သိချင်တာလေးတွေ ( ၂ )
သမ္မတ အကြံပေးတွေကအင်တာဗျုးတစ်ခုမှာ မြန်မာနိုင်ငံရဲ့အပြောင်းအလည်းတွေဟာ အခုအတိုင်း အရှိန်အဟုန်မပျက်နောက်မလှည့်ပဲ သွားမယ်ဆိုရင် နောင် ၁၅နှစ် အနှစ် ၂၀လောက်ကြာတဲ့ အခါ မြန်မာပြည်ဟာ စင်္ကာပူလို စီးပွားရေးအရ တိုးတက်လာဘို့အလားအလာရှိကြောင်း ပညာရပ်ဆိုင်ရာ အချက်အလက်အကိုးအကား လေ့လာသုံးသပ်ချက်တွေ အကိုးအကားနဲ့ ပြောတဲ့အခါ သမ္မတအကြံပေးတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ မီဒီယာတွေက အတိုင်အဖေါက်ညီညီ ပြက်ရယ်ပြုခဲ့ကြတယ် ။ဒီနောက်ပိုင်း သမ္မတအကြံပေးတွေဟာ မီဒီယာတွေကို ခပ်ရှောင်ရှောင် နေခဲ့ကြတာကိုသတိပြုမိတယ် ။
အခု ဒေါ်အောင်ဆန်းစုကြည်က ASEAN အထွေထွေအတွင်းရေးမှူး ဆူရင်းပစ်စူဝမ်နှင့် တွေ.တဲ့အခါ မြန်မာပြည်ဟာ နောင် ၁၀ နှစ်ဆိုရင် အာဆီယံကို သာသွားမယ်လို့ ဘာအကိုးအကားအချက်အလက်မှမပါဘဲ ပြောလိုက်တဲ့အခါကြတော့ခုနက အသံကျယ်ခဲ့တဲ့ ပညာရှင်တွေနဲ့ မီဒီယာတွေဟာ ဘာသံမှ မထွက်ရဲကြဘူး ။အမြီးကုပ်ပညာရှင်တွေ ၊အမြီးကုပ် မီဒီယာတွေဘာလို့ ဖြစ်ကုန်ကြတယ်ဆိုတာကို သိချင်လှတယ် ။
ဒေါက်တာဆိတ်ဖွား
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge