Thursday, March 1, 2012

AirAsia နေပြည်တော်ကို ပြေးမယ်




AirAsia လေယာဉ်ပေါ်မှာ ရောင်းတဲ့ ထမင်း နဲ့ ဖျော်ရည်ဘူး။
တခြားလေကြောင်းလိုင်းတွေနဲ့ မတူတာက AirAsia မှာ အခမဲ့ အကျွေးအမွေး အစီအစဉ် မရှိတာပါပဲ။
လေယာဉ်စီးနေတုန်း ရေဆာရင် ရေ၀ယ်သောက်၊ ဗိုက်ဆာရင် သူတို့ရောင်းတာ ၀ယ်စားရမှာပါ။ လေယာဉ်ထဲရောင်းတာ ဆိုတော့ မြေမြင်ပေါ်ကဆိုင်တွေထက်တော့ ဈေးပိုပါတယ်။

ဘတ်ဂျက်လေကြောင်းလိုင်း AirAsia က ဒီနှစ်ကုန်ပိုင်း နေပြည်တော်ကိုလည်း ပြေးမယ် တဲ့၊ ဘန်ကောက်အခြေစိုက် TTR Weekly သတင်းဌာနက သူ့ဝက်ဆိုက် http://www.ttrweekly.com/site/2012/02/thai-airasia-eyes-myanmar-capital/ မှာ ရေးထားပါတယ်။

“နေပြည်တော်ကို ပြေးမယ့် လမ်းကြောင်းအတွက် ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေဆဲအဆင့်ပဲ ရှိပါသေးတယ်၊ ဒီနှစ်ထဲမှာ စပြီး ပြေးနိုင်မှာပါ” လို့ လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူ Tassapon က ပြောပါတယ်။

နေပြည်တော်နိုင်ငံတကာလေဆိပ်က ဒီဇင်ဘာမှာ ဖွင့်တယ်၊ တနှစ်ကို ခရီးသည် သုံးသန်းခွဲ ၀န်ဆောင်မှုပေးနိုင်တယ်၊ လတ်တလောမှာတော့ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး စတဲ့ ပြည်တွင်းလိုင်းတွေပဲ ပြေးနေတယ် တဲ့။

“(နေပြည်တော်က) အစိုးရအုပ်ချုပ်ရေး ဗဟိုအချက်အချာ နေရာဖြစ်တယ်၊ မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူတွေကို ဖွင့်ပေးလိုက်ပြီဆိုတော့ အဲဒီကို တိုက်ရိုက် သွားမယ့်သူ များလာမှာပါ” လို့ CEO က 

 ဆက်ပြောပါတယ်။
ဧရာဝတီ...
Unknown at 9:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.