Thursday, March 1, 2012

လယ်ယာမြေတွေကို မောင်ပိုင်စီးထားတဲ့ ကော့ထင်းကျေးရွာ ရ.ယ.က အဖွဲ့

စစ်တောင်း မြစ်ကမ်း နံဘေးမှာရှိတဲ့ သောင်နုမြေဧကများ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနဲ့ စပ်ဆက်နေတဲ့ စစ်တောင်းမြစ်ကမ်း နံဘေးမှာရှိတဲ့ သောင်နုမြေဧက ၂၀၀၀ ကျော်ကို ကျေးရွာ ရ.ယ.က အဖွဲ့က လယ်သမားတွေကို
အချိုးကျ ခွဲဝေမှုမပေးပဲ လိမ်လည်မှုတွေ ရှိနေတာကြောင့် ဒေသခံ လယ်သမားတွေ ဒုက္ခ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရ ပါတယ်။ အစိုးရက ၂၀၀၄ ခုနှစ်က စတင်ပြီး မြေနုကျွန်းဧက
၂၀၀၀ ကျော်ကို ကော့ထင်းကျေးရွာသားတွေ အတွက် အချိုးကျ လယ်မြေခွဲဝေ ပေးခိုင်းခဲ့ပေမယ် ကျေးရွာ အာဏာပိုင်တွေက ကိုယ်ကျိုးအတွက် သုံးစွဲ နေကြတာပါ။ ဒီ မတရားမှုတွေကို
မြို့နယ် မယကနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးကို တိုင်ကြား ခဲ့ပေမယ့် တစုံတစ်ရာ ဖြေရှင်းမှုမျိုး မရှိခဲ့ပါဘူး။ အခုအခါ လယ်သမားတွေက စုပေါင်း လက်မှတ် ရေးထိုးပြီး မွန်ပြည်နယ်
ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဒီ မတရားမှုတွေကို ဖော်ထုတ် အရေးယူပေးဖို့ အတွက် တိုင်ကြားစာတွေ ထပ်မံ ပေးပို့ထားကြောင်း သိရှိ ရပါတယ်။

http://www.burmavjmedia.net/


Unknown at 9:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.