့ စကားလေး တစ်ခွန်းဖြစ်တဲ့ ဗမာလူမျိုးတွေ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူ လုပ်တာ ဆိုတာကိုရော် သတိရမှ ရကြပါသေးရဲ့လားလို့ မေးချင်ပါတယ်။
ဗမာဆန်ဆန် ထဘီကြီးဝတ်ပြီး ရင်ဖုံးနဲ့ ဆံထုံးနဲ့ နေခိုင်းတာ မဟုတ်ပါဘူး။ ခေတ်နှင့်လည်းညီ အမြင်လည်း မရိုင်းတဲ့ အ၀တ်တွေ၊ လုံခြုံတဲ့ အ၀တ်မျိုးတွေကို ၀တ်စေချင်ပါတယ်။ မုဒိန်းကျင့် ခံရတော့မှ အရပ်ကယ်ပါ ၊ ရဲကူပါလို့တော့ မရဘူး။ အပျိုရည်က ပျက်သွားပြီ။ အမျိုးကောင်းသမီးလေးတွေ အိပ်ချင်တဲ့ ရည်းစားနဲ့ အိပ်ပြီးမှ ယူချင်တဲ့ သူကို ယူကြမယ်လို့တော့ မထင်ပါ။ ပြန်လည်ပြင်ဆင် အပျိုအသွင်လို့တော့ မပြောပါနဲ့။ ကိုယ့်ကိုကိုယ် မလိမ်ကြပါနဲ့။ အရှက်နှင့် လူလုပ်နေတဲ့ ဗမာလူမျိုးတွေ ခုချိန်မှာတော့ ကမ္ဘာ့အလယ်မှာ ဗမာလူမျိုး အရှက်မရှိတော့ဘူး လို့ ပြောရလောက်အောင်ကို ဖြစ်နေပါပြီ။ Internet ပေါ်က မြန်မာ လိင်ဇာတ်ကားတွေကို ဆက်လက် မပေါ်စေလိုပါဘူး။ ပန်းခြံ အတွင်း နှစ်ပါးသွား ခင်းခြင်း၊ တည်းခိုခန်းက အချစ်စစ်ပွဲတွေလို မဖြစ်စေလိုပါဘူး။ “မိမိ ပစ္စည်း မိမိတာဝန်” ဆိုတဲ့ စကားလေးဟာ မြန်မာလူငယ်တွေ အတွက် မဖြစ်စေချင်ဘူး။
တချို့ သရုပ်ဆောင်မမတွေလို ဗမာ အားမရ အင်္ဂလိပ်မှ ဆိုပြီး ထောက်ပံ့သူရှာတဲ့ အလုပ်မျိုးကိုလည်း ပြည်တွင်း ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေကို မဖြစ်စေချင်ပါဘူး။ သရုပ်ဆောင်လုပ်မဲ့ အမျိုးကောင်းသမီးတွေ ပါသလို၊ အခြားအမျိုးကောင်း သမီးတွေကိုလည်း ပြောချင်တာကတော့ ပျော်တတ်သော ကာလသားကြီးများကို ရှောင်ပါ။ Internet ပေါ်မှ ပုရိသချောချော လေးတွေကိုလည်း ရှောင်ကြပါ။ “ လှတာနဲ့ ပိုက်ဆံ ရှိတာမက်ရင် ညစာ ငတ် ကာ၊ A ကိုက်တတ်ကြောင်း” သတိပေး တင်ပြလိုက်ရပါတယ်..…
 ဆောင်းပါးရှင် - လင်းသက်ငြိမ်
ပြည်သူ့စေတနာ ၀န်ထမ်းအသင်း မှပြန်လည်ကူးယူဖော်ပြပါသည်
Unknown at 10:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ(လူထုဒေါ်အမာ)
 မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
              ဒါဟာ အခုပြဿနာလုပ်နေရတယ်။  ဘာပြုလို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့
နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က
ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။
               အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။
အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက်
ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို
အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။
              နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ
ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ   ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်
ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။
            အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။
တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။
          ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ
မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ
ဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ
အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ
အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။
     အောက်တိုဘာလ။ ၂၀၀၆ ခုနှစ်
     (လူထုဒေါ်အမာ) 
လူဗိုလ်ဟူသည်......
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် GSM ဖုန်းများ ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်
ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ် ဖုန်းများကို ချထားပေးမည် ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်း ထွက်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀  နှုန်းဖြင့် ချထား ပေးရန်ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည် ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲ လျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။
“ဂျီအက်စ်အမ်ဖုန်းတွေရဲ့ တန်ဖိုး တွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နဲ့အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆနေပါတယ်”ဟု နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။
လာမည့် မတ်လ ၅ ရက်နေ့ တွင် စတင်ချပေးမည်ဟု သတင်း ထွက်ပေါ်နေသည့် ဂျီအက်စ်အမ် ဖုန်းများ ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Eleven Media Group 
Unknown at 10:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်
မတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
“စွမ်းအင်ဝန်ကြီးဌာနက နေပြီး မတ်လ ၁ ရက်နေ့ကစပြီး လေယာဉ်ဆီ ဈေးနှုန်းတွေ တိုးမြှင့်သွားမယ်ဆိုပြီး ပြည်တွင်း လေကြောင်းလိုင်းတွေကို ကြေညာစာ ပို့ထားပါတယ်။ ပြည်တွင်း လေကြောင်းလိုင်းတွေကလည်း အဲဒီရက်ကစပြီး ခရီးစဉ်တိုင်းအတွက် Fuel Surcharges တိုးမြှင့်ကောက် သွားဖို့ စီစဉ်နေကြပါတယ်။ လေယာဉ်ဆီဈေး ဘယ်လောက်တက်မလဲ ဆိုတာတော့ အတိအကျ မသိသေးပါဘူး။ လေယာဉ်လက်မှတ်ခတွေက တစ်သောင်းကျော်လောက် ထိတော့ တက်သွားနိုင်ပါတယ်”ဟု ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
လက်ရှိသိရှိရသည့် နှုန်းထားများအရ ရန်ကုန်-မန္တလေးခရီးစဉ် အတွက် ပြည်တွင်း ခရီးသည်များ အတွက် ယခင်က ကျပ် ၆၅၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၁၂၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်များဆိုပါက ယခင်ကထက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ညောင်ဦး ခရီးစဉ်အတွက် ပြည်တွင်း ခရီးသည်ဆိုပါက ယခင်က ကျပ် ၅၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ယခင်နှုန်းထက် ကျပ် ၁၂၀၀၀ ထပ် တိုးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း သိရသည်။
ဟဲဟိုး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်း ခရီးသည်ဆိုပါ က ကျပ် ၄၁၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံတိုးမြှင့်ဖြစ်ပြီး နိုင်ငံခြားခရီးသည် ဆိုပါက ယခင်က ကျသင့်သည့်နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း သိရသည်။
မန္တလေး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်းခရီးသည် ဆိုပါက ကျပ် ၂၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ပြီး နိုင်ငံခြားခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ထပ်တိုးမည်ဟု သိရသည်။
ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်အတွက် ပြည်တွင်းခရီးသွား လက်မှတ်ခ တိုးမြှင့်သည့်နည်းတူ နိုင်ငံခြားသား ခရီးသည်များကိုလည်း ယခင်ကထက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ထပ်တိုးမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Unknown at 10:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်အတွက် ယာဉ်စည်းကမ်း?
ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ထူးထူးခြားခြား ပြောစရာတခုကတော့ နေပြည်တော်ယာဉ်စည်းကမ်း ကြော်ငြာတခုပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ဒေသ မဲဆွယ်ခရီး သွားခါနီးမှာ ထွက်လာတဲ့ ကြော်ငြာ ဖြစ်ပါတယ်။
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
AirAsia နေပြည်တော်ကို ပြေးမယ်
AirAsia လေယာဉ်ပေါ်မှာ ရောင်းတဲ့ ထမင်း နဲ့ ဖျော်ရည်ဘူး။
တခြားလေကြောင်းလိုင်းတွေနဲ့ မတူတာက AirAsia မှာ အခမဲ့ အကျွေးအမွေး အစီအစဉ် မရှိတာပါပဲ။
လေယာဉ်စီးနေတုန်း ရေဆာရင် ရေ၀ယ်သောက်၊ ဗိုက်ဆာရင် သူတို့ရောင်းတာ ၀ယ်စားရမှာပါ။ လေယာဉ်ထဲရောင်းတာ ဆိုတော့ မြေမြင်ပေါ်ကဆိုင်တွေထက်တော့ ဈေးပိုပါတယ်။
ဘတ်ဂျက်လေကြောင်းလိုင်း AirAsia က ဒီနှစ်ကုန်ပိုင်း နေပြည်တော်ကိုလည်း ပြေးမယ် တဲ့၊ ဘန်ကောက်အခြေစိုက် TTR Weekly သတင်းဌာနက သူ့ဝက်ဆိုက် http://www.ttrweekly.com/site/2012/02/thai-airasia-eyes-myanmar-capital/ မှာ ရေးထားပါတယ်။
“နေပြည်တော်ကို ပြေးမယ့် လမ်းကြောင်းအတွက် ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေဆဲအဆင့်ပဲ ရှိပါသေးတယ်၊ ဒီနှစ်ထဲမှာ စပြီး ပြေးနိုင်မှာပါ” လို့ လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူ Tassapon က ပြောပါတယ်။
နေပြည်တော်နိုင်ငံတကာလေဆိပ်က ဒီဇင်ဘာမှာ ဖွင့်တယ်၊ တနှစ်ကို ခရီးသည် သုံးသန်းခွဲ ၀န်ဆောင်မှုပေးနိုင်တယ်၊ လတ်တလောမှာတော့ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး စတဲ့ ပြည်တွင်းလိုင်းတွေပဲ ပြေးနေတယ် တဲ့။
“(နေပြည်တော်က) အစိုးရအုပ်ချုပ်ရေး ဗဟိုအချက်အချာ နေရာဖြစ်တယ်၊ မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူတွေကို ဖွင့်ပေးလိုက်ပြီဆိုတော့ အဲဒီကို တိုက်ရိုက် သွားမယ့်သူ များလာမှာပါ” လို့ CEO က 
 ဆက်ပြောပါတယ်။
ဧရာဝတီ...
Unknown at 9:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
သိချင်တာလေးတွေ ( ၂ )
သမ္မတ အကြံပေးတွေကအင်တာဗျုးတစ်ခုမှာ မြန်မာနိုင်ငံရဲ့အပြောင်းအလည်းတွေဟာ အခုအတိုင်း အရှိန်အဟုန်မပျက်နောက်မလှည့်ပဲ သွားမယ်ဆိုရင်  နောင် ၁၅နှစ် အနှစ် ၂၀လောက်ကြာတဲ့ အခါ  မြန်မာပြည်ဟာ စင်္ကာပူလို စီးပွားရေးအရ တိုးတက်လာဘို့အလားအလာရှိကြောင်း ပညာရပ်ဆိုင်ရာ အချက်အလက်အကိုးအကား လေ့လာသုံးသပ်ချက်တွေ အကိုးအကားနဲ့ ပြောတဲ့အခါ သမ္မတအကြံပေးတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ မီဒီယာတွေက အတိုင်အဖေါက်ညီညီ ပြက်ရယ်ပြုခဲ့ကြတယ် ။ဒီနောက်ပိုင်း သမ္မတအကြံပေးတွေဟာ မီဒီယာတွေကို ခပ်ရှောင်ရှောင် နေခဲ့ကြတာကိုသတိပြုမိတယ် ။
 အခု ဒေါ်အောင်ဆန်းစုကြည်က ASEAN အထွေထွေအတွင်းရေးမှူး ဆူရင်းပစ်စူဝမ်နှင့် တွေ.တဲ့အခါ မြန်မာပြည်ဟာ နောင် ၁၀ နှစ်ဆိုရင် အာဆီယံကို သာသွားမယ်လို့ ဘာအကိုးအကားအချက်အလက်မှမပါဘဲ  ပြောလိုက်တဲ့အခါကြတော့ခုနက အသံကျယ်ခဲ့တဲ့ ပညာရှင်တွေနဲ့ မီဒီယာတွေဟာ ဘာသံမှ မထွက်ရဲကြဘူး ။အမြီးကုပ်ပညာရှင်တွေ ၊အမြီးကုပ် မီဒီယာတွေဘာလို့ ဖြစ်ကုန်ကြတယ်ဆိုတာကို သိချင်လှတယ် ။
ဒေါက်တာဆိတ်ဖွား
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြုဘူးတဲ့.......?
