Tuesday, July 31, 2012

နေ့စွဲပျောက်နေသော သက္ကရာဇ်များ


ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။

အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက် တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့။
...
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့အချိန်ဟာ မရှိသလောက်ပါပဲ။ ကိုလိုနီ ခေတ်ကစပြီး အခု စစ်အာဏာရှင်ခေတ်အထိ နှစ်ပေါင်းတရာ ကျော်ခဲ့ပါပြီ။ နိုင်ငံရေး အကျဉ်းသားတွေ စဉ်ဆက်မပြတ် ရှိနေကြဆဲပါပဲ။

ကျမ ခပ်ငယ်ငယ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အဖေ့ သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားတဦး အိမ်ကို လာလည်ခဲ့ဖူးတယ်။ သူ နဲ့အဖေ ပြောနေတဲ့စကား တချို့ကို ကျမ မှတ်မိနေပါသေးတယ်။ သူပြောတာက “နေရမယ်ဆိုရင်လဲ ထောင်ထဲမှာ နေမှာပဲ၊ နေချင်လွန်း လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားအတွက် ဘယ်တော့မှ အရှုံး မပေးဘူး” တဲ့။ အဲဒီ စကားရဲ့ အဓိပ္ပာယ်ကို အဲဒီတုန်းက နားမလည်ခဲ့သေးပါဘူး။ ကျမ သေချာသိတဲ့အချိန် ၁၉၉၂ ခုနှစ်လောက်က ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ ထောင် လောက် ရှိနေခဲ့ ပါတယ်။ အဲဒီ အချိန် မှာ ၁၁/ ၉၂ ကို န၀တ က ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ကျမတို့က နိုင်ငံရေးသမားတွေ အများကြီး လွှတ်ပေးမယ် ထင်ခဲ့တာပါ၊ တကယ်တမ်းကျတော့ ၃၀၀ ကျော်ပဲ လွတ်ခဲ့တာပါ။ လွတ်တဲ့သူတွေက ပျော်တော့ပျော်ပါတယ်၊ အပြည့်အ၀တော့ မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သေဖော်ရှင်ဘက်တွေ ထောင်ထဲမှာ ကျန်နေကြသေးတာကိုး။ ကျန်ခဲ့တဲ့ လူတွေအတွက် စိုးရိမ်နေတာလည်း ပါပါတယ်။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံရေး အကျဉ်းသား နည်းနည်းကို လွှတ်ပေးလိုက် ပြန်တယ်။ စုစုပေါင်းပြန်လွှတ်လိုက်တဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားက ၂ ရာခိုင်နှုန်းလောက်ပဲ ပါတာပါ။ ဒါပေမယ့် တယောက်မှ မလွှတ်တာထက်စာရင် နည်းနည်းလွှတ်တာ ကိုပဲ မဆိုးဘူးလို့ ပြောရမယ် မဟုတ်လား၊ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် လွှတ်ပေးဖို့ လိုသေးတယ်၊ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင် ကျန်နေသေးတယ် ဆိုတာကိုတော့ ဆက်ပြောနေရမှာပါ။

ထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ရှိနေသမျှ လူ့အခွင့်အရေးတွေ ပျောက်ဆုံး နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားတဲ့ ပြယုဂ် တခုပါ။

၁၉၉၅ ခုနှစ်ထဲမှာ ကျမ အချုပ်ဘ၀နဲ့ အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။

ကျမနဲ့ အေးမိုးတို့ နှစ်ယောက်ဟာ ၁၂ ပေ၊ ၈ ပေ ပဲရှိတဲ့ အခန်း ကျဉ်းထဲမှာ မိလ္လာအိုး ၂လုံး၊ သောက်ရေအိုး၊ ဖျာ ၂ ချပ်နဲ့ ကျပ်ကျပ် တည်းတည်း နေရပါတယ်။ ကျင်ငယ်ရည်နံ့တွေက နံစော်၊ ကြမ်းပိုးတွေကလည်း ကိုက်နဲ့ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ တယောက်က လမ်းလျှောက်ရင် တယောက်က ချောင်ထဲမှာ နေရတာပါ။

ပြီးတော့ အဲဒီလို အချုပ်မကျခင် ကျမက ကျူရှင် သင်နေတော့ စာမေးပွဲ နီးနေတဲ့ အဲဒီလိုအချိန်မှာ ကလေးတွေအတွက် စိတ်ပူနေပါတယ်၊ အဲဒီအချိန်ကျမှ ကျုရှင် ပြောင်းတက်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ကျန်းမာရေး မကောင်းလှတဲ့ ကျမ အဖေကိုလည်း စိတ်ပူ နေပါသေးတယ်။ ကျမ ထောင်ကျသွားရင် အဖေမှ ခံနိုင်ရည် ရှိပါ့မလား၊ ကျမတက်လက်စ ပြင်သစ် သင်တန်းကလည်း ကျမသူငယ်ချင်း ရီ က အပ်ပေးထား တာပါ။ သင်တန်းခက ဈေးကြီးတော့ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင်တော့ တက်ချင်မိပါတယ်။

ဒါကြောင့် ကျမ ထောင်မကျ ချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ကတော့ ကျကိုကျမယ် ဆိုတာလည်း ကျမသိပါတယ်။ န၀တ က ဒီလောက်တော့ သဘောထား မကြီးနိုင်ဘူးဆိုတာ သိပါတယ်။

အေးမိုးလည်း ဂုဏ်ထူးတန်း ဆက်တက်ချင်နေပါတယ်၊ ချိုနွယ်လည်း သူလုပ်နေတဲ့ ကုမ္ပဏီမှာ ဆက်လုပ် ချင်နေပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ဧပြီ ၅ ရက်မှာ ရုံးထုတ်ပါတယ်။ ကျမတို့ အဖွဲ့ထဲက ဘယ်သူကမှ ထောင်မကျရအောင် အညံ့ခံဖို့ စိတ်မကူးကြပါဘူး။ ဘယ်သူ ကမှလည်း စိတ်ဓာတ်ကျ မနေပါဘူး၊ အားလုံး ခံနိုင်ရည် ရှိကြပါတယ်။

ဒီလိုနဲ့ ကျမတို့ ၉ယောက်စလုံး ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ် ခံရပါတယ်။ အမိန့်ချပြီးတော့လည်း အားလုံး အပြုံး မပျက်ကြပါဘူး၊ တဦး ကိုတဦး နှုတ်ဆက်ကြပါတယ်။ မိသားစုကို နှုတ်ဆက်တဲ့ အချိန်မှာတော့ ကျမ စိတ်မကောင်း ဖြစ်မိပါတယ်၊ ကျန်းမာရေး မကောင်းတဲ့ အဖေ ဘယ်လို နေမလဲ၊ အသက်ကြီးနေတဲ့ အမေ့ခမျာ ပင်ပန်း နေရှာမှာပဲဆိုတဲ့ သောကကြောင့် ကျမ ၀မ်းနည်းနေမိတယ်။ အဲဒါဟာ နောင်တ တော့မဟုတ်ပါဘူး။

အမိန့် ချပြီးတော့ ကျမ၊ အေးမိုး၊ ချိုနွယ်တို့ကို “မ” ကျတိုက်ကို ပို့ပါတယ်။ ကျမတို့နေရတဲ့ တိုက်မှာ အခန်း ၁၀ ခန်းရှိပြီး ၅ ခန်းစီ မျက်နှာချင်း ဆိုင် ဆောက်ထားပါတယ်။ နိုင်ငံရေး ဒီရေကျချိန်မို့ မျက်နှာချင်းဆိုင် အခန်းတွေမှာ လူမရှိပါဘူး။ နံပါတ် (၃) အခန်းမှာ အန်တီစန်း (စာရေးဆရာမ စန်းစန်းနွဲ့-သာယာဝတီ) နဲ့ သမီး မြတ်မိုမိုထွန်း၊ နံပါတ် (၄) မှာ ချိုနွယ်၊ နံပါတ် (၅) မှာအေးမိုးနဲ့ ကျမတို့ နေကြရပါတယ်။

ထောင်ကျချိန်မှာ အန်တီစန်းက မုဆိုးမတဦး ဖြစ်ပြီး သိပ်ငယ်သေးတဲ့ ကလေးတွေ ကျန်ခဲ့ပါတယ်။ အန်တီစန်းက သူ့ရဲ့ အငယ်ဆုံးသားလေး အတွက် စိတ်ပူပန်နေပါတယ်။ အန်တီစန်းမှာ ဘယ်လောက်ပဲ ပူပန်မှုတွေရှိနေပါစေ ကျမတို့ကို ၀တ္ထုပြောပြတာ မပျက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ဘ၀အတွေ့အကြုံ တွေကိုလည်း ပြောပြပါတယ်။

အဲဒါအပြင် ကျမတို့ကို “စမ်းရေ” ဆိုတဲ့ သီချင်းလေး သင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ လူထွက်ပေါက် မရှိပေမယ့်၊ ကျမတို့က စိတ်ထွက်ပေါက် ကို ရအောင်ရှာကြပါတယ်။ ကျမတို့ သီချင်းဆိုကြတယ်၊ ချိုနွယ်က သီချင်းဆိုကောင်းပါတယ်၊ အသံလည်း သာတယ်၊ နောက်ပြီး ဆိုဟန် လည်း ရှိတယ်၊ အဆိုတော် အေးချမ်းမေရဲ့ “ဘ၀စာမျက်နှာ” တို့၊ မေဆွိ ရဲ့ “မောင်” သီချင်းတို့ကို ချိုနွယ်ဆိုရင် ကျမတို့တောင် လွမ်းတယ်။ ကျမကတော့ အသံလည်း မကောင်း၊ ဆိုတာလည်း မရပေမယ့် ကျမရဲ့ ခံစားချက် ဖြစ်တဲ့ ခိုင်ထူးရဲ့ “အိမ်ပြန်ချင်တဲ့အလွမ်း” သီချင်း ကိုတော့ ဆိုဖြစ်ပါတယ်။

တယောက်ယောက်နဲ့ ရန်ဖြစ်ရင်တော့ ထူးအိမ်သင်ရဲ့ “အမေ့အိမ်” ပေါ့။ မေမေ့ ကိုလွမ်းတဲ့ အချိန်မှာ “အမေအို မျော်နေမှန်းလည်း သိလျှက်နဲ့ တလှမ်းချင်းစွန့်ခွာ အိမ်ကို ပစ်ပြီးတော့” ဆိုတဲ့ အပိုဒ်ကို ထပ်ခါထပ်ခါ ဆိုပစ်လိုက်တယ်။ အေးမိုးကတော့ သူစိတ်ပါရင် “ဧည့်ဆိုး” ကို ဆိုပါတယ်။

ပြီးတော့ ကျမတို့ တက်တင်းထိုးပါတယ်။ တက်တင်း ထိုးတာက အနုစိတ်ရတဲ့ အလုပ်ဆိုတော့ စိတ်ပျံ့လွင့်တာကို ထိမ်းချုပ်ထား နိုင်ပါတယ်။ အဆောင်မှာလည်း ၅ (ည) ပုဒ်မ တပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိပါတယ်။

တိုးတိုးမြင့် (ခ) ဖိုးသာထူးက ကျမတို့တိုက်ကို အမြဲလာလည်လေ့ရှိပါတယ်။ လာလည်တယ် ဆိုပေမယ့် ကျမတို့ အခန်းထဲတော့ ၀င်လာလို့ မရပါဘူး၊ ကျမတို့ရဲ့ အခန်းတွေက အမြဲတမ်း တံခါး သော့ခတ်ထားတာပါ။ ကျမတို့က မနက်ပိုင်း ၁၅ မိနစ်၊ ညနေပိုင်း မိနစ်၂၀ ပဲ အပြင် ထွက်ခွင့် ရတာပါ။ ဒီတော့ ဖိုးသာထူးက ပြူတင်းပေါက် အပြင်ဘက်မှာရပ်ပြီး ကျမတို့က အတွင်းဘက်က ရပ်ပြောရပါတယ်။ ဖိုးသာထူးက ၁၁/ ၉၂ ကြေညာတာကို မီခဲ့ပေမယ့် လွှတ်တဲ့အထဲ သူမပါ ပါဘူး။ သူ ထောင်ကျတဲ့ အချိန်က သူ့အသက်က အရမ်းငယ်ပါသေးတယ်။ ကျမ တို့နဲ့ တွေ့တဲ့အချိန်မှာ ထောင်ထဲမှာနေရတာကြာလို့ နည်းနည်း ပိန်သွားတာက လွဲရင် စိတ်ဓါတ်ကတော့ မာဆဲပါပဲ။

အားလုံးကတော့ ဒီလိုပါပဲ၊ ထောင်ထဲမှာ မနေချင်ပေမယ့် အာဏာရှင်ဆီမှာ အညံ့ခံမယ့်အစား ထောင်ထဲမှာပဲ အသေခံသွားဖို့ စိတ်ကူး ရှိကြသူတွေပါ။

ဖိုးသာထူးဟာ ကျမတို့ ရောက်လာတော့ ပျော်နေပုံ ရပါတယ်။ အဆောင်ထဲက ရိုးရိုးအကျဉ်းသား တွေအကြောင်းပြောပြ၊ သူ့အကြောင်း ပြောပြနဲ့ ကြည့်ရတာ လန်းဆန်းနေပါတယ်။ ကျမတို့ ထောင်မကျခင်တုန်းက သူ့အတွက် တော်တော်စိတ်ပူခဲ့တာပါ။ တခြားလူတွေ လွတ်ပြီး သူကျန်ခဲ့တဲ့ အချိန်မှာ သူစိတ်ဓါတ် ကျသွားမလား ဆိုပြီးပေါ့။ လက်တွေ့မှာတော့ ဖိုးသာထူးက ဘာမှ မဖြစ်ပါဘူး၊ သူ့ကို ချီးကျုးမိပါတယ်။

ထောင်မှာ မိသားစုနဲ့ ၂ ပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်ရပါတယ်။ တခါတွေ့ရင် ၁၅ မိနစ်ပါ။ ကျမကိုတော့ အမေက ထောင်ဝင်စာ လာတွေ့ပါတယ်။ ထောင်ဝင်စာထုပ်ကို အမေ တယောက်တည်း ဆွဲလာပါတယ်။ မျက်နှာမှာလည်း ချွေးတွေနဲ့ စိုရွှဲ နေပါတယ်။ အမေ့ကို ကြည့်ရတာ မောပန်းနေပါတယ်။ တွေ့တာနဲ့ ချက်ချင်း စကားမပြောနိုင်ဘဲ အမောဖြေနေတာကို ကြည့်ပြီး ကျမရင်ထဲမှာ မွန်းကျပ် နေပါတယ်။ စကားစပြောရင်တော့ နေကောင်းအောင်နေဖို့၊ အပြင်က လူတွေကို စိတ်မပူဖို့၊ အားလုံး အဆင်ပြေတယ်ဆိုတဲ့ စကားကိုပဲ အမြဲပြောပါတယ်၊ ဒီလို ပြောတိုင်းလည်း ကျမ ပိုပြီး စိတ်ပူတတ်ပါတယ်။ သူတို့ ဘာတွေများ ဖုံးဖိ ထားသလဲဆိုပြီး စိတ်ပူတာပါ။

ထောင်ဝင်စာထုပ်ကို သယ်ပြီး တိုက်ကိုပြန်လာရင်တော့ ဘ၀တူတွေကို ဝေဖို့ ချမ်းဖို့ စိတ်ကူးရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ မေ့ပျောက်သွား တတ်ပါတယ်။ အရမ်းပြန်ချင်တာက တပိုင်း၊ နေလို့ ရတဲ့နည်းနဲ့ နေနေတာက ကျမတို့ရဲ့ ပစ္စုပ္ပန် ဘ၀ပါ။ ဒီလိုပဲ နေတတ်အောင် နေကြရပါတယ်။

ထောင်ထဲမှာ အတွင်းထောင်ဝင်စာ ဆိုတာရှိတယ်၊ တနင်္ဂနွေနေ့မှာ တွေ့ရတာပါ။ အဲဒါလည်း တလတကြိမ် ပါပဲ။ ထောင်ထဲမှာ ရှိနေတဲ့ မိသားစုချင်း တွေ့ရတာပါ။ ကျမတို့က အတွင်းထောင်ဝင်စာ မတွေ့ရပေမယ့် တွေ့ခွင့်ရတဲ့ လူတွေဆီကနေတဆင့် ကျမတို့ရဲ့ လုပ်ဖော် ကိုင်ဘက် သူငယ်ချင်းတွေဆီ လက်ဆောင်ထည့်ပေးလို့ ရပါတယ်။ နောက်ပြီး ယောက်ျားလေးတွေဘက်က ကျမတို့ဘက်ထက်ပိုပြီး သတင်းစုံ ပါတယ်။

သူတို့ ဘက်မှာက ရေဒီယို၊ တိုင်းမ်စ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းကအစ အကုန်သွင်းတာကိုး။ သွင်းတယ် ဆိုတာက တရားမ၀င် ရောက်အောင်ပို့ထားတာ၊ အဲဒီအချိန်တုန်းက စာဖတ်ခွင့်မရှိဘူး။ ကျမတို့ ဘက်မှာ ဘာစာအုပ်မှ မရှိဘူး။ စာသိပ်ဖတ်တဲ့ မိုမိုတောင် ဆေးလိပ်ဖင်စီခံက စာရွက်ကို ရှာဖတ်ရတာ၊ အခုနောက်ပိုင်းမှသာ စာဖတ်ခွင့်ရတာပါ။

ဒီလိုနေလာရင်းနဲ့ ၁၉၉၅ ဇူလိုင်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါတယ်။ ကျမတို့ ပျော်လိုက်ကြတာ၊ အန်တီစုတောင်မှ လွတ်တယ်ဆိုရင် ကျမတို့လည်း လွတ်နိုင်မယ်ထင်ပါရဲ့ဆိုပြီး စိတ်ကူးယဉ်ခဲ့၊ အိပ်မပျော်ခဲ့တဲ့ ညတွေတောင် ရှိပါတယ်။ ငါလွတ်ရင် ပြင်သစ်စာ သင်တန်း ပြန်တက်မယ်၊ ကျူရှင်ပြန်သင်မယ်လို့ စဉ်စားတယ်။ ကျမက ဆရာမ သိပ်ဖြစ်ချင်ခဲ့သူပါ၊ ယုံကြည်ရာကို ခြေလှမ်းမှန်မှန်နဲ့ လှမ်းရ ဦးမယ်မဟုတ်လား။

တက္ကသိုလ် ကျောင်းသူတယောက် အနေနဲ့ တက္ကသိုလ် စိန်ရတုပွဲကိုလည်း နွှဲချင်ပါတယ်။ ကျမတို့ရဲ့ ရဲဘော်ရဲဘက် ကိုဂီးက အငြိမ့် ကမယ်တဲ့၊ ကျမတို့ရဲ့ အမှုတွဲ ကိုမောင်မောင်ဦးက ပြက္ခဒိန် လုပ်ချင်တယ်တဲ့။ ကျမရယ်၊ ရီရယ် အေးမိုးရယ်လည်း တိုင်ပင်ထားတယ်။ ကျမတို့မှ မဟုတ်ပါဘူး၊ မိသားစုတွေလည်း မျှော်လင့်နေကြတယ်။

ကျမအိမ်က ကျမ ထောင်ကလွတ်ရင် ၀တ်ဖို့ ၀တ်စုံ ၁ စုံတောင် ပို့ပေးထားသေးတယ်၊ ကျမတို့ တတိုက်လုံးလည်း စိတ်ကူးတွေ ယဉ်ကြ တာပေါ့၊ ကျမ အဖေနဲ့လည်း မသေခင် တွေ့ချင်သေးတယ်လေ။ သေချာတာက ကျမအဖေက ၇ နှစ်တောင် စောင့်နိုင်မှာ မဟုတ်ဘူး၊ အဖေ့ရဲ့ အဆုပ်နာက နှစ်တွေကြာနေပြီ၊ ရောဂါက ရင့်နေပြီ။

လတွေက တဖြည်းဖြည်း ကုန်ဆုံးလာပါပြီ၊ ထောင်ဝင်စာတွေမှာ မျှော်လင့်တဲ့အသံတွေ အားပျော့လာပြီး အန်တီစုရဲ့ ရဲရဲတောက် မိန့်ခွန်း တွေအကြောင်းနဲ့ အမျိုးသား ရင်ကြားစေ့ရေး တောင်းဆိုသံက ပိုကျယ်လာပြီ။ အမျိုးသားညီလာခံကို ကန့်ကွက်တဲ့ အကြောင်း၊ ညီလာခံက ထွက်လာကြတဲ့ သူတွေ အကြောင်း၊ ဒါတွေပဲ ကြားရတော့တယ်။

ဖေဖေကလဲ စာတစောင် ရေးပေးလိုက်ပါတယ်၊ လောကဓံ ကို ရင်ဆိုင်နိုင်ဖို့ ကျန်းမာရေးက အရေးကြီးကြောင်း၊ စိတ်ဓာတ်အင်အားသာ ရှိမယ်ဆိုရင် ကိုယ်သွားချင်ရာကို တခဏနဲ့ အရောက်သွားနိုင်ကြောင်းကို စာရေးပေးလိုက်ပါတယ်။ အဖေကတော့ အခြေအနေကို ခန့်မှန်းနိုင်ခဲ့ပါတယ်၊ အဖေ့စာကိုဖတ်ပြီး ကျမလည်း နားလည်လိုက်ပါတယ်။ ချိုနွယ် ကလည်းပြောပါတယ် အန်တီစုက သူ့ဘာသာ လွတ်ရက်စေ့လို့ လွတ်တာ ငါတို့ကိုက ရူးတာပါတဲ့။

ဒီလိုနဲ့ ကျမတို့ တိုက်ကို အချုပ်သစ် နှစ်ယောက် ရောက်လာပါတယ်၊ အသက်ကြီးကြီး အမျိုးသမီး ကြီးတွေပါ၊ ပထမ တရက်၊ နှစ်ရက် ကတော့ လခြုံရေး တင်းကျပ်ထားပါတယ်၊ သူတို့နဲ့စကားပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း ၀န်ထမ်း အလစ်မှာတော့ ငပိကြော်၊ မုန့်နဲ့ ကော်ဖီမစ်ကို ခိုးပေးကြရပါတယ်၊ ဒါမှ သူတို့ စားလို့ သောက်လို့ ရမှာပေါ့၊ မဟုတ်ရင် ဘာမှစားစရာ မရှိဘူး။

အမြဲတမ်း လုံခြုံရေးက မတင်းကျပ်နိုင်တော့ လစ်မှပဲ ဘာဖြစ်လာတာလဲ ဆိုတာ မေးရတာပေါ့၊ သူတို့က အန်တီစု ကျမ်းမာပါစေ၊ ချမ်းသာပါစေ အော်လို့ အဖမ်းခံရတာတဲ့၊ အချုပ်သစ်တွေ ရောက်လာတော့ ကျမတို့ ပျော်ပါတယ်။ အပြင်က အကြောင်းတွေကို လတ်လတ်ဆတ်ဆတ် သိရတာပေါ့၊ သူတို့ကလည်း ပြောပြကြပါတယ်၊ ကျမတို့က နားထောင်ရင်းနဲ့ ကိုယ်ဘာသာ ပုံဖော်ကြရတယ်။

သူတို့ကလည်း အန်တီစု ဘယ်နေ့က ဘာဝတ်တယ်က စပြီး ဘယ်မိန့်ခွန်း ဘယ်မှာဆုံးတယ် အထိ ပြောနိုင်ကြပါတယ်၊ နောက်တပတ် အတွင်းထောင်ဝင်စာမှာ ပြောနိုင်အောင် သတင်းစု နေတာပေါ့၊ တကယ်တော့ ကျမတို့ကသာ ကြွားနှိုင်မယ်ထင်တာ ယောင်္ကျားလေး တွေဘက်က ကျမတို့ထက် ပိုပြီးသိတယ်၊ ကျမတို့ဘက်ကမှ နှစ်ယောက်ထဲရောက်တာ သူတို့ဘက်က ဆယ်ဂဏန်း ကျော်တယ်၊ အတွင်း ထောင်ဝင်စာနေ့ရောက်တော့ သူတို့ဘက်က သတင်းက ပိုတောင်မှ များသေးတယ်။

ထောင်ဆိုတဲ့ နေရာက အမြဲတမ်း နေရတာကျပ်လေ့မရှိသလို၊ အမြဲတမ်းလဲ ချောင်လေ့မရှိပါဘူး၊ ထောင်ပိုင်ရဲ့ သဘောထားပေါ် မူတည်ပြီး ပြောင်းသွားလေ့ရှိပါတယ်။ ထောင်ပိုင်ပြောင်းသွားတော့ ပေါ်လစီလည်း ပြောင်းသွားပြီး ထောင်ထဲမှာနည်းနည်းကျပ်သွားတယ်၊ ဒါကြောင့် အတွင်းထောင်ဝင်စာမှာ သတင်းတွေ လဲကြဲ သွားတယ်။ ဒါပေမယ့် အမျိုးသမီး တိုက်ကိုတော့ အားပေးပါတယ်၊ စိတ်ဓာတ် မကျနဲ့၊ တိုက်ပွဲက ပြီးတော့မှာတဲ့။

နောက်တော့ “ကျန်းမာပါစေ” တွေလည်း ထောင် ၇ နှစ် ကျသွားတယ်၊ ကျမတို့တွေ အပြုံးမပျက်ကြပါဘူး၊ ဘယ်သူမှလည်း ဘုံးဘုံးလဲ မသွားပါဘူး၊ အချိန်တန် စားမြဲ၊ သီချင်းဆိုမပျက်၊ ၀တ္ထုပြောမြဲ၊ တခါတလေ မိန်းမယူသွားတဲ့ ရည်းစားကို မလွမ်းပါဘဲ လွမ်းချင်ယောင် ဆောင်ပြီး ရည်းစားရှိကြောင်းကြွားမြဲ၊ စိတ်ကူးတည့်ရာတွေကို ဇာတ်လမ်းဆင်ပြီး ပြောမြဲ၊ လုပ်ရိုးလုပ်စဉ်အတိုင်း ဘာဆိုဘာမှ ပြောင်းလဲမသွားပါဘူး။

ဘယ်လိုပဲ အနာဂတ်တွေ အိပ်ပျော်နေပါစေ၊ ဘယ်လိုဘဲ မျှော်လင့်ချက်တွေမဲ့နေပါစေ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ တိုင်းပြည်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေပါတယ်ဆိုတာကို သက်သေပြနေတာပါ။

ကျမကတော့ ထောင်ကထွက်ရင်ဝတ်ဖို့ အိမ်က ထည့်ပေးလိုက်တဲ့ ၀တ်စုံသစ်ကလေးကို မဝတ်ရသေးမယ့်တူတူ ၁၃ (ဃ) လို့ခေါ်တဲ့ အခြေမဲ့ အနေမဲ့လေး လွတ်တဲ့နေ့မှာဝတ်ဖို့ ပေးလိုက်ပါတော့တယ်။

ဘကြီးသက်
Unknown at 6:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းကိုင်တတ်သော ကိုကို ၊ မမများသိထားသင့်သော အကြောင်းအရာလေးများ




**မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု** -  မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
 (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
 (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ. ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက် ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

 မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ။

စေတမန်

ဘကြီးသက်
Unknown at 6:32 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှားရှားပါးပါးပါပဲ..


ကျွန်တော့်တစ်သက်နဲ့ တစ်ကိုယ် အစိုးရ ရုံးတစ်ရုံးမှာ အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ကို တစ်ခါမှ မတွေ့ဖူးဘူး...

ဒါကတော့ ရန်ကုန်မြို့က နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ဧည့်ကြိုနေရာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ပါ...

ဝန်ထမ်းတွေကို မေးကြည့်တော့ ဗိုလ်ချုပ်ရုပ် ဒီနေရာမှာ ရှိနေတာ ကြာပါပြီတဲ့ဗျာ.......

စကားမစပ် ကျွန်တော် ကြားဖူးတာလေပါ... သူရဲကောင်း မြင်းစီးရုပ်မှာ မြင်းခြေလေးဘက်လုံးချထားရင် အဲဒီသူရဲကောင်းက သူ့ဘာသူနာမကျန်းဖြစ်လို့ သေတာတဲ့

ခြေတစ်ဖက်မြောက်နေရင် လုပ်ကြံခံရလို့ သေတာတဲ့

ရှေ့ခြေနှစ်ဖက် မြောက်နေရင်တော့ အဲဒီသူရဲကောင်းဟာ တိုက်ပွဲမှာကျလို့သေတာတဲ့

ှဗိုလ်ချုပ်ကတော့ လုပ်ကြံခံရတာ ဖြစ်တာကြောင့် မြင်းက ခြေတစ်ဖက်မြောက်နေတာပါ.

ဘကြီးသက်
Unknown at 6:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေမြောင်း ကျဉ်းမှုကြောင့် မြို့တွင်း ရေကြီးရေလျှံမှု တချို့ဖြစ်ပေါ်


မိုးတွင်း ကာလ အတွင်း ရန်ကုန်မြို့တွင်းရှိ အချို့နေရာ တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် နေရတာဟာ အဆိုပါ နေရာတွေ မှာရှိတဲ့ ရေမြောင်းကျဉ်းမှု
တွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ကာလ အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဖြစ်ပေါ်လာတဲ့ ရေလျှံမှုတွေဟာ မိုးရွာပြီး နောက်ပိုင်းမှာ အချို့နေရာတွေမှာ ချက်ချင်း ပြန်ကျ သွားပေမယ့် အချို့နေရာတွေ မှာတော့ ရေမကျဘဲ ဆက်လက် ရေလျှံမှုတွေ ဖြစ်ပေါ် ကျန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်တဲ့ ရေလျှံမှုတွေဟာ အချို့နေရာ တွေမှာ ရေမြောင်းကျဉ်းမှုကြောင့် ဖြစ်ပေမယ့် အချို့နေရာတွေ မှာတော့ အဆောက်အဦးတွေ ဆောက်လုပ် ထားမှုကြောင့် ရေမြောင်းတွေ ပိတ်ပြီး အခုလို ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေလျှံမှု ဖြစ်ပွားရတဲ့ အခြား အကြောင်းအရင်း ကတော့ ပြည်သူ အချို့ရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ရေမြောင်း ပိတ်ဆို့မှု ဖြစ်ပွားကာ ရေမြောင်း ရေလျှံရတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဒီလိုမြို့တွင်း နေရာတွေမှာ ဖြစ်ပေါ်နေတဲ့ ရေလျှံမှု တွေကို မဖြစ်ပွားစေဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေ ကြီးကြပ်ကာ ဆောင်ရွက်ပေး လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ရာမှာတော့ ရေမြောင်းတွေ အတွင်းရှိ အမှိုက်များ၊ နုန်းများ၊ အနည်များကို ဆယ်ယူမှုတွေ ပြုလုပ် ဆောင်ရွက်လျက် ရှိနေပေမယ့် ရေလျှံမှုတွေ လုံးဝ မဖြစ်ပေါ်စေဖို့ အတွက် ကိုတော့ ဆောင်ရွက် ရမယ့် နည်းလမ်းတွေ ရှာဖွေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဘကြီးသက်
Unknown at 6:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ကာ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ -
Yangon Media Group
ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော်မတီ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး နှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုတို့ က အဆိုပါ ဥပဒေကြမ်း အားကန့်ကွက် ခဲ့ပြီး ကော့မှူးမဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် က အဆိုပါဥပဒေကြမ်း အား ပြန်လည်ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း အဆိုပါဥပဒေ ကြမ်းအဆို ကန့်ကွက်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ လွှတ်တော်နည်းဥပဒေ ပုဒ်မ ၁၅၈/ငနှင့် ညီညွတ်မှုမရှိ ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

ထို့ကြောင့် ပုဒ်မ ၁၅၈/င အရ လွှတ် တော်ဥက္ကဋ္ဌ၏ သဘောတူညီချက် ဖြင့် အဆိုပါ အဆိုအား ရွှေ့ဆိုင်းခြင်း ကို ဦးသိန်းညွန့်က အဆိုအဖြစ် ထပ်မံ တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ဥပဒေ ကြမ်းဆွေးနွေး ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြဦး ကလည်း ၂၀၁၃ခုနှစ် ပုဂ္ဂလိက တက္ကသိုလ်ပညာရေးဥပဒေကြမ်းအား ရေးဆွဲလျက်ရှိပြီး ရှေ့နေချုပ်ရုံးသို့ ပို့ဆောင် ထား ပြီဖြစ်ကြောင်း၊ မကြာမီ လွှတ်တော်အသီးသီးသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်။

အဆိုပါပြည်ထောင်စုဝန်ကြီး ၏ဖြေကြားမှုနှင့် ပတ်သက်၍ ကော့မှူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ''ပြည်ထောင်စုဝန်ကြီး ဖြေကြား သွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတက္ကသိုလ် များ ဆက်သွယ်မှုကို ပြောတာမဟုတ် ပါ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ် များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့တက္ကသိုလ်တွေ ပေါ် ပေါက်လာ ဖို့အတွက် ကျွန်မအပါ အဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင် ကိုတို့ ဆွေးနွေးတာက လွတ်လပ်တဲ့ တက္ကသိုလ် တွေပေါ်ပေါက် လာဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်''ဟု ဒေါ် အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီး၏ ဆွေးနွေးချက်ကို ပြန် လည်ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ''လွှတ်တော်နည်းဥပဒေ ၁၅၈(ဃ)နဲ့အညီ သုံးသပ်ညှိနှိုင်း ဆောင်ရွက် လို့ရ ပါတယ်။ ပုဒ်မ ၁၅၉(င) အရ လွှတ်တော် ဥက္ကဋ္ဌရဲ့သဘောတူ ညီချက်နဲ့ ယခုအဆိုအား ရွှေ့ဆိုင်း လို့ရတဲ့ အတွက် လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ဒီဥပဒေကြမ်း အဆိုဆွေး နွေးမှုအား ရွှေ့ဆိုင်းရန် သဘောတူ ပါတယ်''ဟု ပြောကြား သည်။

ဝေမာသိမ့် - Yangon Media Groupa

ဘကြီးသက်
Unknown at 6:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီးတဲ့ ယဉ်တိုက်မှု

ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်

ဘကြီးသက်
Unknown at 6:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးဆိုတာ ခေါင်းပါပဲကွာ ဆိုတဲ့...... ဦးလေးကိုဖိုးမြစ်



Posted by aung htet on July 31, 2012 at 9:00amSend Message ဘလော့ ပိုစ်ကြည်မယ်


ကျွန်တော့်အမေ့မောင်..ဦးလေးကိုဖိုးမြစ်အကြောင်း သတိရတုန်းလေးပြောပြချင်ပါတယ်..
အမေ့ဇာတိက..ခုကျွန်တော်အမေနေတဲ့ မြို့လေးနဲ့သုံးမိုင်လောက်ဝေးတဲ့အိမ်ခြေ ခုနစ်ဆယ်လောက်ရှိတဲ့တောရွာလေးပါ။

အဖေနဲ့အိမ်ထောင်ကျတော့မှ..အမေက ယောင်နောက်ဆံထုံးပါ..မြို့လိုက်လာရတာပါ
ခုချိန်ထိ တောမှာ အမေ့မောင်အရင်း ဦးလေးကိုဖိုးမြစ်ရယ်..ညီမ၀မ်းကွဲတွေရယ်ရှိကြပါတယ်
စပါးစိုက်..မတ်ပဲစိုက်..ခုတော့သွတ်မိုးပြောင်ပြောင်နဲ့ပေါ့.။


စိုက်ချိန်ပျိုးချိန် ငွေစကြေးစလိုရင်တော့ မြို့တက်အမေ့ဆီမှာ


လကိလှည့်သုံးငွေလာဆွဲလေ့ရှိကြပါတယ်

ဦးလေးကိုဖိုးမြစ်ကတော့ အသက်ငါးဆယ်ရွယ်လူပျိုကြီးပါ..

အိမ်ကြီးတစ်ဆောင်နဲ့စာရင်းငှားတွေနဲ့..လယ်မင်းသားပါ..။

ခိုင်းနွားတွေရောင်း..လက်တွန်းထွန်စက်လေးတစ်စီးဝယ်လို့..လယ်လုပ်သူပါ

ရွာမှာတော့..ခေတ်စကားနဲ့..ဘောစိ ပေါ့လေ..။



ခက်တာက..ဦးလေးကိုဖိုးမြစ်က..လည်တယ်လည်းပြောမရ..အတယ်လည်းပြောမရ

မအူမလည်..ဂွတိဂွကျလို့ပြောရမယ်ထင်ပါရဲ့..

ညဆို..ဓါတ်ခဲရေဒီယိုတစ်လုံးနဲ့ လိုင်းပေါင်းစုံနားထောင်

မနက်မိုးလင်းတော့ သူရင်းငှားတွေကို ဘယ်သူဘာလုပ်..ဘယ်သူဘာလုပ် ခိုင်ပြီးတာနဲ့

ရွာရိုးကိုးပေါက်..အိမ်ပေါက်စေ့လည်ပီး မြန်မာ့နိုင်ငံရေး..ကမ္ဘာ့နိုင်ငံရေး

သူနားလည်သလို..သူထင်တာသူပြောတော့တာပါ..

ရွာသားတွေကတော့..သူကိုနိုင်ငံရေးသုခမိန်ကြီးထင်လို့ပါဗျာ…။



မကြာခင်လေးက..အမေနေမကောင်းလို့..ဖုန်ဆက်တော့..

ကျွန်တော်အောင်ထက်ကြီး..မိသားစုအစုံအလင်နဲ့..ရွာပြန်ကြပါတယ်

တကယ်တော့အမေက..ကျွန်တော်တို့မိသားစုကိုလွမ်းဖျားလွမ်းနာကျနေတာပါ

ရွာလည်းရောက်..ချွေးမလေး..ပိုးဥနဲ့ မြေးလေး ဂျူနီယာအောင်ထက်လည်းတွေ့

သူ့ရောဂါလည်းပျောက်တာပါ..။



ကျွန်တော်ရောက်တယ်လည်းကြားရော..ဦးလေးကိုဖိုးမြစ်..သူ့ဆိုင်ကယ်စုတ်လေးနဲ့ပေါက်ချလာပါတယ်

အမှန်က..သူ့တွက်ရန်ကုန်ကနေ တကူးတကသယ်လာတဲ့..ဂျာနယ်အဟောင်းတွေလာယူတာပါ..

အိမ်ပေါ်တက်တယ်ဆိုရင်ပဲ…ရောက်မဆိုက်

“ ကဲဟေ့..ငါ့တူ အောင်ထက်..ရွာလိုက်ခဲ့အုန်း..အမျိုးတွေမျှော်နေတယ်..” ဖြစ်ပါလေရော

ဒါနဲ့ပဲ..သူ့ဆိုင်ကယ်စုတ် မီးခိုးတထောင်းထောင်းနဲ့..မနက်စာအမီ ရွာပြန်ကြပါတယ်..။



မရောက်တဲ့.လေးငါးနှစ်မှာ ရွာလေးက တကယ်ကိုပြောင်းလဲနေတာပါ

မတ်ပဲကောင်းစားကြတာပါ…အိမ်ပေါက်စေ့နီးပါး တရုပ်ဆိုင်ကယ်တွေနဲ့ပါ

ယောက်ျား..မိန်းမ..ကလေးလူကြီး..ဆိုင်ကယ်တ၀ီဝီနဲ့ ဖြစ်နေလိုက်ကြပုံ..။



ပြောချင်တဲ့အကြောင်းခုရောက်ပါပီ..

ဦးလေးကိုဖိုးမြစ်အိမ်ဝိုင်းလည်းဝင်လိုက်ရော..

ကျွန်တော်မောင်အောင်ထက်..မျက်လုံးတွေလင်ကွင်းလောက်..ပြူးကျယ်သွားမိပါတယ်..

သူ့ရဲ့အိမ်ခြေမြင့်ကြီးမှာ .အလိုလေးလေး ဆိုင်းဘုတ်ကြီးနှစ်ခုက အခန့်သားပါလား..

“ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်..”

“ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ..”

ဆိုင်းဘုတ်ကြီးနှစ်ခုဘေးချင်ယှဉ်တွဲ..မဟာမိတ်ပြုလို့ပါဗျာ..။



အိမ်အောက်ထပ်လည်း ၀င်မိရော ..ရုံးခန်းနှစ်ခုကအပြိုင်အဆိုင်

လူသုံးလေးယောက်စီနဲ့စာရွက်စာတမ်းတွေနဲ့..ပိုင်လိုက်တာပါဗျာ..

ဦးလေးကိုဖိုးမြစ် ဘယ်လိုလုပ်လိုက်ပါလိမ့်..။



ကျွန်တော်မှာတော့ မေးချင်လိုက်တာ..အူယားနေပါတော့တယ်

ခဏကြာတော့ ဓါတ်ဘူးကြီးနဲ့ မြေပဲကြော်ပုဂံလေးကိုင်ဆင်းလာပါတယ်..

မနေနိုင်တော့လို့ မေးမိပါတယ်..

“ ကဲ..ဦးလေးကိုဖိုးမြစ်..ဒီပါတီဆိုင်းဘုတ်ကြီးနှစ်ခုက..ဘယ်လိုဖြစ်တာလဲ..လင်းစမ်းပါအုန်း..”

“ ငါ့တူ..အောင်ထက်ရယ်..နိုင်ငံရေးဆိုတာ ခေါင်းပဲလိုတယ်ကွ..” သုခမိန်လေသံကြီးနဲ့ပါ..

“ ဒီလိုကွ..ကြားဖြတ်ရွေးကောက်ပွဲနီးတော့တို့မြို့နယ်ကိုဒေါ်စုရဲ့ စည်းရုံးရေးခရီးလဲ ပီးရော

NLD ကိုသဘောကျတဲ့အဖွဲ့တွေက..ရွာအနောက်ပိုင်းမှာ ဆိုင်းဘုတ်တင်မယ်လုပ်ပါလေရော..

အပြိုင်အဆိုင် ကြံ့ခိုင်ရေးလူတွေကလဲ..ရွာအရှေ့ပိုင်းမှာ..တင်မယ်လုပ်ပြန်ပါလေရော..”

“ အင်းဆက်ပါအုန်း..စိတ်တောင်ဝင်စားလာပီ..”

“ အေးကွ..နိုင်ငံရေးဆိုတာ..ခေါင်းအရေးကြီးသပေါ့ကွာ..ဒီလိုပုံဆိုရင်..

ရွာမှာ အရှေ့ပိုင်း အနောက်ပိုင်း စိတ်ဝမ်းကွဲတော့မှာ..

ဒါနဲ့ပဲ..ဦးလေးလဲ..ရွာဦးကျောင်းဆရာတော်ဆီပြေးရသပေါ့ကွာ..”



ဦးလေးကိုဖိုးမြစ်က..သူ့လုပ်ဆောင်ချက်ကို..မင်္ဂလာယူတဲ့အနေနဲ့..စကားကိုရပ်ပြီး

ရေနွေးကြမ်းလေးတစ်ခွက် သောက်ပြီးမှ..ဆက်ပြန်ပါတယ်..

“ရွာမှာ..ရင်ကြားစေ့ရေးလုပ်ဖို့ ဆရာတော်နဲ့တိုင်ပင်ရတာပေါ့..နောက်တော့

NLD ကရော ကြံ့ခိုင်ရေးကရော..ခေါင်းဆောင်တွေကိုခေါ်ပြီး..

ဆရာတော်က ဥပဒေကဲ့သို့အာဏာတည်စေရမဲ့တစ်ချက်လွတ်အမိန့်ပေးသကွ..”



ဦးလေးကိုဖိုးမြစ်က..သူ့လုပ်ဆောင်ချက်ကို..မင်္ဂလာယူတဲ့အနေနဲ့..စကားကိုရပ်ပြီး

ရေနွေးကြမ်းလေးတစ်ခွက် သောက်ပြီးမှ..စကားဆက်ပြန်ပါတယ်..

“ ဆရာတော်မိန့်ကြားလိုက်တာက..ပြတ်တယ်ဟေ့..

နှစ်ပါတီစလုံးဆိုင်းဘုတ်ကို..နိုင်ငံရေးနားလည်တဲ့..ဖိုးမြစ်အိမ်မှာ ချိတ်စေ..

ဖီဆန်တဲ့ပါတီ..ငါ့တောင်ဝှေးစာမိမတဲ့..”



ကျွန်တော်က..ဒီနေရာမှာ..ဇဝေဇ၀ါဖြစ်နေတဲ့အချက်လေး..မေးမိပါတယ်

“ ဒါနဲ့ဦးလေးရယ်..ဆိုင်းဘုတ်တင်ပွဲရော..ဘယ်လိုလုပ်လဲ..ပြောပါအုန်း..”

“ဒါလဲ..ခေါင်းပါပဲ ငါ့တူရယ် ဆရာတော်က ရက်ကောင်းရွေးပေးတယ်ကွာ

နှစ်ပါတီ တစ်ရက်ထဲတစ်ပြိုင်ထဲ ဆိုင်းဘုတ်တင်ရမယ်ကွာ..

ရွာလည် ဗွီဒီယိုရုံက..လော်ကို သုံးထောင်နဲ့ငှားလိုက်တယ်ကွာ

မနက်ပိုင်း ဆရာတော်ဆွမ်းကပ်တယ်ကွာ..

တစ်ရွာလုံး.အိမ်ရှိလူကုန်မလာမနေရဖိတ်ပီး..ကောက်ညှင်းပေါင်းကျွေးတယ်ကွာ

စားလိုက်..ပျော်လိုက်ကြ ၀က်ဝက်ကိုကွဲလို့..

မြို့နယ်က ပါတီလူကြီးတွေတာင်အံ့သြလို့ပါ..မောင်ရာ...”



ကျွန်တော်က..ဦးလေးကိုဖိုးမြစ်ကို..အတုယူဖွယ်လေးမို့ထပ်မေးမိပြန်ပါတယ်..

“ ဦးလေးတို့ ကုန်ကျစရိတ်မနည်းလောက်ဘူး..ပါတီတွေက ဘယ်လိုကျခံကြသလဲ လုပ်ပါအုန်း..”

“ ငါ့တူရယ်..နိုင်ငံဆိုတာ..ခေါင်းသုံးတတ်ဖို့ပဲလိုသကွ..

အသံချဲ့စက်ဘိုးသုံးထောင်က..ငါစိုက်လိုက်တယ်ကွာ

ကောက်ညှင်းဆန် ငါးတင်းကတော့..ဦးလေးပုတ်ထဲက ယူပေါင်းလိုက်တာပဲပေါ့ကွာ...”



“ ဟုတ်ကဲ့..ကောင်းလိုက်တဲ့ခေါင်းပါလားနော်..ဒါနဲ့ ဦးလေးရေ..မိန်းမတော့မယူလေနဲ့နော်..”

“ အေးပါ..ငါ့တူအောင်ထက်ရယ်..ယူမယူဆိုတာလဲ ခေါင်းနဲ့ပဲပေါ့ကွာ..”



http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1668797&xgs=1&xg_source=msg_share_post

ဘကြီးသက်
Unknown at 6:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ

ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုင် အမျိုးသမီး တစ်ဦး  ဈေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအနီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။


ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မုဒိမ်းကျင့်ခံရသူ အမျိုးသမီးမှာ ကြံခင်းကျေးရွာမှ (အဘ) ဦးကျော်လှစိန်၊ အမိ ဒေါ်ယိုင်စိန်ဦးတို့ သမီး---

Myanmar New Now
ဘကြီးသက်
Unknown at 6:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များက နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထားအမြင် ကျဉ်းမြောင်းသူများ-အယူသီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ-မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်းသောသတင်းတင်ပြမှုများ-စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွား လာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလား သော ဗုဒ္မဘာသာဝင် သံဃာတော်များ၊လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း-နယ်စပ်မှတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်း-တဘက်နှင့်တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ငွေရေးကြေးရေးအကူအညီများ၊နည်းပညာအကူအညီများပေးရန်သာ အကြောင်းရှိပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားစော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ၏အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ-ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ပါကစ္စတန်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ-မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏တာဝန်လည်းဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ် တိုးတက်ရာတိုးတက်ကြောင်း အတွက်လည်းကောင်း၊ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံတော် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်းကောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော-နိုင်ငံတကာမှလက်မခံနိုင်သော-ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာ မရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ခြိမ်းခြောက်ခြင်း၊သတင်းမှားထုတ်ပြန်ခြင်း၊သတင်းမှန်ကိုချဲ့ကားဝါဒဖြန့်ခြင်း၊နိုင်ငံတော်-နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအားစော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက်တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။

ဘကြီးသက်
Unknown at 6:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူခံရသည့် နောက်ဆုံးထွက် The Voice Weekly မျက်နှာဖုံး


The Voice Weekly သတင်းစာစောင်ကို ယခုတစ်ကြိမ် ထုတ်ဝေခွင့်ယာယီရပ်နားခံရမှုနှင့် ဆိုပါက စုစုပေါင်း ၆ ကြိမ် တိတိ ထုတ်ဝေခွင့်ပိတ်ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် တစ်ပတ် ထုတ်ဝေခွင့် ပိတ်ခဲ့သည်။

ဘကြီးသက်
Unknown at 5:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Saturday, July 28, 2012

မြန်မာ့ပထမဦးဆုံး ISO လက်မှတ်ရ အဝေးပြေးယာဉ်လိုင်း ပေါ်ပေါက်လာမည်


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် နိုင်ငံတကာအရည်အသွေးမြင့် စီမံခန့်ခွဲမှု (ISO) လက်မှတ်ရ အဝေးပြေး ယာဉ်လိုင်းတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းယာဉ်လိုင်းမှာ Elite Express အဝေးပြေး ယာဉ်လိုင်းဖြစ်ပြီး ယခုအခါ Guardian Independent Certification (GIC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လာရောက်စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း၏ မန်နေဂျာ ကိုထွန်းမြင့်စံက ပြောသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ GIC ကိုယ်စားလှယ်က ကနဦး လာစစ်နေပါတယ်။ ဒုတိယတစ်ကြိမ်ကိုတော့ နိုင်ငံခြားမှာရှိတဲ့ GIC က ကိုယ်တိုင်လာစစ်မှာ ဖြစ်တယ်” ဟု ယင်းက ဆိုပါသည်။ Elite အဝေးပြေးယာဉ်လိုင်းတွင် အသုံးပြုသော ယာဉ်များသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဥရောပနိုင်ငံထုတ် ကားများ SCANIA အမှတ်တံဆိပ်များဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ် ကိုယ်ထည်၊ ဖရိန်၊ အင်ဂျင်များ ဖြစ်ပြီး မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဒီဇိုင်းကို တည်ဆောက်၍ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့် စနစ်တကျ ရွေးချယ်ထားသည့် ဆားဗစ်ပေးသော ဝန်ထမ်းများကို အဆိုပါ ယာဉ်လိုင်းတွင် ခန့်အပ်ထားပြီး ယာဉ်၏ မောင်းနှင်မှု အစိတ်အပိုင်းကို ကွန်ပျူတာစနစ်ဖြင့် ကန့်သတ်ထိန်းချုပ်ထားကြောင်း လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာမြို့များကို ဆက်လက်ပြေးဆွဲခဲ့ရာ လာမည့် သြဂုတ်လတွင် လားရှိုးသို့ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်းခန့်တဲ့အခါမှာ ဘေးအန္တရာယ် ကင်းရှင်းရေးကိစ္စကို ဦးစားပေးပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကညနက ယာဉ်နောက်လိုက် သင်တန်းဆင်းပြီးသား လူတွေကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အဓိကကတော့ တစ်နာရီကို တစ်ရာကီလိုမီတာနှုန်းထက် ပိုမောင်းလို့မရတဲ့ ကွန်ပျူတာစနစ်နဲ့ ယာဉ်မောင်းနှင်မှုကို ကန့်သတ်ထားပါတယ်” ဟု ကိုထွန်းမြင့်စံက ရှင်းပြသည်။ Elite Express အဝေးပြေး ယာဉ်လိုင်းမှ ရယူမည့် ISO အဆင့်အတန်းမှာ အင်္ဂလန်နိုင်ငံက လက်ခံထားသော ကွာလတီဖြစ်ပြီး ISO 9001:2008 ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ် 
ဘကြီးသက်
Unknown at 1:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘေဂျင်းရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးထိရှိလာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ အရေအတွက်သည် (၇၇)ဦးထိ ရှိလာကြောင်း သိရှိရသည်။ ဘေဂျင်း ရေကြီးရေလျှံမှု ထိန်းသိမ်းရေး ဌာနချုပ်က ကြာသပတေးနေ့ထိ ရုပ်အလောင်း (၇၇)ခုကို ရှာဖွေတွေ့ရှိထားပြီး အလောင်း(၆၆)ခုကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား ဖော်ထုတ်နိုင်ပြီဟု ပြောကြားခဲ့သည်။



သေဆုံးသူများအနက် (၅)ဦးသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အသက်ဆုံးရှုံးသွားခြင်းဟုလည်း သိရှိရသည်။ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ ပန်အန်ဂျွန်က ကယ်ဆယ်ရေး လုပ်သားမဟုတ်သော သေဆုံးသူ (၆၁)ဦးအနက် (၃၆)ဦးသည် အမျိုးသားဖြစ်ပြီး (၂၅)ဦးသည် အမျိုးသမီးများ ဖြစ်ကြောင်း ပြောကြားသွားသည်။



ထိုသူများအနက် (၄၆)ဦးမှာ ရေနစ်ခဲ့ပြီး (၅)ဦးသည် ဓာတ်လိုက်၍ သေဆုံးသွားကြောင်းလည်း သတင်းများက ဆိုသည်။ ထို့အပြင် (၃)ဦးမှာ နေအိမ်ပြိုကျ၍ သေဆုံးပြီး (၂)ဦးမှာ မြေပြိုချိန်တွင် ပိမိခဲ့ရာမှ အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။ (၂)ဦးသည် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကြောင့် နှလုံးဖောက်ပြန် သေဆုံးပြီး (၂)ဦးမှာ အခြားအရာဝတ္ထုများနှင့် ထိခိုက်၍လည်းကောင်း၊ (၁)ဦးမှာ မိုးကြိုးပစ်ခံရ၍လည်းကောင်း အသီးသီး သေဆုံးသွားခြင်း ဖြစ်သည်။ အန်ဂျွန်က ပျောက်ဆုံးနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဦးမည်ဟု ဆိုသည်။



ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများအနက် (၃၈)ခုကို မြို့တော် ဆင်ခြေဖုံး အရပ်များတွင် တွေ့ရှိခဲ့ခြင်းဟု သိရသည်။ သေဆုံးသူများအနက် အသက်(၈)လအရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ပြီး ကလေးမလေးမှာ ကံမကောင်းစွာဖြင့် ရေနစ်သွားခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် နှစ်ပေါင်း(၆၀)ဝန်းကျင်အတွင်း အဆိုးရွားဆုံး မိုးသည်းထန်မှုများ ဖြစ်ပေါ်နေပြီး နိုင်ငံ၏ ပျမ်းမျှမိုးရေချိန်သည် (၁၇၀)မီလီမီတာထိ ရှိနေကာ ဖန်ရှန်တွင် (၄၆၀)မီလီလီတာထိ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Source: XinhuaNet

ဘကြီးသက်
Unknown at 1:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

www.ypay.com.mm ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ပြည်တွင်းတွင် ဈေးဝယ်ယူနိုင်



www.ypay.com.mm ဆိုတဲ့ ၀က်ဘ်ဆိုဒ် မှတဆင့် ပြည်တွင်းမှာ အွန်လိုင်း ကနေ ဈေးဝယ် နိုင်အောင် AGD ဘဏ်နဲ့ ရတနာပုံ တယ်လီပို့တို့ ပူးပေါင်း
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို သြဂုတ်လ ဆန်းပိုင်းမှာ စတင်နိုင်ဖို့  ခန့်မှန်း ထားတယ်လို့ AGD ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုလို အွန်လိုင်း ကနေ ဈေးဝယ်ဖို့ အတွက် ကိုတော့ ၀ယ်ယူမယ့် သူတွေဟာ AGD ဘဏ်မှာ အွန်လိုင်း ပေးမန့် အကောင့် ဖွင့်ရမှာဖြစ်ပြီး ယခင် ကတည်းက အကောင့်ဖွင့် ထားပြီး သူတွေ ကတော့ အကောင့်သစ် ထပ်ဖွင့်စရာ မလိုဘဲ အွန်လိုင်း ပေါ်မှ ငွေပေးချေမှု ကိစ္စတိုင်းကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

AGD ဘဏ်အနေနဲ့ ဈေးဝယ်သူနဲ့ ရောင်းချသူရဲ့ အကြားမှာ ငွေပေးချေမှု ပေးမန့်ပိုင်း ကိုသာ အဓိက တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အွန်လိုင်းမှ မှာယူမှု အပိုင်းနဲ့ ၀ယ်ပြီး ပစ္စည်းများကို အိမ်အရောက် ပို့ဆောင်ပေးတဲ့ အပိုင်းတွေ ကိုတော့ ၀ယ်ယူသူနဲ့ အရောင်းပိုင်း တာဝန်ခံ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့က နည်းပညာပိုင်း ချိတ်ဆက် တာဝန်ယူကာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီလို အွန်လိုင်း ကနေ ဈေးဝယ်မှု စနစ် ကိုတော့ ဗဟိုဘဏ် ကလည်း  ခွင့်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ စတင် သုံးစွဲနိုင် တော့မယ့် www. ypay. com.mm ၀က်ဘ်ဆိုဒ်မှာ အွန်လိုင်း မှနေပြီး ၀ယ်ယူလိုသူ၊ ရောင်းချလိုသူတွေ အနေနဲ့  registration ၀င်ရောက် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဘကြီးသက်
Unknown at 1:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်


လာမယ့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်ထား တယ်လို့ အားကစား
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ၂၀၁၃ မှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက်ကို သီချင်း အပုဒ်ရေ ၉၃ပုဒ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ၉၃ ပုဒ်ထဲကမှ Theme Songs အတွက်ကို ယခု လက်ရှိမှာ ၅ ပုဒ် ရွေးချယ် ထားတာ ဖြစ်ပြီး ရွေးချယ်မှု ကိုတော့ ဂီအစည်းအရုံးရှိ ဂီတ ပညာရှင်များက စိစစ် ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ သီချင်း ၅ ပုဒ် ကိုတော့ ပြိုင်ပွဲဝင်များရဲ့ မူရင်း သီချင်းစာသားတွေ အတိုင်း မဟုတ်ဘဲ ဂီတ ပညာရှင်များက သီချင်း စာသားများ ချောမွေ့အောင် ပြန်လည် ပြင်ဆင်မှု အချို့ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ သီချင်း ၅ ပုဒ် ကိုတော့ နိုင်ငံကျော် အဆိုတော်များက ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဲ့ဒီသီချင်း ၅ ပုဒ်ကို MTV မှရိုက်ကူး လျက်ရှိပြီး ရိုက်ကူး ပြီးစီးသွားပါက အားကစားပွဲ အတွက် လှုံ့ဆော်ရေး သီချင်းအဖြစ် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV 4
ဘကြီးသက်
Unknown at 1:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)

အသိတရားလေးရလာသလိုရှိသည်နှင့် အနည်းဆုံးတော့
ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ်သတိပြုရန်
ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည်
ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟုဆိုရမည်။
“အဲဒီမှာစတွေ့တာပဲ” ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို
သရုပ်ဆောင်ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့်
“တွေ့”ရပြီ။သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့်အမြင်က
“အာများပြီး ဘော်နည်းနေသည်”ဟူ၏။

““လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင်
အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်””ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ
ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့
ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ “အာ” များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ် လေးတစ်ယောက်ရှေ့ မှာအာများသူအဖြစ်မခံရဲ။
လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍ ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေးစားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။

(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့်တစ်ချိန်မှာပြန်မသိစရာမရှိ။)
မည်သို့ ဆိုစေ အနာဂတ်၏ ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းတွေကို အမုန်းမခံရဲရုံမျှဖြင့်၊ ၎င်းတို့ အကြည်ညို ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်မှာပင်အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာမရှား.....။

“ရောဂါ”

ကျွန်တော်တို့၏ ကြည့်မှန်Facebookအကြောင်း ပြန်ဆက်လျှင်
ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော်ပြန်မြင်ရသည်က
အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်း ပင်။ ကွန်မန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့် ၀တ် မည်သို့ရှိလေသည်တော့
မသိပါ။ သို့ သော် ဆရာလုပ်လို့ လုပ်မှန်းမသိသာရလေ အောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။
ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို
လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့် ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။

အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့်မကျေနပ်ချက် နှစ်ဆတိုးရသည်။
စောစောက ဝေဖန်တာ “ကောင်းစေချင်လို့” ဆိုသော စေတနာ၊ နောက်တော့
ကိုယ်ကို မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ်
ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။

သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင် ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)

ဘကြီးသက်
Unknown at 1:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Friday, July 27, 2012

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ



အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။
ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။
ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေကြောင်း သိရသည်။
ဝါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
“လွှတ်တော်ထဲမှာ ကျတော့ ဒီလိုမျိုးပြောရင်၊ အကုန်လုံးက ကိုယ့်ပါတီ ကောင်းကြောင်းတွေပဲ ပြောကြရင်  လွှတ်တော်က လွှတ်တော်နဲ့ တူမှာ မဟုတ်တော့ဘူး၊ နိုင်ငံရေး စင်မြင့်နဲ့ တူသွားမှာပေါ့” ဟု သူက ဆိုသည်။
ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြောသည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင်ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော်  ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
“လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ သဘောထားကိုတော့ လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ကလည်း NLD ကြားဖြတ်ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက တကယ်တမ်းကော လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစားခဲ့ပါတယ်” ဟု သူက ဆိုသည်။
သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေးရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ဧရာဝတီကို ပြောသည်။
“ပုဂ္ဂိုလ်ရေး အနေအထားအပေါ်မှာ ပြောတာဆိုတာကတော့ သူ့စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တယောက်က ကိုယ့်ပါတီ ခေါင်းဆောင်၊ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောဆိုတယ်ဆိုရင် ကျန်တဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။
တိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်ကြသည်။
ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့်သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍  ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက်နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 11:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်



ဧရာဝတီ မြစ်ဆုံဒေသ မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။
“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
စီမံကိန်း ရပ်ပြီးသည့်နောက်ပိုင်းတွင် CPI ကုမ္ပဏီသည် ဒုတိယ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် အရေးပါ သူများနှင့် ဆက်တိုက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည့် အပြင် ယခုလ အစောပိုင်းတွင်လည်း မြစ်ကြီးနားရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခြင်း ပြည်တွင်း ဂျာနယ်များနှင့် အဆက်အဆံ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း သိရသည်။
စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သော်လည်း စီမံကိန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများ ပြန်လည် သယ်ဆောင် သွားရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုအစိုးရ အမိန့် မရသေးသောကြောင့် သယ်ဆောင်သွားခြင်း မပြုနိုင်သေးကြောင်း ဒေါ်ဒွဲဘူ ကပြောသည်။
“စက်ပစ္စည်း တွေပြန်သယ်သွားဖို့ အခွင့်ကတော့ ကချင်ပြည်နယ် အစိုးရအနေနဲ့ ပေးလို့မရဘူး။ ဗဟိုအစိုးရ တာဝန် ဖြစ်တာကြောင့် ဗဟိုနဲ့ပဲ ဆက်သွယ်ပါလို့ ပြောထားတယ်။ ဗဟိုကလည်း ဘာမှမပြောသေးဘူး ဆိုတော့ ပစ္စည်းတွေ ဒီအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံ အပါအ၀င် မေခမြစ်တွင် ၁ ခု၊ မလိခ မြစ်တွင် ၅ ခု တည်ဆောက်သွားမည့် ဆည်စီမံကိန်းများအနက် မြစ်ဆုံ၌ တည်ဆောက်မည့် ရေကာတာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်နိုင်ပါမှ စီမံကိန်း အမြတ်ထွက်နိုင် မည်ဖြစ်သောကြောင့် CPI အနေနှင့် လက်လွတ်မခံနိုင်ဘဲ ကြိုးစားနေခြင်း ဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူ ကိုမော်ထွန်းအောင်က ပြောသည်။
“မြစ်ဆုံမှာ လုပ်မယ့် ရေကာတာကပဲ Peak load (လျှပ်စစ်ဓာတ်အား တရှိန်ထိုးလိုအပ်မှု) ကို ဖြည့်ဆည်းပေး နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အတင်အချကို မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာကပဲ လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တခြားဟာတွေ မဆောက်ခင် မြစ်ဆုံကို အရင်ကိုင်တာပါ။ ချီဖွေငယ် ကတော့ စီမံကိန်းအတွင်းမှာ သုံးစွဲမယ့် လျှပ်စစ်ထုတ်ဖို့ပါ” ဟု သူက ရှင်းပြသည်။
မြစ်ဆုံအထက်ဘက် လာဆာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် မလိခ မြစ်ဝှမ်းဒေသသည် သစ်တော ဖုံးအုပ်မှု ၈၃ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါ သစ်တောများသည် အစိုးရက ထိန်းသမ်းပါမည်ဟု ကတိပြုထားသော နေရာများဖြစ်သည် ဟု ဦးဝင်းမျိုးသူက ပြောသည်။
“မြစ်ဆုံရဲ့ အထက်ဘက်မှာတော့ ပူတာအို၊ ချီဖွေ၊ ဆော့လောဆိုတာ လျှပ်စစ် စီမံကိန်းလုပ်မှ ဖွံဖြိုးတိုးတက်မယ့် နေရာတွေ ရှိတယ်။ မလုပ်သင့်တဲ့အရာမှာ ခွင့်မပြုဖို့ တာဝန်ရှိသလို၊ လူထုကို မထိခိုက်စေဘဲ အကျိုးဖြစ်နိုင်မယ့် နေရာတွေမှာ မြစ်ဆုံလောက်မကြီးတဲ့ ခပ်သေးသေး ဆည်တွေ လုပ်သွားရင် လူထုအတွက်လည်း သင့်တော်မယ့် အရာတွေ ဖြစ်တယ်လို့ ထင်တယ်၊ ဒါက လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောတာပါ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ထိန်းသိမ်းရမည့် မြစ်ဝှမ်းဒေသများတွင် မေခ၊ မလိခ မြစ်နှစ်သွယ်သည် အရေးအကြီးဆုံး နေရာမှ ပါဝင်နေသည်။
ရေကာတာ ၅ ခု တည်ဆောက်မည့် မေခ မြစ်ဝှမ်းတလျှောက် သည်လည်း ဧရာဝတီ ရေဝေရေလဲ ဒေသ၏ အထူးအရေး ပါသော ဒေသဖြစ်ပြီး ဗဟိုအစိုးရ အာဏာစက် သက်ရောက်ရန် ခက်ခဲသော နေရာဖြစ်သည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ် အတွင်း ယင်းဒေသမှ သစ်တော ဧက ၇ သိန်း လျော့သွားခဲ့ပြီး ယခင် သမပိုင်းသစ်တောများမှ တောမီးလောင်သည် အထိ ခြောက်သွေ့ သွားခဲ့သဖြင့် အထူး ထိန်းသိမ်းရမည့်နေရာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၏ အဆိုအရ သိရသည်။
“ဧရာဝတီကို ထိပါးခြင်းဟာ ပြည်ထောင်စုကို ထိပါးခြင်းလို့ သတ်မှတ်ပါတယ်။ နောင် ရွေးကောက်ပွဲကြီး ကျင်းပမယ့် ဆိုရင်တောင်မှ ဧရာဝတီမြစ်နဲ့ ပတ်သတ်လို့ ကတိပေးနိုင်တဲ့ သူမျိုးကိုသာ ရွေးကောက်ပွဲတင်မှာ တင်မြှောက်ဖို့ တိုက်တွန်း ပါမယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။
ဧရာဝတီ
ဘကြီးသက်
Unknown at 11:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငယ်ပါ ကို သူခိုး က ဖြတ်ယူသွား


