Thursday, March 1, 2012

ပြည်ပသာသနာပြုပုဂ္ဂိုလ်များအတွက် အွန်လိုင်းအဝေးသင် ပညာရေးစနစ် ဆောင်ရွက်မည်





ပြည်ပသာသနာပြုပုဂ္ဂိုလ်များ ပိုမိုပေါ်ထွန်းလာစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အဝေးသင်ပညာရေး စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သာသနာရေးနှင့် စပ်လျဉ်းသည့် မူဝါဒ၊ ရည်မှန်းချက်လုပ်ငန်းစဉ်များ ဥပဒေမူကြမ်း တွင်ဖော်ပြချက်များ အရသိရသည်။ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ရှင်ပြုပွဲ၊ အလှူပွဲ စသည်တို့အား Home Page မှ တစ်ဆင့်အွန်လိုင်းဖြင့် ဖြန့်ဝေသာသနာပြုခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဘွဲ့ရ ပြည်ပပုဂ္ဂိုလ်များဖြင့် ပရိယတ္တိစာပေများနှင့် ပဋိပတ္တိ ကမ္မဋ္ဌာန်းဌာနများတိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် စီမံပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းအပြင်ပြည်တွင်းမှ ဒီပလိုမာ (ဗုဒ္ဓဓမ္မ) နှင့် ဘီအေ (ဗုဒ္ဓဓမ္မ) ဘွဲ့ရပုဂ္ဂိုလ်များအား နယ်စပ်နှင့် တောင်တန်းဒေသများသို့ စေလွှတ်၍ သာသနာပြုနိုင်စေရန်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ စာကြည့်တိုက်အား အီလက်ထရွန်နစ် စာကြည့်တိုက်အဖြစ် နိုင်ငံတကာရှိ စာကြည့်တိုက်များနှင့် ဆက်သွယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်ဆိုင်ရာ အချက်အလက်များ ဖလှယ်နိုင်ရေး တို့ကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်

 Myanmar Express
Unknown at 9:30 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.