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ်အတွင်းက လယ်ကွင်းတခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြုထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက်လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းကမ်းထုတ်ပြန်ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားပါတယ်။ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောပါတယ်။
“ဒီနေ့ ၂၉ ရက်နေ့၊ ဖေဖော်ဝါရီလ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျနော်တို့တင်ထားတဲ့ လယ်မြေကို ခွင့်မပြုနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း အသိပေးလွှာ ခရိုင်ကော်မရှင်ကို ပေးပို့လာပါတယ်တဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ခရိုင်ကော်မရှင်ကလည်း ကျနော်တို့ကို ထပ်ဆင့်အသိပေးကြောင်း အကြောင်းကြားစာ ပို့လာတာပါ။ သာသနိကပိုင် အဆောက်အဦးနဲ့ နီးတယ်ဆိုတာ တချက်ရယ်၊ နောက်တချက်က စာသင်ကျောင်းနဲ့နီးတယ် ဆိုတာ တချက်ရယ်။ အဲဒီ အချက် ၂ ခုကို အကြောင်းပြပါတယ်”
သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားပါတယ်။ ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောပါတယ်။
အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောပါတယ်။
လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးပါဘူး။ တကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။
“အကယ်၍များ ခွင့်မပြုခဲ့ဘူးဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်၊ ဒါမှမဟုတ်ရင် ရပ်ကွက်၊ ကျနော်တို့ရဲ့ ရုံးတရုံးရုံးမှာ ဟောပြောရမှာပါ။ အဲလို ဟောပြောမယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ- ဥပမာ လမ်းပိတ်ဆို့မှုဖြစ်တာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင် မြင်ချင်တဲ့အတွက်ကြောင့်မို့လို့ လာရောက်တဲ့ပြည်သူတွေ များပြားလာတာမျိုးတွေ- အဲဒီအခါမျိုးတွေ ကျလို့ရှိရင်တော့ လမ်းပိတ်ဆို့မှုတခုတင် မဟုတ်ပါဘူး။ လုံခြုံရေးအရပဲကြည့်ကြည့်၊ ဘယ်အရပဲ ကြည့်ကြည့် အကြောင်းတရားတွေက အများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျလို့ရှိရင်တော့ ကော်မရှင်တခုတည်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး- အစရှိသဖြင့် အုပ်ချုပ်ရေးပိုင်းတွေဘက်မှာ တာဝန်ရှိလာမယ်၊ တာဝန်ပိုလာမယ်လို့ ကျနော် ပြောချင်တာပါ”
နေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောပါတယ်။
VOA
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပုသိမ်နည်းပညာတက္ကသိုလ်အနီး ဆိုင်ကယ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
ယခုလ ၂၇ ရက်က ပုသိမ်နည်းပညာတက္ကသိုလ်အနီးတွင် ဒုတိယနှစ်ဘူမိဗေဒကျောင်းသားတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်မှ ပထမနှစ် GTC ကျောင်းသားတစ်ဦးကိုဝင်တိုက်မိပြီး အတိုက်ခံရသောကျောင်းသားမှာ ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။
ပြည်ချိုအဆောင်နေ ပထမနှစ် GTC ကျောင်းသား ၁၈နှစ်အရွယ် မောင်ရဲစွမ်းအောင် မှာ လမ်းဖြတ်ကူးစဉ်အတိုက်ခံရပြီး အရှိန်ပြင်းထန်သဖြင့် လမ်းဘေးမြောင်းထဲထိုးကျသွားကြောင်း မျက်မြင်တွေ့ခဲ့သည့်ကျောင်းသားများကပြောသည်။
“ချိုစောင်းမှာကွဲနေတာ။ ဖူးယောင်ဒဏ်ရာတွေနဲ့။ စိုးရိမ်လို့ ၀ိုင်းပြီး ကိုင်ကြည့်တာ၊ ဘေးကလူတွေက ဒါရဲအရေးပိုင်တဲ့အမှုပဲလို့ပြောတာနဲ့ ၀ိုင်းကြည့်နေရတာပဲ။ မထိရဲဘူး” ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ပထမနှစ် GTC ကျောင်းသားတစ်ဦးကပြောသည်။
နာရီဝက်ခန့်အကြာတွင် ယာဉ်ထိန်းရဲများ၊ ရဲများရောက်ရှိလာကာ ဓါတ်ပုံရိုက်မှတ်တမ်းများတင်ပြီး ပုသိမ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
ဆေးရုံအရောက်တွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်နှင့်တိုက်ဆိုင်နေသဖြင့် လူနာအားကုသမှုပေးရန်ကြန့်ကြာမှုရှိခဲ့သည်ဟု လိုက်လံပို့ဆောင်ပေးခဲ့သည့် ကျောင်းသားများကပြောသည်။
နေ့လည် ၁း၃၀ ခန့်တွင် မောင်ရဲစွမ်းအောင်မှာ သေဆုံးခဲ့သည်။ ၎င်း၏နာရေးကို သေဆုံးပြီးနောက်တစ်နေ့ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် အပင်နှစ်ဆယ်သုဿာန်တွင် ပြုလုပ်ခဲ့ပြီး GTC ကျောင်းသား ၁၅၀၀ ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြသည်။
မောင်ရဲစွမ်းအောင်မှာ လပွတ္တာမြို့၊ ၅ ရပ်ကွက်တွင်နေထိုင်ပြီး နည်းပညာတက္ကသိုလ်တွင် အဆောင်နေကျောင်းသားတစ်ဦး ဖြစ်သည်။
၎င်းအမှုကို ကန်ကြီးထောင့်ရဲစခန်းက (ပ) ၁၃/၁၂ ပုဒ်မ ၃၃၈ အမှုဖွင့်ခဲ့ပြီး လူသေဆုံးသွားသောကြောင့် ပုဒ်မ ၃၀၄ သို့ပြောင်းလဲခဲ့သည်။
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လယ်ယာမြေတွေကို မောင်ပိုင်စီးထားတဲ့ ကော့ထင်းကျေးရွာ ရ.ယ.က အဖွဲ့
စစ်တောင်း မြစ်ကမ်း နံဘေးမှာရှိတဲ့ သောင်နုမြေဧကများ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနဲ့ စပ်ဆက်နေတဲ့ စစ်တောင်းမြစ်ကမ်း နံဘေးမှာရှိတဲ့ သောင်နုမြေဧက ၂၀၀၀ ကျော်ကို ကျေးရွာ ရ.ယ.က အဖွဲ့က လယ်သမားတွေကို
အချိုးကျ ခွဲဝေမှုမပေးပဲ လိမ်လည်မှုတွေ ရှိနေတာကြောင့် ဒေသခံ လယ်သမားတွေ ဒုက္ခ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရ ပါတယ်။ အစိုးရက ၂၀၀၄ ခုနှစ်က စတင်ပြီး မြေနုကျွန်းဧက
၂၀၀၀ ကျော်ကို ကော့ထင်းကျေးရွာသားတွေ အတွက် အချိုးကျ လယ်မြေခွဲဝေ ပေးခိုင်းခဲ့ပေမယ် ကျေးရွာ အာဏာပိုင်တွေက ကိုယ်ကျိုးအတွက် သုံးစွဲ နေကြတာပါ။ ဒီ မတရားမှုတွေကို
မြို့နယ် မယကနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးကို တိုင်ကြား ခဲ့ပေမယ့် တစုံတစ်ရာ ဖြေရှင်းမှုမျိုး မရှိခဲ့ပါဘူး။ အခုအခါ လယ်သမားတွေက စုပေါင်း လက်မှတ် ရေးထိုးပြီး မွန်ပြည်နယ်
ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဒီ မတရားမှုတွေကို ဖော်ထုတ် အရေးယူပေးဖို့ အတွက် တိုင်ကြားစာတွေ ထပ်မံ ပေးပို့ထားကြောင်း သိရှိ ရပါတယ်။
http://www.burmavjmedia.net/
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
(၉)လ ကြာခဲ့ပြီ
''အိမ်မပြန်ရတာ ကြာပြီ။ စိုက်ခဲ့တဲ့သီးပင်စားပင်တွေလည်း ဘယ်အခြေအနေ ရောက်နေမယ်မသိဘူး။ ဖြစ်နိုင်ရင် ကိုယ့်အိမ်လေးကို ပြန်ချင်ပြီ။ ဆွေတွေမျိုးတွေ ဘယ်လောက်ကောင်းတယ်ဆိုပေမယ့် ကိုယ့်အိမ် ကိုယ့်ယာလောက် မသာယာပါဘူး။ အိမ်ပြန်ဖို့ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အပေါ် မူတည်တာမဟုတ်တော့လည်း စောင့်ရဦးမှာပေါ့လေ''။
လူသားတိုင်း မည်သူမဆို ကိုယ်ရပ်ကိုယ့်ရွာကို ခင်မင်တွယ်တာ တတ်ကြတာ သဘာဝပင်ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာကြီးက ရွာဆန်လာတဲ့အချိန်မှာ ဇာတိဆိုတာ ပျောက်သွားတတ်တာ ဒီနေ့ခေတ်မှာ ထူးဆန်းသော ပုစ္ဆာတစ်ခုမဟုတ်တော့ပါပေ။ အရှေ့ကလည်း အနောက်ကို သွားနေကြသလို မြောက်ကလည်း တောင်ကိုသွားပြီး အခြေချတတ်ကြပါသည်။  သို့သော်လည်း အခုကျွန်တော် တွေ့နေရတာက ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့တတ်ကြတဲ့ လူသားတွေမဟုတ်ဘဲ စိုးရွံ့ထိတ်လန့်မှုတစ်ခုကြောင့် ဇာတိရပ်ရွာကို စွန့်ခွာလာရသူတွေ ဖြစ်သည်။ ကချင်ပြည်နယ်တွင်းက တိုင်းရင်းသားများ ဖြစ်ကြပါသည်။ လူမျိုးစုံ၊ အရွယ်စုံ၊ ကိုးကွယ် ယုံကြည်မှုအစုံ၊ နေရာဒေသအစုံ ဖြစ်နိုင်ပေမယ့် သေချာတာကတော့ သူတို့ဟာ အကြောင်းတစ်ရပ်ကြောင့် နေရပ်ကို စွန့်ခွာလာရသူတွေ ဖြစ်ပါသည်။ သူတို့အထဲက ကချင်တိုင်းရင်းသားတစ်ဦး ရင်ဖွင့်ပြောဆိုတာကို ကျွန်တော်တို့ ကြားခဲ့ရခြင်းဖြစ်ပါသည်။
ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။
''ပြီးခဲ့တဲ့ဇွန်လက ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ရွာမှာဆက်မနေရဲလို့ အမျိုးတွေရှိတဲ့ ၀ိုင်းမော်ဘက် ခဏလာခိုတာ အခုထိ မပြန်နိုင်သေးဘူး။ လာတုန်းကတော့ ခဏနေရင် ပြီးသွားမှာလို့ ထင်ခဲ့တာပဲလေ။ ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။ ကလေးတွေလည်း စာမသင်ရတော့ဘူး။ ၀ိုင်းမော်ကိုရောက်စက အမျိုးတွေအိမ်မှာ နေတယ်။ ကြာလာတော့ အိမ်ရှင်ရော ဧည့်သည်ပါ ရပ် တည်ဖို့ခက်လာလို့ ဒီစခန်းကိုပြောင်းလာခဲ့တာ။  ဆန်၊ ဆီ၊ ဆား အနည်းအကျဉ်း ထောက်ပံ့တာတော့ရတယ်။ နေ့စဉ်စရိတ် အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်။ ကိုယ်ကလည်း တောင်ယာပဲလုပ်တတ်တော့ အလုပ်ရှိတဲ့အခါ ရှိ၊ မရှိတဲ့အခါလည်း မရှိပေါ့။ ပြန်ချင်လှပြီ။ ခဏဆိုရင် မိုးကျလာတော့မယ်။ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး။ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်''ဟု ၀ိုင်းမော် သာဂရဘုန်းကြီးကျောင်းထဲက ရှမ်းအမျိုးသားကြီးက ပြောပြတာကြောင့် ရင်ထဲမကောင်းလှ။ စစ်ဘေးဒုက္ခသည်ဆိုတာအရင်က ရုပ်ရှင်နှင့်စာအုပ်ထဲမှာသာ ရင်းနှီးဖူးသည်။ အခုတော့ မျှော်လင့်ချက်မဲ့သော မျက်လုံးများစွာကို ကိုယ်တိုင်မြင်ဖူးပါတော့သည်။ ဇွန်လကတည်းက နှစ်ဖက်တင်းမာမှုတွေကြောင့် ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့တိုင်းရင်းသားတွေ နေရပ်ကိုစွန့်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရသော သတင်းများကို  မကြာမကြာဆိုသလို ကြားခဲ့ရသည်။ ကြားထဲက မြေဇာပင်တွေကိုလည်း ထည့်တွက်စဉ်းစား ပေးကြစေလိုပါသည်။
''ဧည့်သည် သုံး၊ လေးရာ လာရင် လူ ၂၀၊ ၃၀ နဲ့ ဧည့်ခံရတာ ဘာမှမပင်ပန်းဘူး။ အခုဟာက လူ ၄၀၀ လောက်ရဲ့နေ့စဉ် စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရတာ။ ဟင်းသီးဟင်းရွက်ဝယ်ရတာကိုက တစ်ရက်ကို နှစ်သောင်း၊ သုံးသောင်း ကုန်တယ်။ ပြည်နယ်အစိုးရနဲ့  INGO  တွေကလည်း ကူတော့ ကူညီကြပါတယ်။ ဒီစခန်းနဲ့ နီးတဲ့နေရာမှာ နေတဲ့သူတွေကတော့ မနက်သွား ညနေပြန်လုပ်ပြီး သူတို့စိုက်ခင်းတွေ ပြန်လုပ်နေကြပေမယ့် အများစုကတော့ လုံးဝစိတ်ချရတဲ့ အခြေအနေရှိမှ ပြန်လို့ရကြမှာ။ ကျန်းမာရေးအခြေအနေကတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့လို့ ဖြစ်တဲ့ရောဂါ ဖြစ်ကြပါတယ်။ စခန်းမှာ လူက သုံး၊ လေးရာလောက်ဆိုတော့ အညစ်အကြေးစွန့်ဖို့ အိမ်သာ မလုံလောက်ဘူး။  INGO တွေက ကူညီကြပေမယ့် ရေနဲ့မိလ္လာစနစ်ကတော့ လိုအပ်နေတုန်းပါပဲ။ စခန်းအတွက် လိုအပ်တဲ့ ငွေကြေးကိုတော့ ပြည်နယ်အစိုးရနဲ့ အသင်းတော်က ထောက်ပံ့ပေးပါတယ်။ စခန်းဖွင့်တာ ကြာလာပြီဆိုတော့ ရှိတဲ့ငွေကိုချွေတာပြီး သုံးနေရတယ်။ မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ''ဟု ၀ိုင်းမော်ဘုရားကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံဖြစ်သူက ကယ်ဆယ်ရေးစခန်းအရေးပြောသံနှင့်အတူ တာလပတ်ကာ တဲတန်းထဲက အရွယ်စုံဒုက္ခသည်တွေကိုကြည့်ပြီး ငြိမ်းချမ်းရေးဆိုသော စကား၏အဓိပ္ပာယ်ကို နားလည်လိုက်မိသည်။
စခန်းအတွင်းက မလုံ့တလုံ မိုးကာတဲတွေကြားမှာ ရက်ပေါင်းများစွာ ဖြတ်သန်းနေသူတို၏ ဘ၀၊ အသားမပါ ဟင်းသီးဟင်းရွက်နှင့် နေ့စဉ်စားသောက်နေရသောဘ၀များကို ကိုယ်ချင်းစာမိပါသည်။
''စိတ်မကောင်းစရာတွေလည်း အမြဲလိုလို ကြားနေရတာပေါ့။ တစ်ရက်ကဆို ကိုယ့်ဘေးမှာပြောနေတာ ကြားရတော့ စိတ်လည်းမကောင်းဘူး။ အများနဲ့လုပ်ရတဲ့ အလုပ်ဆိုတော့ လုပ်ပေးချင်ရက်နဲ့ လုပ်မပေးလိုက်ရတာ လုံးဝစိတ်မကောင်းဘူး။ သားလုပ်တဲ့သူက အမေကိုပြောတာ 'အမေ . . . ဒီထမင်းကို ကျွန်တော် ဘယ်လိုလုပ်ပြီး ကုန်အောင်စားရမှာလဲတဲ့'။ ဒီမှာ အဖွဲ့အစည်း အသီးသီးက လှူဒါန်းကြတဲ့ ရိက္ခာပေါင်းစုံရှိတာပေါ့။ ကုလားပဲဆိုရင် စားရတာ အဆင်ပြေပေမယ့် တခြားပဲဆိုရင်တော့ မျိုကျဖို့ခက်မှာပေါ့လေ။ အ သားမပါ၊ ငါးမပါဆိုတော့ ကလေးတွေက ဘယ်စားနိုင်ပါ့မလဲ။ ဒီလိုပဲ ရှိတာနဲ့ ဖြေရှင်းရတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့ကုန်ကြတယ်''။ ရှိသောကစားစရာနှင့်ပင် ဆော့ကစားနေသော ကလေးငယ်များဘေးက နေရောင်အောက်မှာထိုင်နေသည့် အသက် ၈၀ ၀န်းကျင် အဖွားအိုကိုမြင်ရတော့ ကိုယ်ချင်းစာစိတ်နှင့် သူတို့အတွက် စိတ်မကောင်းမိတာအမှန်ပင်။ ဂျပန်နိုင်ငံအလံပါ WFP တံဆိပ်နဲ့ ဆန်အိတ်လေး၊ ငါးဆယ် အိတ်ကိုတွေ့လိုက်ရတော့ ကိုယ့်နိုင်ငံအရေး ၀င်ရောက်ကူညီကြတဲ့နိုင်ငံတွေကို လေးစားစိတ်နှင့် ကျေးဇူးတင်မိပါသည်။
