Thursday, March 1, 2012

ပုသိမ်နည်းပညာတက္ကသိုလ်အနီး ဆိုင်ကယ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

ယခုလ ၂၇ ရက်က ပုသိမ်နည်းပညာတက္ကသိုလ်အနီးတွင် ဒုတိယနှစ်ဘူမိဗေဒကျောင်းသားတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်မှ ပထမနှစ် GTC ကျောင်းသားတစ်ဦးကိုဝင်တိုက်မိပြီး အတိုက်ခံရသောကျောင်းသားမှာ ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။


ပြည်ချိုအဆောင်နေ ပထမနှစ် GTC ကျောင်းသား ၁၈နှစ်အရွယ် မောင်ရဲစွမ်းအောင် မှာ လမ်းဖြတ်ကူးစဉ်အတိုက်ခံရပြီး အရှိန်ပြင်းထန်သဖြင့် လမ်းဘေးမြောင်းထဲထိုးကျသွားကြောင်း မျက်မြင်တွေ့ခဲ့သည့်ကျောင်းသားများကပြောသည်။


“ချိုစောင်းမှာကွဲနေတာ။ ဖူးယောင်ဒဏ်ရာတွေနဲ့။ စိုးရိမ်လို့ ၀ိုင်းပြီး ကိုင်ကြည့်တာ၊ ဘေးကလူတွေက ဒါရဲအရေးပိုင်တဲ့အမှုပဲလို့ပြောတာနဲ့ ၀ိုင်းကြည့်နေရတာပဲ။ မထိရဲဘူး” ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ပထမနှစ် GTC ကျောင်းသားတစ်ဦးကပြောသည်။


နာရီဝက်ခန့်အကြာတွင် ယာဉ်ထိန်းရဲများ၊ ရဲများရောက်ရှိလာကာ ဓါတ်ပုံရိုက်မှတ်တမ်းများတင်ပြီး ပုသိမ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။


ဆေးရုံအရောက်တွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်နှင့်တိုက်ဆိုင်နေသဖြင့် လူနာအားကုသမှုပေးရန်ကြန့်ကြာမှုရှိခဲ့သည်ဟု လိုက်လံပို့ဆောင်ပေးခဲ့သည့် ကျောင်းသားများကပြောသည်။


နေ့လည် ၁း၃၀ ခန့်တွင် မောင်ရဲစွမ်းအောင်မှာ သေဆုံးခဲ့သည်။ ၎င်း၏နာရေးကို သေဆုံးပြီးနောက်တစ်နေ့ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် အပင်နှစ်ဆယ်သုဿာန်တွင် ပြုလုပ်ခဲ့ပြီး GTC ကျောင်းသား ၁၅၀၀ ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြသည်။


မောင်ရဲစွမ်းအောင်မှာ လပွတ္တာမြို့၊ ၅ ရပ်ကွက်တွင်နေထိုင်ပြီး နည်းပညာတက္ကသိုလ်တွင် အဆောင်နေကျောင်းသားတစ်ဦး ဖြစ်သည်။


၎င်းအမှုကို ကန်ကြီးထောင့်ရဲစခန်းက (ပ) ၁၃/၁၂ ပုဒ်မ ၃၃၈ အမှုဖွင့်ခဲ့ပြီး လူသေဆုံးသွားသောကြောင့် ပုဒ်မ ၃၀၄ သို့ပြောင်းလဲခဲ့သည်။
Unknown at 9:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.