Thursday, March 1, 2012

မတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်


မတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
“စွမ်းအင်ဝန်ကြီးဌာနက နေပြီး မတ်လ ၁ ရက်နေ့ကစပြီး လေယာဉ်ဆီ ဈေးနှုန်းတွေ တိုးမြှင့်သွားမယ်ဆိုပြီး ပြည်တွင်း လေကြောင်းလိုင်းတွေကို ကြေညာစာ ပို့ထားပါတယ်။ ပြည်တွင်း လေကြောင်းလိုင်းတွေကလည်း အဲဒီရက်ကစပြီး ခရီးစဉ်တိုင်းအတွက် Fuel Surcharges တိုးမြှင့်ကောက် သွားဖို့ စီစဉ်နေကြပါတယ်။ လေယာဉ်ဆီဈေး ဘယ်လောက်တက်မလဲ ဆိုတာတော့ အတိအကျ မသိသေးပါဘူး။ လေယာဉ်လက်မှတ်ခတွေက တစ်သောင်းကျော်လောက် ထိတော့ တက်သွားနိုင်ပါတယ်”ဟု ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
လက်ရှိသိရှိရသည့် နှုန်းထားများအရ ရန်ကုန်-မန္တလေးခရီးစဉ် အတွက် ပြည်တွင်း ခရီးသည်များ အတွက် ယခင်က ကျပ် ၆၅၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၁၂၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်များဆိုပါက ယခင်ကထက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ညောင်ဦး ခရီးစဉ်အတွက် ပြည်တွင်း ခရီးသည်ဆိုပါက ယခင်က ကျပ် ၅၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ယခင်နှုန်းထက် ကျပ် ၁၂၀၀၀ ထပ် တိုးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း သိရသည်။
ဟဲဟိုး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်း ခရီးသည်ဆိုပါ က ကျပ် ၄၁၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံတိုးမြှင့်ဖြစ်ပြီး နိုင်ငံခြားခရီးသည် ဆိုပါက ယခင်က ကျသင့်သည့်နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း သိရသည်။
မန္တလေး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်းခရီးသည် ဆိုပါက ကျပ် ၂၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ပြီး နိုင်ငံခြားခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ထပ်တိုးမည်ဟု သိရသည်။
ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်အတွက် ပြည်တွင်းခရီးသွား လက်မှတ်ခ တိုးမြှင့်သည့်နည်းတူ နိုင်ငံခြားသား ခရီးသည်များကိုလည်း ယခင်ကထက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ထပ်တိုးမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Unknown at 10:12 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.