''community အားကောင်းတဲ့ အဖွဲ့အစည်းတွေကတော့ သိပ်မထောင်းသာလှပေမယ့် ကျွန်တော်တို့အတွက်တော့ တကယ်ကိုခက်ခဲပါတယ်။ NGO တွေ၊ INGO တွေနဲ့အတူ မီဒီယာတွေ ပါလာတယ်ကြားပေမယ့် ကျွန်တော်တို့စခန်းကိုရောက် လာတဲ့ မီဒီယာသမားတွေကတော့ ခင်ဗျားတို့ ပထမဆုံးပဲ။ နောက်ပြီး ကျွန်တော်တို့က သူစိမ်းကို သိပ်မှီခိုချင်တာမဟုတ်ဘူး။ အခုဟာက အိမ်ရှင်ရော ဧည့်သည်ပါ ဒုက္ခရောက်လာလို့သာ ဒီစခန်းဖွင့်ဖြစ်တာ။ ရှမ်းအ သိုင်းအ၀ိုင်းက တတ်နိုင်တဲ့သူတွေ ဆီအလှူခံပြီး ဒီတဲတန်းလေးဆောက် ထားတာ။ WFP ကတော့ ဆန်ရယ်၊ စားအုန်းဆီနဲ့ဆားတွေ ထောက်ပံ့ပါတယ်။ UNHCR ကလည်း တာလပတ်တွေပေးပါ တယ်။ပြည်နယ်ကြက် ခြေနီဆီကမိုးကာအလှူခံပြီး ဆောက် ပေးထားတာ။ ကိုယ့်အားကိုယ်ကိုး စိတ်လေးပျောက်သွားမှာစိုးလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ချက်စားခိုင်းတယ်။ ဒီအနီးအနားက တိမ်းရှောင်လာတဲ့ ရှမ်းလူမျိုး အိမ်ထောင်စု ၇၃ စု ရှိတယ်လို့ စာရင်းကောက်ရပေမယ့် စခန်းမှာလာနေတာ အိမ်ထောင်စု ၂၇ စုလောက်ပဲ ရှိတယ်။ နောက်ထပ် လက်ခံစရာနေရာလည်း မရှိသေးဘူး။ ထပ်ဆောက်ဖို့ငွေလည်း မရှိတော့ပါဘူး။ ဒီတဲတန်းဆောက်ပြီး ပိုငွေဆိုလို့ ကျပ် ၄၅၀ ပဲရှိတော့တယ်'' ဟု သာဂရဘုန်းကြီးကျောင်းအတွင်း ကစခန်းတာဝန်ခံက ပြောပြပါသည်။
၂၀၁၁ ခုနှစ် ဇွန်လလယ်ကစခဲ့သော ပဋိပက္ခကြောင့် ကချင်ပြည်နယ်အတွင်း တိမ်းရှောင်ထွက်ပြေး လာရသူဦးရေ ခြောက်သောင်းဝန်းကျင်ရှိမည်ဟု ထုတ်ပြန်ကြေညာသည့် စာရင်းအချက်အလက်များအရ သိရသည်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်အစရှိသည့် ဘေးလွတ်ရာ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၉၀ ၀န်းကျင်မှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ အခက်အခဲ ကြုံနေရသူတို့ဘ၀မှာ  ရင်မောဖွယ်ပင် ဖြစ်သည်။
''တာလောကြီး အထက်တန်းကျောင်းခွဲကို မြစ်ကြီးနားမြို့ပေါ်က ၀န်းသိုကျောင်းတိုက်မှာ ဖွင့်ထားတယ်။ ဆရာတော်က စောင့်ရှောက်လို့က လေးတွေရဲ့ပညာရေးကတော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ဒီစခန်း တွေမှာနေတဲ့ ကလေးတွေရဲ့ ပညာရေးကတော့ အားရစရာ မရှိလှပါဘူး။ တချို့ကလည်း ပညာကို မရအရ သင်ဖို့ စိတ်အားထက်သန်ပေမယ့် ၀မ်းရေးတောင် မသေချာတဲ့အချိန်မှာ ကလေးတချို့ကတော့ ပညာသင်ဖို့ စိတ်မပါကြတော့ဘူး။ စိတ်မကောင်းရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ နှစ်ဖက်ခေါင်းဆောင်တွေကို မေတ္တာရပ်ခံချင်တာက ကလေးတွေရဲ့အရေးကိုလည်း ထည့်စဉ်းစားကြဖို့ပါ။ အောက်ကျနောက်ကျဖြစ်နေတဲ့ ဒီနိုင်ငံမှာ ကလေးတွေရဲ့အခန်းကဏ္ဍကို ထည့်မစဉ်းစားဘူးဆိုရင် နောက်ထပ်နှစ်ပေါင်းများစွာ ဒီလိုပဲဆက်ဖြစ်နေဦးမှာပဲ''ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံတစ်ဦးကလည်း ကလေးများအရေး အတွက် မေတ္တာရပ်ခံ စကားဆိုပါသည်။
အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသည့်စကားလိုပင် ပြည်တွင်းတစ်နေရာမှာ မငြိမ်သက်မှုက တိုင်းပြည်အတွက်လည်း များစွာနစ်နာနိုင်ပါသည်။
လိမ္မော်ခြံတွေမှာ အသီးတွေမှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။
''ဒီနှစ်ဆိုရင် ကချင်ပြည်နယ်ရဲ့ စီးပွားရေးက အများကြီး နစ်နာသွားတယ်။ လိမ္မော်ခြံတွေမှာ အသီးတွေ မှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။ သုံးနှစ်လောက်ပြန်ပြီး နာလန်ထူနိုင်မယ်မထင်ဘူး။ဒီတော့အများစုရဲ့ဘ၀တွေကိုငဲ့ညှာပြီး ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင်ပါတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ တကယ့်ငြိမ်းချမ်းရေးမှ မဟုတ်တာ။ အားလုံးအတွက်က တကယ့်ငြိမ်းချမ်းရေးရမှ ဖြစ်မှာပေါ့'' ဟု မြစ်ကြီးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြည်နယ်တွင်းစီးပွားရေးနှင့်ပတ်သက်ပြီး ပူပန်မှုကို ရင်ဖွင့်သည်။ သဘာဝသယံဇာတများ ပေါကြွယ်သော၊ မြေကြီးက ရွှေသီးနေသော သည်နေရာမှာ မငြိမ်းချမ်းသရွေ့ ယခုလိုပဲ ပြေးလွှားနေကြရဦးမည်သာ။
''ဧပြီလဆို မိုးရွာတော့မယ်။ ဒီမလုံမခြုံတဲတန်းထဲမှာ ဆက်နေကြရင် အားလုံးအတွက် ကျန်းမာရေး ပြဿနာပေါ်လာနိုင်တယ်။ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ဖို့လိုလာပြီ။ ကိုးလဆိုတာ လူသားတစ်ယောက် လူ့လောကကြီးထဲ ၀င်ရောက်လာနိုင်တဲ့ အချိန်ကာလပဲလေ။ ဘာလို့ ငြိမ်းချမ်းရေးက လူသားတစ်ယောက်ဖြစ်ဖို့ထက် အချိန်ပိုယူနေရတာလဲ။ ရောဂါတစ်ခုရှိနေမှန်း သိနေရပြီဆိုရင် ကုသရမယ့်ဆေးလည်း ရှိရမှာပေါ့။ အမြန်ဆုံးအဖြေကို ရှာကြပါတော့လို့ တိုက်တွန်းချင်ပါတယ်''ဟူသော ကချင်အမျိုးသမီးတစ်ဦး၏ ပြောစကားကို နားမှာ ပြန်ကြားရင်း ငြိမ်းချမ်းနိုင်ကြပါစေဟုသာ ဆုတောင်းလိုက်ရပါသည်။
EMG
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်ပသာသနာပြုပုဂ္ဂိုလ်များအတွက် အွန်လိုင်းအဝေးသင် ပညာရေးစနစ် ဆောင်ရွက်မည်
