မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့ ပြောင်းလဲသတ်မှတ်မှု ကိစ္စတွေနဲ့ ပတ် သက်ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့တဲ့ တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးနဲ့ ၀န်ကြီးဌာန ၁၃ခုမှာရှိတဲ့ ဦးစီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူများ အပါအ၀င် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဒီဂရီ ကော လိပ် ၁၆၁ခုမှ ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ဆရာကြီး စုစုပေါင်း ၁၇၆ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တက္ကသိုလ်အသီးသီးက ပညာသင်နှစ် တိုးမြှင့်ရေးကိစ္စများ၊ အထူးပြု ဘာသာရပ်များ တိုးမြှင့်သင်ကြားရေးကိစ္စများ၊ ဘွဲ့လွန်ဒီပလိုမာများ တိုးမြှင့် သင်ကြားနိုင်ရေး ကိစ္စတွေနဲ့ သင်ရိုးညွှန်းတမ်း အသစ်များ ပြောင်းလဲအတည်ပြုရေး ကိစ္စတွေပါဝင်တဲ့ ၀န်ကြီးဌာန အသီးသီးက တင်ပြချက် ၁၁၄စောင်ကို ဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးမှာပဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီဟာ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနဲ့ အကဲဒမစ် ပညာရေးဆိုင်ရာ ကိစ္စတွေကို ကြီးကြပ်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာလည်း တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေးကို ဆက်လက် ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge