Thursday, March 1, 2012

ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်





3D ရုပ်ရှင်ဇာတ်ကားတွေကို ပြည်တွင်းရဲ့ ရုပ်ရှင်ရုံတွေမှာ ခံစားကြည့်ရှုနိုင်တော့မယ့် ပထမဦးဆုံး 3D ရုပ်ရှင်ရုံကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင်စင်တာ မြေညီထပ်မှာ မတ်လ ၁ရက်နေ့တွင် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ 3D ရုပ်ရှင်ရုံကို လွန်ခဲ့တဲ့ ၁နှစ်လောက်က စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းက တာဝန်ယူတည်ဆောက်တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံရဲ့ အကျယ်အ၀န်းဟာ ပေ၂၀နဲ့ ပေ၆၀ ကျယ်ဝန်းပြီး ခုံအရေအတွက် ၁၀၁ခုံ ပါဝင်ပါတယ်။ 3D ရုပ်ရှင်ရုံဟာ 3D မျက်မှန်တပ်ပြီး ကြည့်ရတာဖြစ်တဲ့ အတွက် ရုပ်ရှင်ရုံအတွင်း မျက်မှန်အလက် ၅၀၀ကိုလည်း ထားရှိပေးထားပါတယ်။ အဆိုပါ 3D ရုပ်ရှင်ရုံကို တစ်နေ့မှာ ၄ကြိမ် ပြသသွားမှာဖြစ်ပြီး မနက် ၉နာရီခွဲ၊ နေ့လည် ၁၂နာရီခွဲ၊ နေ့လည် ၃နာရီခွဲနဲ့ ညနေ ၆နာရီခွဲအချိန်တွေမှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 3D ရုပ်ရှင်အတွက် လက်မှတ် ၁စောင်ကို ကျပ်နှစ်ထောင့်ငါးရာမှ ကျပ်သုံးထောင့်ငါးရာ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အဆိုပါ 3D ရုပ်ရှင်ရုံရဲ့ ပရောဂျက်တာကို တရုတ်နိုင်ငံက တိုက်ရိုက်ဝယ်ယူထားပြီး SANYO ပရိုဂျက်တာ အမျိုးအစား ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဘကြီးသက်
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.