ပြည်ပသာသနာပြုပုဂ္ဂိုလ်များ ပိုမိုပေါ်ထွန်းလာစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အဝေးသင်ပညာရေး စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သာသနာရေးနှင့် စပ်လျဉ်းသည့် မူဝါဒ၊ ရည်မှန်းချက်လုပ်ငန်းစဉ်များ ဥပဒေမူကြမ်း တွင်ဖော်ပြချက်များ အရသိရသည်။ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ရှင်ပြုပွဲ၊ အလှူပွဲ စသည်တို့အား Home Page မှ တစ်ဆင့်အွန်လိုင်းဖြင့် ဖြန့်ဝေသာသနာပြုခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဘွဲ့ရ ပြည်ပပုဂ္ဂိုလ်များဖြင့် ပရိယတ္တိစာပေများနှင့် ပဋိပတ္တိ ကမ္မဋ္ဌာန်းဌာနများတိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် စီမံပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းအပြင်ပြည်တွင်းမှ ဒီပလိုမာ (ဗုဒ္ဓဓမ္မ) နှင့် ဘီအေ (ဗုဒ္ဓဓမ္မ) ဘွဲ့ရပုဂ္ဂိုလ်များအား နယ်စပ်နှင့် တောင်တန်းဒေသများသို့ စေလွှတ်၍ သာသနာပြုနိုင်စေရန်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ စာကြည့်တိုက်အား အီလက်ထရွန်နစ် စာကြည့်တိုက်အဖြစ် နိုင်ငံတကာရှိ စာကြည့်တိုက်များနှင့် ဆက်သွယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်ဆိုင်ရာ အချက်အလက်များ ဖလှယ်နိုင်ရေး တို့ကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်
 Myanmar Express
Unknown at 9:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့်
ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်ကိုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်
တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ
၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI) ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင်အားဖြည့်မည်ဖြစ်ကြောင်းသိရသည်။
ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။
မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။
“အန်တီကတစ်ချိန်လုံးရွှေ့နေရတာဆိုတော့ ဒီကွင်းမရခဲ့ဘူးဆိုရင် နောက်ထပ် Plan 2 ရှိသေးတယ်။ ရွှေ့လို့ရတယ်။ (မနက်ဖန်အတွက်) စိတ်တော့လှုပ်ရှားတာပေါ့ဗျာ ဘာလို့လဲဆိုတော့ ကိုယ့်နားကိုဒီလိုလူထုခေါင်းဆောင်တစ်ယောက် လာဖို့ဆိုတာခဲယဉ်းတယ်လေ”
ဆယ်ဘီးကားပိုင်ရှင် ဦးမျိုးသိန်း (အောင်ပန်းဇာတိ)
 YPI သစ်ထူးလွင်
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော
တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဦးဖြိုးမင်းသိန်း(လက်မြှောက် ထားသူ) ကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
“ဒီမိုကရေစီပြောင်းလဲရေးမှာ တပ်မတော်ပါဝင်ရမယ်၊ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှလက်နက်နဲ့ အာဏာမသိမ်းနိုင်အောင် ကာ ကွယ်စောင့်ရှောက်သင့်တယ်၊ အာဏာမှာဝင်ရောက်ပါဝင်ခြင်းဟာ တပ်မတော်အခန်းကဏ္ဍကို မှေးမှိန်စေတယ်”ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရောက်သော ဦးဖြိုးမင်းသိန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်သည် တပ်မ ၁၁ အပါအ၀င်၊ တပ်ရင်းတပ်ဖွဲ့ ၃၆ ဖွဲ့ခန့်ရှိပြီး မင်းကုန်းတွင် တပ်မတော် လေ့ကျင်ရေးကျောင်းနှင့် ဖောင်ကြီးတွင် ဗဟိုဝန်ထမ်းလေ့ကျင့် ရေးကျောင်း အခြေစိုက်ရာ ဒေသဖြစ်သည်။
လက်ရှိအခြေအနေတွင် တပ်မတော်သားအများစု၏ ဘ၀မှာ ဆင်းရဲနွမ်းပါးကြောင်း၊ ၎င်းတို့ဘ၀များကို အကာအကွယ် ပေးရန်လို ကြောင်း၊ မိမိတို့ အနိုင်ရလျှင် တပ်မတော်သားများနှင့် မိသားစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် အတတ်နိုင်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ဆိုသည်။
လှည်းကူးမြို့နယ် မဲပေးနိုင်သူ ဦးရေ ၁သိန်း ၃သောင်းခန့်ရှိရာတွင် အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများဖြစ်သော်လည်း အလုပ်လက်မဲ့နှုန်းထားမှာလည်း မြင့်မားနေသည့်အတွက် ဒေသတွင်း ဖွံဖြိုးရေးနှင့် ကျန်းမာရေး၊ ပညာရေး တိုးတက်စေရန်နှင့် ကရင်၊ ရှမ်း တိုင်းရင်းသားများလည်း များပြားသည့်အတွက် တိုင်းရင်းသားစည်းလုံးရေး တို့ကိုလည်း ဦးစားပေး လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးဖြိုးမင်းသိန်းနှင့် NLD ပါတီဝင်အင်အား ၄၀၀ ခန့်သည် မနက်ဖြန်မှ စတင်ကာ မတ်လ ၁၁ ရက်နေ့အထိ ဒေသတွင်းရှိ ရွာပေါင်း ၁၁၉ ရွာနှင့် ရပ်ကွက်ကြီး ၅ ရပ်ကွက်သို့လည်း ကားများဖြင့် လှည့်လည်ပြီး စည်းရုံးလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
လှည်းကူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ မြို့ခံတဦးဖြစ်သည့် ဒေါက်တာအောင်မြတ်သူ က ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး“လှည်းကူးသားမှ လှည်းကူးကို ချစ်မည်”ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေးဆင်းနေသည်။
အလားတူ တပ်မ ၅၅ အခြေစိုက်ရာ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်
ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်သန်းငွေကလည်း တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အပြင် တပ်မတော်သားများ ၏ မိသားစုဘ၀မြှင့်တင်ရေးမှာလည်း အရေးကြီးကြောင်း ပြောသည်။
“တပ်ထဲမှာ ပြောင်းလဲချင်တဲ့သူတွေ များတယ်၊ ကလောမှာလုပ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဆို ကြိုတင်မဲ ယူတဲ့သူတွေကသာ ကြံ့ဖွံ့ကရတာ၊ ကြိုတင်မဲယူမထားတဲ့ တပ်တွင်းမိသားစုတွေက ကြံ့ဖွံ့ကိုမပေးဘူး၊ တခြားအဖွဲ့ကိုပေးတယ်”ဟု ၎င်းက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများ ရယူခြင်းမရှိဘဲ သမာသမတ်ကျကျ ပြုလုပ်မည်ဆိုလျှင် တပ်မတော်အတွင်းရှိ အများစုက NLD ပါတီကို မဲထည့်မည်ဖြစ်ကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်ပြောသည်။
ဒေါက်တာ ဒေါ်သန်းငွေ ၀င်ရောက်အရွေးခံမည့် ကလောမြို့နယ် မဲဆန္ဒနယ်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ လက်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင် သိန်း ၏ မဲဆန္ဒနယ်ဖြစ်သည်။
ကလောမြို့နယ် မဲဆန္ဒနယ်တွင် ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ဘော်ဆိုင်းမြို့ တို့ပါဝင်ပြီး ပအို့၊ ဓနု၊ ပလောင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်၍ ခြံစိုက်ပျိုးခြင်းနှင့် သနပ်ဖက် လုပ်ငန်းကို လုပ်ကိုင်သူများပြားသည်။