Stolen Member
 
တရုတ် ပြည် ဇီကျန်း ပြည်နယ် ၀န်လင်း မြို့  အနီး ရှိ နိုင်ကွေယို ရွာကလေး မှ အသက် ၄၁ နှစ်
အရွယ် ရှိ ဖိလင် အမည်ရှိ အမျိုး သား တစ်ဦး သည် ၎င်း အိပ် ပျော်နေ စဉ် အတွင်း သူ၏ 
ဦးခေါင်း ကို အိတ်ဖြင့် စွပ် ပြီး နောက် ၊ ငယ်ပါ ကို ဖြုတ် ခိုး သွား ကြောင်း ဒေသဆိုင်ရာ ရဲ
တပ် ဖွဲ့  သို့  တိုင်ကြား မှု ကို ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့်
Daily Star  သတင်းစာ တွင် ဖော်ပြထား သည်။

” သူတို့  ကျွန်တော် အိပ်နေစဉ် မှာ အိမ်ထဲ ကို ရောက်လာ တယ် ၊ ကျွန်တော့် ဦးခေါင်း ကို
ဂုံနီ အိတ်လို ဟာ နဲ့  စွပ် လိုက် ပြီး ၊ ကျွန်တော့် ဘောင်းဘီ ကို ဆွဲ ချွတ်လိုက်တယ်။ နောက်
တော့ ဖြတ်တော့ တာ ပဲ ဗျာ ၊ ပြီး တော့ သူ တို့  ထွက် ပြေး သွား တယ် ၊ ကျွန်တော့် ငယ်ပါ
မရှိ တော့ ပါ ဘူး ဟု ဖိလင် က ငိုကြီးချက် မ ဖြင့် CEN သတင်း သို့  ပြောသည်။

အတိတ် ကာလ က  ဖိလင် ချစ်ထွဋ်တင် ခဲ့ ဖူးသည့် အမျိုးသမီး တစ်ဦးဦးက  ပြန်လည် လက်
စာချေခြင်း ဟု ၀န်လင်း ရဲ့  အဖွဲ့  က ယုံကြည် သောလည်း သူက ” မဟုတ် ရပါဗျာ ” ဟု
တွင်တွင် ငြင်းသည် ဟု Austrian Times သတင်းစာ တွင် ဖော်ပြထား သည်။

အိမ်ထောင်ရှိ သော ဖိလင် ကို အချစ် ဟောင်း က ရက် စက် ပြ ခြင်း ဖြစ်သည် ဟု လည်း
သူ ၏ အိမ်နီးချင်း တို့  က ယုံကြည် ကြ သည်။

နံနက် ၄ နာရီ တွင် ငယ်ပါ ဖြုတ် ခိုး ခံရ ပြီး နောက် ၊ ဖိလင် က ရဲ အဖွဲ့  သို့  တိုင်ကြားမှု
ပြု ခဲ့ သည်။ ရဲ နှင့် ဆေးဝန်ထမ်းများ သည် ဖိလင် ၏ အိမ် အနီး တစ်ဝိုက် ဉ် ငယ် ပါ
တွေ့ လို တွေ့ ငြား ပြန်ရှာ ကြ သော်လည်း လုံးဝ ရှာမတွေ့  တော့ ဟု သိရသည်။

ဖိလင် က ဆေးရုံ ဉ် တရုတ် သတင်းစာ များ ကို ” သွား ပြီ မရှိတော့ ဘူး ” ဟု ပြောသည်။
သူ့ ကို အများ စု က ဂရုဏာ သက်ကြ သော်လည်း မည် သို့  ကူညီရမှန်း မသိ ဖြစ် နေ ကြ
ပြီ မည် သူမှ လည်း စွန့် စား ပြီး မကူညီလို ဟု တရုတ် သတင်း စာ များ က ရေးသား ထား
သည်။

တရုတ် ပြည် တွင် ထို ကဲ့ သို့  သော အဖြစ် အပျက် များ သည် ယခင် က ရှိ ခဲ့ ဖူးပြီး လွန်
ခဲ့ သည့် တစ်နှစ် ကျော် က ကုန်တွင်း ပိုင်း ဇင်းကျန်း  ပြည်နယ် တွင် အမျိုးသမီး တစ်ဦး
၏ အရှက် ကို  မီးပူပေး ထား သည့် သံပြား ဖြင့် ကပ် ကာ လက်စား ချေခဲ့ မှု လည်း ရှိ
ခဲ့သည်။
 FNG
ဘကြီးသက်
Unknown at 11:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ မြန်မာ ၂၀၀ ဝင်ပြိုင်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် သတ္တမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစားသမား ၂ဝဝ ဦးက အားကစားနည်း ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်း က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားသွားသည်။

အဆိုပါ အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၇ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် အတူ မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် ကျင်းပသွားမည် ဖြစ်သည်။

“ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေက ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ထိုင်လျက် ဘော်လီဘော၊ မျက်မမြင် စစ်တုရင်၊ သေနတ်ပစ်၊ မျက်မမြင် ဘောလုံး၊ အလေးမ၊ ဘိုးလင်း၊ ဂေါက်သီးရိုက်၊ မြှားပစ်နဲ့ သုံးယောက် တဖွဲ့ ဘက်စကက်ဘော ပြိုင်ပွဲတွေ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို
မြန်မာနိုင်ငံမှ အားကစားသမား ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်ပေါင်း ၃၄ ခု ရရှိခဲ့သည်ဟု ဆိုသည်။

“မသန်စွမ်း အားကစား ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစား သမားတွေကို စခန်းသွင်း လေ့ကျင့်ဖို့ ငွေကျပ် သိန်းပေါင်း ၄,၄၂ဝ ခန့် ကုန်ကျဖွယ် ရှိပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

ထို့အပြင် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ တည်းခိုဆောင်များ၊ ပြိုင်ပွဲကျင်းပရေး အားကစားရွာများ ကြိုတင် ဆောင်ရွက်ထားရန်နှင့် စေတနာ့ဝန်ထမ်း အထောက်အပံ့များလည်း လိုအပ်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိရေးအတွက် စင်္ကာပူ
နိုင်ငံနှင့် အပြိုင်ကြိုးပမ်းခဲ့ရပြီး ကစားကွင်း တည်ဆောက်မှု မပြီးပြတ်ခြင်းကြောင့် စင်္ကာပူအနေဖြင့် အိမ်ရှင်ကျင်းပခွင့်
လျှောက်ထားမှုအား ရုတ်သိမ်းခဲ့သည်။

ဘကြီးသက်
Unknown at 11:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာသံရုံးနှင့် အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု တာလီဘန် အကြမ်းဖက် အဖွဲ့ ခြိမ်းခြောက်

မန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို လက်စားခြေ သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ့ အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု ပါကစ္စတန်တာလီဘန် လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့ Tehreek-e-Taliban(TTP) က ခြိမ်းခြောက်---

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



သစ်ထူးလွင်
ဘကြီးသက်
Unknown at 9:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး"


ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်အသီးသီးတို့၌ ဝင်ခွင့်ရကျောင်း သား ကျောင်းသူဦးရေ ၁၂ဝဝ ကိုသာ လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏ အမှတ်အလိုက် စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ကျောင်းသား ၆ဝဝ နှင့် ကျောင်း သူ ၆ဝဝ လက် ခံသွားမည့်အထဲတွင် နယ်စပ်ဒေသ နှင့် ဝေးလံခေါင် ပါးသောဒေသမှ ဆေးကျောင်းတက်ရန် ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ သုံးရာခိုင်နှုန်း ပါဝင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ လျှောက်ထားသည့်ဒေသနှင့် နီးကပ် သည့် ဆေးတက္ကသိုလ်တို့တွင်သာ တက်ရောက်ခွင့်ပြုသည့် စနစ်ကိုပါ ယခုနှစ်တွင် ပူးတွဲကျင့်သုံးတော့မည်ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်များ၌ ယခုနှစ် ပညာသင်နှစ်တွင် အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု အထက် ပါဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
''သွားဆေးတက္ကသိုလ်က အမျိုးသမီး လက်ခံတဲ့ ဦးရေကို နဂိုကတည်းက သတ်မှတ်ထားတာ ရှိထားပြီးသားပါ။ ကျောင်းသား အတိုးအလျှော့ ဒါတွေလည်း ဒီနှစ်မှာလုပ်ဖို့ ဘာမှ မကြားထားမိပါဘူး''ဟု ပြောသည်။
၂ဝ၁၁-၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် ဆေးတက္ကသိုလ်အတွက် ကျောင်းသူ ဦးရေ ၄ဝ ရာခိုင်နှုန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျောင်းသူ ဦးရေ ၂ဝ ရာခိုင်နှုန်း၊ သူနာပြုတက္ကသိုလ်တွင် ကျောင်းသား ဦးရေ ၁ဝ ရာခိုင်နှုန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တွင် ကျောင်းသူဦးရေ ၂ဝ ရာခိုင်နှုန်း လက်ခံခဲ့သည်။

Popular Myanmar News Journal
ဘကြီးသက်
Unknown at 1:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အောက်ခြေက မပြောင်းဘူးတဲ့လား ( ၂ )

 
မေး ။      ။ ခုဆရာပြောတာတွေကလဲ ပြင်ရဆင်ရမယ့်အရာတွေပါဘဲ ၊ ဒါတွေ ပြောင်းလာဘို့အတွက် လိုအပ်ချက်တွေ အများကြီး ဆိုတာတော့ ထားပါတော့လေ ၊ ဒါပေမယ့်တစ်ခုရှိတာက ခုဌာနဆိုင်ရာရုံးတွေကို သွားလိုက်ရင် ပြည်သူကို တန်းတူမဆက်ဆံဘူးဆရာ ၊ အာဏာပြချင်တယ် ၊ အော်ချင်ငေါက်ချင်တယ် ၊ မျက်နှာ ရှစ်ခေါက်ချိုး သူ့လုပ်စာစားနေတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတယ် ဒါကတော့ ခုန ဆရာပြောသလို မလိုဘူးမဟုတ်လားခင်ဗျာ ချက်ချင်းပြင်လိုက်ရင် ရနိုင်တာပဲ ခုတော့မပြင်ဘူးဆရာ ဒါကို ဆရာဘယ်လိုပြောမလဲ.......။

ဒေါက်တာဆိတ်ဖွား ။      ။ (ရယ်လျှက်) မောင်ရင် အဲဒါအခက်ဆုံးပေါ့ကွာ....... ဒါပြင်ဘို့ဆိုတာက သိပ်ခက်တယ် ၊ သူက အချိန်ပိုယူရလိမ့်မယ် မထင်ရင် ဂျန်နရေးရှင်း ၂ ဆက်လောက်ကြာသွားနိုင်တယ် ၊ မင်းတို့ ကိုယ်တို့ သက်တမ်း မှာ မမီနိုင်တော့ဘူး ထင်တာပဲ ...။

မေး ။     ။ ဟာ.. မဟုတ်တာပဲဆရာရယ် ချက်ချင်းပြင်လို့ ရရမှာပေါ့ဗျာ ....။

ဒေါက်တာဆိတ်ဖွား ။      ။ ဒါက ခုနပြောခဲ့သလို mindset ကွ .....၊ ခေါက်ရိုးကျိုးနေတဲ့ မြန်မာတွေရဲ့အကျင့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတာ သိပ်ပြင်ရခက်တယ် ၊ ဥပမာဆိုပါတော့ မြန်မာတွေ အိမ်မွေးတိရစ္ဆာန် မွေးတာကိုကြည့် ဒီအထဲမှာ သခင်ကိုတုန့်ပြန်မှုအကောင်းဆုံးဆိုတဲ့ ခွေးမွေးတာကိုပဲကြည့် ၊ အနောက်နိုင်ငံတွေမှာ ခွေးကိုဘယ်လိုမွေးလဲ မောင်ရင်လဲသိတယ် ၊ ခွေးကိုလူနဲ့တန်းတူထားတယ် ၊ ကောင်းကောင်းကျွေးတယ် ၊ကောင်းကောင်းထားတယ် ရေချိုးပေးတယ် ဖျားရင်နာရင် ဆရာဝန်နဲ့ကုပေးတယ် ၊ ခွေးနံ့မနံအောင် အမွှေးနံ့သာတွေဘာတွေ သုံးပေးတယ် ခွေးစာကိုတောင် အစာဆိုင်မှာ ခွေး ၁ လသားကနေ ၆ လသားကဘယ်အစာ ၆လက ၁ နှစ်က ဘာကျွေး ဆိုတာမျိုးထိ ရှိတယ် ၊ ပြောချင်တာက ခွေးကိုတောင် ဒီလိုဆက်ဆံတဲ့ လူ့ပတ်ဝန်းကျင်ဟာ လူအချင်းချင်းဆို ဘယ်လို စိတ်ထားမလဲ မောင်ရင်တွေးကြည့်ပေတော့ အများစုက ဒီလိုစိတ်ရှိကြတယ် ချွင်းချက်နဲနဲပါးပါးကလွဲရင် ဒီအတိုင်းပဲ ရှိတယ် ။

မြန်မာပြည်မှာတော့ ခွေးကို ဒီလိုဆက်ဆံဘို့နေနေသာသာ အိမ်ပေါ်တက်ရင်ရိုက်ချတယ် ၊ လူတွေထမင်းစားရင်ခွေးက မျက်နှာငယ်လေးနဲ့ အမြီးနံ့ပြီးစောင့်နေရတယ် ၊ ကျန်မှကျွေးတယ် ၊ ကိုယ်ကျွေးမှ စားရမယ်မှန်းသိရက်နဲ့ အကုန်စားပစ်ပြီး အရိုးပဲကျွေးတယ် ၊ဒီတော့ခွေးခမျာ ဗိုက်ဆာလို့ တွေ့တာလေးစားမိရင် ခွေးသူခိုးဆိုပြီး ရိုက်တယ် တွေ့တာနဲ့ကောက်ပေါက်တယ် နောက်ဆုံးခွေးတွေဟာ လူတွေစွန့်တဲ့ မစင်ကို စားရတဲ့အဖြစ်ရောက်သွားတယ် ၊ ခွေးဖျားရင် သြော် ... သတ္တ၀ါတခု ကံတခုပေါ့လေ ဖျားရှာပြီ ဆိုပြီး ဒီတိုင်းကြည့်နေလို့ သေသွားတဲ့ မြန်မာခွေးတွေ မရေမတွက်နိုင်တော့ဘူး ၊ တော်တော့ကိုနေနိုင်ကြတယ် ၊ အိမ်ပေါ်တက်တဲ့ လှေခါးအောက်ဆုံးထစ်ကလေးမှာ ကလေးတစ်ယောက်ယောက်ကများ ထိုင်နေမိရင် ခွေးကတစ်မှာ ထိုင်ရကောင်းလားဆိုပြီး ခလေးဖင်ကို ရိုက်တဲ့အမေတွေလဲ တပြုံကြီးရှိတယ် ကိုယ့်မြန်မာခွေးတွေ မရေမတွက်နိုင်ရှိပါရက်နဲ့  ပြည်ပကခွေးကို ဈေးကြီးပေးဝယ်ပြီး မွေးတယ် ၊ ခွေးနဲ့လမ်းလျောက်တယ် ၊ မြန်မာ ခွေးကို လက်ကဆွဲပြီးလမ်းလျှောက်တဲ့သူများ မောင်ရင်တွေ့ဘူးလား မြန်မာပြည်မှာ ခွေးဖြစ်ရတာ ခွေးဖြစ်ရှုံးတယ် ဒီထက်ရှင်းအောင်ပြောရရင် ခွေးအခွင့်အရေးချိုးဖေါက်ခံနေရတယ် ပြောချင်တာက မြန်မာတွေဟာ ကိုယ်ကကျွေးမှစားရတဲ့ခွေး ကိုယ်ပြုသမျှနုရတဲ့ခွေးလေးတွေကိုတောင် ဒီလိုဆက်ဆံရင် ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူအချင်းချင်းကျတော့ ပိုဆိုးတော့တာပေါ့ကွာ ဒီအကျင့်ကြီးက ကလေးလူကြီးအကုန်စွဲနေတာကွ .... သိပ်ပြင်ရခက်တယ် ။

မေး ။     ။ ဒါကတော့ခွေးကိုး... ဆရာရယ် 

ဒေါက်တာဆိတ်ဖွား ။     ။ ခွေးမှမဟုတ်ဘူးမောင်ရင် .... လူအချင်းချင်းလဲ ဒီအကျင့်ကြီးကပါနေတယ် ၊ ဥပမာပြောရရင် အိမ်ဖေါ်လုပ်တဲ့ကလေးတွေကို အိမ်ရှင်ကဘယ်လိုဆက်ဆံလည်း ၊ လူလိုမအိပ်ရဘူး ကြမ်းပြင်လိုဟာမျိုး ၊  မီးဖိုချောင်နောက်ကအခန်းလို ဟာမျိုးမှာအိပ်ရတယ် စားတော့လဲဒီအတိုင်းပဲ အိမ်ရှင်စားပြိး အကျန်တွေစုကျွေးတယ် ၊ရုပ်ရည်ကလေးသနားကမားရှိတဲ့ အရွယ်မရောက်တရောက် အိမ်ဖေါ်ကလေးတွေကို " ဒီရုပ်မျိုးပေါ့ လင်ထောင်တယ်ဆိုတာ " " ညီးကိုဒီအတိုင်းထားလို့မဖြစ်ပါဘူးအေ အိမ်ကဟာကြီးကလည်းညီးကို မျက်နှသာပေးကပေးနဲ့ ဒီတော့ ညီး ကတုံးတုန်းရမယ် ကတုံးမတုန်းရင် အိမ်ပေါ်က ခုမြန်မြန်သာကြွပေတော့ " ဆိုလို့ အိမ်ဖေါ်လေးတွေခမျှာ ကတုံးတုံးရရှာတယ် ပြီးတော့ ဒီအတိုင်းမနေသေးဘူး " ကတုံးမ " လို့ပါခေါ်လိုက်သေးတယ် သူဒီလို နှိမ့်နှိမ့်ချချခေါ်ချင်သလိုခေါ်လိုက်တာကိုပဲ ကလေးက " ဟုတ်ကဲ့မေမေကြီး " " ဟုတ်ကဲ့မမလေး " ဆိုပြီးထူးရရှာတယ် ၊စိတ်ပျက်စရာမကောင်းဘူးလား ၊ နောက်ပြီးမနက်မိုးမလင်းခင် ထရတယ် ၊ အိမ်ရှင်အိပ်ပြီး ည ၁၁ ကျော်မှ အိပ်ရတယ် ၊ တနေ့အလုပ်ချိန်ဟာ ၁၈ နာရီလောက်ဖြစ်နေတယ် ၊ ဒီကြားထဲ သူတို့စိတ်နဲ့မတွေ့ရင် ရိုက်တယ် နှက်တယ် ၊ တွေ့တာနဲ့ ကောက်ပေါက်တယ် ၊အိမ်ဖေါ်ကလေးတွေဖျားရင် ဆရာဝန်တို့ဘာတို့မပြဘူး ဆရာမောင်ဆေးနီမှုန့်လောက်နဲ့ပဲ ကုတယ် ဒီကြားထဲ "  အမလေးတော် ကိုယ်ကအကူရမလားဆိုပြီး ခေါ်ထားပါတယ် တကထဲ ဒင်းကို ပြန်ပြုစုနေရတယ် မြန်မမြန်ပျောက်ကင်းတော်မူပါ သခင်မလေးရယ် " ဆိုပြီး ရွဲ့တာလိုလို စောင်းတာလိုလိုနဲ့ ဟိုဖျားနေတဲ့ကလေးကို စိတ်မဆင်းရဲ ဆင်းရဲအောင်လုပ်တယ် ၊အိမ်ကကလေးတွေက အိမ်ဖေါ်နဲ့ဆော့ရင် မတူတဲ့မတန်တဲ့ဟာနဲ့ ဆော့ရကောင်းလားဆိုပြီး ပိုးစိုးပက်စက်ပြောတယ် ခုန ခွေးနဲ့ ဘာထူးလဲ ၊ ဒီလိုအဆက်ဆံခံနေရတယ် ၊ တနေကုန် ၁၈ နာရီလောက်အလုပ်လုပ်နေပါလျှက် ဒီလိုဆက်ဆံခံနေရတယ် ၊ သြော်သူ့ခမျာ ပင်ပင်ပန်းပန်း လုပ်နေရရှာတာပါလား ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရှာတာပါလားဆိုပြီး လူရာသွင်းဆက်ဆံတဲ့သူ မရှိသလောက်ကိုရှားတယ် ၊  ခွေးနဲ့ ဘာထူးတော့လည်း ..... သိပ်ကိုရင်နာဘို့ကောင်းတယ် မောင်ရင် ...

ဒါဥပမာတစ်ခုပြောတာနော် လ္ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့စားပွဲထိုး ၊ ကုမ္ပဏီပိုင်ရှင်နဲ့ သူ့ဝန်ထမ်း ၊ ဒရိုင်ဘာနဲ့စပယ်ယာ ၊ ၀ပ်ရှော့ဆရာနဲ့အလုပ်သမား ခြုံပြောရရင် အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးအကုန်လိုလိုမှာ ဒီအတိုင်းပဲ  နေရာအကုန်လုံးလိုလို ဒီအတိုင်းဖြစ်နေတယ် အထက်စီး အသာစီးရတဲ့သူတိုင်းလိုလိုက သူတို့အောက်ကလူတွေကို အထက်စီးကနေ ဆက်ဆံတာ ခုန မောင့်ရင့်စကားနဲ့ပြောရရင် အာဏာပြနေတာ နေရာတိုင်းလိုလို ဖြစ်နေတယ် ၊ ဒါကိုမောင်ရင်က အစိုးရ၀န်ထမ်းတွေပဲရွေးပြင်ရမယ်ဆိုတော့ ဘယ်တရားပါ့မလဲကွာ .....

မြန်မာတပြည်လုံးမှာရှိတဲ့ မြန်မာတိုင်း မြန်မာတိုင်းက ဒီနေ့ကစပြီး တက်ညီလက်ညီပြင်ကြပါမှ နောက် အနှစ် ၂၀ လောက်ကြာရင် အပြောင်းအလဲဖြစ်လာနိုင်မယ့်ကိစ္စကြီးကို တွေးပြီး စိတ်ပူနေရင် မောတာပဲရှိမယ် ... လောကကြီးဟာသူဖြစ်ချင်သလို ဖြစ်နေတယ်လို့နားလည်ထားလိုက်စမ်းပါမောင်ရင်ရာ......
 
http://mgthetnaing.blogspot.com/2012/07/blog-post_5567.html

 Voice Of  Myanmar

ဘကြီးသက်
Unknown at 1:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်မည့် သူများမှာ သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေများ သိရှိထားရန် လိုအပ်



ပြည်ပ အလုပ် လုပ်ကိုင်မှု ကြီးကြပ်မှု ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံသို့ မြန်မာ လုပ်သားများ စေလွှတ်ခြင်း လုပ်ငန်း ဆိုင်ရာ သုံးသပ်ရေးနဲ့ ထိုင်းနိုင်ငံရောက်
မြန်မာ အလုပ်သမား ရေးရာ ကိစ္စရပ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံမှ လုပ်သား တွေဟာ ပြည်ပနိုင်ငံ တွေမှာ သွားရောက် အလုပ် လုပ်ကိုင်ပါက သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဥပဒေ တွေကို သိရှိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို သိရှိထားဖို့ လိုအပ်တဲ့ အချက်တွေ ကတော့ အခြေခံ အလုပ်သမား အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေများ၊ လုပ်ငန်းခွင် အတွင်း မတော်တဆ ဖြစ်မှုကြောင့် ထိခိုက် ဒဏ်ရာနဲ့ ရောဂါရခြင်း၊ သေဆုံးခြင်းများ အတွက် နစ်နာကြေး၊ လျော်ကြေးများ ရရှိခံစား နိုင်ဖို့အတွက် ဥပဒေများ စတဲ့ ဥပဒေတွေကို သိရှိထား သင့်တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ  ဥပဒေများကို မသိရှိတဲ့ အတွက် မြန်မာလုပ်သား တွေဟာ ပြည်ပနိုင်ငံ တွေမှာ အလုပ်ရှင်များရဲ့ လူမှုရေး ချိုးဖောက်ခံရမှု တွေကို တွေ့ကြုံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု လက်ရှိမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေတဲ့ လုပ်သား တွေမှာ အလုပ်ခေါ်တဲ့ အေးဂျင့်များနဲ့ ပွဲစားအချို့ရဲ့ ခေါင်းပုံဖြတ်မှုကို ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများ ချုပ်ဆိုခဲ့တဲ့ အလုပ်သမား ခေါ်ယူရေး ဆိုင်ရာ စာချုပ်မှာ အလုပ်သမား ခေါ်ယူသူ ကုမ္ပဏီ အနေနဲ့ မိမိ ခေါ်ယူမယ့် လုပ်သားရဲ့ ကုန်ကျစရိတ် များကို ကုမ္ပဏီမှ ပေးဆောင်ဖို့ ပြဋ္ဌာန်းထား ပေမယ့်လည်း ယခုလက်ရှိမှာ မြန်မာ လုပ်သားတွေဟာ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ပါက ကုန်ကျစရိတ် များကို မိမိတို့ဘာသာ ကုန်ကျခံနေ ရတယ်လို့ သိရပါတယ်။
 MRTV 4
ဘကြီးသက်
Unknown at 1:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ဘဏ် အကြီးတန်း အရာရှိ မြန်မာခေါင်းဆောင်များနှင့် တွေ့မည်

ကမ္ဘာ့ဘဏ် ရုံးသစ်ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox ကြီးမှူး၍ ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox
ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox (ဓာတ်ပုံ - World Bank)
Pamela Cox အနေဖြင့် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း မြန်မာအကြီးတန်း အရာရှိများအပြင် ဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဘက်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး
မြန်မာ့ စီးပွါးရေး တိုးတက်စေရေး၊ အထူးသဖြင့် ဆင်းရဲသားများနှင့် အခြေခံလူတန်းစားများ ချောင်လည်လာစေရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့်
ချေးငွေများနှင့် အစီအစဉ်များ ရေးဆွဲရေးနှင့် ပတ်သတ်သည့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

ဤသည်မှာ ၂၀၁၀ ခုနှစ်တွင် အစိုးရသစ် စတင်တာဝန်ယူစဉ်ကတည်းက
မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်၏ အကြီးတန်း အရာရှိတဦး ပထမဆုံး အကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ပထမ ဦးစားပေးများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်အား အကဲဖြတ်ရင်း မြန်မာနိုင်ငံ၏ ကြွေးကျန်များ
အပေါ် ဆုံးဖြတ်ပြဋ္ဌာန်းခြင်းနှင့် တိကျမှန်ကန်သော စီးပွါးရေးဆိုင်ရာ အချက်အလက်များ ရရှိရေးတို့ ဖြစ်ကြောင်း Cox က ပြောခဲ့သည်ဟု ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။

မြန်မာအစိုးရ၏ ခြေလှမ်းများအပေါ် ကမ္ဘာ့ဘဏ် အနေဖြင့် အားရကျေနပ်မိကြောင်း Cox က ပြောဆိုခဲ့ပြီး အဖွဲ့ဝင်
နိုင်ငံများနှင့် အခြား အေဂျင်စီများပေါ် မူတည်၍ တဆင့်ချင်း တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့
သည်။

“ကျမတို့ အနေနဲ့ ကျမတို့ရဲ့ ဆက်ဆံရေးတွေ ရှေ့ကိုတိုးတက်သွားဖို့  ကျမတို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊ ကျမတို့ရဲ့ ရှယ်ယာရှင်တွေ၊ တခြား လုပ်ဖော်ကိုင်ဘက်တွေ၊ IMF နဲ့ တကွ မြန်မာအစိုးရနဲ့ပါ နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်” ဟု သူက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

၁၉၈၀ ခုနှစ်၊ နောက်ပိုင်း ကာလများအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးယူခဲ့သည့် ဒေါ်လာ ၃၉၃ သန်း
ကြွေးတင်နေသည်ဟု Cox က ဆိုသည်။ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သို့လည်း ဒေါ်လာ သန်း ၅၀၀ ခန့်
ကြွေးတင်နေသည်။

မြန်မာနိုင်ငံသည် နိုင်ငံ၏ ဆက်ဆံရေး အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားနေချိန်တွင် မည်မျှ အကြွေးများဖြင့် ဝန်ပိနေပြီး နိုင်ငံ၏ အကြွေးမည်မျှအား လျှော်ပေးသင့်သည်ကို သိရှိရန်အတွက် အကြွေးအခြေအနေနှင့် ပတ်သတ်သည့်
လေ့လာသုံးသပ်မှု တရပ်အား ကမ္ဘာ့ဘဏ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း
ဆောင်ရွက်ကာ လုပ်ဆောင်ရန် ရှိနေသည်ဟု Cox က ဆိုခဲ့သည်။

ထို အခြေခံ လေ့လာသုံးသပ်မှုတွင် “အစိုးရတွင် ထိထိရောက်ရောက် လည်ပတ် လုပ်ကိုင်နိုင်မည့် ဘဏ္ဍာရေး စနစ်တရပ် ရှိပါသလား?” “အစိုးရတွင် ထိရောက်သည့် ဘတ်ဂျတ် စနစ်တရပ် ရှိပါသလား?” “အမှန်တကယ် အလုပ်လုပ်နေသည့် အစိုးရ အဖွဲ့တရပ် ရှိပါသလား?” စသည့် မေးခွန်းများ ပါဝင်သည်ဟု Cox က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ချေးငွေ အစီအစဉ်များ ပြန်လည်မစတင်ခင်၌ ဘဏ်အနေဖြင့် ကြွေးကျန်များ၊ စီးပွါးရေးအခြေအနေနှင့် လိုအပ်ချက်များအပေါ် စီးပွါးရေး အကဲဖြတ်မှု တရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးတွေဟာ ထိရှလွယ်တယ်ဆိုတာ ကျမတို့ အသိအမှတ်ပြု လက်ခံပါတယ်။ ပြီးတော့ စွန့်စားလုပ်ဆောင်ရမှာတွေကိုလည်း ကျမတို့ ကောင်းကောင်း သတိပြုမိပါတယ်။ ကျမတို့ရဲ့ မြန်မာနိုင်ငံအတွင်း
ဆောင်ရွက်ချက်တွေရဲ့ အရှိန်အဟုန်ဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်” ဟု Cox က ဆိုသည်။ 

ADB အနေဖြင့်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရုံးခန်းတခု ဖွင့်လှစ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ADB ရုံးအား လောလောဆယ်ကာလတွင် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ ADB ဒါရိုက်တာ Putu Kamayana က ကြီးကြပ်ညွှန်ကြားမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ချေးငွေများ မပေးအပ်သေးခင်နှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်းများ မလုပ်ကိုင်သေးမီအတွင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဖြစ်သည်။
 မဇ္ဈိမသတင်းဌာန
ဘကြီးသက်
Unknown at 1:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

နယူးဒေလီ (မဇ္ဈိမ) ။        ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ
အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်
ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ
အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ
ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။
ဘကြီးသက်
Unknown at 1:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကောင်မချေ / ရှည် ဝေနှင်းပွင့်သုံ သို့  မှာတမ်း


Mwe Soe

ဟယ်....... ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ရိုင်းတယ်မထင်ပါနဲ့ ကောင်မရှည် ဝေနှင်းရေ --- ဒါဟာ နင်အသေအချာ မသိတဲ့ နင်ထမင်းစားပြီး ကြီးပြင်းလာခဲ့တဲ့ နိုင်ငံရဲ့ အနောက်ဖက်က (ရကောက် + ခခွေး လုံးကြီးတင် တစ်ချောင်းင် ငသတ်) ရခိုင်ဆိုတဲ့ နင့်နိုင်ငံသားတွေရဲ့ ချစ်စဖွယ် အသုံးအနှုန်းပါလေ။


ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငရို့ ရခိုင်ပြည်နယ်ဆိုတာ စစ်အစိုးရလက်အောက်မှာ စီးပွား၊ ပညာ၊ ဗဟုသုတ အားလုံးပိတ်ဆို့ နေခဲ့တယ် ဆိုတာ နင်သိပါလေစ --- ကောင်မငယ်။ ငရို့ဟာ ကောင်မရှည် ကိုးကွယ်တဲ့ ဘာသာနဲ့  မတူတဲ့ ဘာသာကို ကိုးကွယ်ကြတယ် ကောင်မရှည်။

ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငရို့တစ်ချိန်က ကောင်မရှည်ကို သိပ်ချီးကျူးမိတယ် --- တစ်ကိုယ်ကျိုး မဖက်တဲ့ စွန့် လွှတ်လိုသူ ဒေါ်စုလက်သစ်ပေါ့လေ... ဒါပေမယ့် ကောင်မရှည်ငယ် --- နင်လှည့်မကြည့်ချင်တဲ့ အနောက်ဖက်က ပြည်နယ်ဟာ နင်ကိုးကွယ်တဲ့ ဘာသာနဲ့ တူတဲ့ ရိုဟင်ဂျာဆိုတဲ့ တပြည်သားတွေ ပိုင်ဆိုင်တဲ့ ပြည်နယ် မဟုတ်ခဲ့ဘူး ကောင်မရှည်ရယ်။ အခု အဲ့သည် ပြည်နယ်ဟာလေ နင်သိပ်သနားတဲ့ --- နင်အတင်းကာကွယ်ပေးချင်နေတဲ့ --- နင့်ဘာသာကို အတင်းပြန်ပွားစေချင်နေတဲ့ --- နင့်ပါးစပ်က ရိုဟင်ဂျာ အခွင့်အရေးလို့  အော်အော် ပေးနေတဲ့ တပြည်သား တွေရဲ့ အောက်မှာ ပြားပြားဝပ်ခါနီးနေပီ ကောင်မရှည်ငယ်။ ဒါပေမယ့် နင်ဟာ နင်မွေးတဲ့ မြေက သွေးချင်းတွေကို မချစ်လို့ လား၊ နင့်အမေနဲ့  နင့်အဖေ ကိုမြအေးကို မချစ်လို့ ပေလား --- ရိုဟင်ဂျာ့လက် ဓါးရိုးကမ်းခဲ့ပေတယ် ကောင်မရှည်။

ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံလို့  လူသိများပေမယ့် --- ခရစ်ယာန်ဘာသာလည်း ကိုးကွယ်နိုင်တယ် ကောင်မရှည်ငယ်၊ နင်တို့  ဗလီဆိုလည်း ဟီးထနေအောင် ဆောက်ထားကြတယ် ကောင်မရှည်ငယ် --- ရန်ကုန်က ခွာလာတဲ့ နင့်မျက်စိမှာ ဟီးဟီးထနေတဲ့ဗလီတွေနဲ့ ၊ သောကြာနေတိုင်း ဗလီဝတ်စုံတွေနဲ့  ပေါ်ပေါ်တင်တင်သွားလာနေနိုင်တဲ့ မွတ်စလင် ဘာသာဝင်တွေကို နင်မြင်နေဦးမှာပါ ကောင်မရှည်ငယ်။

ဒါပေမယ့်လေ........ လူ့ အခွင့်အရေးလို့  ဖင်ပေါက်ပြဲအောင် အော်နေကြတဲ့ နင့်အနောက်က မွတ်စလင်နိုင်ငံတွေမှာလေ သိလား ---- မွတ်စလင် ဘာသာကလွဲလို့  ကျန်တဲ့ ဘာသာဝင်တွေဟာ --- ဘုန်းကြီးကျောင်း၊ ချာ့ရှ်ကျောင်း ဆောက်ဖို့  မပြောနဲ့  ရုပ်ထုထား ကိုးကွယ်တာတောင် မကြိုက်ကြဘူး ကောင်မငယ်....။ ဒါဟာ ရော လူ့ အခွင့်အရေး ချိုးဖောက်တာ မဟုတ်ရပေဘူးလား ကောင်မငယ်။

ဟယ် ---- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

နင့်ခြေနဲ့  နင်းနင်းခြေနေတဲ့ နိုင်ငံအလံဟာလေ ---- နင့်အဖေ ကိုမြအေးနေသေးသကွဲ့ ၊ နင့်အဖေ ကိုမြအေးလေ --- သူလည်း ဗုဒ္ဓဘာသာမဟုတ်ပေမယ့် --- နိုင်ငံကို ချစ်သကွဲ့  ။ သူပေးဆပ်တာ --- လူ့ အခွင့်အရေး ဘန်းပြ - ဘာသာပြန့် ပွားဖို့  လုပ်တဲ့ နင့်ရဲ့ လုပ်ရပ်နဲ့  တစ်ခြားစီပဲကွယ့်။

နင့်အဖေ ဆန္ဒကိုမေးကြည့်ပါဦးလား ကောင်မရှည်၊ နင်လုပ်သမျှ သွေးထွက်သံယို၊ ပေါက်ကြပြဲကြ ကွဲကြဖို့ လေမှ နင်က ပရိုပိုဇာယ်လေး တင်ပြီး လန်ဒန်မှာ ငြိမ့်နေဖို့ လား ---- နင့်အဖေနင့် ပါးမရိုက်ရင် ကံကောင်းဆိုတာ နင်သိထားစေချင်တယ်။

ဟယ်---- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငါတို့ ဟာ မြတ်စွာဗုဒ္ဓလို့ ခေါ်တဲ့ ဘုရားရှင်ကို ဦးညွတ်ဖို့ ရာ အခွင့်တော့ နောင်နှစ်ပေါင်းများစွာ ရနေချင်သေးတယ်ကွဲ့ ။ လက်အုပ်ချီ၊ ပဆစ်တုတ်ရာက --- နင်နဲ့  အတူ အာလာ အော်ရဖို့ တော့ အတင်း စွတ်မသွင်းစေချင်ဘူး ကောင်မငယ်။ မွတ်စလင်ဘာသာ ပြန်ပွားအောင် နင်လုပ်နေသလား ဆိုတာတော့ နင့်ရင်ဘတ်ထဲမှာပဲ ရှိနေမှာပါ ကောင်မငယ်။

နောက်ဆုံးပြောချင်တာက --- ကောင်မငယ် ---- ခုကာလဟာ လူသန်းပေါင်းများစွာ --- စစ်မက်ဘေးက ကင်းဝေးပြီး ငြိမ်းချမ်းတဲ့ ကာလကို ကူးပြောင်းဖို့ ပါ ကောင်မငယ်။ ခုနင်လုပ်သမျှဟာ -- ငါတို့ ရောက်ရမယ့် ပန်းတိုင်ကို ဖနောင့်နဲ့  ပေါက်နေသလို ခံစားမိပါရဲ့လေ.........။ ကဲ...... ငါတို့ နိုင်ငံ မချမ်းသာတာ နင်လက်ခံတယ်ဟုတ်။ လက်ရှိ သန်း ၆၀ သော ပါးစပ်ပေါက်တောင် မလောက်ငတဲ့ဘ၀၊ နင်က လူလေးသိန်းသော (တစ်နှစ်အတွင်း ၈ သိန်းဖြစ်မယ့်) လူအုပ်စုကို အတင်း စွတ်တင်ကျွေးခိုင်းနေတာ ဒါတရားရဲ့လား ကောင်မရှည်။ နင့်မှာ ပြောပိုင်ခွင့်ရှိတဲ့နောက် နင် ------ နင်မွေးခဲ့တဲ့၊ နင်ထမင်းစားခဲ့တဲ့၊ နင်အီးပါခဲ့တဲ့ ဒီမြေပေါ်က လူတွေ (ဘာသာမတူသော်လည်း) အတွက် နင်ပြောပြလိုက်ပါ၊ ဒီလူ ၄ သိန်း ကို လူ့ အခွင့်အရေး အော်ခေါ်နေကြတဲ့ နိုင်ငံ ၅၀ က မျှတပြီး ယူလိုက်ကြပါလို့ ။

ဒါပါပဲ ကောင်မရှည်ရယ်။ ငရို့ ငြိမ်းချမ်းချင်တယ်။
POSTED BY ...အလင်းစက်များ
  lu bo

ဘကြီးသက်
Unknown at 12:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.