စိုက်ပျိုးရေးကိုသာ အဓိကထားရသည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် သဘာဝ ထင်းရှူးတောများနှင့် တောတောင် များကို အမှီပြု လုပ်ကိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ တခြားသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် ဆန္ဒရှိကြောင်း၊ ကျန်း မာ ရေးနှင့် ပညာရေးကိုလည်း မြှင့်တင်လိုကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်လက်ပြောသည်။
ဒေသခံများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်တွဲ၍ သိရှိကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘော်ဆိုင်းမှာဆို ဟိုးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို အိမ် တော်တော် များများမှာ တွေ့ရတယ်”ဟု ဒေါ်သန်းငွေက ပြော သည်။
ကလောမြို့နယ်တွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရမည့် ပါတီများမှာ ကြံ့ခိုင်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူပါတီနှင် ပအို့အမျိုးသားများ ပါတီ(PLO) တို့ဖြစ်သည်။
မနက်ဖြန် နံနက် ၈ နာရီခွဲ ခန့်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များတွင် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊ ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ ပြည်သူလူထု က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ ထမင်း၊ သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် လစ်လပ်နေရာ ၄၈ နေရာအားလုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီကလည်း ထိုနေရာ အားလုံး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ပိုင်(ဧရာဝတီ)
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေးမှ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့ ပြောင်းလဲသတ်မှတ်မှု ကိစ္စတွေနဲ့ ပတ် သက်ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့တဲ့ တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးနဲ့ ၀န်ကြီးဌာန ၁၃ခုမှာရှိတဲ့ ဦးစီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူများ အပါအ၀င် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဒီဂရီ ကော လိပ် ၁၆၁ခုမှ ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ဆရာကြီး စုစုပေါင်း ၁၇၆ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တက္ကသိုလ်အသီးသီးက ပညာသင်နှစ် တိုးမြှင့်ရေးကိစ္စများ၊ အထူးပြု ဘာသာရပ်များ တိုးမြှင့်သင်ကြားရေးကိစ္စများ၊ ဘွဲ့လွန်ဒီပလိုမာများ တိုးမြှင့် သင်ကြားနိုင်ရေး ကိစ္စတွေနဲ့ သင်ရိုးညွှန်းတမ်း အသစ်များ ပြောင်းလဲအတည်ပြုရေး ကိစ္စတွေပါဝင်တဲ့ ၀န်ကြီးဌာန အသီးသီးက တင်ပြချက် ၁၁၄စောင်ကို ဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးမှာပဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီဟာ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနဲ့ အကဲဒမစ် ပညာရေးဆိုင်ရာ ကိစ္စတွေကို ကြီးကြပ်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာလည်း တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေးကို ဆက်လက် ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။
ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။
‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။
လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးဇောတိက ကမူ ထိုသို့တိုင်ကြားရခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ်ခဲ့ဖူးသည့် ဦးဃောသိတ အား ကျောင်းတွင် မရှိစေလို၍ တိုင်ကြားခြင်းဖြစ်ကြောင်းပြောကြားသည်။
သို့သော် ယင်းကျောင်း၏ တိုက်အုပ်ဆရာတော် ဦးပညာစက္က က “ ဦးဃောသိတ လွတ်စက ကျောင်းထိုင်က လက်ခံတယ်။ သူတောင် သိက္ခာထပ်ပေးမယ်ပြောသေးတယ်။ ကျောင်းကိုဖဲ့ရောင်းတာ တိုင်ပြီးနောက်မှ သူက တိုင်တာ ’’ ဟုပြောသည်။
ထိုသို့တိုင်ကြားမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဦးဃောသိတအား သုံးရက်အတွင်း ကျောင်းမှ ဆင်းပေးရန် ယခုလ ၂၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဦးဃောသိတအား တိုင်ကြားခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကို လိပ်ပြာကန်ကျောင်းတိုက်မှ နာယကဆရာတော်များပင်မသိကြောင်း ဦးပညာစက္ကက ဆက်လက်ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးဇောတိကမှ လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေကို အခြားဘုန်းကြီးကျောင်းသို့ရောင်းချခြင်းအား ယင်းကျောင်း (လိပ်ပြာကန်အလယ်ကျောင်း) ရှိ ကျောင်းနေသံဃာ (၄၅) ပါးအနက် (၃၉) ပါးမှ လက်မှတ်ထိုးကာ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဦးဇောတိက ကမူ ထိုသို့လက်မှတ်ထိုးသူများအား ဦးဃောသိတမှ လိမ်လည်လက်မှတ် ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်မှတ်ရေးထိုးကန့်ကွက်သူများတွင်ပါဝင်သည့် ကိုရင်ကြီး အရှင် ၀ါယာမန္ဒိ က ‘ ကိုရင်တို့ကိုသေချာပြောပြီးမှ ထိုးခိုင်းတာပါ။ လိမ်ပြီးထိုးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုထိုးတာပါ’’ ဟု ပြောသည်။
ဦးဃောသိတသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတစ်ပါးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်သည့် ကာလတွင်လည်း မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ် သူငယ်ချင်းဖြစ်သူ သံဃာများအား နိုင်ငံရေးပြုလုပ်သဖြင့် အစိုးရက ဖမ်းဆီးခဲ့ရာမှ ၎င်းကိုပါ ထိုင်ဝမ်မှပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုပြု၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းသည် ထောင်တွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟကိုလည်း မန္တလေးမြို့ NLD ရုံးတွင် သြ၀ါဒပေးခဲ့ခြင်းကြောင့် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ  အမိန့်ထုတ်ပြန်ခဲ့ရာ ယခုလ ၁၉ ရက်နေ့က ထွက်ခွာပေးခဲ့ရသည်။     ။
အနှင်ခံရသူ ဦးဃောသိတ
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။ တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံ အနှံ့မှာလည်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။
RFA
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ချစ်သူများနေ့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ယောက်ျားသေဆုံး
From : 7 day
မုံရွာ၊ ဖေဖော်ဝါရီ- ၂၂
မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်(ချစ်သူများနေ့) ညနေ(၆)နာရီအချိန်ခန့်တွင် လင်မယား စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းဖြစ်သူအား ရေပုံးထမ်းထန်းလက် ရေထမ်းပိုးနှင့်ရိုက်နှက်ရာမှ လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားမှုတွင် ဘုတလင်မြို့နယ်၊ကင်းစမ်းကျေးရွာနေ ဦးကျော်ဝင်းအသက်(၄၃)နှစ်သည်ဖေဖော်ဝါရီလ(၁၄)ရက်၊ ညနေပိုင်းက မူးယစ်သောက်စား ၍လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူတစ်ရွာတည်းနေဒေါ်အိမ်ဌေးကပြောကြားခဲ့သည်။ မူးယစ်သောက်စားလာသော လင်ယောက်ျားဖြစ်သူက ဇနီးဖြစ်သူအား လက်သီးဖြင့်ထိုးနှက်ရာဇနီးဖြစ်သူက အရှည် နှစ်တောင်တစ်ထွာ၊ ဗျက်(၃)လက်မခန့်ရှိ ထန်းလက်ရေထမ်းပိုးတုတ်ဖြင့် ပြန်လည်ခုခံရိုက်နှက်ခဲ့သည်။ လင်မယားအချင်းချင်းစကားများရန်ဖြစ်ပြီးနောက်ပိုင်း ဦးကျော်ဝင်းမှာနေအိမ်အိပ်ခန်းအတွင်း ၀င်ရောက်အိပ်ခဲ့သည်ဆို၏။ နောက်တစ်နေ့နံနက်တွင် ဇနီးဖြစ်သူက လင်ယောက်ျားဖြစ်သူအား အိပ်ရာမှထရန်သွားရောက်နှိုးစဉ် သေဆုံးနေကြောင်းတွေ့ရှိရသည်ဆို၏။ သေဆုံးသူဦးကျော်ဝင်း၏ ဖခင်ဦးငွေမောင်က သက်ဆိုင်ရာတွင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ကြောင်းသိရှိရသည်။ ယင်းပြစ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူအား ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့ စခန်း(ပ)-၄၀/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-(၃၀၂)အရ အမှုရေးဖွင့်ကာဘုတလင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စံမြင့်က အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်
ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။
လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊
မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။
"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။
taiye2
အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊ ရှေ့နေများဖြစ်သည့်
ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်နေကြသည်ဟု လည်း သိရသည်။
အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။
တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေ
ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးသည်။
အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြသည်။
"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊ ရှေ့လည်း မထွက်ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်
ဒေါ်မိုးဝေက ပြောသည်။
အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်
ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍  ခွဲခြားထားသည်။
၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်သည်။
အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။
ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။
သစ်ထူးလွင်
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်
3D ရုပ်ရှင်ဇာတ်ကားတွေကို ပြည်တွင်းရဲ့ ရုပ်ရှင်ရုံတွေမှာ ခံစားကြည့်ရှုနိုင်တော့မယ့် ပထမဦးဆုံး 3D ရုပ်ရှင်ရုံကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင်စင်တာ မြေညီထပ်မှာ မတ်လ ၁ရက်နေ့တွင် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ 3D ရုပ်ရှင်ရုံကို လွန်ခဲ့တဲ့ ၁နှစ်လောက်က စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းက တာဝန်ယူတည်ဆောက်တာ ဖြစ်ပါတယ်။
ရုပ်ရှင်ရုံရဲ့ အကျယ်အ၀န်းဟာ ပေ၂၀နဲ့ ပေ၆၀ ကျယ်ဝန်းပြီး ခုံအရေအတွက် ၁၀၁ခုံ ပါဝင်ပါတယ်။ 3D ရုပ်ရှင်ရုံဟာ 3D မျက်မှန်တပ်ပြီး ကြည့်ရတာဖြစ်တဲ့ အတွက် ရုပ်ရှင်ရုံအတွင်း မျက်မှန်အလက် ၅၀၀ကိုလည်း ထားရှိပေးထားပါတယ်။ အဆိုပါ 3D ရုပ်ရှင်ရုံကို တစ်နေ့မှာ ၄ကြိမ် ပြသသွားမှာဖြစ်ပြီး မနက် ၉နာရီခွဲ၊ နေ့လည် ၁၂နာရီခွဲ၊ နေ့လည် ၃နာရီခွဲနဲ့ ညနေ ၆နာရီခွဲအချိန်တွေမှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 3D ရုပ်ရှင်အတွက် လက်မှတ် ၁စောင်ကို ကျပ်နှစ်ထောင့်ငါးရာမှ ကျပ်သုံးထောင့်ငါးရာ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အဆိုပါ 3D ရုပ်ရှင်ရုံရဲ့ ပရောဂျက်တာကို တရုတ်နိုင်ငံက တိုက်ရိုက်ဝယ်ယူထားပြီး SANYO ပရိုဂျက်တာ အမျိုးအစား ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဘကြီးသက်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မန္တလေး မဟာသတျသီဟဘုရား ညောင်ပင်မှ ဘုရားကျောက်ရုပ်ပွားတော် တွေ့ရှိ
မန္တလေး မဟာသတျသီဟ ဘုရားဝင်းအတွင်း ၀န်ကြီးချုပ်ဦးနု စိုက်သွားသည့် ညောင်ပင်၏ ညောင်မြစ်မှ ဘုရားကျောက်ရုပ်ပွားတော် တွေ့ရှိ သဖြင့် လာရောက်ဖူးမြော်သူတို့ နှင့် စည်ကား။
Mandalay Voice
Unknown at 9:22 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.